ခရီးသွား ဧည့်လမ်းညွှန်များ ပြင်းထန်စွာ ဖိအားပေးခံနေရ

အောင်မြင်၊         ၊ပြီးခဲ့သည့် တနင်္ဂံနွေက နိုင်ငံခြားသားခရီးသည်များကို ရန်ကုန်မြို့တွင်းခရီးစဉ်ကို
လည့်လည်ပြသနေသော ခရီးသွားဧည့်လမ်းညွှန်( ၂ )ဦးကို မြန်နိုင်ငံကူးလက်မှတ်ထုတ်ပေးရာ ရုံးရှေ့
တာဝန်ကျရဲအရာရှိတဦး မှပြင်းပြင်းထန်ထန်ခြိမ်းခြောက်ပြီး ဧည့်လမ်းညွှန် (  ၂ )ဦး၏ ဧည့်လမ်းညွှန်
လိုင်စင်နံပါတ်များကို မှတ်ယူပြီး မြန်မာ့ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာန သို့အကြောင်းကြားတိုင်ကြား
မည်ဟု ပြောဆိုကြောင်း မျက်မြင်တဦးက Freedom News Group သို့ပြောပြခဲ့သည်။

ခရီးသွားဧည့်လမ်းညွှန် ( ၂ )ဦးမှာ တဖွဲ့စီဖြစ်ကြပြီး မိမိတို့၏နိုင်ငံခြားသားခရီးသွားများကို မဟာဗန္ဒုလပန်းခြံ
ဘေးတွင် မိမိတို့ ကုမ္မဏီကားများကိုရပ်ခဲ့ပြီး ကိုလိုနီခေတ်အဆောက်အဦးများဖြစ်ကြသော ပန်းဆိုးတန်းတ
ဝိုက်ရှိ ကြေးနန်းဆက်သွယ်ရေးရုံး၊ ဗဟိုတရားရုံးနှင့် အခြားအဆောက်အဦးများကို ပြသရန် လမ်းလျောက်လာကြစဉ် မြန်မာ့နိုင်ငံကူးလက်မှတ်ထုတ်ပေးရေးရုံးရှေ့ ဗဟိုတရားရုံးအနီးတွင် နိုင်ငံခြားသားဧည့်သည်အဖွဲ့ထဲမှ
ဧည့်သည်တဦးက ကိုလိုနီခေတ်ဟောင်းအဆောက်အဦးကိုဓါတ်ပုံရိုက်သောကြောင့် ပါတ်စပို့ရုံးရှေ့ တာဝန်ကျ
ရဲအရာရှိတဦးမှ ဧည့်သည်၏ကင်မရာထဲမှရိုက်ထားသောဓါတ်ပုံကိုချက်ခြင်းဖျက်ပေးရန်ပြောဆိုခဲ့သည်။
ဧည့်လမ်းညွှန်မှ မိမိဧည့်သည်ကိုဖျက်ပေးရန်အကျိုးအကြောင်းရှင်းပြသောကြောင့် ဧည်သည်မှလည်းချက်
ခြင်းဖျက်ပေးခဲ့ကြောင်းသိရသည်။ ထိုတာဝန်ကျရဲအရာရှိက ဧည့် လမ်းညွှန်အား ဓါတ်ပုံရိုက်ခြင်းကြောင့်
ဖမ်းဆီးအရေးယူလို့ရကြောင်းပြောရာ ဧည့်လမ်းညွှန်မှ ဓါတ်ပုံမရိုက်ရန်သတိပေးစာ ကပ်ထားခြင်းမရှိ
သောကြောင့် သူ့ရဲ့ဧည်သည်ဓါတ်ပုံရိုက်သည်မှာ အပြစ်မရှိကြောင်းပြောပြရာ တာဝန်ကျရဲအရာရှိက
ဧည့်လမ်းညွှန်၏ လိုင်စင်နံပါတ်ကို မှတ်ယူပြီး ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနကို အရေးယူရန်တိုင်ကြား
မည်ဖြစ်ကြောင်းသတင်းရရှိသည်။ အလားတူဖြစ်ပွားမှုမျိုး ထိုတနင်္ဂံနွေတနေ့တည်း၊တနေရာတည်းတွင်
ဖြစ်ပွားခဲ့ကြောင်း သိရှိရသည်။

ဝါရင့်ပြင်သစ်ဂိုဒ်တဦးကို ဆက်သွယ်မေးမြန်းကြည့်ရာဧည့်လမ်းညွှန်အလုပ်လုပ်ကိုင်နေကြသူများသည်
မိမိတို့ဧည့်သည်များကို မပြုလုပ်ရှောင်ရှားရမယ့်အကြောင်းအရာများကို အသိပေးပြောကြားဖို့ ဘယ်တော့
မှမမေ့ ကြကြောင်း ပြောပြပါသည်။ “ ရန်ကုန်မှာဆိုရင် ဥပမာအနေနဲ့ဗန္ဒုလပန်းခြံနောက်ရှိ ယ္ခင်အမေရိကန်
သံရုံး အဆောက်အဦးကို ဓါတ်ပုံမရိုက်ရန် သတိပေးဆိုင်းဘုတ်များ သိသာထင်ရှားစွာ ချိတ်ဆွဲထားသောကြောင့် မိမိတို့ဧည့်သည်များကိုဓါတ်ပုံမရိုက်ရန် ကြိုတင်အသိပေးထားကြောင်း၊ မိမိတို့ခရီးစဉ်အတွင်း နိုင်ငံတော်ဧည့်သည်၊ စစ်ဗိုလ်ချုပ်တွေရဲ့ မိသားစုခရီးစဉ်များ၊ အခမ်းအနားများနှင့်ကြုံတွေ့ရပါက ဓါတ်ပုံရိုက်ခြင်းမပြုလုပ်ကြရန် အသိပေးပြောဆိုထားကြောင်း” ရှင်းပြပါသည်။ မြို့တော်ခန်းမ၊ ဗဟိုတရားရုံး နဲ့ ပန်းဆိုးတန်း တ၀ိုက်ရှိကိုလိုနီခေတ်အဆောက်အဦးများကို နိုင်ငံခြားသားဧည့်သည်တွေဓါတ်ပုံရိုက်ခဲ့သည်မှာ ဧည့်လမ်းညွှန်လုပ်သက် ၁၅နှစ်အတွင်းအကြိမ်ရေသောင်းချီပြီးရှိနိုင်ကြောင်း၊ ယ္ခုကဲ့သို့ဖြစ်ပွားရခြင်းမှာ နိုဝင်ဘာ(၇)ရက်နေ့တွင်ကျင်းပမယ့်ရွေးကောက်ပွဲမှာနိုင်ငံခြားသားရွေးကောက်ပွဲလေ့လာသူ၊နိုင်ငံခြားသတင်းဌာနများ ၀င်ခွင့်မပြု လို့တရားဝင်မပြောကြားခင်မှာ သက်ဆိုင်ရာ ရဲ၊ထောက်လှမ်းရေးတို့ကို ကြိုပြီးအကြောင်းကြားထားမှုရှိသောကြောင့်တာဝန်ကျရဲအရာရှိကအခုလိုအရေးယူတားမြစ်တာဖြစ်နိုင်ကြောင်း သူ့ရဲ့အမြင်ကိုပြောပြသည်။

 

ရွေးကောက်ပွဲကာလမှာမိမိတို့ဧည့်လမ်းညွှန်များဒီထက်ပိုပြီးပြသနာများဖြင့်ကြုံတွေ့လာနိုင်သော

ကြောင့် သတိနှင့် လုပ်ငန်းတာဝန်ထမ်းဆောင်ကြဖို့လိုကြောင်း၊အစိုးရအနေနှင့်ရွေးကောက်ပွဲကာလကို နိုင်ငံတကာမီဒိယာတွေအလွယ်တကူ ၀င်ရောက်နိုင်ခြင်းမရှိရန် မကြာခင်ကာလက ဖွင့်ပေးခဲ့သော ကြိုတင်ဗီဇာယူစရာမလိုသော ဆိုက်ရောက်ဗီဇာစနစ်ကို ပိတ်ပင်လိုက်သည်မှာထင်ရှားကြောင်း ပြောပြပါသည်။

ခရီးသွားဝန်ဆောင်မှုကုမ္မဏီများသို့လည်း ဟိုတယ်နှင့်ခရီးသွားဝန်ကြီးဌာနမှ မိမိတို့ ၀န်ဆောင်မှုပေးသော
နိုင်ငံခြားသားများကို သက်ဆိုင်ရာကုမ္မဏီမှ တာဝန်ယူရမည်ဖြစ်ကြောင်း အကြောင်းကြားစာပေးပို့ထားကြောင်း ခရီးသွားကုမ္မဏီတခုကပြောပြပါသည်။ ၂၀၀၇ ရွှေဝါရောင်အရေးအခင်း၊ ၂၀၀၈ နာဂစ် ကာလတွေအတွင်း
ခရီးသွားလုပ်ငန်းက လုံးဝမကောင်းကြောင်း၊ ၂၀၀၉ ခရီးသွားရာသီမှာ နည်းနည်းလေးကောင်းလာပြီး ၂၀၁၀
ခရီးသွားရာသီမှာ နိုင်ငံခြားသားတွေအတွက်ဆိုက်ရောက်ဗီဇာ ထုတ်ပေးမှုတွေကြောင့် ခရီးသွားစီးပွားရေးလုပ်
ငန်းများ ကောင်းမွန်လာမည်ဟု မျော်လင့်ချက်တွေဟာ အခုပျက်ပျယ်သွားပြီဖြစ်ကြောင်းပြောပြပါသည်။ ယ္ခုကဲ့သို့
ဧည့်လမ်းညွှန် ( ၂ )ဦးကို အဆောက်အဦးဓါတ်ပုံ၇ိုက်မှုနှင့် အရေးယူမည့် ပြသနာဖြစ်ပွားရခြင်းမှာ ရွေးကောက်အကြိုပထမဆုံးဖြစ်ပွားရခြင်းဖြစ်သည်။ ရွေးကောက်ပွဲမတိုင်ခင်နှင့် ရွေးကောက်ပွဲရက်တွင် ခရီးစဉ်ရှိတဲ့
ဧည့်လမ်းညွှန်တွေအနေနဲ့ မိမိတို့ဧည့်သည်ကို အထူးသတိပေးကြဖို့ ကုမ္မဏီတွင်တာဝန်ထမ်းဆောင်နေကြတဲ့ ဧည့်လမ်းညွှန်တွေကို ပြောပြပြီးဖြစ်ကြောင်း ရှင်းပြခဲ့သည်။