Cyclone Giri Leaves 20 dead, 7000 Homeless
ဘင်္ဂလား ပင်လယ်အော်တွင်း လေဖိအားနည်း ရပ်ဝန်း မှ မုန်တိုင်း အဖြစ် သို့  အသွင် ကူးပြောင်းခဲ့သည့်
ဂီရိ မုန်တိုင်း မြန်မာ နိုင်ငံ စစ်တွေ နှင့် ကျောက် ဖြူမြို့ သို့ တိုက်ခတ် ခြင်း မပြုမှီ မြန်မာ စစ်အစိုးရ မှ
မုန်တိုင်း နှင့် ပတ် သက်သည့် သတင်းမှန် မထုတ် ပြန်မှု ကြောင့် အိုးအိမ် အဆောက်အဦ များ ပျက်စီး
ဆုံး ရှုံးပြီး လူ နှစ်ဆယ် ခန့် သေဆုံးက ၆၀ ကျော်ပျောက် ဆုံးနေသည် ဟု သိရသည်။
မြန်မာ စစ်အစိုးရ က ထုန်ပြန်သည့် မုန်တိုင်း သတိပေးချက် ဖြစ်သည့် တစ်နာရီ လျှင် မိုင် ၅၀ ခန့် ရှိမည်
ဆိုသည် မှာ ရခိုင် ကမ်းရိုးတန်းများ တွင် သာမန်လေ တိုက်ခတ် လျှင် ပင် ထို မိုင်နှုန်း ခန့် ရှိသည် ဟု သံတွဲ
မြို့ တွင် ဖွားမြင် တော် မူခဲ့သည့် ဆရာတော် ဦးခေမာစာရ က Freedom News Group သို့ မိန့် တော်မူသည်။
၂၀၀၈ ခုနှစ် နာဂစ် မုန်တိုင်း ဖြစ်ပွားစဉ် က လည်း ထိုကဲ့သို့ သတင်း မှန် မထုတ်ပြန် မှုကြောင့် ဧရာဝတီ
တိုင်းနှင့် ရန် ကုန် တိုင်း တွင် လူ တစ်သိန်းခွဲ ကျော် သေကြေပျက် စီးခဲ့သည်။
တစ်နာရီ လျှင် မိုင် ၁၂၀ နှုန်း အထိ ရှိသည့် ဂီရိ မုန်တိုင်း တိုက်ခတ် မှု ကြောင့် ကျောက်ဖြူ တစ်မြို့ လုံး နီးပါး
ပျက်စီးဆုံးရှုံး ခဲ့ပြီး စာသင် ကျောင်း ၊ဆေးပေး ခန်း နှင့် ဆေးရုံများ ပါ ပျက်စီးခဲ့သည်။ မုန်တိုင်း ဒဏ်ခံရသည့်
ပြည်သူများ အတွက် စစ်အစိုးရ က ယခုအချိန် ထိ ထိရောက်စွာ ကူညီမှု မရှိ သေး ဟု ရန်ကုန်မြို့ ရှိ စစ်တွေ
အသင်း မှ အမှု ဆောင် တစ်ဦး က ပြောသည်။
မုန်တိုင်း ဒဏ်ခံရသည့် ကျောက်ဖြူ မြို့ တွင် ပြည်သူများ မှာ သောက်သုံး ရေပင် ပြတ်လတ် နေသည် ဟု သိရသည်။
မုန်တိုင်း ကြောင့် လူ အနည်း ဆုံး လူခုနှစ် ထောင်ခန့်  အိုးမဲ့ အိမ်မဲ့ ဖြစ်ပွား ခဲ့ရသည်။

ဟဟ ………အစိုးရ မကောင်းကြောင်းရေးချင်နေတဲ့ ဆိုဒ်ပဲ ဒီလိုပဲ ရေးမှာပေါ့….
မကောင်းတာတွေလဲ ရေးပါ။ ကောင်းတဲ့ လုပ်ဆောင်ချက်ကိုလဲ မျက်ကွယ် မပြုဖို.တော့ လိုတာပေါ့…ဒီလိုမှ မဟုတ်ရင်
ဘယ်လို ယုံကြည်မှု ရှိမှာလဲ…ရဲရွာ ဆည်ကျိုးတော့မယ်ဆို…..ဘယ်မှာလဲ….ဘာသတင်းမှလဲ…ထပ်မကြားရပါလား.
သူ.ဘာသူ ပြန်ကောင်းသွားပြီလား….. :P
အခု သတင်းကတော့ တစ်ခုခု လွဲနေတယ်လို့မြင်ပါတယ်။ ကျွန်တော်လည်း ရခိုင်ကို ဂီရိ မုန်တိုင်း မတိုက်ခင်ကတည်းက မုန်တိုင်းသတင်းကို စောင့်ကြည့်၊ နားထောင်နေသူ တစ်ယောက်ပါ။ ဟိုအရင် နာဂစ်မုန်တိုင်း ဝင်ရောက်တုန်းက ဘယ်လို သတင်းထုတ်ပြန်လဲတော့ ကျွန်တော်မသိပါဘူး။ ဒါပေမယ့် ဂီရိမုန်တိုင်း နဲ့ပက်သက်လို့ TV နဲ့ Radio ကနေပြီးတော့ သတင်းတွေ ထုတ်ပြန်တဲ့အခါမှာ ရခိုင်ဘက်ကို မုန်တိုင်း မဝင်ခင်၊ ဝင်နေတယ့်အချိန်၊ အားပျော့သွားတဲ့ အချိန်တွေမှာ ဖြစ်ပျက်နေသမျှကို ထုတ်ပြန်ကြေငြာတဲ့ သတင်းတွေဟာ မှန်ကန်မှုရှိတယ် ဆိုတာကို သိရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ http://www.tunlwin.com မှာပါ ဝင်ရောက်ကြည့်ရှုတဲ့အခါ လွဲချော်မှုသိပ်မရှိ ပါဘူး။ ကျောက်ဖြူနဲ့၊ စစ်တွေက ရဝတ နဲ့ မြို့နယ်မှုးတွေ လိုက်ကြေငြာတဲ့ သတင်းတွေကတော့ ဘယ်လိုလဲ ကျွန်တော် မသိပါဘူး………။
အခု သတင်းကတော့ တစ်ခုခု လွဲနေတယ်လို့မြင်ပါတယ်။ ကျွန်တော်လည်း ရခိုင်ကို ဂီရိ မုန်တိုင်း မတိုက်ခင်ကတည်းက မုန်တိုင်းသတင်းကို စောင့်ကြည့်၊ နားထောင်နေသူ တစ်ယောက်ပါ။ ဒါကြောင့် TV နဲ့ Radio ကနေပြီးတော့ သတင်းတွေ ထုတ်ပြန်တဲ့အခါမှာ ရခိုင်ဘက်ကို မုန်တိုင်း မဝင်ခင်၊ ဝင်နေတယ့်အချိန်၊ အားပျော့သွားတဲ့ အချိန်တွေမှာ ဖြစ်ပျက်နေသမျှကို ထုတ်ပြန်ကြေငြာတဲ့ သတင်းတွေဟာ မှန်ကန်မှုရှိတယ် ဆိုတာကို သိရပါတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ http://www.tunlwin.com မှာပါ ဝင်ရောက်ကြည့်ရှုတဲ့အခါ လွဲချော်မှုသိပ်မရှိ ပါဘူး။ ကျောက်ဖြူနဲ့၊ စစ်တွေက ရဝတ နဲ့ မြို့နယ်မှုးတွေ လိုက်ကြေငြာတဲ့ သတင်းတွေကတော့ ဘယ်လိုလဲ ကျွန်တော် မသိပါဘူး………။
ဒီသတင်းကတော့ တစ်ခုခုလွဲနေပြီ ထင်ပါတယ်။ ကျွန်တော်လည်း ရခိုင်ကို ဂီရိ မုန်တိုင်း ဝင်မလာခင်ကတည်းက မုန်တိုင်းသတင်းကို စောင့်ပြီး နားထောင်နေသူ တစ်ယောက်ပါ။ အရင် နာဂစ်တုန်းကတော့ မုန်တိုင်းသတင်းကို ဘယ်လို ထုတ်ပြန်လဲတော့မသိပေမယ့် အခု ဂီရိမုန်တိုင်းနဲ့ ပက်သက်လို့ သတင်းထုတ်ပြန်ရာမှာ တီဗွီ နဲ့ ရေဒီယို ကနေပြီး ပြည်သူတွေကို ပြန်ကြားတဲ့ သတင်းတွေဟာ မှန်ကန်မှုရှိတယ်လို့ တွေ့ရှိရပါတယ်။ ကျွန်တော်က http://www.tunlwin.com မှာပါ ဝင်ဖတ်တဲ့အခါ သတင်း လွဲချော်မှုသိပ်မရှိ ဘူးလို့မြင်ပါတယ်။ ဒါပေမယ့် ရခိုင်က ဒေသတွင်းက ရဝတ တို့၊ မြို့နယ် တို့ကပြောတဲ့ ၊ လိုက်ကြေငြာတဲ့ သတင်းတွေကိုတော့ မသိပါဘူး………။