ရန်ကုန်၊အေပီ။ နိုဝင်ဘာ ၅ရက်၊၂၀၁၀။
အောင်မြင်၊ ၊( ၁၀ )စုနှစ်တစုအတွင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ သား ၂ ယောက်အနက် တယောက်ဖြစ်သူ
ကမ်အဲရစ်သည် မိခင်ဖြစ်သူနှင့် တွေ့ဆုံဖို့ မြန်မာပြည်ပြည်ဝင်ခွင့် ရရှိဖို့ ကြိုးစားနေကြောင်း အေပီ သတင်းစာမျက်နှာ
ဖေါ်ပြထားပါတယ်။ ဒေါ်အောင်ဆန်းကြည်ဟာ ရွေးကောက်ပွဲအပြီးတပါတ်အကြာမှာ လွတ်ရက်စေ့ လွတ်မြောက်နိုင်
ဖွယ်ရှိတာကြောင့် မိခင်နှင့် တွေ့ဆုံရန်ဖြစ်နိုင်ကြောင်း သံတမန်အသိုင်းအ၀ိုင်း ထင်မြင်ချက်ပေးပါတယ်။
အသက် ၃၃ နှစ်ရှိပြီဖြစ်တဲ့ ကမ်အဲရစ် ဟာ ဗြိတိန်နိုင်ငံမှာနေထိုင်ပြီး သူရဲ့ မိခင်ကို ၂၀၀၀ပြည့်နှစ် ဒီဇင်ဘာမှာနောက်ဆုံးတွေ့ဆုံခဲ့ရပြီးကမ်ကနောက်ထပ်တွေ့ဆုံခွင့်ရဖို့အဆက်မပြတ်ကြိုးစားသော် လည်း
မြန်မာစစ်အာဏာရှင်တို့က သူရဲ့ ပြည်ဝင်ခွင့်ဗီဇာကို အမြဲငြင်းပယ် ခဲ့ပါတယ်။
သောကြာနေ့ ထိုင်းနိုင်ငံမြိုကတော် ဘန်ကောက်က မြန်မာသံရုံးမှာ မိခင်နေအိမ်အကျယ်ချုပ်ကပြန် လွတ်လွတ်ခြင်း
တွေ့နိုင်ဖို့ အတွက် အဲရစ်ဟာ ပြည်ဝင်ခွင့် ဗီဇာရရန် ကြိုးစားတောင်းဆိုမှာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်ရဲ့ရှေ့နေ ဥဏ်ဝင်းက ပြောဆိုခဲ့ပါတယ်။ ဗီဇာရမယ်, မရဘူးဆိုတာတော့ ချက်ခြင်းမှတ်ချက်မပေးနိုင်သေးကြောင်း ပြောခဲ့ပါတယ်။
နှစ် ၂၀အတွင်းပထမဆုံးသောရွေးကောက်ပွဲဟာ လာမယ့် တနင်္ဂံနွေမှာကျင်းပတော့မှာဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်ကို ဥပဒေကြောင်းအရထိမ်းသိမ်းထားမှုဟာ နိုဝင်ဘာ ၁၃ရက်မှာကုန်ဆုံးမှာ ဖြစ်ပေမယ့် စစ်အစိုးရက ဒေါ်စု ပြန်လွတ်ပေးမယ်လို့ တရားဝင်ထုတ်ဖေါ်ပြောဆိုခြင်းမရှိသေးပါဘူး၊ဒေါ်စုနဲ့ နီးစပ်တဲ့သူတွေကတော့ ပြန်လွတ်လာလိမ့်မယ်လို့ပြောဆိုနေကြပါတယ်။
ရှေ့နေဥာဏ်ဝင်းကလည်းနိုဝင်ဘာ၁၃ရက်နေ့မှာဒေါ်စုပြန်လွတ်လာမယ်လို့သူယုံကြည်ကြောင်းပြောဆိုခဲ့ပါတယ်။
၁၉၉၀ရွေးကောက်ပွဲကို ဒေါ်စုရဲ့ပါတီကအပြန်အသတ်ရခဲ့ပေမယ့် စစ်အစိုးရကအသိအမှတ်မပြုခဲ့ပါဘူး၊
လာမယ့်ရွေးကောက်ပွဲအသစ်ကို ဒေါ်စုရဲ့ပါတီက သပိတ်မှောက်ပြီး နိုင်ငံကာကလည်း စစ်အစိုးရကျင်းပပေးမယ့်ရွေးကောက်ပွဲဟာအများမြင်သာမှုမရှိအောင်တင်းတင်းကျပ်ကျပ်ပိတ်ပင်ထား ပြီး
စစ်အစိုးရဲ့အလိုကျဖြစ်အောင် ကျင်းပတဲ့ရွေးကောက်လို့ ပြောဆိုနေကြပါတယ်။
အသက် ၆၅ နှစ်ပြီဖြစ်တဲ့ဒေါ်အောင်ဆန်းစုကြည်ဟာ မြန်မာ့ဒီမိုကရေစီအရေးကြိုးပမ်းမှု ၂၁နှစ်တာကလအတွင်း
နေအိမ်အကျယ်ချုပ်နဲ့ ၁၅နှစ်ခန့်အထိမ်းခံခဲ့ရပြီး ပထမဆုံးအကြိမ် ဖမ်းခံရတဲ့ ၁၉၈၉ခုနှစ်မှာ သူမရဲ့ သား ၂ယောက်က
အသက် ၁၁နှစ်နဲ့ ၁၆နှစ်အရွယ်ဘဲရှိပါသေးတယ်။ သား ၂ယောက်ကို ကွယ်လွန်သွားပြီဖြစ်တဲ့ ဗြိတိသျှပညာရှင်
မိုက်ကယ်အဲရစ်ကဘဲ လူလားမြောက်အောင်ပြုစုပျိုးထောင်ခဲ့ရပါတယ်။ သားကြီးဖြစ်သူ အလက်ဇ္ဒား အဲရစ်က
၁၉၉၁ မှာ ရရှိခဲ့တဲ့ ငြိမ်းချမ်းရေးနိုဘယ်ဆုကို မိခင်ဖြစ်သူ ကိုယ်စားလက်ခံရယူခဲ့ပါတယ်။
မိုက်ကယ်အဲရစ်ဟာ မကွယ်လွန်ခင် ၃နှစ်အတွင်း ဒေါ်စုကိုတွေ့ဖို့ ပြည်ဝင်ခွင့်ဗီဇာ ကြိုးစားလျောက်ခဲ့ ပေမယ့်
စစ်အစိုးရက ငြင်းပယ်ခဲ့သောကြောင့် တွေ့ခွင့်မရဘဲ အသက် ၅၃ နှစ်အရွယ်မှာ ကင်ဆာရောဂါနဲ့ ကွယ်လွန်ခဲ့ပါတယ်။
ဒေါ်စုအနေနဲ့ သူမရဲ့မိသားစုကို မြန်မာပြည်ကနေသွားပြီး တွေ့ချင်ပေမယ့်လည်း၊ မြန်မာပြည်ကထွက်ခွာပြီးရင်
စစ်အစိုးရ ပြန်ပြီးဝင်ခွင့်ပေးမှာ မဟုတ်တဲ့အတွက် မိသားစုနဲ့ တွေ့ဆုံနိုင်ခြင်းမရှိခဲ့ပါဘူး။
ဒေါ်အောင်ဆန်းစုကြည်ရဲ့ မိသားစုဝင်တွေဟာ အလွန်စည်းကမ်းကြီးပြီး တိတ်ဆိတ်စွာနေခဲ့ပါတယ်၊ သတင်းဌာနတွေကို
ပြောဆိုမှုမရှိခဲ့ပါဘူးလို့ အေပီသတင်းဌာနကဖေါ် ပြထားပါတယ်။
http://hosted.ap.org/dynamic/stories/A/AS_MYANMAR_SUU_KYIS_SON?SECTION=HOME&SITE=AP&TEMPLATE=DEFAULT

I pray for them to meet with each other ( Aunty Su and her son ) very soon. Brutal dictator Than Shwe will suffer back sooner or later.
Aunty Suu sacrifice a lot for her country. She even sacrificed her family. No wonder that she is a leader of our people. Proud to have a leader like her. Shame to have dictator like Than Shwe.
လေးစားပါတယ် သူု့၇ဲ့ခင်ပွန်းထက် သူ၇ဲ့သားတွေထက် အမေ( ဒေါ်အောင်ဆန်းစုကြည် )ကို ပိုပြီးလေးစားမိပါတယ်..အမြဲဦးညွတ်လျှက်ပါ…………
ဒေါ်စု သားနှစ်ယောက်မှာ မိခင်ကို စိတ်မနာခဲ့တာတော့ ဖခင်ရဲ့ ဆုံးမမှု့ ကောင်းတယ်လို့ဘဲဆိုရမှာဘဲ။ ကျွန်တော်သာ ဒေါ်စု သားနေရာမှာဆို ငါတို့ထက် မြန်မာပြန်ကို ပိုချစ်တယ်ဆိုပြီး စိတ်နာမိကောင်း စိတ်နာမိနိုင်တယ်။
We shall have to pray to meet his mother-Daw Su & Peoples.