မင်္ဂလာဈေး ကို မြို့ တော်ဝန် မီးနှင့် ရှို့ ခိုင်း သလော

 

နှစ်မျိုး အဓိပ္ပာယ် ရသည့် သတင်း စာသားက မြို့ တော်ဝန်၏ ရွေးကောက်ပွဲ ရလာဒ် ကို တစ်မျိုးပြောင်းလဲစေ နိုင်သည်

 

ယခု တစ်ပတ် ထုတ် NEWSWEEK ဂျာနယ်တွင် ပါရှိသော သတင်းတစ်ပုဒ်ဖြစ်သည့် မြို့ တော်ဝန်
၏ စီမံဆောင်ရွက်မှု ကြောင့် မင်္ဂလာဈေးကြီး မီးလောင် သွားခဲ့ရာမှ ယခင်ထက် ပိုမိုကောင်းမွန်လာ
တော့မည် “ဆိုသည့် သတင်း ခေါင်းစဉ် ကြောင့် စာဖတ်သူများ မှာ မြို့ တော်ဝန် ပင် မင်္ဂလာ ဈေးကို
မီးနှင့် ရှို့ သည်လား ဟု သုံးသပ်နေကြသည်။

ရွေးကောက်ပွဲတွင် တောင်ဥက္ကလာပ မြို့ နယ် မှ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံမည့် မြို့ တော်ဝန် အောင်
သိန်းလင်းမှာ ပြည်သူပိုင် ငွေများ သုံး၍ မဲဆွယ်လျှက်ရှိသည်။

မြို့ တော်ဝန် အောင်သိန်းလင်း သည် အငြင်းပွားဖွယ်ရာ မဲဆွယ်မှု များ ကြောင့် ပြည်သူလူထု သာမက
သူ၏ ကြံ့ဖွံ့ ပါတီ ကပင် ညိုငြင်လျှက် ရှိသည်။

မြန်မာ နိုင်ငံတွင် သတင်းစာ ပညာ သင်တန်း ကျောင်း နှင့် တက္ကသိုလ် များ မရှိသောကြောင့် ပြည်တွင်း
ဂျာနယ် လစ်များ မှာ မုဆိုးစိုင်သင် ဖြင့်ပင် ၎င်း တို့ ၏ အသက်မွေးဝမ်းကျောင်း ကိုစတင်ရသည်။ ပြီးခဲ့
သည့် လက အစိုးရအာဘော် သတင်းစာ ဉ်ပင် စစ်တပ်သည် အခါ အားလျှော်စွာ ပြည်သူ ကို သတ်လေ့
ရှိ၍ ထိုကိစ္စသည် ဖြစ်လေ့ဖြစ်ထ ရှိသည် ဟု ဖော်ပြထားသည်။

17 thoughts on “မင်္ဂလာဈေး ကို မြို့ တော်ဝန် မီးနှင့် ရှို့ ခိုင်း သလော

  1. နအဖကို စိတ်အချင်ပေါက်နေတဲ့ သတင်းအယ်ဒီတာတွေ မြန်မာပြည်မှာ အများကြီး ဆိုတာ သိပြီလား

  2. နအဖ ပီသပါတယ် ပြည်သူတွေရှိကမသထာရေစာကိုစားနေတဲ့လူတွေဘဲ

  3. ထပ်ပြောချင်သေးတယ်
    “နှစ်မျိုး အဓိပ္ပာယ်ရသည့်သတင်းစာသား” လို့ ရေးတာလည်းမှားတယ်။
    “အဓိပ္ပာယ် နှစ်မျိုးရသည့် သတင်းစာသား” လို့ ရေးမှ မှန်မယ်။
    ဒါကိုလည်း ထောက်ပြချင်တာ။
    လူကြီးလူကောင်း ပီသရင် ရှက်စိတ်ကို သတ္တိနဲ့ပယ်ပြီး အမှန်ထောက်ပြတာကို ကျေးဇူးတင် လက်ခံနိုင်ပါစေ။
    ကိုယ်တုံး တုံးမှန်းသိ ငတုံးပညာရှိ တဲ့။ ပညာရှိဖြစ်နိုင်ပါစေ။
    စေတနာဖြင့်ပါ။
    ရသမျှအချိန်လေးတွေမှာ ကိုယ့်တိုင်းပြည်အတွက် အလုပ်တွေ များနိုင်သမျှ များများ ကြိုးစာလုပ်နေရတဲ့ FNG ကို နားလည် လေးစား ကျေးဇူးတင်လျှက်ပါ။

  4. သူဘာသူဘယ်နှစ်မျိုးပဲထွက်ထွက်ပေါ့ဗျာ…
    ခင်ဗျားတို့ဖွတာနဲ့တင်အဲဒိသတင်းရေးတဲ့သူကတော့..ခေါ်ပြီးအထောင်းခံရတော့မှာပဲ..

  5. ငါပြောချင်တာက “မင်္ဂလာဈေကို မြို့တော်ဝန် မီးရှို့လို့ မီးလောင်သွာတယ်” ဆိုတဲ့ အဓိပ္ပါယ်ပဲထွက်တယ်။ မြို့တော်ဝန်မီးရှို့တာပဲ၊
    ဒါကိုပြောတာ။
    “မြို့တော်ဝန်၏ စီမံဆောင်ရွက်မှုကြောင့် မင်္ဂလာဈေးကြီး မီးလောင်သွားခဲ့ရာမှ ယခင်ထက် ပိုမိုကောင်းမွန်လာတော့မည်” လို့ရေးထားတဲ့ ဝါကျမှာ
    “မြို့တော်ဝန်၏ စီမံဆောင်ရွက်မှုကြောင့်” ဆိုတဲ့စာပိုဒ်က “မင်္ဂလာဈေးကြီး မီးလောင်သွားခဲ့ရာမှ” ဆိုတဲ့စာပိုဒ်ကိုကျော်ပြီး
    “ယခင်ထက် ပိုမိုကောင်းမွန်လာတော့မည်” ဆိုတဲ့စာပိုဒ်ကို အထူးပြုလို့မရဘူးလေ။ အဲဒီလိုရေးရင်မှားတယ်။
    ဒီတော့ “မြို့တော်ဝန်၏ စီမံဆောင်ရွက်မှုကြောင့် ယခင်ထက် ပိုမိုကောင်းမွန်လာတော့မည်။” ဆိုတဲ့ အဓိပ္ပါယ် နောက်တစ်မျိုး ကောက်လို့ လုံးဝကိုမရဘူး။ ဒါကြောင် ဒုတိယအဓိပ္ပါယ် မရှိဘူး၊ ဒုတိယအဓိပ္ပါယ် စဉ်းစားစရာမလိုဘူး။ အဲဒီလိုစဉ်းစားရင် စဉ်းစားတဲ့သူမှားတယ်။
    ဒါ သတင်းသမားက မတော်တဆ အရေးမှားတာလည်းဖြစ်နိုင်သလို ရည်ရွယ်ချက်နဲ့ရေးတာလည်းဖြစ်နိုင်ပါတယ်။
    ဘာကြောင့်ပဲ မှားမှား၊ မြို့တော်ဝန် ဈေးမီးရှို့တယ်ဆိုတဲ့ အဓိပ္ပါယ် တစ်မျိုးပဲထွက်နေလို့ ငါက ဝမ်းသာတယ်။
    ဒါ ဖြစ်လည်းဖြစ်နိုင်တာပဲ အာဏာရှင်စစ်ဓါးပြတွေ ဒီလို လုပ်လေ့လုပ်ထလည်းရှိတာပဲ။
    ငါ ငတုံးမဟုတ်လို့ အဓိပ္ပါယ် နှစ်မျိုးထွက်တယ်လို့ ရေးတဲ့ ပြောတဲ့ – – – ကသူတွေ တုံးတာကိုထောက်ပြတာ။ တုံးတဲ့သူတွေက ကိုယ်ထင်တာထက် ပိုများနေတယ်။
    လူကြီးလူကောင်း ပီသရင် ရှက်စိတ်ကို သတ္တိနဲ့ပယ်ပြီး အမှန်ထောက်ပြတာကို ကျေးဇူးတင် လက်ခံနိုင်ပါစေ။
    ကိုယ်တုံး တုံးမှန်းသိ ငတုံးပညာရှိ တဲ့။ ပညာရှိဖြစ်နိုင်ပါစေ။
    စေတနာဖြင့်ပါ။

    1. မြန်မာစာသေချာသင်ဖူးခဲ့ရင် ခင်ဗျားကိုထောက်ခံကြမှာပဲ…. ခင်ဗျားပြောတာမှန်တယ်..

  6. ဟုတ်တယ်လေ…အစကတည်းကစီမံမှုညံ့ဖျင်းစွာဆောက်ထားလို. မီးလောင်ရတာပဲလေ….

  7. ဂျာနယ်တိုက်ကရေးထားတာ မမှားဘူး
    အစတည်းကသူလို့ပဲပြောနေကြတာ

  8. skyblue :

    Anonymous မင်းကမြန်မာစာကော သေချာဖတ်တက်ရဲ့လား
    (မြို့ တော်ဝန်၏ စီမံဆောင်ရွက်မှု ကြောင့် မင်္ဂလာဈေးကြီး မီးလောင် သွားခဲ့ရာ) မှ (ယခင်ထက် ပိုမိုကောင်းမွန်လာတော့မည်) ဒီစာသားက နှစ်မျိုး အဓိပ္ပယ်မရလို့ တစ်မျိုးတည်းအဓပ္ပယ်ကောက်ရအောင်
    မင်းကစောက်ရှုးလား
    (မင်္ဂလာဈေးကြီး မီးလောင် သွားခဲ့ရာမှ မြို့ တော်ဝန်၏ စီမံဆောင်ရွက်မှု ကြောင့် ယခင်ထက် ပိုမိုကောင်းမွန်လာ
    တော့မည်)
    ဒီလိုရေးရင်တော့ အဓိပ္ပယ်တစ်မျိုးတည်းလေကွာ
    တုံးလိုက်တာ

    skyblue :

    Anonymous မင်းကမြန်မာစာကော သေချာဖတ်တက်ရဲ့လား
    (မြို့ တော်ဝန်၏ စီမံဆောင်ရွက်မှု ကြောင့် မင်္ဂလာဈေးကြီး မီးလောင် သွားခဲ့ရာ) မှ (ယခင်ထက် ပိုမိုကောင်းမွန်လာတော့မည်) ဒီစာသားက နှစ်မျိုး အဓိပ္ပယ်မရလို့ တစ်မျိုးတည်းအဓပ္ပယ်ကောက်ရအောင်
    မင်းကစောက်ရှုးလား
    (မင်္ဂလာဈေးကြီး မီးလောင် သွားခဲ့ရာမှ မြို့ တော်ဝန်၏ စီမံဆောင်ရွက်မှု ကြောင့် ယခင်ထက် ပိုမိုကောင်းမွန်လာ
    တော့မည်)
    ဒီလိုရေးရင်တော့ အဓပ္ပယ်တစ်မျိုးတည်းလေကွာ
    တုံးလိုက်တာ

  9. ဒီသတင်းခေါင်းစဉ် အရေအသားက “နှစ်မျိုး အဓိပ္ပာယ်ရသည့်သတင်းစာသား” မဟုတ်ပါ၊
    အဓိပ္ပာယ် နှစ်မျိုးလည်းမရပါ။
    အဓိပ္ပာယ် တစ်မျိုးပဲ ရှင်းနေအောင်ရပါတယ်၊
    မြို့တော်ဝန်ရဲ့စီမံဆောင်ရွက်မှုကြောင့် မင်္ဂလာဈေးကြီး မီးလောင် သွားခဲ့ တယ်၊
    အခု(ဘာကြောင့်မှန်းတော့မသိ) ယ္ခင်ကထက်ပိုကောင်လာတော့မယ်၊ ဒါပါပဲ။

  10. ဒီသတင်းခေါင်းစဉ် အရေအသားက “နှစ်မျိုး အဓိပ္ပာယ်ရသည့်သတင်းစာသား” မဟုတ်ပါ၊
    အဓိပ္ပာယ် နှစ်မျိုးလည်းမရပါ။
    အဓိပ္ပာယ် တစ်မျိုးပဲ ရှင်းနေအောင်ရပါတယ်၊
    မြို့တော်ဝန်ရဲ့စီမံဆောင်ရွက်မှုကြောင့် မင်္ဂလာဈေးကြီး မီးလောင် သွားခဲ့ တယ်၊
    အခု(ဘာကြောင့်မှန်းတော့မသိ) ယ္ခင်ထက်ကထက်ပိုကောင်လာတော့မယ်၊ ဒါပါပဲ။

    1. Anonymous မင်းကမြန်မာစာကော သေချာဖတ်တက်ရဲ့လား
      (မြို့ တော်ဝန်၏ စီမံဆောင်ရွက်မှု ကြောင့် မင်္ဂလာဈေးကြီး မီးလောင် သွားခဲ့ရာ) မှ (ယခင်ထက် ပိုမိုကောင်းမွန်လာတော့မည်) ဒီစာသားက နှစ်မျိုး အဓိပ္ပယ်မရလို့ တစ်မျိုးတည်းအဓပ္ပယ်ကောက်ရအောင်
      မင်းကစောက်ရှုးလား
      (မင်္ဂလာဈေးကြီး မီးလောင် သွားခဲ့ရာမှ မြို့ တော်ဝန်၏ စီမံဆောင်ရွက်မှု ကြောင့် ယခင်ထက် ပိုမိုကောင်းမွန်လာ
      တော့မည်)
      ဒီလိုရေးရင်တော့ အဓပ္ပယ်တစ်မျိုးတည်းလေကွာ
      တုံးလိုက်တာ

    2. နအဖက မစင်ကျွေးလဲစားမယ့်ကောင်တွေ

Comments are closed.