မြန်မာ့အတိုက်ခံတို့မှ နိုင်ငံခြားသားခရီးသွားများကို ဖိတ်ခေါ်လိုက်ပြီ

 

ကမ္ဘာလှည့်ခရီးသွားများ နှင့် ခရီးသွား ဧည့်လမ်းညွှန် တစ်ဦး ကို ကျိုင်းတုံမြို့ မဈေးကြီးဉ် တွေ့ ရစဉ်

အောင်မြင်၊     ၊နိုင်ငံခြားသားခရီးသွားများကို မြန်နိုင်ငံသို့ အလည်လာရောက်ခြင်းမပြုခြင်းဖြင့် စစ်အစိုးရကို သပိတ်မှောက်
ကြရန် ၁၉၉၆ မြန်မာစစ်အစိုးရဲ့ မြန်မာ့ခရီးသွားနှစ်မှာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က

 

တိုက်တွန်းခဲ့ခြင်းဖြစ်ပါတယ်။ ဦးဝင်းတင်မှ လက်ရှိနိုင်ငံရေး အခြေအနေအရ မြန်မာနိုင်ငံအတွင်းတွင်
ပြည်သူအပေါ်စစ်အစိုးရရဲ့ ဖိနှိပ်မှုတွေနားလည်သိရှိနိုင်ရန်အတွက် နိုင်ငံခြားသားများ မြန်နိုင်ငံသို့ ပိုမို လာရောက်လည်ပတ်ပြီး မြန်မာပြည်သူတွေရဲ့လူမှုဘ၀၊လက်ရှိအနေတွေသိရှိနားလည်လိုအပ်ကြောင်း ကို တိုင်းမဂ္ဂဇင်းသို့ ပြောဆိုခဲ့ပါတယ်။

မြန်မာ့ခရီးသွားလုပ်ငန်းလုပ်ကိုင်နေကြသော ဟိုတယ်၊ဧည့်လမ်းညွှန်၊အမှတ်တရအရောင်းဆိုင် တွေက

ယ္ခုကဲ့သို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က နိုင်ငံခြားသားခရီးသွားဧည့်တွေလာရောက်လည်ပတ်ကြရန်
ဖိတ်ခေါ်လိုက်ခြင်းအပေါ် ကြိုဆိုထောက်ခံကြပြီး သူတို့ရဲ့အမြင်ကို FNG သို့ အခုလိုပြောပြခဲ့ကြပါတယ်။

အင်္ဂလိပ်ဧည့်လမ်းညွှန်တဦးက  ကျွန်တော်ခရီးသွားဧည့်လမ်းညွှန်လုပ်ခဲ့တာ ၁၂နှစ်ရှိပါပြီ။ အမေရိကန်လူမျိုး၊အင်္ဂလိပ်မျိုးခရီးသွားတွေအများဆုံးလိုက်ခဲ့ရတယ်။သူတို့တတွေနဲ့နိုင်ငံခြားသားခရီးသွား
တွေမြန်မာပြည်မလည်ကြဖို့ အကြောင်းကို ဧည့်သည်အားလုံးနီးပါးနဲ့စကားပြောဖြစ်ပါတယ်။

အဲဒီလူမျိုး ၂ မျိုးဟာ လူအခွင့်ရေးနဲ့ဒီမိုကရေစီကို အရမ်းလေးစားလိုက်နာကြပြီး သူတို့တတွေဟာ မြန်မာနိုင်
ငံအတွင်းမှာ ဘာတွေဖြစ်ပျက်နေတာကို သိချင်ကြပါတယ်။ သူတို့ရဲ့ငွေတွေဟာ စစ်အစိုးရသက်တမ်းရှည်ရေးထောက်ပံ့မှုဖြစ်မှာကိုစိုးရိမ်ကြပါတယ်။ သူတို့ကို ဒီအကြောင်းနဲ့ပါတ်သက်
ပြီး နယ်မြို့လေးတွေမှာ ညစာစားရင်း ကျွန်တော်ရဲ့အမြင်ကိုပြောပြခဲ့ပါတယ်။

ဒီမိုကရေစီအင်အားစုတွေရဲ့ စီးပွားရေးပိတ်ဆို့မှုနဲ့ နိုင်ငံခြားသားခရီးသွားတွေမြန်မာပြည်ကို လာမလည်
ဖို့ပိတ်ပင်မှုတွေကို ကျွန်တော် ဧည့်လမ်းညွှန်တယောက်အနေနဲ့ထောက်ခံပါတယ်။ ဒါပေမယ့် အချိန်တခု
သတ်မှတ်ဖို့လိုကြောင်း၊ ကျူးဘားနိုင်ငံကိုစီးပွားရေးပိတ်ဆို့ပေမယ့် ကက်စ်ထရို အုပ်ချုပ်ရေးကိုမပြောင်း
လည်းနိုင်ဘဲ ပြည်သူတွေအတိဒုက္ခရောက်နေရကြောင်းပြောပြခဲ့ပါတယ်၊ မြန်မာနိုင်ငံကိုလာလည်ကြတဲ့နိုင်ငံခြားသားတွေရဲ့ငွေဟာစစ်အစိုးရကိုအကျိုးပြုတာအလွန်နည်း ကြောင်း
အမြဲရှင်းပြခဲ့ပါတယ်။ ခရီးသွားတွေ ရန်ကုန်လေဆိပ်ကို ၀င်ကတည်းက ဗီဇာကြေး၊ရွှေတိဂုံ၊ အမျိုးသားပြတိုက်နဲ့
ဗိုလ်ချုပ်အောင်ဆန်းပြတိုက်၊ ဗိုလ်တထောင်ဘုရား၊ ကျောက်မျက်ပြတိုက်၊ ပဲခူး-ပုဂံ-မန္တလေး-အင်လေးဇုံဝင်
ကြေး တွေအားလုံးပေါင်းလိုက်ရင် ဒေါ်လာ၁၀၀ မကျော်ကြောင်း၊ ဒီငွေလောက်လေးစစ်အစိုးရကိုထောက်ပံ့
လိုက်ရပေမယ့် မြန်မာပြည်သူတွေရဲ့ ယနေ့ခံစားနေရတဲ့ လူမှုရေး၊နိုင်ငံရေး၊စီးပွားရေးအခြေအနေတွေကို ‘ မင်းတို့ရဲ့ သားသမီးဆွေမျိုး၊သူငယ်ချင်းတွေရှင်းပြပြီး မင်းတို့ရဲ့လူမှုဝန်းကျင်ကတဆင့်အစိုးရကနေကမ္ဘာကသိပြီးငါတို့နိုင်
ငံကိုကယ်တင်နိုင်ကြောင်းတွေ ရှင်းပြခဲ့ပါတယ်။ ဟိုတယ်တွေ၊ခရီးသွားအေးဂျင့်တွေ၊စားသောက်ဆိုင်တွေ၊
အမှတ်တရအရောင်းဆိုင်တွေက အခွန်ငွေဟာစစ်အစိုးရဆီကိုအနည်းဆုံးရောက်ကြောင်းရှင်းပြခဲ့ပါတယ်။
ခရီးသွားကုမ္မဏီတွေဟာ ခရီးသွားတွေဆီက ရတဲ့ငွေကြေးတွေဟာ ထိုင်း(သို့)စကာင်္ံပူနိုင်ငံတွေရဲ့ဘဏ်တွေမှာ
ဘဲရှိပြီး စစ်အစိုးရကိုပေးဆောင်ရမယ့်စာရင်းမှာ၉၀ရာခိုင်နှုန်းလောက်ထိလျော့ပြီးပြကြကြောင်းရှင်းပြခဲ့ပါတယ်။

ခရီးသွားလုပ်ငန်းအရပ်ရပ်က ပေးဆောင်တဲ့အခွန်ငွေဟာ စစ်အစိုးရအတွက် အလွန်နည်းပြီး သက်ရောက်မှုမရှိပေမယ့် ဧည်သည်တွေလာရောက်တဲ့အတွက် မြန်မာ့ပြည်သူတွေရဲ့ လက်ရှိအခြေအနေတွေကို ကမ္ဘာကသိဖို့ ဆောင်ရွက်နိုင်တာမို့ ဧည်သည်တွေလာတာကို ထောက်ခံပါတယ်လို့ရှင်းပြခဲ့ရပါတယ်။ ဧည်သည်တွေအနေနဲ့ မြန်မာနိုင်ငံ မိုဘိုင်းဖုန်းတလုံး
ကိုဒေါ်လာ၃၀၀၀ကျော်၊ နောက် ၂၀၀၀ကျော် ပေးဝယ်ရကြောင်းတွေ၊ အီးမေးလ်အကောင့်တခုကို ငွေပေးဝယ်ရတာ
တွေဟာ သူတို့ အတွက်စိတ်လှုပ်ရှားစရာ အကြောင်းတွေပါ။

စစ်အစိုးရရဲ့ သဘာဓါတ်ငွေ့ကရတဲ့ဝင်ငွေတွေဟာ ဘီလျံနဲ့ချီရှိနေပေမယ့် ပြည့်သူအပေါ် ဘာတွေလုပ်ဆောင်ပေးနေသလည်းဆိုတာတွေရှင်းပြခွင့်ရခဲ့ပါတယ်။ ဥပမာ ရန်ကုန် ကြယ်ငါးပွင့်အဆင့်ရှိဟိုတယ်ကြီးမှာ ညစာစားနေတုန်းမီးပျက်ခဲ့တာတွေဟာ စစ်အစိုးရဲ့ ပြည်သူ့အပေါ် ဆောင်ရွက်မှုတွေရဲ့ ပြယုဂ်တခုပါ။ ကျွန်တော်ပြောချင်တာက ဦးဝင်းတင် နိုင်ငံခြားသားတွေ ကိုဖိတ်ခေါ်လိုက်တာကိုကြိုဆိုပါတယ်။ ဒါပေမယ့် ဦးဝင်းတင်ထောင်ထဲမှာ နှစ်အကြာကြီးနေခဲ့ရချိန်မှာ အပြင်မှာရှိတဲ့ NLD ပါတီတာဝန်ရှိသူတွေ ၊ပြည်ပကအတိုက်အခံတွေ ကသာ ဒီထက် ၁၀နှစ်လောက်စောပြီး ဒီလို သဘောထားမျိုးထုတ်ပြန်ခဲ့ရင် မြန်မာ့ပြည်တွေအပေါ် စစ်အုပ်စု ရက်စက်စွာဖိနှိပ်မှုတွေကို ကမ္ဘာကပိုသိပြီး ခုချိန်လောက်ဆို တခုခုပြောင်းလည်းမှုတခုခုရှိနေပြီလို့ ကျွန်တော်ထင်ပါတယ်။ ကျွန်တော် ဧည့်သည်တွေကို ပြောပြပါတယ် ဦးတေဇရဲ့ဟိုတယ်၊လေကြောင်းလိုင်း၊ ခရီးသွားအေ့ဂျင့်တွေကို မသုံးဘဲ တိုင်းရင်းသားပိုင်တွေမှာ ခင်ဗျားတို့ငွေတွေသုံးတာအကျိုးရှိပါတယ်လို့ရှင်းပြခဲ့ပါတယ်။ တော်တော်နောက်ကျသွားပြီဗျာ။

ဗိုလ်ချုပ်ဈေးမှာကျောက်မျက်နဲ့အမှတ်တရဆိုင်ပိုင်ရှင်တဦးကတော့ကျမတို့ဆီကပစ္စည်းတွေနိုင်ငံခြားသားဧည့်သည်တွေ ၀ယ်လို့ စစ်အစိုးရဆီအခွန်ငွေအများကြီးမရောက်ပါဘူး။ ဘာလို့မရောက်တာလည်းဆိုတော့ ဒေါ်လာ၁၅၀၀ တန်တဲ့ပစ္စည်းကို လေဆိပ်မှာပြဖို့ဘောင်ချာမှာ ဒေါ်လာ ၁၅၀ထက်ပိုမရေးဘူးလေ၊ အခွန်က၁၀ရာခိုင်နှုန်းဆိုတော့ ၁၅ဒေါ်လာဘဲပေးရတာပါ။ ဧည့်သည်ကို သူတို့ရဲဂိုက်က ရှင်းပြီး ပစ္စည်းတန်ဘိုးအစစ်မှန်ဘောင်ချာကို လေဆိပ်မှာမပြဘဲ သေချာထားဖို့ဆိုပြီး ဘောင်ချာ ၂စောင်ပေးလိုက်တာလေ။ ကျမတို့ စစ်အစိုးရကိုမကြိုက်ပါဘူး၊ အတိုက်အခံကိုထောက်ခံပါတယ်။ ဒါပေမယ့် အခုလိုNLDကနိုင်ငံခြားတွေကိုဖိတ်ခေါ်လိုက်တာကြောင့် ဧည်သည်တွေပိုများလာမယ်လို့ထင်ပါတယ် လို့ပြောပြခဲ့ပါတယ်။

ရန်ကုန်ရှိ ဟိုတယ်ကြီးတခုက ဧည့်ခံကြိုဆိုရေးကောင်တာဝန်ထမ်းတဦးကတော့ နိုင်ငံခြားသားဧည့်သည်တွေဟာအထူးသဖြင့် အမေရိကန်လို အနောက်နိုင်ငံက ဧည့်သည်တွေဟာ စစ်အစိုးရနဲ့ တိုက်ရိုက်ပါတ်သက်တဲ့ လုပ်ငန်းတွေအားမပေးပါဘူး။ သူတို့သိကြပါတယ်။ ကျွန်တော် အတွေ့ကြုံအရ ဘယ်ကုမ္မဏီနဲ့မှမဆက်သွယ်ဘဲ ကိုယ့်ဟာကိုလာတဲ့တယောက်က ကျွန်တော်တို့ ကောင်တာကို ပုဂံသွားဖို့ လေယာဉ်မှတ်စီစဉ်ခိုင်းပါတယ်။ ခရီးသွားရာသီဖြစ်လို့ မန္တလေးလေကြောင်းလိုင်း လက်မှတ်က သူသွားချင်တဲ့ရက်မရပါဘူး၊ ဦးတေဇပိုင်တဲ့ ပုဂံလေကြောင်းက လက်မှတ်ဘဲ အဲဒီရက်ရမယ်လို့ ပြောပြတော့ သူက ဒီလေကြောင်းလိုင်းကိုလုံးဝမစီး နိုင်ဘူး ဆိုပြီး မန္တလေးလေကြောင်းလိုင်းကရမယ့်ရက်ကို  ၅ရက်လောက်စောင့်ခဲ့ဘူးပါတယ်။ သူရဲ့ငွေနဲ့ စစ်အစိုးရတိုက်ရိုက်ပါတ်သက်တဲ့ စီးပွားရေးကို အားမပေးကြောင်းပြောခဲ့ပါတယ်။ ဧည့်သည်တွေကြောင့် စစ်အစိုးရယန္တရားမလည်ပါတ်နိုင်ပါဘူး၊ ကျွန်တော်အနေနဲ့ကတော့ ဧည့်တွေပိုများလာတာကိုမြင်ရပြီး အရပ်သားအစိုးရကိုမြင်ချင်ပါတယ်။ရချင် ပါတယ်။ အခုလာမယ့်ရွေးကောက်ပွဲကတော့ ဘာမှ ကျွန်တော်တို့မျော်လင့်ချက်ကိုပေးနိုင်မှာမဟုတ်ဘူး လို့ သူငယ်ချင်းအခြင်းခြင်းပြောဆိုနေကြချိန်မှာ ဒီလို အတိုက်အခံကနေ နိုင်ငံခြားသားခရီးသွားတွေဖိတ်ခေါ်လိုက်တာကြောင့် ၀မ်းသာမိတယ်ဗျာလို့

FNG ကို ပြောဆိုခဲ့ပါတယ်။

6 thoughts on “မြန်မာ့အတိုက်ခံတို့မှ နိုင်ငံခြားသားခရီးသွားများကို ဖိတ်ခေါ်လိုက်ပြီ

  1. ကျနော့်အထင်ပြောရရင် ဆဲတက်တဲ့လူတွေက ငယ်ငယ်တုန်းက သူတို့အိမ်က သင်ပေးထားတာ ဖြစ်လိမ့်မယ်ဗျ..မဆဲရင် မုန့်ဖိုး မပေးဘူးလို့ ပြောထားတယ်ထင်တယ်.. ဒါကြောင့် ကြီးတဲ့ထိ အကျင့်ပါနေတယ် ထင်တယ်ဗျ..ဆဲနိုင်ကြပါစေ..မြန်မာစကားပုံနဲ့ ပြောရင် ရိုင်းသွားမှာ စိုးလို့ သိပ်မပြောတော့ပါဘူး..

  2. ဟိုက်ရှ် ဆဲတယ်ဟ
    မြန်မာပြည်မှာ အယူအဆ မတူရင် ဆဲလွှတ်တဲ့ လူစား ၂ရပ်ပေါ်ပေါက်မွေးဖွားလာပါပြီ…
    ဘာလို့ သည်းခံ ( လက်ခံ )နိုင်တဲ့ ခံစားမှုတွေ မွေးဖွားမလာတာပါလိမ့်…

  3. Fuck you ko ko.Your brain is very small. You don’t know about SPDC? OR your sister is their wife?

  4. koko..သို့…မင်းကဘာနားလည်လို့လျှောက်ပြောနေတာလဲ…nld ကပြည်သူလည်ပင်းညစ်တယ်ပြောရအောင်
    ဘာတွေတွေ့လို့မင်းကပြောတာလဲ..အတိုက်အခံဟာပြည်သူ့ဖက်ကတလျှောက်လုံးကိုယ်စားပြုခဲ့လို့ထောင်တွေထဲ
ေ၇ာက်နေတာဘာမသိဘူးနဲ့တူတယ်…စစ်တပ်ဖင်လို့းနေတာကျတော့မင်းစောက်ပေါက်ပိတ်နေပြီးတော့ခုမှဘာ
    မှာနားမလည်ဘဲနဲ့ အတိုက်အခံကလည်ပင်းညစ်တယ်လေးဘာလေးလာလုပ်နေတယ်..မင်းပထွေးတွေခုဘာ
    လုပ်နေလဲ..မင်းအဲဒါကိုသေချာပြီးအမှန်အတိုင်းပြောရဲသလား.၊တဖက်စောင်းနင်းပြောတာလောက်ကိုစောက်
    သဲယားတာမရှိဘူး…စစ်အစိုးရအကြောင်းမပြောရဲတော့အတိုက်အခံဖက်ဘဲနင်းပြောတယ်.စစ်အစိုးရကိုသွား
    ပြောရင်မင်းကိုဖင်လို့းမှာသေချာပေါက်သိလို့မင်းကအတိုက်အခံကိုပဲပြောရဲတာမှုတ်လား..

  5. NLD ကလူတွေ ပြည်သူကို လည်ပင်းညှစ်ခြင်းဖြင့် ဒီမိုကရေစီ မရနိုင်ဘူးဆိုတာ ကို ခုမှသဘောပေါက်တယ်။ NLD က ဘဘတို့ အမှန်တရားကို သဘောပေါက်ဖို့ 14နှစ် အချိန်ယူရတယ်..စိတ်ပျက်စရာပါ..ပြည်သူတွေကတော့ ကျွဲနှစ်ကောင်ခတ်တဲ့ကြားက မြေဇာပင်ပါ..

  6. ဟုတ်တယ်ဗျ…နိုင်ငံခြားသားတွေ များများလာလေ..ကမ္ဘာက စစ်အစိုးရအကြောင်းကိုပိုသိလာလေပဲဗျ..လာကြပါစေ..ဒါမှာ သူတို့ လိမ်တာတွေ နိုင်ငံခြားသားတွေ ပိုသိမှာဗျ…

Comments are closed.