အောင်မြင် ၊ဟိန်းခိုင်ထွန်း၊ ၊ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုးချုပ် ဘန်ကီမွန်း
က တရားမျှတသောရွေးကောက်ပွဲအဖြစ်နိုင်ငံကာမှအသိအမှတ်ပြုနိုင်ရန်ဖမ်းဆီးခံနိုင်
ငံရေးအကျဉ်းသားများနှင့် နိုဘယ်ဆုရှင်ဒေါ်အောင်ဆန်းစုကြည်ကို ရွေးကောက်ပွဲမတိုင်
ခင်ပြန်လွှတ်ရန်ဖိအားပေးခဲ့သော်လည်း ပြန်လည် လွှတ်ပေး ခဲ့ခြင်း မပြုပါ။
၁၉၉၀ ရွေးကောက်ပွဲအပြီး နှစ် ( ၂၀ )အတွင်း စစ်အာဏာရှင်အုပ်ချုပ်ရေးမှ ဆက်လက်ပြီး
အရပ်ဝတ် စစ်ဗိုလ်လူထွက်များသာအုပ်ချုပ်ရမယ့် အစိုးရသစ်ဖြစ်ပေါ်လာရေးအတွက်
ရွေးကောက်ပွဲအသစ်ကို မကြာခင် ရက်ပိုင်းမှာကျင်းပတော့မှာဖြစ်ပါတယ်။ မြန်မာ့ နိုင်ငံရေး
သမိုင်းလမ်းကြောင်းပေါ်က ရွေးကောက်သမိုင်းတွေကို ပြန်ပြောင်းကြည့် လိုက်ရင်……
မတ်လ ( ၂ )ရက်၊ ၁၉၆၂

အရပ်သားအစိုးရလက်ကနေ စစ်အာဏာရှင် ဗိုလ်ချုပ်နေ၀င်းဟာ သွေးထွက်သံယိုမှုမရှိဘဲ
အာဏာသိမ်းလိုက်ခြင်းဖြင့် မြန်မာနိုင်ငံဟာ ဒီမိုကရေစီဆိတ်သုဉ်းပြီး စစ်အာရှင်အုပ်ချုပ်ရေး
အောက်ကိုရောက်ခဲ့ရပါတယ်။ ဂျုလိုင် ( ၇ ) ရက်နေ့မှာတော့ စစ်အာဏာရှင်ကိုဆန့်ကျင်ကြတဲ့
ကျောင်းသားတွေကို ရက်စက်စွာသတ်ဖြတ်မှုဟာ ရန်ကုန်တက္ကသိုလ်ရဲ့ ပုရ၀ဏ်မှာဖြစ်ပွားခဲ့ပါ
တယ်။ ဗိုလ်နေ၀င်းဟာ တော်လှန်ရေးကောင်စီအစိုးရဖွဲ့စည်း ပြီး သမ္မတအဖြစ် ၁၉၈၈ ထိ
အုပ်ချုပ်နိုင်ခဲ့တယ်။
သြဂုတ် ၈ ရက်၊ ၁၉၈၈ ( ၈၈၈၈ )

မတ်လကျောင်းသားအရေးခင်းမှစတင်ပြီး နိုင်ငံတ၀ှမ်း လူထုဆန္ဒပြုမှုတွေဖြစ်ပေါ်လာခဲ့တယ်။
အာဏာရှင် မဆလစစ်စိုးရကို လူထုလူတန်းစားအလွှာအသီးသီးကနေ ၈၈၈၈ အရေးတော်ပုံလို့ လူသိများလှတဲ့ဆန္ဒပြပွဲဖြစ်ပေါ်လာခဲ့ပြီးနိုင်ငံတ၀ှမ်းဆန္ဒပြသူ၁၀၀၀ကျော်ကိုစစ်တပ်မှပစ်သတ်
နှိမ်နှင်းခဲ့တယ်။
စက်တင်ဘာ ၁၈ရက်၊ ၁၉၈၈
ဗိုလ်ချုပ်စောမောင် ဟာ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့အမည်နဲ့ အာဏာသိမ်းယူခဲ့ပြီး
စစ်တပ်ရဲ့ သတ်ဖြတ်မှုကြောင့် ပြည်သူ ၃၀၀၀ကျော်သေဆုံးရတယ်။ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ကိုဖွဲ့စည်းတည်ထောင်နိုင်ခဲ့တယ်။
ဂျွန်၊ဂျွန်လိုင် ၁၉၈၉
Burma လို့ နိုင်ငံတကာ၊ကျောင်းသုံး၊ရုံးသုံး အသုံးပြုနေရာမှ Myanmar၊ Rangoon ကနေ Yangon
လို့ အမည်များကိုပြောင်းလည်း စတင်သုံးဆွဲခဲ့ပြီး ဂျူလိုင် ၂၀ရက်နေ့မှာတော့ ဒေါ်အောင်ဆန်းစုကြည်
နေအိမ်အကျယ်ချုပ်အဖြစ်ဖမ်းဆီးထိမ်းသိမ်းခံခဲ့ရတယ်။
မေလ ၂၇ရက်၊ ၁၉၉၀
ဒေါ်စုရဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ နှစ်ပေါင်း ၃၀နီးပါးကြာပြီး စစ်တပ်အောက်မှာကျင်းပခဲ့တဲ့
ရွေးကောက်ပွဲ ၈၀ရာခိုင်နှုန်းကျော်ဖြင့်အနိုင်ရခဲ့တယ်။ ရွေးကောက်ပွဲဟာ လွတ်လပ်မှုရှိပေမယ့်
ရွေးကောက်ပွဲရလဒ်ကို စစ်အစိုးရကအသိအမှတ်မပြုခဲ့ပါဘူး။ ဒေါ်စုကိုလည်း ၁၉၉၅ ခုနှစ်ထိ
နေအိမ်မှာ အကျယ်ချုပ်ချုပ်နှောင်ထားခဲ့ပါတယ်။
အောက်တိုဘာ ၁၄ရက်၊၁၉၉၁
ဒေါ်အောင်ဆန်းစုကြည်ဟာဒီိမိုကရေစီလှုပ်ရှားမှုအတွက် ငြိမ်းချမ်းရေးနိုဘယ်ဆုချီးမြင့်ခံခဲ့ရတယ်။ ဒီ
ဆုရပြီး ၃လအကြာ ဥရောပပါလီမန်က ပေးအပ်တဲ့ စက်ခရော့ လွတ်လပ်စွာတွေးခေါ်မှုဆုနဲ့ ရဖ်တို
လူအခွင့်ရေးဆုတွေ ဆက်တိုက်ရရှိခဲ့ပါတယ်။
အေပရယ် ၂၃ရက်၊ ၁၉၉၂
နအဖစစ်အစိုးရအဖွဲ့မှာ ဗိုလ်ချုပ်စောမောင်ကို နေရာဖယ်ရှားပြစ်ပြီး ဗိုလ်ချုပ်သန်းရွှေ
အာဏာရလာခဲ့ပါတော့တယ်။
ဂျူလိုင် ၂၃ရက်၊ ၁၉၉၇
မြန်နိုင်ငံဟာ အာစီယမ်နိုင်ငံများအဖွဲ့ရဲ့ အဖွဲ့ဝင်ဖြစ် ၀င်ခဲ့ရခဲ့ပြီး ဒီဇင်ဘာ၁၅ရက်နေ့မှာတော့
စစ်ထောက်လှမ်းရေးအကြီးအကဲ ဗိုလ်ချုပ်ခင်ညွှန့်နဲ့ နိုင်ငံခြားရေးဝန်ကြီး ဦးအုန်းဂျော်ဟာ
အာစီယမ်ဒေသတွင်းအစည်းအဝေးကိုစတင်တက်ရောက်ခွင့်ရခဲ့ပါတယ်။ စစ်အုပ်စုဟာ
နိုင်ငံတော်ဖွင့်ဖြိုးရေးနှင့်ငြိမ်းချမ်းရေးကောင်စီ ဟုအမည်ပြောင်းလဲသုံးစွဲခဲ့တယ်။
မတ်လ ၂၇ရက်၊၂၀၀၆
နိုင်ငံတကာအသိုင်းအ၀ိုင်းနဲ့ သီးသန့်နေလိုတဲ့ နအဖ စစ်အုပ်စုဟာ မြို့တော်ရန်ကုန်ကနေ
နေပြည်တော်မြို့သစ်တည်ပြီးပြောင်းရွှေ့ခဲ့ပါတယ်။နေပြည်တော်ဟာရန်ကုန်၊မန္တလေးကား
လမ်းမဘေးကပျဉ်းနားမြို့အနီးမှာရှိပြီး အုပ်ချုပ်မှုယန္တရားတခုလုံးပြောင်းရွှေ့ခဲ့ပါတယ်။
သြဂုတ်-စက်တင်ဘာ ၂၀၀၇
လောင်စာဆီဈေးနှုန်းရုတ်တရက်အဆမတန်ကြီးမြင့်လာမှု ကို စတင်ကန့်ကွက်ဆန္ဒပြခဲ့ပြီး
ရွှေဝါရောင်တော်လှန်ရေး ဖြစ်ပေါ် ခဲ့တယ်။ စက်တင်ဘာ၂၄ရက်နေ့ မှာ၁၉၈၈တုန်းကလို
ရဟန်းသံဃာတော်တွေနဲ့အတူ ပြည်သူတွေဟာ သိန်းနဲ့ချီပြီး လမ်းပေါ်တက်ဆန္ဒပြခဲ့ကြပါတယ်။
၂ရက်အကြာမှတာ့ နအဖဟာရက်စက်စွာချေမှုန်းခဲမှုကြောင့် သံဃာ ၁၃ပါးအသတ်ခံရပြီး၊
ရဟန်း-လူ ထောင်ကျော်ဖမ်းဆီးထောင်ချခံခဲ့ရပါတယ်။
အောက်တိုဘာ ၂၀ရက်၊ ၂၀၀၇
ကုလသမဂ္ဂညီလာခံမှာ စက်တင်ဘာ ၂၆ရက်နေ့က ဆန္ဒပြသူတွေကို စစ်အစိုးရဲ့ ရက်စွာနှိပ်ကွပ်
ချေမှုန်းမှုကို ပြင်းထန်စွာပြောဆိုခဲ့ပြီး အမေရိကန်နဲ့ ဥရောပနိုင်ငံများကနေ ပိုကျယ်ပြန့်တဲ့
စီးပွားရေးပိတ်ဆို့မှုကိုပြုလုပ်ခဲ့တယ်။
မေလ ၂ရက်၊ ၂၀၀၈
နာဂစ်မုန်တိုင်းကြောင့် လူပေါင်း ၂သိန်း ၂သောင်းကျော်သေဆုံးခဲ့ရပြီး ၄သောင်းကျော်ပျောက်ဆုံး၊ ၁သန်းကျော်အိုးမဲ့၊အိမ်မဲ့ဖြစ်ခဲ့ရတယ်။စစ်အစိုးရဟာသတင်းထုတ်ပြန်မှု၊ကယ်ဆယ်ရေးအစီအစဉ်များ
နောက်ကြပြီး နိုင်ငံတကာအလှူရှင်တွေ၊အလှူပစ္စည်းတွေကိုလည်းကန့်သတ်ချုပ်ကိုင်ခဲ့တယ်။
မေလ ၁၄ရက်၊ ၂၀၀၉
အမေရိကန်လူမျိုး ဂျွန်ယက်တောဟာ အင်ယားကန်မှတဆင့် ဒေါ်အောင်ဆန်းစုကြည်ရဲ့နေအိမ်အတွင်း
ခိုးဝင်ခဲ့မှုကြောင့် နအဖအစိုးရကအင်းစိန်ထောင်တွင် တရားရုံးဖွင့်လှစ်တရားစွဲခဲ့တယ်။ ဒေါ်စုဟာ ၁၉၈၉
ကနေ ၁၉၉၅ထိ၊ ၂၀၀၀ကနေ ၂၀၀၂ ခုနှစ်ထိ၊ ၂၀၀၃ မှနေ ယ္ခုအချိန်ထိနေအိမ်အကျယ်ချုပ်ဖြင့် ဖမ်းဆီး
ထိမ်းသိမ်းခံနေရပါတယ်။
သြဂုတ် ၁၀ရက်၊ ၂၀၀၉
တရားရုံးကနေ အသက် ၆၄နှစ်ရှိပြီဖြစ်တဲ့ဒေါ်စုကို ယက်တော အိမ်တွင်းခိုးဝင်မှုဖြင့်
ထောင်ဒါဏ် ၁၈လ ပြစ်ဒါဏ်ကို နေအိမ်မှ ကျခံစေရန် ဆုံးဖြတ်ခဲ့တယ်။ ဒေါ်စုနဲ့အတူနေ
သားအမိ၂ယောက်ပါ ပြစ်ဒါဏ်ပေးခံရပြီး အလုပ်ကြမ်းနဲ့ထောင်ဒါဏ် ၇နှစ်ပြစ်ဒါဏ်ချခံရ
တဲ့ ယက်တောကတော့ အမေရိကန်လွတ်တော်အမတ်ဂျင်ဝက်ကြောင့် ပြန်လည်
လွတ်မြောက်သွားခဲ့ပါတယ်။
မတ်လ ၁၀ရက်၊၂၀၁၀
ဒေါ်စုဟာ နှစ် ၂၀အတွင်း ၁၄နှစ်ကျော် နေအိမ်မှာဖမ်းဆီးထိမ်းပြီး ၂၀၁၀ ရွေးကောက်ပွဲတွင်
ရွေးကောက်ပွဲ ဥပဒေသစ်အရ တရားရုံးမှပစ်ဒါဏ်ကျခံနေရသူများ ၀င်ရောက်ရွေးချယ်ပိုင်ခွင့်၊
မဲပေးပိုင်ခွင့်မရှိရ ကြေညာချက်ဖြင့် ကန့်သတ်ခံခဲ့ရပါတယ်။
အေပရယ် ၂၆ရက်၊ ၂၀၁၀
ဝန်ကြီးချုပ်သိန်းစိန်နှင့် အပေါင်းအပါ ၀န်ကြီးတချို့ဟာ မိမိတို့ရဲ့ စစ်တပ်ရာထူးကနေနှုတ်
ထွက်ပြီး အရပ်ဝတ်ပြောင်းလည်းဝတ်ဆင်ပြီး ရွေးကောက်မှာ ပါဝင်အရွေးခံဖို့ ပြင်ဆင်လာခဲ့ပါတယ်။
မေလ ၇ရက်၊ ၂၀၁၀
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဟာ ရွေးကောက်ပွဲအတွက် ပါတီမှတ်ပုံတင်ဖို့ ငြင်းပယ်ခဲ့ပြီး တရားဝင်နိုင်ငံရေးပါတီအဖြစ်ကနေပျောက်ကွယ်သွားမှာမဟုတ်ဘူးလိုတရားဝင်ကြေညာခဲ့တယ်။
တရက်ထဲမှာဘဲဒေါ်စုကိုထောက်ခံသူ NLD အဖွဲ့ဝင်တချို့က အမျိုးသားဒီမိုကရေအဖွဲ့အင်အားစု
ပါတီကို ဖွဲစည်းတည်ထောင်ပြီး ဥက္ကဌအဖြစ် သန်းငြိမ်းကဆောင်ရွက်ခဲ့ပါတယ်။
သြဂုတ် ၁၃ရက်၊ ၂၀၁၀
၁၉၉၀ ရွေးကောက်ပွဲအပြီး ပထမဆုံးအကြိမ်ရွေးကောက်ပွဲကို နိုဝင်ဘာ ၇ ရက်နေ့မှာ
ကျင်းပမယ်လို့ စစ်အစိုးရက တရားဝင်ကြေညာခဲ့တယ်။
နိုဝင်ဘာ ၁၃ရက်၊၂၀၁၀
သမိုင်းဝင် ရွေးကောက်ပွဲကျင်းပပြီး တပါတ်တိတိအကြာမှာ ၁၄နှစ်ကြာဖမ်းဆီးထိမ်းသိမ်း
ခံခဲ့ရတဲ့ ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ချုပ်ကနေ ပြန်လည်လွတ်မြောက်
မှာဖြစ်ပါတယ်။
ဇန်န၀ါရီလ ၂၀၁၁
လွှတ်တော် ခေါ်ယူပြီး အစည်း အဝေးများ စတင် ကျင်းပ
မတ်လ ၃၁ ၂၀၁၁
နှစ်ပေါင်း ၂၀ နီးပါးကြား တိုင်းပြည် အာဏာ ကို ရာခိုင်နှုန်း ပြည့် ချုပ် ကိုင်ထား တဲ့ စစ်အာ
ဏာရှင် ဗိုလ်ချုပ် မှုးကြီး သန်းရွှေ ဟာ သူအဏာ ရရှိ စဉ် အချိန် က ဗိုလ်ကြီး အဆင့် သာရှိ
သည့် မျိုးဆက် သစ် စစ်အရာ ရှိ တစ်ဦး ဖြစ်သူ ယခု ဗိုလ်ချုပ်ကြီး ဦးသိန်းစိန် အစိုးရ ကို
အာဏာလွှဲ ပေး ခဲ့ ပြီး ကန့် လန့် ကာ နောက် သို့  ၀င် ခဲ့ သည်။
ဧပြီလ ၂၇ ရက် ၂၀၁၁
အမေရိကန် သမ္မတ အိုဘားမား က မြန်မာ နိုင်ငံ နှင့် ပတ်သက် ပြီး ညှိုနှိုင်း ရေး မှုး အဖြစ်
နိုင်ငံခြားရေး ဌာန မှာ ဒဲရက်(ခ) မစ်ချလ် ကို ခန့် အပ် ရန် လွှတ်တော် သို့  အဆို တင်သွင်း
ရာ နောက် နှစ်လ အကြာတွင် လွှတ်တော် မှ အတည် ပြု သည်။
ဇွန်လ ၃ ရက်
သမ္မတ လောင်း အဖြစ် ၀င်ရောက် ယှဉ်ပြိုင် အရွေး ခံဖူး သူ အရီဇိုးနား ပြည်နယ် လွှတ်တော်
အမတ် ဂျွန်မက်ကိန်း မြန်မာ နိုင်ငံ သို့  ရောက်ရှိ ကာ အစိုးရ တာဝန် ရှိ သူများ အပြင် ဒေါ်အောင်
ဆန်းစုကြည် နှင့် တွေ့ 
ဇွန်လ ၁၉ ရက်
ဒေါ်အောင်ဆန်းစုကြည်က သူ့  မွေး နေ့ မှာ ငြိမ်းချမ်းရေး ကိုသာ လိုလား တယ် လို့  ပြောခဲ့ပါ
တယ်။
ဇွန်လ ၂၉ ရက်
မြန်မာ အစိုးရ ပြည်ထဲရေး ၀န်ကြီးဌာ နက NLD ပါတီ ကို သတိပေး ပြောကြားခဲ့ ပါတယ်။
အဆိုပါ သတိပေးချက် ဉ် နိုင်ငံရေး ပါတီ သဖွယ် ကြေငြာချက် များ ထုတ် ပြန်ချက်၍ လှုပ်ရှားမှု
များ ပြုခြင်း လုပ်လျှင် အမျိုးသား ပြန်လည် သင့် မြတ် ရေး ကို ပျက်ပြား သွား စေ နိုင် ၍ မပြု
လုပ်ရန် တားမြစ် သည်ဟု ဖော်ပြထားသည်။

ဇူလိုင်လ ၆ ရက်
ဒေါ်အောင်ဆန်းစုကြည် ၏ ပထမ ဦးဆုံး ခရီးစဉ် အဖြစ် ပုဂံ ဒေသ သို့  ဘုရားဖူး ထွက် ခွာ
ဇူလိုင်လ ၁၉ ရက်
ဖခင် ဖြစ်သူ အမျိုးသား ခေါင်းဆောင် ကြီး ဗိုလ်ချုပ် အောင်ဆန်း၏ ဂူဗိမာန် တွင် ဒေါ်အောင်ဆန်း
စုကြည် လွမ်းသူ့  ပန်း ခွေ ချ
ဇူလိုင်လ ၂၅ ရက်
ရန်ကုန် တိုင်း တိုင်းမှုး အပါ အ၀င် ထိပ်တန်း စစ်အရာ ရှိ ၅ ဦး ကို ကာကွယ်ရေး ဦးစီးချုပ် အမိန်
့ဖြင့် တာဝန် မှ အနားပေး
သြဂုတ်လ ၁၉
စက်တင်ဘာ ၆
လူ့  အခွင့်အရေး ကော်မရှင် ကို မြန်မာ အစိုးရ ဖွဲ့ စည်း
စက်တင်ဘာ ၁၃
အမေရိကန် အထူး သံ ဒေါ်အောင်ဆန်းစုကြည် နဲ့  တွေ့ ဆုံ
စက်တင်ဘာ ၂၆
နိုင်ငံ ရေး အကျဉ်းသား လွတ်မြောက်ရေး ၊ မြစ်ဆုံဆည် တည်ဆောက်မှု ရပ်တန့် 
ရေး တို့  အတွက် ရန်ကုန် တွင် ဆန္ဒပြ မှု ဖြစ်ပေါ်
စက်တင်ဘာ ၂၉
သမ္မတ ဦးသိန်းစိန် က သူ့  အစိုးရ သက်တမ်း တွင် တရုတ်က ဘီလျှံ ၃၀၀၀ ကျော်
အကုန် အကျခံ တည် ဆောက် မည့် ရေအား လျှပ်စစ် ဆည် ထုတ် လုပ် နိုင် သည့်
မြစ်ဆုံ ဆည် တည် ဆောက် မှု ဆိုင်းငန့်  ထား မည် ဟု ကြေငြာ
အောက်တိုဘာ ၁၂
ဖမ်းဆီးထား သည့် နိုင်ငံရေး အကျဉ်းသား ၏ ၁၀ ရာခိုင်နှုန်း ကို ပြန်လွှတ်ပေး ခဲ့ ရာ
မြစ်ကြီးနား ထောင် မှာ ကိုဇာဂနာ ပါဝင်
အောက်တိုဘာ ၂၅
၂၀၀၈ အခြေခံ ဥပဒေ ကို ကန့် ကွက် ခဲ့ သည့် မြန်မာ့ အတိုက်အခံ ပါတီ ဖြစ်သည့်
NLD က ပါတီ မှတ်ပုံ တင် မှု ကို ပြန်လည် စဉ်းစား ၊ အဆီယံ တွင် မြန်မာ ဥက္ကဌ
နေရာ ဆက် ခံ နိုင် ရန် ဒေသတွင်း ခေါင်းဆောင် များ မြန်မာ နိုင်ငံ သို့ လာ
နိုဝင်ဘာ ၁၃
မြန်မာ အစိုးရ ပြည်ထဲရေး ၀န်ကြီးဌာန မှ အရာရှိ များ က ရက် အနည်းငယ် အတွင်း
နိုင်ငံရေး အကျဉ်းသား များ ကို ပြန် လွှတ်ပေး မည် ဟု AP နှင့် AFP သတင်းဌာန
များ သို့  တယ်လီ ဖုန်း ဖြင့် ဆက်သွယ် ပြောကြား
နိုဝင်ဘာ ၁၄
နေအိမ် အကျယ် ချုပ် မှ လွတ်မြောက် ခြင်း သတင်းစာ ရှင်းလင်း ပွဲ ကို ဒေါ်အောင်ဆန်း
စုကြည် ပြုလုပ်
နိုဝင်ဘာ ၁၅
မန္တလေးမြို့  မဟာမြတ်မုနိ ဘုရားကြီး တွင် ဂျာမဏီ နိုင်ငံ မှ ပြန်လည် ရောက် ရှိလာသည့်
နိုင်ငံရေး လှုပ်ရှား တက်ကြွ သူ ဆရာတော် ဦးသောပါက ဦးဆောင်၍ သံဃာတော်များ
နိုင်ငံရေး အကျဉ်း သား လွတ်မြောက် ရေး သပိတ် မှောက် သည်။
