နာမကျန်း ၍ အသက်အရွယ် အိုမင်း ရင့်ရော် နေပြီ ဖြစ်သော မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး
သန်းရွှေသည် သီတင်း နှစ်ပတ် ခန့် ပင် မလိုတော့ သည့် မြန်မာ ရွေးကောက် ပွဲဉ် ပါဝင်ယှဉ်ပြိုင်မည် မဟုတ်
ဟု ဟနွိုင်း တွင်ရောက် ရှိ နေ သည့် နိုင်ငံခြားရေး ၀န်ကြီး ဦးဥာဏ်ဝင်းက အေပီ သတင်းဌာန သို့ ပြောကြား
သည်။
ဧရာဝတီ တိုင်း ခရီးစဉ် လှည့်လည် ပြီး နောက် နေပြည်တော် သို့  ပြန်လည် ရောက်ရှိနေသည့် ဗိုလ်ချုပ်မှုး
ကြီး သန်းရွှေသည် ကျန်းမာရေး လည်း ဆိုးရွားနေပြီး ၎င်း၏ အရိုက်အရာ ကို မည်သူ ဆက်ခံ မည် ဆိုသည်
နှင့် ပတ်သက်ပြီး စိုးရိမ် စိတ်များ လည်း ဖြစ်ပေါ်လျှက် ရှိသည် ဟု သိရသည်။
ကောက်ကျစ် စဉ်းလဲလှသည့် စစ်ခေါင်းဆောင် သည် တိုင်းပြည်တွင် အာဏာရှိလှသည့် ကာကွယ်ရေးဦး
စီးချုပ် ရာထူး ဖြင့် ပင် အရိုးထုတ် မည့် ပုံရှိသည် ဟု ရခိုင်ပြည်နယ်မှ အမတ်လောင်း တစ်ဦးက Freedom
News Group သို့ ပြောသည်။
ဗိုလ်ချုပ် မှုးကြီး သန်းရွှေ သည် ရွေးကောက်ပွဲ တွင် အရပ်သား အဖြင့် ပါဝင်ရမည် ကို လည်းကြောက်ရွံ့ နေပုံရှိ
ပြီး ၎င်းအရှေ့ က အာဏာရှင် ဦးနေ၀င်း အရပ်သား ဘ၀ ဉ် ကျဆုံးခဲ့ပုံများ ကို လည်း တွေးကာတုန်လှုပ်နေပုံရှိ
သည်။
၎င်းအား သစ္စာ ခံသူများ ကို လက်သပ်မွေး ထားလေ့ရှိသည့် ဗိုလ်ချုပ်မှုးကြီး သန်းရွှေသည် နေပြည်တော်
အပါဝင် နိုင်ငံ တ၀ှမ်း မှ စစ်ဗိုလ်ချုပ် များ ကို အရပ် သား အဖြစ် သို့  အသွင် ပြောင်း စေပြီး ရွေးကောက်
ပွဲ တွင် ပါဝင် စေရန် ညွှန်ကြား ခဲ့သည်။
မြန်မာ နိုင်ငံ၏ ရွေးကောက်ပွဲ အား ဒေသတွင်း နှင့် အနောက် နိုင်ငံများ မှ ယုံကြည်မှု မရှိ ဟု သိရသည်။
