လေဘေးသင့် ပြည်သူ များ ကိုယ့်ကြမ္မာ ကိုယ်ဖန်တီးနေရ

ပြင်ဝမ်း ကျေးရွာ တွင် လေဘေးသင့် ပြည်သူများ မှာယခုတိုင် မည် သည့် အကူအညီ မှ မရရှိ သေးသည် ကို မုန်တိုင်း ဖြစ်ပြီး ဆယ်ရက် ခန့် ကြာသည် အထိ ဤ သို့ တွေ့ ရသည်

ဟိန်းခိုင်ထွန်း ၊       ။အောက်တိုဘာလ ၂၂ ရက်နေ့ က ရခိုင်ပြည်နယ် ကျောက်ဖြူ ၊မြေပုံ နဲ့  စစ်တွေ မြို့ နယ်
အပါအ၀င်မြန်မာ နိုင်ငံကို ၀င်ရောက်တိုက်ခတ်ခဲ့တဲ့ ဂီရိ မုန်တိုင်းကြောင့် ဘေးးဒုက္ခ ကြုံတွေ့ နေရ တဲ့
ပြည်သူတွေ ဟာ အခုအချိန် ထိ ဘယ့်သူ့ အကူအညီ အထောက်အပံ မှ မရရှိ သေး ပါဘူး လို့ 
စစ်တွေ မြို့ နယ်က ဆရာဝန်တစ်ဦး က FNG ကို ပြောပါတယ်။

မုန်တိုင်း တိုက်ပြီး လို့ သီတင်း နှစ်ပတ် ကြာတဲ့ အထိ လေဘေးသင့် ပြည်သူ တွေဟာ ဖြစ်သလို နေကြရဆဲ
အခြေအနေရှိ နေတာကြောင့် သူတို ရဲ့ ကျန်းမာရေး နဲ့  လူမှု ရေး အခြေအနေတွေ ဟာ ဆက်လက်ဆိုးဝါးနေဆဲရှိပါတယ်။

မုန်တိုင်းကြောင့် လူရှစ်ဆယ် ကျော် သေဆုံးခဲ့ရတဲ့ ရခိုင်ပြည်နယ် မြေပုံ မြို့ နယ် မှာ တော့ ဒေသခံ တွေ ဟာ
ဗိုလ်ချုပ် လှမင်း လာတဲ့ ခဏ ပဲ ခေါက်ဆွဲ ခြောက်ထုပ် တွေ ၊ ဆီသွပ်ဗူး နဲ့  ဆန် အိတ်တွေ ကို တွေ့ ရတာ
ဖြစ်ပြီး ဒီနောက်တော့ မြေပုံ မြို့ နယ်က မယက ဥက္ကဌ နဲ့  ကြံ့ဖွတ် ဥက္ကဌ တွေ က ပြန်လည် သိမ်းဆည်းသွား
ပါတယ်။ မုန် တိုင်း ကြောင့် ဆယ့်ငါးဦး သေဆုံး ခဲ့တဲ့ မင်းပြား မြို့ နယ်မှာ တော့ အစိုးရ အပါအ၀င် ဘယ်အကူ
အညီ ပေးရေး အဖွဲ့ ဝင်တွေ မှ ရောက်မလာ တာကြောင့် ဒေသခံ ပြည်သူတွေ ဟာ  မုန် တိုင်း ကြောင့်
ပျိုပျက်ခဲ့တဲ့ နေရာတွေ မှာ ပဲ အုန်းလက် တွေ သက်ကယ် တွေ မိုးပြီး နေကြရပါတယ်။

ကျောက်ဖြူ မြို့ နဲ့  မြေပုံ မြို့ တွေ မှာ တော့ ကျောင်းတွေ ပြန်မဖွင့် နိုင်သေးသလို ၊ ကျောင်းသားကျောင်းသူ
တွေ ရဲ့  ပညာရေး နဲ့ ပတ်သက်ပြီး အာဏာပိုင် တွေ က ဘာမှထိရောက်စွာ လုပ်ပေးခြင်း မရှိသေးပါဘူး။
မုန်တိုင်းဒဏ် ခံရတဲ့ ကျောက်ဖြူ မြို့ ဆေးရုံ က ဆေးတွေ ကို ကြံ့ဖွတ် အဖွဲ့ ဝင်တွေ က လာရောက် သိမ်းဆည်း
သွားပြီး ကြံ့ဖွံ့ ပါတီ ကို မဲပေးရင် ဆေးကု ပေးမယ် လို့ ဆိုပါတယ်။

မုန်တိုင်း ကူညီကယ်ဆယ်ရေး တွေ ကို ကြံ့ဖွံ့ က ပဲ ချုပ် ကိုင် ထား တာကြောင့် အကူအညီ ပေးရေး လုပ်ငန်း
တွေ ဟာ အနှောင့် အယှက် ကြုံနေရတယ် လို့  ကျောက်ဖြူ မြို့ နယ် ကို ရောက် လာတဲ့ NGO အဖွဲ့ အစည်း
တစ်ခု က အရာ ရှိ တစ်ဦးက ဆိုပါတယ်။

မုန်တိုင်း ကြောင့် လူနှစ်သိန်း ကျော် ဒုက္ခရောက် ခဲ့ရသလို ၊တစ်ရာ့ လေးဆယ် ကျော် သေဆုံးပြီး ၊လူ သုံးသောင်း
ကျော်ခန့် အိုးမဲ့  အိမ်မဲ့  ဖြစ်နေရပေမယ့် မြန်မာ စစ်အစိုးရ က ထိရောက် စွာ အကူအညီပေးခြင်း မရှိသေးပါဘူး။

နောက်သီတင်းပတ် မှာ ကျင်းပမယ့် ရွေးကောက် ပွဲ ကြောင့် အစိုးရ မဟုတ် တဲ့ အဖွဲ့ အစည်း တွေ ဟာ
လုပ်ငန်း တွေ ရပ် နား ထားရ သလို  နှစ် ကုန် ခါနီး ၎င်း တို့ ရဲ့  ဘဏ္ဍာရေး အခြေအနေ များ ကြောင့် ဒီဒေ
သ တွေ မှာ ထိရောက် စွာ ကူညီ နိုင်ခြင်း မရှိ ဘူး လို့  ဆိုပါတယ်။