La tension augmente dans la mobilisation contre la réforme des retraites


ပြင်သစ် သမ္မတ ဆာကိုဇီရဲ့ အသက် ၆၀- ၆၂ နှစ် ပင်စင်လစာများ ပြန်လည်ပြင်ဆင်မှု အစီအစဉ်သစ်အပေါ်
မကျေနပ်မှုကြောင့် အလုပ်သမားသမ္မဂများမှ ကြီးမှုး ပြီး နိုင်ငံတ၀ှမ်း ဆန္ဒပြပွဲ များ ကျင်းပရာ လူသုံးသန်းကျော်
ပါဝင်ခဲ့ကြသည်။
လိုင်ယွန် မြို့ တွင် မူ ဆန္ဒပြမှု များ မှာ ပိုမိုပြင်းထန်ပြီး ဆန္ဒပြသည့် ကျောင်းသား များ အား ရဲ တပ်ဖွဲ့ က အပြင်း
အထန် ရိုက် နှက်ခဲ့သည်။ လိုင်ယွန်မြို့ ၏ ရေနံ သန့် စင်စက်ရုံများ နှင့် ရေနံ လှောင်ကန် များ ကို လည်း ဆန္ဒပြ
သူများ က ပိတ်ဆို့ ထားသေကြောင့် ပြင်သစ် နိုင်ငံတွင် ဓာတ်ဆီဈေးများ မှာ တဟုန် ထိုးတက်သွားသည်။
ဆန္ဒပြသူများ က ဓာတ်ဆီဆိုင်များ ကို ဆက်လက်ဖျက်ဆီးပြီး ရေနံ သန့် စင်စက်ရုံ(လှောင်ကန်)များ ကို
ဆက်လက် ပစ်မှတ်ထား မည် ဆိုပါက ပြင်သစ် နိုင်ငံတွင် စွမ်းအင်ပြတ်လပ်မှု နှင့် ကြုံမည် ဟု ပြင်သစ်စွမ်းအင်
ဝန်ကြီးက လမွန့် သတင်းစာကို ပြောသည်။ မာဆေး ဧရိယာ တွင် ဆန္ဒပြသများ နှင့် ရဲများ တိုက်ခိုက်မှု ဖြစ်ပွား
ခဲ့သည်။
ရေနံ လှောင်ကန် များ သည် လေဆိပ် များ နှင့် တိုက်ရိုက် ဆယ်သွယ်ထား သေကြောင့် လေယာဉ်များ ဆီဖြည့်ရန်
အခက်အခဲ ရှိနေသည့် လေဆိပ် များ မှာ အရေးပေါ် အခြေအနေကြေငြာ ၍ ပိတ်ထားရသည်။

ဆန္ဒပြ ပွဲတွင် ကျောင်းသား များ လည်း ပါဝင်သောကြောင့် နိုင်ငံတ၀ှမ်းတွင် တက္ကသိုလ် နှင့် အထက်တန်းကျောင်း
၂၆၀ ခန့် ပိတ်ထားရသည်။

