Burma New Flag Pull Up

၁၉၇၄ ခုနှစ် ဇန်န၀ါရီလ ၃ ရက်နေ့  မြန်မာ့ ဆိုရှယ်လစ် လမ်းစဉ် ပါတီ အစိုးရ လက်ထက်မှ စတင်အသုံးပြု
လာသည့် နိုင်ငံတော် အလံ ကို ၂၀၀၈ ခုနှစ် ဖွဲ့ စည်းပုံ အရ ပြင်ဆင်ပြောင်း လဲသည် ဆိုသည့် နေ့ တွင် ရန်ကုန်
မန္တလေး နှင့် နေပြည်တော် အပါအ၀င် နိုင်ငံတ၀ှမ်း လုံခြုံရေး ထူထပ် စွာချထားသည် ဟု သတင်းရရှိသည်။

နေပြည်တော်တွင် အစိုးရ ရုံးဌာန တိုင်းဉ် နိုင်ငံတော် အလံသစ် လွှင့်တင်ခြင်း ပြုလုပ်မည် ဟု သတင်းရရှိသည်။
အလံ သစ် အတွက် အထည်ချုပ် စက်ရုံများ က အချိန် မှီပြီးစီး အောင်ချုပ်ပေးရပြီး အခမဲ့ချုပ်ပေးရသည် ။
မြန်မာ နိုင်ငံတွင် အသုံးပြုခဲ့သော နိုင်ငံ ကိုယ်စားပြုအလံ များ ကြည့်ရန် ဤနေရာတွင် နှိပ်ပါ

ဓာတ်ပုံကိုကြည့်လိုက်တာရုတ်တရတ်မြန်မာလို့မထင်မိဘူးဗျ၊အာဖရိကတစ်နိုင်ငံကစစ်သား
ဗူဗူဇီလာမှုတ်နေတာလားလို့ ဟီးးးးးး
ဒီအလံဟောင်းတွေက ပြည်ထောင်စုဆိုတဲ့ အဓိပ္ပါယ်ကို လုံးဝဖယ်ရှားပစ်ပြီး စစ်အာဏာရှင်နိုင်ငံ ဆိုတဲ့အဓိပ္ပါယ်တစ်ခုတည်းကို အလံသစ်နဲ့ တရားဝင် ပြောင်ပြောင်တင်းတင်း ဖေါ်ပြဖို့ ကြိုးစားလိုက်တာပါပဲ။
လက်နက်အားကိုးပြီး အာဏာသိမ်း တက်လာတဲ့ မဆလ နဲ့ နဝတ ဓါးပြတပ်ဗိုလ်တွေဟာ ပြည်သူလူထုက “လွတ်လပ်မျှတတဲ့ ရွေးကောက်ပွဲနဲ့” တရားဝင် ရွေးကောက်ထားတာ မဟုတ်လို့ နိုင်ငံတော်အလံကို ပြောင်းလဲပိုင်ခွင့် မရှိပါ။ ဒါကြောင့် ဒီ နဝတရဲ့ အလံသစ်ဆိုတာလဲ မဆလခေတ်အလံလိုပါပဲ တရားဝင်အလံတစ်ခု လုံးဝမဟုတ်ပါ။
ဟိုသီချင်းတစ်ပုဒ်လိုပေါ့
ပြောင်းလဲနေတဲ့ အမူအရာများ မပြောပဲလဲသိတယ် ဆိုတာလိုမျိုး
ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်ဆန်းနှင့် တကွ ကျဆုံးလေပြီးသော အာဇာနည်ရဲဘောအပေါင်းနှင့် အလံတော် အမြစ်ပြတ်ချေမှုန်းရေးပေါ့။
နောက်ဆို အာဇာနည်နေ့တောင်တွေ့ရမှာမဟုတ်တော့ဘူးလေ။
အခုတော့ ကြယ်ကတစ်လုံးပဲကျန်တော့ပါလား။ (၁၃)လုံးနဲ့ စပါးနှံတွေ ခွေးသွားစိပ်တွေ ဘယ်သူခိုးလို့ ၀ါးသွားမှန်းမသိ။