တောင်ကိုရီးတွင် ကျင်းပမည့် G-20 အစည်းအဝေးအတွက် ရဲများ ပြင်ဆင်လေ့ကျင့်

တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့တော်တွင် နိုဝင်ဘာ ၁၁-၁၂ရက်နေ့ ကျင်းပမည့် G-20 ထိပ်သီး
အစည်းအဝေး အတွက် ဆန္ဒပြမှုများ ဖြစ်ပွားလာနိုင်မှုကို အကြောင်းပြုပြီး လုံခြုံရေးများ အကြီး
အကျယ် ပြင်ဆင်နေသည်။ ထိပ်သီးအစည်းအဝေး ကျင်းပမည့် နေရာမှ ၂မိုင်ကျော်အတွင်း ရဲ
၅၀၀၀၀နှင့် အဓိကရုဏ်းနှိမ်နင်းရေးရဲများ ချထားဖို့ လေ့ကျင့်နေခြင်း ဖြစ်သည်။

G-20 အစည်းအဝေးကို တောင်ကိုရီးယား အလုပ်သမားသမ္မဂများနှင့် အရပ်ဖက် လူမှုရေးအုပ်စု
များစွာမှ ဆန္ဒပြဖို့ စီစဉ်နေသည်။ ဂလိုဘယ်လိုက်ဇေးရှင်း အကျိုးဆက်များ၊ အလုပ်သမားအခွင့်ရေးများ၊
အလုပ်အကိုင် ပုံမှန်ရရှိရေး၊ ဂျပန်လိင်ကျွန်အဖြစ်မှ စစ်လျော်ကြေး ရရှိရေး တို့ကို နိုင်ငံတကာ
သမ္မဂများနှင့် ပူးပေါင်း ဆန္ဒပြသွားမည် ဖြစ်သည်။

သတင်း CNN