ဟိန်းခိုင်ထွန်း၊ ၊ဆယ်စု နှစ် တစ်စု ကျော်တိုင်း မြန်မာ နိုင်ငံတွင် ဖြစ်ပေါ်လေ့ရှိသည့် ပြောင်းလဲမှု
လှိုင်းများ၏ ရိုက်ခတ်မှုဒဏ်ကို ယခု တစ်ခါတွင် အခံရဆုံး ဖြစ်သည် မှာ မြန်မာ အမျိုးသမီးငယ်များ ဖြစ်သည်
ဟု နိုင်ငံတကာ အိုင်ဒီယာများ ကို ဘာသာပြန်ဆို နေသည့် မြန်မာ စာရေးဆရာ လူငယ် တစ်ဦးက Freedom
News Groupသို့ ပြောသည်။ဆက်လက်ပြီး သူက “အိမ်က သမီးတွေ က လည်း အင်တာနက် ရှေ့ကနေ မခွာတော့ဘူး
ပိုပြီး တော့ ဗဟုသုတ တွေ ရှိလာတယ်၊ ဒါပေမယ့် သူတို့ တွေ က စိတ်ခံစားမှု နယ်ပယ် ကို ပိုပြီး ချဲ့ ခြင်လာ
ကြတယ် ထင်တယ် ဟု သုံးသပ် ပြောကြားသည်။
လွန်ခဲ့သော ဆယ်စုနှစ် တစ်ခု ကျော်အချိန် မှ စပြီး စီးပွားရေး ၊လူမှု ရေး လုပ်ငန်း များတွင် အမျိုးသား
များ နှင့် တန်းတူရင် ပေါင်တန်း လုပ်ကိုင် နိုင်သည့် စွမ်းရည် ကို ပြသခဲ့သည့် မြန်မာ အမျိုးသမီးငယ်များ
မှာ ခောတ်စနစ် ၏ အဆိုးရွား ဆုံး စိမ်ခေါ် မှု ကို ရင်ဆိုင်နေရသည့် အချိန် လည်းဖြစ်သည် ဟု ရန်ကုန်
မြို့ ရှိ ပုဂ္ဂလိက ဘဏ် တစ်ခု တွင် ငွေကိုင်စာရေး အဖြစ် တာဝန်ထမ်းဆောင်နေသည့် မသီတာဦး က ပြောသည်။
ကျွန်မ တို့ ရောက်တဲ့ နေရာက နေ ရှေ့ ကို ဆက်တက်နိုင်ဖို့ အတွက် အခက်အခဲ အတားအဆီးတွေကို
ကျော်ဖြတ်ရတယ်။ကျွန်မ တို့ အဲဒီအတွက် ပေးရတဲ့ အရင်းအနှီးက မသေးလှဘူး ဟု သူမက ဆိုသည်။
ဆေးကုမ္ပဏီတစ်ခု တွင် လက်ထောက်မန်နေဂျာ အဖြစ် တာဝန် ထမ်းဆောင် နေသည့် အမျိုးသမီး တစ်ဦး က
ကျွန်မ ရဲ့ ဘော့ က ကျွန်မ ကို ရာထူးတိုးပေး မယ် ၊တယ်လီဖုန်း နဲ့ ကားပါပေးထားမယ်။ ဒါပေမယ့် သူနဲ့  အတူ
စင်္ကာပူ ခရီးကိုလိုက်ခဲ့ရမယ် လို့ ဆိုတယ် ..ဒါတော့ ဘယ်ဖြစ်မလဲ ဟု သူကပြောသည်။
ထိုကဲ့သို့ မိမိ ၏ ကိုယ်ကျင့်သိက္ခာ ကို အပွန်းအပဲ့ မခံသူများ ရှိသော် လည်း အချို့ ကမူ ထိုလမ်းကို မလိုက်ကြ
ဟု သိရသည်။ ကျွန်မနဲ့  တူတူ အလုပ်ဝင်တဲ့ သူပဲ သူက အခု သူဌေးရဲ့ လူယုံ ဖြစ်နေပြီ သူဌေး နဲ့  အတူတူ ချောင်း
သာ ကို ခရီးထွက် ရင် သူ့ အိမတောင် မသိဘူး ဟု ဆိုသည်။
စီးပွားရေး နယ်ပယ် ထဲမှ ထိုကဲ့ သို့ ဖြစ်ရပ်မျိုးလိုပင် ဖျောဖြေရေး နယ်ပယ် ဉ်လည်း ထိုဖြစ်ရပ်မျိုးမှာ ထူးခြား
သည် မဟုတ် လှသော် လည်း ယခု ပို၍ ဆန်းပြားနေသည် ဟု သိရသည်။ ဖျော်ဖြေရေး နယ်မှ အဆိုပါဖြစ်စဉ်
နှင့် ပတ်သက်၍ အလှဖန်တီးရှင် တစ်ဦးက “မင်းသမီး ဖြစ်ချင်တဲ့သူတွေ၊မော်ဒယ် ဖြစ်ချင်တဲ့သူတွေ အများကြီး
ပဲ သူတို့ အတွက်က ၀င်ငွေ မရှိသေးတဲ့ အချိန် ဆိုတော့ အ၀တ်အစား ၊အသုံးအဆောင် အတွက် ငွေ လိုတာပေါ့
ဟု ဆိုသည်။ အနုပညာ နယ်တွင်လျှေက်လှမ်းရန် အား ယူနေသည့် တက်သစ်စ ငွေကြယ်ပွင့်လောင်းများ ကလည်း
ငွေကြေး လိုအပ် သလို အနုပညာ အရ နာမည် ကျော်ကြား အောင်မြင်မှု မရရှိသူများ ကလည်း အထိုက်အလျှောက် အနုပညာ အခြေခံသည့် စီးပွားရေး လုပ်ငန်းများ လုပ်ရန် ငွေကြေး လိုအပ်ကြ သည် ။
တက်သစ်စ မော်ဒယ် တစ်ချို့ မှာ လည်း ငွေကြေး ကြွယ်ဝချမ်းသာ သူများ နှင့် ခရီး အတူသွားသည်။ အတူတူဈေး
ဝယ်ထွက် သည် များက အဆန်းတော့ မဟုတ်တော့ ဟု သိရသည်။
စစ်အစိုးရ ၏ စီးပွားရေး စီမံခန့် ခွဲမှု ညံဖျင်းသောကြောင့် အလုပ်လက်မဲ့ ပေါများပြီး ထိုင်း နိုင်ငံ ၏ မဲဆောက် မြို့ ငယ်လေးမှ စွန့်  ပစ် အမှိုက်ပုံပေါ်မှာပင် စီးပွားရှာနေရသည့် မြန်မာ လူမျိုးတို့ အတွက်မူ ငွေကြေး အတွက် ကိုယ်
ကျင့်တရား များ ချခင်းနေရ သည်မှာ အဆန်းတော့ မဟုတ်တော့။
မြို့ တော်ဟောင်း ရန်ကုန်၏ ညကလပ် များ တွင် လာရောက် ပျော်ပါးကြသည့် မိန်းကလေးများ တွင်ငွေကြေး
တတ် နိုင်သူ အချို့ လည်း ပါပြီး အချို့ ကမူ ငွေကြေးတတ် နိုင်သည့် မိတ်ဆွေ သူငယ်ချင်း များ နှင့် အတူလာရောက်
ကြခြင်း ဖြစ်သည်။
ငွေကြေးတတ် နိုင်သည့် အမျိုးသား များ က ထိုညကလပ် များ သို့ လာရောက်ပြီး မိန်းကလေးငယ် များ နှင့် မှာ
မိတ်ဆွေ ဖွဲ့ ကာ ၎င်းတို့ ၏ ပျော်ရွှင်မှု ကို ရှာကြသည်။ အမှောင် ကမ္ဘာ ထဲမှ ဖြိုးဖြိုးဖျက်ဖျက် လေဆာ မီး တစ်လက်
လက် အောက်တွင် ယစ်ရွှေရည် အရှိန် နှင့် ပကတိ အရှိ မှ သည် အိပ်မက် ကမ္ဘာ ထဲသို့ တိုးဝင်ရန် ကြံသည့် မိန်းကလေး
ငယ်များ မှာ လည်း ဒု နဲ့ ဒေး ပင် ဖြစ်သည်။
ညသန်းခေါင်ကျော် ထိ ဖွင့်သည့် ကလပ် တစ်ခု တွင် တာဝန် ထမ်းဆောင် နေသူ တစ်ဦးက “အခုနောက် ပိုင်း လိုင်း(ပြည့်တန်ဆာ) မဟုတ်တဲ့ ကောင်မလေးတွေ ပိုများ လာတယ်။ သူတို့ က တော့ ပျော်ရွှင်မှု အတွက် လာကြ
တာပဲ ဒါပေမယ့် ဒီမှာ က အပျော် လည်း ရှိတယ် အဖော် လည်းရှိတယ်” ဟုဆိုသည်။
ညကလပ် တစ်ခု တွင် ကုမ္ပဏီ ဒါရိုက်တာ တစ်ဦး နှင့် မိတ်ဆွေ ဖြစ်သွားပြီး မိသားစု ပင် မသိအောင် အလည်လွန်
သွား ခဲ့သည့် အမျိုးသမီး ငယ် တစ်ဦးက “ကျွန်မ ဒီလို နေရတာ ကို ကြိုက်တယ်။ လိင်ကိစ္စ ကိုယ် ယောင်္ကျားတွေ က
ကပဲ ဦးဆောင် လာခဲ့တာ မိန်းကလေး တွေ က ဒီကိစ္စမှာ နစ်နာ ရတယ်လို့ သူတို့ ဘက်က ၀ါဒဖြန့် ထားတာ အမှန်
တော့ မဟုတ် ဘူး ဘယ်ဘက်ကမှ မနာဘူး “ ဟု သူ့ အမြင် ကို ပြောသည်။
မြန်မာ အမျိုးသမီး ငယ်အချို့ ၏ လိင်ဆက်ဆံ ခြင်း အပေါ်ထားရှိသည့် သဘောထားမှာ ပြောင်းလဲလာ သလို့ ၎င်း
တို့ ၏ ဘ၀ လူနေမှု စတိုင် မှာ လည်း ပိုမို ရဲတင်း ပွင့်လင်းလာသည် ဟု လူငယ် စာရေး ဆရာမ တစ်ဦးက သုံးသပ်သည်။
နောက်အပတ် တွင် ဆက်လက်ဖတ်ရှုပါရန်


မြန်မာအမျိုးသမီးလေးတွေကတော့မလွယ်တာအမှန်(ကောင်းတဲ့လူလဲရှိမှာပေါ့)…
ခုဒီမလေးရှားရောက်အမျိုးသမီးအများစုကတော့…
ဘယ်စက်ရုံမဆိုရောက်ပြီး မကြာဘူးဗျာ…
ရောက်နှင့်ပြီးသူတွေနဲ့ အတူအိပ်ကျတော့တာဘဲဗျာ…
ဒီမှာကလူတိုင်းကလူပျိုလို့ပြောတာလေဗျာ…
ဒီမှာတော့အလွန်ကိုလွယ်တာနော်……
သူလဲ အချိန်တန်ရင် လိုနေမှာပဲ သဘာဝကို လွန်ဆန်မရပါ