Special Report :ဒု ဗိုလ်ချုပ်မှုးကြီး မောင်အေး ၏ အိမ်အနီးတွင် တနင်္လာနေ့ ညက ပေါက်ကွဲမှု တစ်ခု
ဖြစ်ပွားခဲ့သည် ဟု သတင်းရရှိသည်၊
FNG မှ နောက်ဆုံးကြား သိရသည့်သတင်းအရ နေပြည်တော် ရှိ စစ်ခေါင်းဆောင်ပိုင်း တွင်
အခြေအနေ တင်းမာ မှုများ ဖြစ်ပေါ် နေ ပြီး နေပြည်တော်ရှိ အင်တာနက် ဆက်သွယ်ရေး စနစ်
မှာ လည်း နေရာ အချို့ တွင် ပြတ်တောက် လျှက်ရှိကာ ပြည်ပ ဖုန်းခေါ်ဆိုမှုများ ကို လည်း နေရာ
အချို့ တွင် ဖြတ်တောက် ထားသည် ဟု သတင်းးရရှိသည်။
နိုင်ငံတ၀ှမ်း တွင် ၂၀၁၀ ရွေးကောက် ပွဲ အတွက် မဲဆွယ်မှု များ ရှိသော် လည်း နေပြည်တော်
တွင် မူ ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင် မည် ဟု ကြေငြာထား သည့် စစ်ဗိုလ်ချုပ်များ မှာ
ငြိမ်ချက် သား ကောင်းနေသည် ဟု သတင်းရရှိသည်။
စစ်အစိုးရ ရုံး စိုက်ရာ နေပြည်တော်တွင် စနေနေ့ ညကတည်းက လုံခြုံရေး အင်အား များ ပိုမို
ချထားပြီး ကာကွယ်ရေး ၀န်ကြီး ဌာန နှင့် ပြန်ကြားရေး ၀န်ကြီး ဌာန ရုံးများ သို့ ဝင်ထွက်သွား
လာမှု များ အား တင်းကျပ် စွာ စစ်ဆေးမေး မြန်းလျှက် ရှိသည်။
အတည် မပြု နိုင်သည့် သတင်းများ အရ နေပြည်တော် ရှိ နေရာ အချို့ တွင်ည မထွက်ရ အမိန့် 
ထုတ်ထား သည် ဟု သတင်းရရှိသည်။
နောက်ဆုံးရ သတင်းများ အရ နေပြည်တော်တွင် ဗိုလ်ချုပ် ဆယ်ဦးထက် မနည်းဖမ်းဆီးထိန်းသိမ်း
ခံထားရပြီး မည် သူက မည် သူ ကို ဖမ်းဆီး ထားသည် ကို မူ FNG မှ ဆက်လက်စုံစမ်း လျှက်ရှိပါ
သည်။

ဘယ်ကလာ လက်ခုပ်တီးရ မှာလဲ ရှုးတိုက်ပေးရမှာလေ ဟဲဟဲ…ချကွ..ချကွ
ကိုယ်ကတဲ့ ဇာတ်ကိုယ်မနိုင်ဖြစ်နေတာ ဘာပြောစရာရှိမှာလဲ ငါတို့ ကလက်ခုပ်တီးပေးရုံပေါ့ ..
We like to hearing , like that news, come on some more …….