ဒေါ်အောင်ဆန်းစုကြည် တွစ်တာ သုံးရင် ဘာတွေ ဖြစ်လာနိုင်မလဲ


တင်ကျော်ကျော်စိုး
၊              ၊နောက်ဆုံး အကြိမ် နေအိမ် အကျယ်ချုပ် မှ ပြန်လည် လွတ်မြောက် လာခဲ့သည့်
ဒေါ်အောင်ဆန်းစုကြည် က သူမ နေအိမ် အကျယ်ချုပ်မှ မလွတ်မြောက်ခင် ကတည်းက လူမှု ကွန်ယက်
အင်တာနက် ၀ဘ်ဆိုတ် တစ်ခုဖြစ်သည့် တွစ်တာ ကို အသုံးပြုလို ကြောင်း ထုတ်ဖော်ပြောကြား လိုက်သည်
မှာ လူငယ်များ နှင့် ထိတွေ့ ဆက်ဆံပြီး နိုင်ငံ အပြောင်း အလဲ အတွက် မျိုးဆက်သစ် များ ၏ အင်အား ဖြင့်
အရှိန် အဟုန်  မြင့်တင် ပြောင်း လဲ လိုခြင်းကို ရည်ရွယ် ပြောကြားခြင်း ဖြစ်သည်။

ဆယ်စုနှစ်ပေါင်းများ စွာစစ်အစိုးရ က  ပြင်ပ ကမ္ဘာ နှင့် အဆက်အသွယ် ဖြတ်တောက်ခြင်းခံထားရသော်လည်း
အောက်စဖို့ ဒ် တက္ကသိုလ် ဉ် ပညာသင်ကြား ခဲ့သည့် သူမ သည် ယခု ထက်တိုင် ခောတ်မှီ နေဆဲ ရှိခြင်း
ဖြင့် လူငယ်ထု အသံ ကို နားထောင် ချင် သလို  ၊ လူငယ် ထု နှင့် ထိတွေ့ ဆက်ဆံ လိုခြင်း ကို လိုလားသည့်
လက္ခဏာ ကို အထင်အရှား ပြခဲ့သည်။

ကမ္ဘာ တစ်ဝှမ်း လူသန်း ငါးရာ ကျော် သုံးစွဲ သည့် Facebook ကွန်ယက် သည် ပျော်ရွှင် ကြည်နူး ဖွယ်ရာ
ဖြစ်မှု ကို အခြေခံထား ၍ တည်ဆောက် ထားခြင်း ဖြစ်ပြီး တွစ်တာ ကမူ အရေးကြီး သည့် အမှာစကား သတင်း
ဖလှယ် ခြင်း နှင့် ဟန်ချက်ညီ တွေ့ ဆုံနိုင်မှု ကို ဦးစားပေး တည်ဆောက် ထားခြင်း ဖြစ်သည်။

ပြီးခဲ့သည့် နှစ်က အီရန်အစိုးရ  ဖြုတ်ချရေး လူထု လှုပ်ရှားမှု မှ သည် ယနေ့  ပြင်သစ် ဆန္ဒပြ ပွဲ သည်
တော်လှန်ရေး များစွာ ကို အထောက်အကူပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်က တွစ်တာသုံးပြီး လူထု နှင့် ထိတွေ့ ဆက်ဆံရာဉ် အမြော်အမြင် ကြီးလှသည့် သူမ၏
အကြံ အဥာဏ် များ က သူမ၏ ကွန်ယက် ထဲမှ မိတ်ဆွေ များ ကို စိတ်ဓာတ် ခွန် အား ဖြစ်စေ နိုင်သည် ဟု
နှစ်နှစ် သက်တမ်း ရှိပြီ ဖြစ်သော  Freedom News Group ၏ တွစ်တာ စာမျက် နှာ အယ်ဒီတာ ဖြစ်သူ
ဒေါက်တာ ဟိန်းခိုင်ထွန်း က FNG သို့ ပြောသည်။

အကယ်၍ သူမ သာ တွစ်တာ အသုံးပြမည် ဆိုပါက နိုင်ငံတကာမှ လူငယ် ပညာရှင် များ၊တက္ကသိုလ် ကျောင်းသား
များ ပညာတတ်များ မှ သည် လွတ်လပ်မှု နှင့် အမှန်တရား ကို ချစ်မြတ် နိုးသည့် ပြည်
သူများ အပါအ၀င် မြန်မာ နိုင် ငံအပြောင်း လဲ ကို တစ်ကယ် တမ်း တွေ မြင် လို့ သည့် ပြည်တွင်း၊ပြည်ပ
လူထု များပါရှိနေ နိုင်ခြင်း သည် စစ်အစိုးရ လက်အောက် ဖွတ်မွဲ ပြာစွတ် ၊ ခရုဆံကျွတ် ဖြစ်နေသည့် မြန်မာ ပြည်သူ
များ အတွက် မျှော်လင်း ခြင်း ကောက်ရိုးမျှင် တစ်စ ဖြစ်စေ နိုင်သည်။

မြန်မာ နိုင်ငံ တွင် တွစ်တာ သုံးသူ လူနည်းစု သာ ရှိပြီး သို့ ဆိုလျှင် နိုဘဲလ် ဆုရှင် ၏ အမှာ စကားက လူနည်းစု
ခောတ်မှီ နည်းပညာ များ ဖြင့် ယဉ်ပါး နေ သူများ လောက်သာ သိမည် ဟု ဆိုပါက လည်း မြန်မာ စကား ပုံတွင်
တစ် ဆင့် စကား တစ်ဆင့် နား ဆိုသည့် ဆိုရိုး ရှိသောကြောင့် ပူစရာ တော့ သိပ် လို လှ သည် မဟုတ် ။

တွစ်တာ သုံးချင် သည် ဟု သူမ ပြောချင် သည် ပင်လျှင် သာမန် စဉ်းစား ပါက ခေတ် မှီနည်းပညာသုံး ပြီး
ပြည်သူ နှင့် ထိတွေ့ မည် ကို ဆို လိုခြင်း ဖြစ်သည် ဟု ရိုးရိုးကလေး တွေး လျှင် ရသော် လည်း ထက်မြက်
သော ထို အမျိုးသမီးက သူမ၏ Space  နယ် ကို ချဲ့ ယူလိုက်ခြင်း ဖြစ်သလို Space အသစ် ၊ နဂိုမူလ Space
အဟောင်း တို့ ဖြင့် တက်စုံ ၊ ရွက် စုံ ဖွင့် ကစား မည် ကို  ဆိုလိုခြင်း ဖြစ်သည်။

12 thoughts on “ဒေါ်အောင်ဆန်းစုကြည် တွစ်တာ သုံးရင် ဘာတွေ ဖြစ်လာနိုင်မလဲ

  1. Comment: >>>>
    You can say NLD is finished.
    But They are still trying in Politics Route.
    Other Politics Group don’t have that kind of mind__mood.
    That is an ability or power of NLD.
    Be careful Comment.
    you are a Negative Attitude person or may be a concerned person of SPDC.
    Be Careful…

  2. အင်း အရွှန်းဖောက်ပြီး နောက်တဲ့သူရှိသလို မုဒိတာ မပွားနိုင်တဲ့သူတွေလည်း အများသားပါလား။ တိုင်းပြည်မှာ handphone တွေ သူများနိုင်ငံမှာလို ကျပ် ထောင်ဂဏန်းနဲ့ ရသွားရင် ငါတို့ခွေးဖြစ်သွားမှာပေါ့လို့မြင်တဲ့ ၀န်ကြီးမျိုးတွေရှိနေသေတော့ သတင်းနည်းပညာကို ကြောက်ကြတာ အဆန်းတော့မဟုတ်ဘူး။ ဘယ်နေရာမဆို လူတိုင်း၊ ပြည်သူတိုင်းနဲ့ တန်းတူ အခွင့်အရေး ယူ ကြိုးစားရဲတဲ့ သတ္တိမရှိတော့ ငြိမ်းချမ်းရေး ညီညွတ်ရေး တည်ဆောက်ရတာ ခက်ခဲရတော့တာပါပဲ။

  3. အင်္ဂလန် ပြန် ပြီး သုံး မယ် ပြော တာ ပါ..

  4. (ဒေါ်အောင်ဆန်းစုကြည် တွစ်တာ သုံးရင် ဘာတွေ ဖြစ်လာနိုင်မလဲ)….ဆိုတော့ကား
    (၁)ပိုက်ပိုက် ကုန်မယ်၊ (၂) ဇက်ကြောတက်မယ် (၃) ခန္ဒီစ တွေကောင်းလာမယ်(လျှပ်စစ်၊ နက်လိုင်း အပါအဝင်):)

  5. ဘန်းတိုင်းကြောက်နေစရာမလိုဘူး … အောင်မြင်အောင် လုပ်ဖို့က အရေးကြီးတယ် .. အကောင်းမြင် ၀ါဒ တကယ်နည်းပါး
    တဲ့ သူပဲ အမောင် ယိုလီ …

  6. မျှော်လင့်ခြင်းကောက်ရိုးတမျှင်ဖြစ်မဖြစ်တော့ မသိဘူး..။Space အသစ်မရခင်..တွစ်တာကတော့ အဘန်းခံရ ဖို့ တော့ သေချာပီ..။တွစ်တာသုံးတတ်တိုင်းသာ..အရာရာအောင်မြင်မယ်ဆိုရင်…(မြန်မာပြည်မှာပြောတာပါ)..???

  7. ဘာလုပ်လုပ် ဘာမှ ဖြစ်မလာနိုင်တော့ပါဘူး..NLD is finished. မယုံရင် လည်း ဆက်လုပ်ကြည့်ကြပေါ့။
    နှစ်ပေါင်း ၂၀ ကျော် အချိန်တွေ..ပြန်မရနိုင်တော့ပါဘူး..အခုမှ လွမ်းမနေပါနဲ့ ။
    ဒီလိုပြောလိုက်တာ..မြန်မာပြည်OK ပြီ လို့  မဆိုလိုဘူး..ပြုပြင်ပြောင်းလဲရေး က အခုမှ စလုံးရေစ ဘို့ ကြံရုံရှိ ပါသေးတယ်..။ Reformation အတွက်..ပူးပေါင်းဆောင်ရွက် သွားကြမယ် ဆိုရင် တော့..ကြိုဆိုပါရစေ..။
    ဘာမဆို..ဆန့် ကျင်ရေး…။ နိုင်ငံရေး ကိစ္စရပ် တွေကို ထော်လော်ကန့် လန့် လုပ်ပြလိုက်တာ နဲ့ ..ဒါကို တော်လှန်တယ် ထင်နေကြသေးရင်တော့…..Revolution တော်လှန်ရေး ပြောပြော
    civil disobedience ဆိုဆို..ကြံသမျှ လုပ်သမျှ in vain အချည်းနှီး ပါ လို့  ကြိုပြောထားပရစေ။

  8. လိုတိုးပိုလျှော့ ပြောတဲ့ ကြားပွဲစား မီဒီယာတွေ ကို ဆောက်မြင်ကတ်လို့ ထင်တယ်

    1. ဖြစ်နိုင်ချေတော့ရှိပါတယ် ..ဒါပေမယ့် တစ်ဖက်စွန်းသိပ်မရောက်ပါနဲ့ ..

Comments are closed.