ပြည်တွင်း လှုပ်ရှားမှု များ အတွက် ပြည်ပ ၈၈မျိုးဆက် ကူညီထောက်ပံ့မည်

၂၀၁၀ နအဖ ၏ အတုအယောင်ရွေးကောက်ပွဲ အား ဆန်ဖရန် စစ္စကို ရောက် မြန်မာ များ က ကန့် ကွက်ကြစဉ်

စစ်အာဏာရှင် စနစ် ဆန့် ကျင်ရေး ပြည်တွင်း လှုပ်ရှားမှု များ အတွက် နိုင်ငံတကာရောက် ပြည်
ပ ၈၈ မျိုးဆက် ကျောင်း သားများ က ကူညီထောက်ပံ့မှု များ တိုးမြင့်လုပ်ဆောင် သွား ရန်ဆုံးဖြတ်ထား
သည် ဟု ဆော့လိပ် မြို့ တွင် ကျင်းပသည့် ၈၈ မျိုးဆက် ကျောင်းသား များ တွေ့ ဆုံ ပွဲ တွင် ထိုအခမ်း
အနား သို့ တက်ရောက် လာသည့် အော်ရီဂွန် ပြည်နယ် မှ ကို ထွန်းထွန်း က Freedom News Group
သို့ ပြောသည်။

၈၈ မျိုးဆက် များ အနေဖြင့် ပြည်တွင်း နှင့် နိုင်ငံတကာ လူငယ်များ နှင့် ပိုမိုချိတ် ဆက် လုပ်ဆောင်
နိုင်ရန် လည်း စီစဉ် ထားပြီး မျိုးဆက် ကွာဟ မှု များ အခက်အခဲ များ ကို ပိုမိုနား လည်ရန် ကြိုးပမ်းပြီး
မျိုးဆက်သစ် များ နှင့် ပိုမို ထိကပ် စွာ လုပ်ဆောင် နိုင်ရန် စီစဉ် ထား သည် ဟု တွေ့ ဆုံမှုမှ ဆုံးဖြတ်
သည်။

စစ်အစိုးရ၏ မတရား သည့် ၂၀၁၀ ရွေးကောက်ပွဲ အား ဆန့် ကျင်ရန် အတွက် တွေ့ ဆုံခဲ့သည့်
ပြည်ပရောက် ၈၈ မျိုးဆက် ကျောင်းသား များ တွေ့ ဆုံမှု တွင် နိုင်ငံတကာမှ တက်ကြွှသူ ၈၀ ခန့် 
ပါဝင်ဆွေးနွေး ခဲ့သည် ဟု သတင်းရရှိသည်။

ထိုအခမ်းအနား သို့ ရဟန်းပျို သမဂ္ဂ ဆရာတော် ဦးခေမာစာရ အပါအ၀င် ၈၈ မျိုးဆက် ကျောင်းသား
များ ဖြစ်သည့် ကိုထွန်းအောင်ကျော်၊ကိုဇာနည်၊ကိုသက်ထွန်း၊ကိုကျော်သန်း၊ကို ကျော်ကျော်ထွတ်၊
နှင့် ကိုဘိုစော အပါအ၀င် နိုင်ငံတကာမှ ၈၈ မျိုး ဆက် ကျောင်းသား များ တက်ရောက် ခဲ့ကြသည်။