Burma Democracy Leader Wants to “Tweet”

လူထုဆက်သွယ်ရေး အင်တာနက် အခြေခံ လုပ်ငန်းများ တွင် စွမ်းအား အပြည့် ဖြင့် လုပ်ဆောင်
နိုင်ပြီး လိုရင် အမှာ စကား ကို ထိရောက်စွာ ဖြစ်စေနိုင်သော အင်တာနက် လူမှု ကွန်ယက် တစ်
ခုဖြစ်သည့် တွစ်တာ ကို ဒေါ်အောင်ဆန်းစုကြည် က သူမ ပြန်လည် လွတ်မြောက် လာလျှင် အသုံး
ပြုချင်သည် ဟဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးဉာဏ်ဝင်းက ပြောကြောင်း AP သတင်းဌာန
တွင် ဖော်ပြထားသည်။
၂၀၀၉ ခုနှစ် ဖေဖေါ်ဝါရီလ တွင် Freedom News Group မှ မြန်မာ ပရိတ်သတ် အား Facebook၊
Twitter စသည့် လူမှု ကွန်ယက် များအား မိတ်ဆက်ပေးပြီး နောက် ထိုအင်တာ နက် ဆက်သွယ်ရေး
ကွန်ယက် များ မှာ မြန်မာလူငယ်များ ကြားဉ် ရေပန်းစားခဲ့သည်။
မြန်မာ နိုင်ငံ တွင် Hi5 , Friend Ster စသည့် အင်တာနက် လူမှု ကွန်ယက်များ ကို ၂၀၀၂ ခုနှစ်တွင်
စတင်သုံးစွဲခဲ့ပြီး Face Book နှင့် Twitter ကို ၂၀၀၆ ခုနှစ် ကတည်း က သုံးစွဲ ခဲ့သည့် စာရေးဆရာ
ငြိမ်းချမ်းငြိမ်း က “Twitter သည် လူထောင်ပေါင်း များစွာ ထံ သို့ မိမိ အမှာ စကား တိုက်ရိုက်ရရှိ
အောင် စွမ်းဆောင် နိုင်ပြီး လက်ရှိ ကမ္ဘာ့ တော်လှန် ရေးများ တွင် အဓိက ကျသော အခြင်းအရာ
တစ်ရပ် ဖြစ်သည် ဟု ဆိုသည်။ Facebook သည် အွန်လိုင်း မိတ်ဆွေ ဖွဲ့ ရေး အတွက် ကောင်းမွန်
ပြီး Twitter ကမူ အချိန်တို အတွင်း ထိရောက် သော သတင်း စကားများ ဖလှယ် နိုင်ရန် ဦးစား
ပေးထား ခြင်း ဖြစ်သည် ဟု သူက ပြောသည်။
မြန်မာ နိုင်ငံ ၏ လူငယ် အများစု မှာ Face Book, Twitter စသည့် အင်တာနက် လူမှု ကွန်ယက်များ
အသုံးပြုကြသည်။
အမေရိကန် သမ္မတ ဘရက် အိုဘားမား သည် ၂၀၀၈ ခုနှစ် သူ၏ ရွေးကောက် ပွဲ မဲဆွယ်သည့် လုပ်ငန်း
များ ဉ် Twitter နှင့် Face Book ကို အသုံးပြု ပြီး လူငယ် မဲဆန္ဒရှင်များ နှင့် လည်း ဆက်ဆံခဲ့သည်။
နေအိမ် အကျယ်ချုပ် ကျခံနေရစဉ် အတောအတွင်း ဒေါ်အောင်ဆန်းစုကြည် သည့် တယ်လီဖုန်း
အပါအ၀င် မည် သည့် ဆက်သွယ်ရေး ကိရိယာ ကို မဆို စစ်အစိုးရ က သုံးစွဲ ခွင့် ပေးထားခြင်းမရှိ
ဟု သိရသည်။
တွစ်တာ သည် ကမ္ဘာ တစ်ဝှမ်း တွင် သုံးစွဲ သူ သန်း ၁၈၀ ခန့် ရှိသည်။
