အီရတ်စစ်ပွဲ အတွင်း အပြစ်မဲ့ အရပ်သားများ ရက်စက် စွာ အသတ် ခံရ ကြောင်း wikileaks ဖော်ထုတ်
ကို ဖော်ထုတ် ခဲ့မှု ကြောင့် နာမည် ကျော်ကြား
ခဲ့တဲ့ Wikileaks ၀ဘ်ဆိုတ် က အောက်တို ဘာလ
၂၂ ရက်နေ့ မှာ အီရတ် စစ်ပွဲ အတွင်း က အရပ်
သား တစ်သိန်း ကိုး ထောင် ကျော် သေဆုံး ခဲ့ရ
တယ် ဆိုတာ ကို စစ်တပ် တွင်း က လျှို့ ဝှက် ပေါက်
ကြား လာတဲ့ အချက် အလက် လေးသိန်း ကျော်
ကို တင်ထား ပါတယ်။
အီရတ် စစ်ပွဲ အတွင်း က အမေရိကန် ဦးဆောင် ပြီး တိုက်ခိုက် တဲ့ မဟာမိတ် အဖွဲ့ တွေ ရဲ့ ထိုးစစ်
အတွင်း အီရတ် အာဏာ ရှင် ဆက်ဒမ် ဟူ စိန် ပြုတ်ကျ ခဲ့ပေမယ့် အခု လို အရပ် သား တွေ သေ
ကျေ ပျက်စီး ခဲ့တာ ဟာ အမေရိကန် နိုင်ငံ နဲ့  မိတ်ဆွေ နိုင်ငံ တွေ ကို အရုပ် ဆိုး အကျဉ်းတန် စေ
ခဲ့ပါတယ်။
ဝီကီလိခ် အင်တာနက် စာ မျက်နှာ ကို သြစတေးလျှ နိုင်ငံသား အသက် ၃၉ နှစ် အရွယ် ဂျူလီယန်
အဆန် ငယ် က တည်ထောင် ခဲ့တာ ဖြစ်ပြီး ရူပဗေဒ ၊ကွန်ပြုတာ လုပ်ဆောင်မှု အစီအစဉ် ဆိုင်ရာ
ကျွမ်းကျင် သူ ၊ သတင်းစာ သမား ၊အင်တာ နက်မွှေ နှောက်မှု ဆိုင်ရာ ကျွမ်း ကျင်သူ ဖြစ်သည်။
အခုလို အသတ် ခံရတဲ့ အီရတ် နဲ့ အခြား လူမျိုး စု တွေ ဟာ အီရတ် နိုင် ငံ ရဲ့ လုံခြုံရေး ကို အမေရိကန်
နဲ့ နိုင်ငံစုံ တပ်ဖွဲ့ ဝင်တွေ တာဝန် ယူထားစဉ် အသတ်ခံရတာ ဖြစ်ပါတယ်။
ဝီကီလိခ် အင်တာနက် စာမျက် နှာကို ဤနေရာ တွင် ကလစ် နှိပ် ၍ ကြည့်ရှု နိုင်သည်။