
အီရတ် နိုင်ငံမှာ ဘာတ်ပါတီ ခေါင်းဆောင်
စစ်အာရှင် ဆက်ဒမ် ဟူစိန် အုပ်စိုးစဉ်
ကာလက ဒုတိယ ၀န်ကြီးချုပ် နဲ့  နိုင်ငံခြားရေး
ဝန်ကြီး တာဝန် ယူခဲ့သူ တာရဇ် အဇစ် ကို
အီရတ် တရားရုံးက သေဒဏ် ချမှတ် လိုက်ပြီ
ဖြစ်ပါတယ်။ ဆက်ဒမ် ဟူစိန် ရဲ့ အစိုးရ အဖွဲ့ ထဲ
မှာ တစ်ဦး တည်းသော ခရစ်ယာန် ဘာသာ ၀င်
ဖြစ်တဲ့ တာရဇ် အဇစ် ဟာ အသက် ၇၆ နှစ်
အရွယ် ရှိနေပြီ ဖြစ်ပြီး သူ့ ကို ဗာတီ
ကန် သာသနာ ပိုင် တွေ က သေဒဏ် ပေး
မခံရ အောင် ကယ်တင် မယ်လို့ ဆိုပါတယ်။
အဇစ် ရဲ့ သားကတော့သူ့ ဖခင် ဖြစ်သူ ဟာ
ခေတ်ရဲ့ သားကောင် ဖြစ်ရတာ လို့ ဆိုပါတယ်။တာရစ် အဇစ် ဟာ ၂၀၀၃ ခုနှစ် အီရတ် နိုင်ငံ ကို
အမေရိ ကန် ၀င်ရောက် သိမ်းပိုက်တော့ ကိုယ်တိုင် မဟာမိတ် တွေ ထံ သွား ရောက် အဖမ်းခံ ခဲ့သူဖြစ်ပြီး
အဲဒီအချိန်က သူဟာ အမေရိကန် စစ်တပ် အီရတ် နိုင်ငံထဲ အလွယ်တကူ ၀င်ရောက် နိုင်ခဲ့အောင် စွမ်းဆောင်
ပေးခဲ့သူ အဖြစ် နာမည် ကြီး ခဲ့ပါတယ်။
