အင်အားကောင်းသော မုန်တိုင်း ရခိုင်ပြည်နယ် သို့  ၀င်မည် ကျန်ပြည်နယ်နှင့် တိုင်းများ မိုးသည်းထန်မည်(နောက်ဆုံးရ သတင်း)

ဂီရီ (ဦးခေါင်း) ဟု အမည်ရ သည့် မုန်တိုင်း ဖြတ်ကျော်ဝင်ရောက်မည့် နေရာ ထိုမုန်တိုင်းသည် အောက်တိုဘာ၂၂ ရက် သောကြာနေ့  ညနေ တွင် ရခိုင်ကမ်းရိုးတန်းသို့ စတင် ချဉ်းကပ်ကာ ကျော်ဖြတ် ၀င်ရောက် မည် ဖြစ်သည်

နောက်ဆုံးရသတင်း (မြန်မာ စံတော်ချိန် အောက်တိုဘာ ၂၂ ရက် နံနက် ၅ နာရီ) ယမန် နေ့ က မုန်တိုင်း ငယ်သည်
ဘင်္ဂလား ပင်လယ်အော် အတွင်းမှာ ပင် ပိုမို အားကောင်း သော မုန်တိုင်းအဖြစ်သို့ ယနေ့ ည မြန်မာ စံတော်ချိန် ည
၁၂ နာရီ တွင် ရောက်ရှိ ခဲ့ပြီး နောက် ရခိုင်း ပြည်နယ် ကျောက်ဖြူမြို့ ၏မြောက် ဘက် စစ်တွေ မြို့ ၏ တောင်ဘက် နေရာ ကို
ဗဟို ပြု ၍ ဖြတ်သန်း မည်ဟု Freedom ရာသီဥတု လေ့လာရေးဌာန မှ တွက်ချက်သိရှိရသည်။

မုန်တိုင်းသည် ဘင်္ဂလား ပင်လယ်အော်မှ ကမ်းရိုး တန်း သို့ ဝင်စဉ် ရံဖန် ရံခါဉ် လေတိုက်နှုန်း တစ်နာရီ  ၅၉ မိုင်မှ ၇၂ မိုင်ထိရှိ
မည် ဖြစ်သည်။

ရခိုင်ပြည်နယ် သို့ နောက် ၂၄ နာရီမှ ၃၄ နာရီ အတွင်း အင်အား အသင့် အတင့်ရှိသော မုန်းတိုင်းငယ်
ဖြတ်ကျော် ၀င်ရောက်မည် ဖြစ်သည်။ ထိုမုန်တိုင်း သည် ကုန်တွင်းပိုင်းသို့ ဝင်ရောက်  စဉ် အားပျော့ပျက်
ပြယ်သွား မည် ဖြစ်သော် လည်း မြန်မာ့ ကမ်းရိုး တန်းသို့ ဝင်ရောက်သည့် အခါ တစ်နာရီလျှင် လေတိုက်
နှုန်း ၅၂ မိုင်ရှိမည် ဖြစ်သည်။

One thought on “အင်အားကောင်းသော မုန်တိုင်း ရခိုင်ပြည်နယ် သို့  ၀င်မည် ကျန်ပြည်နယ်နှင့် တိုင်းများ မိုးသည်းထန်မည်(နောက်ဆုံးရ သတင်း)

  1. မဖြစ်နိုင်……
    ဗမာမိုးလေ၀သကကြော်ငြာတာဆိုယင် သတင်းမှားတော့မယ်….
    ယခုလောလောဆယ်တော့ တိမ်တိုက်ကြီးတွေ ဧရာဝတီတိုင်းဘက်ကို ရွှေ့လာတယ်ဗျ..
    နောက်တစ်ခုကလဲ ၈၃ ကီလိုမီတာ နာရီ ဖြစ်လာဘီ…..
    နာဂစ်လိုလဲဖြစ်နေအုံးမယ်….
    အင်အားအသင့်အတင့်ရှိတဲ့မုန်တိုင်းဟာ ရခိုင်ဘက်က တောင်တွေ နဲ့တိုက်ပီး…
    အောက်ဘက်ဆင်းလာယင် ပိုအားကောင်းလိမ့်မယ်….

Comments are closed.