တောင်ဒဂုံ မြို့ နယ်မှာ မဲမပေးရေး ရွေးကောက်ပွဲလှုံဆော်မှု လုပ်တဲ့ ကျောင်းသား၊လူငယ်တွေ
ကို ရဲက စစ်ဆေးမေးမြန်းတယ် လို့ သတင်းရရှိပါတယ်။မဲမပေးရေး လှုပ်ရှားမှု မှာ အမျိုးသား
ဒီမိုကရေစီ အဖွဲ့ ချုပ် လူငယ်တွေ က ဦးဆောင် တာဖြစ်ပြီး ပြည်သူတွေ က လည်း ၀န်းရံပေး
တာကြောင့် အာဏာပိုင်တွေ ထိန့် လန့် စေတဲ့ ဆန္ဒပြမှု တစ်ခု ဖြစ်ခဲ့တယ် လို့ သိရှိရပါတယ်။
ဒီလှုပ်ရှားမှု ပြီးနောက် မှာ အာဏာပိုင် တွေ က ဓဂုံ မြို့ သစ် မြောက် နဲ့  တောင် ပိုင်း မြို့ နယ်
တွေ မှာ လုံခြုံရေး တင်းကျပ်ခဲ့ပြီး ရန်ကုန် မြို့ အ၀င် လမ်း တွေ နဲ့ မော်တော် ကား ဂိတ်တွေ
မှာ လည်း လုံခြုံရေး တင်းကျပ် ခဲ့တယ် လို့ သိရပါတယ်။
အတည်မပြု နိုင်တဲ့ သတင်းတွေ အရ တနင်္ဂနွေ နေ့ က ရန်ကုန် နဲ့ ပဲခူးမြို့ တွေ မှာ ဆန္ဒပြမှု
ငယ်လေး တွေ ပေါ်ပေါက် ခဲ့တယ် လို့ သိရပေမယ့် တောင်ဒဂုံ နဲ့  မြောက်ဥက္ကလာ လူငယ်
လှုပ်ရှားမှု တွေက အထင်ရှား ဆုံး ဖြစ်ခဲ့တယ် လို့ သိရပါတယ်။
