အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်များမှ မြန်မာစစ်အစိုးရအား ဖိအားပေး

အောင်မြင်၊      ၊အရှေ့တောင်အာရှရဲ့ ထိပ်တန်းသံတမန်တွေဟာ မြန်မာအစိုးရကို ရှေ့လရွေးကောက်
ပွဲမတိုင်ခင် ဒီမိုကရေစီမိခင်ဒေါ်အောင်ဆန်းစုကြည်ကိုပြန်လွတ်ပေးရန် ဖိအားပေးတောင်းဆိုခဲ့ကြသည်။
ကုလသမဂ္ဂအတွင်းရေးမှုးချုပ်ကလည်း ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားများကို
ပြန်လွတ်ပေးခြင်းဖြင့် အများယုံကြည်လက္ခံနိုင်သောရွေးကောက်ပွဲဖြစ်လာရန် မနေ့ကပြောဆို
သတိပေးခဲ့သည်။

ထိုသို့နိုင်ငံတကာ၏ထပ်တလဲလဲဖိအားပေးမှုများရှိလာသော်လည်း ၂၁နှစ်အတွင်း ၁၅နှစ်ကြာ
နေအိမ်အကျယ်ချုပ်ဖြင့်ဖမ်းဆီးခံထားရသော ဒေါ်အောင်ဆန်းကြည်ကိုလွတ်ပေးမည်ဟု မြန်မာ
စစ်အာဏာရှင်တို့က ရှင်းလင်းစွာပြောကြားခြင်းမရှိသေးပေ။

မနေ့က ဟနွိုင်းမြို့တွင်ကျင်းကနေသော အာရှဒေသတွင်းဆိုင်ရာတွေ့ဆုံမှုအစည်းအဝေးတွင် မကြာခင်ကျင်းပတော့မယ့်ရွေးကောက်ပွဲမှာဗိုလ်ချုပ်မှုးကြီးသန်းရွှေဝင်ရောက်ယှဉ်ပြိုင်မှာမဟုတ်

ကြောင်းကိုသာ သတင်းတခုအဖြစ်တိကျစွာသိရသေးသည်။ဗိုလ်ချုပ်မှုးကြီးမှာ ရွေးကောက်ပွဲတွင်
ဝင်ရောက်အရွေးမခံသော်လည်း နောက်တက်လာမယ့်အစိုးရသစ်၏နောက်ကွယ်မှာ ပါဝင်ပါတ်သက်နေမည်ကိုယုံကြည်ကြောင်း၊နိုဝင်ဘာ၇ရက်နေ့တွင်ကျင်းပမည့်ရွေးကောက်ပွဲ
စစ်တပ်ကျောထောက်နောက်ခံပြု ပါတီသာအနိုင်ရဖို့ပြင်ဆင်ထားပြီးနိုင်ငံရေးအတိုက်အခံအများ
စုအား ၀င်ရောက်ယှဉ်ပြိုင်ခြင်းမပြုနိုင်ရန် ဥပဒေဖြင့်တားမြစ်ထားခြင်း၊ထောင်တွင်းအကျဉ်းကျ
ထားခြင်းတို့ကြောင့်ဟု သံတမန်တို့က သုံးသပ်ပြောဆိုခဲ့သည်။

ကုလသမဂ္ဂအတွင်းရေးမှုးချုပ်က ဒေါ်အောင်ဆန်းစုကြည်နှင့် နိုင်ငံရေးအကျဉ်းသားများ ရွေးကောက်ပွဲ
တွင် ပါဝင်နိုင်ရန် လွတ်ပေးဖို့တောင်းဆိုခဲ့သည်။ရွေးကောက်ပွဲတွင်ဝင်ယှဉ်ပြိုင်ခြင်းမပြုနိုင်အောင်တား
မြစ်ထားသောဥပဒေများကိုဖယ်ရှားပြီး ၀င်ရောက်အရွေးချယ်ခံရန်နှင့် မဲပေးခြင်းတို့ပြုလုပ်ရန်အချိန်
အတော်နောက်ကြနေပြီဟု ပြောဆိုခဲ့သည်။

အရှေ့တောင်အရှ နိုင်ငံခြားရေးဝန်ကြီးများ၏ အာရှဒေသအတွင်း အစည်းအဝေးတွင် မြန်မာစစ်အာဏာ
ရှင်ကျင်းပမည့် ရွေးကောက်ပွဲကိုလေ့လာစောင့်ကြည့်ဖို့အဖွဲစေလွှတ်ရန် တောင်းဆိုချက်ကိုလည်းငြင်းပယ်ခဲ့သည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဥဏ်ဝင်းက ကုလသမဂ္ဂဌာနေကိုယ်စားလှယ်များနှင့် သံတမန်အသိုင်းအ၀န်းကို
ရွေးကောက်ပွဲမဲပေးမှုလေ့လာရန် နေပြည်တော်မဲဆန္ဒနယ်မြေမှာ စီစဉ်ထားပြီး ကျန်မည်သည့် နိုင်ငံခြားအဖွဲ့အစည်း၊လေ့လာစောင့်ကြည့်ရေးအဖွဲ့အစည်းများနှင့်သတင်း

ထောက်များကိုဝင်ရောက်လေ့လာသတင်းယူခွင့် မပြုကြောင်းကိုတရားဝင်ပြောဆိုခဲ့သည်။
ဗုဒ္ဓဟူးနေ့ညစာစားပွဲတွင် မြန်မာအရေးကိုပြောဆိုဆွေးနွေးကြပြီးကြသပတေးနေ့တွင် ပြောဆိုဆွေးနွေး
မှုမရှိကြောင်းသတင်းများကဖေါ်ပြခဲ့သည်။အရှေ့တောင်အာရှနိုင်ငံများသည်မြန်မာ့အရေးဆောင်ရွက်ရာ
တွင်အတော်ကိုသဘောထားပျော့ပြောင်းကြောင်းဝေဖန်မှုများလည်းထွက်ပေါ်လာသည်။

2 thoughts on “အရှေ့တောင်အာရှနိုင်ငံ ခေါင်းဆောင်များမှ မြန်မာစစ်အစိုးရအား ဖိအားပေး

  1. Udp Myanmar

    ကိုယ့်လူ လာပြီး ဆရာကြီးမလုပ်နဲ. အမေရိကန်နှင့် အနောက်အုပ်စုကြိုက်အောင် ASEAN မှာ သူရဲ
    ကောင်း လုပ်ပြခြင်းဖြစ်သည်။ ဖိလစ်ပိုင်သမ္မတ ပြောတဲ့အတိုင်း စစ်အစိုးရက နားထောင်သလား လက်ခံသလား မကြာခင် သဘောပေါက်သွားမည်။ ထိုင်းနှင့် ဖိလစ်ပိုင်းခေါင်းဆောင်တွေက စစ်ဗိုလ်ချုပ်တွေက စာရင်းတောင် မသွင်းဘူးဆိုတာ သိလာပါလိမ့်မည်။

    http://www.facebook.com/home.php?#!/profile.php?id=1277373258&v=wall တွင် နအဖရွေးကောက်ပွဲအားဝင်ရောက်ယှဉ်ပြိုင်မည့် ဝကျော်မြင့်နဲ့ ကနေဒါ ဗန်ကူးဗား ကျော်မိုး တို့ကြိုးကိုင်ထားသော နှင်းဆီနီ အဖွဲ့ရဲ့အာဘော်များတွင် ယခုလို ရေးသားထားတာတွေ့ရပါတယ်။အပေါ်က ဖေ့စ်ဘွတ်လင့်အတိုင်း ဝင်ရောက်ကြည့်ရှုနိုင်ပါတယ်။
    နအဖ ရွေးကောက်ပွဲမှာ အခုလို နှင်းဆီနီပါတီက တရုတ်အားကိုးနဲ့ နအဖကို ပူးပေါင်းကို စီစဉ်နေတာပါ။

Comments are closed.