
Unforgiven(1992) ဇတ်ကားဖြင့် အကောင်းဆုံးဇာတ်ကားဆု၊အကောင်းဆုံးသရုပ်ဆောင်ဆု၊
အကောင်းဆုံး ဒါရိုက်တာ ဆုများ ရရှိခဲ့သည့် ပြင် Mystic River, Million Dollar Baby,
Letter From Iwo Jima ဇတ်ကားတို့ ဖြင့် အော်စကာ ဆု နှင့် ရွှေကမ္ဘာ လုံးဆုများ ရရှိခဲ့သည့်
ဒါရိုက်တာနှင့်သရုပ်ဆောင် ကလင့်အိတ်(စ)၀ုဒ် Here after ဇာတ်ကား တွင် မြန်မာ ပန်းချီဆရာ
မင်းဝေအောင် ၏ နံနက်ခင်း ဆွမ်းခံကြွှချိန် ပန်းချီကား ကို အဓိက နေရာမှထည့် သွင်း အသုံး ပြုထားသည်။
Hereafter ဇာတ်ကားသည် သေပြီးနောက် အခြားဘ၀ တစ်ခု သို့ မကူးပြောင်းသေးခင် အချိန်တွင်
မိမိချစ်ခင်နှစ်သက်သူများ နှင့် ဆက်သွယ် နိုင်ရန် အားထုတ်မှုများ နှင့် ထိုအဖြစ်အပျက်များ နှင့်
သက်ဆိုင်နေသည့်ပြင်သစ် သတင်းဌာန မှ သတင်းတင်ဆက်သူ မေရီ လီလေ စုနမိ အတွေ့ အကြုံကိုအနု
ရသမြောက်စွာ ရိုက်ကူးတင်ဆက်ထားခြင်းဖြစ်သည်။

ထိုဇာတ်ကားတွင် မတ်ဒေမွန်က စက်ရုံ အလုပ်သမား နှင့် အကြားအမြင်ရ ဆရာ ဂျော့လိုဂန် အဖြစ်သရုပ်
ဆောင်ထားသည်။ ပြင်သစ်မင်းသမီး ဆစ်စလီ ဒီ ဖရန့် က မူ ပြင်သစ် ရုပ်သံ သတင်း ဌာန
မှ အစီအစဉ် တင်ဆက်သူ နှင့် စာရေး ဆရာမ တစ်ဦး အဖြစ် သရုပ်ဆောင်ထားသည်။
ထိုဇာတ်ကားတွင် ဇာတ်၏ အဓိက သင်္ကေတ (Symbolism and Metaphor) အဖြစ် ပန်းချီ မင်းဝေအောင်၏
နံနက်ခင်းဆွမ်းခံ ထွက်ချိန် ပန်းချီကား ကို နှစ်ကြိမ်တိုင် အသားပေး အသုံးပြုသွား
ခဲ့သည်။ ထိုဇာတ်ကားတွင် အခြား ပြင်သစ် ပန်းချီကားများ လည်း ပါဝင်ပြီး မြန်မာ ပန်းချီဆရာ မင်းဝေ
အောင်၏ ပန်းချီကားမှာ ဇာတ်ကား ပြီးဆုံးရန် ၂၀ မိနစ် အလို ပြင်သစ် သတင်းထောက် မေရီက သူမ၏
စုနမိ အတွေ့ အကြုံ စာအုပ်ကို Hereafter နာမည် ထုတ်ဝေပြီး London Book Fair တွင် ပရိသတ် အား
လက်မှတ် ထိုးမပေးခင် အချိန် နှင့် လက်မှတ် ထိုးပြီး နောက် ဟိုတယ် သို့ ပြန်လာတွင် ဟိုတယ်မှ ပန်း
ချီကား အဖြစ် ထည့် သွင်း အသုံးပြုထားသည်။
ကလင့်အိတ်(စ) ၀ုဒ် သည် ရုပ်ရှင်ဇာတ်ကားများ ရိုက်ကူး ရာတွင် သရုပ်ဆောင် သောက်မည့် စီးကရက်
အမျိုးအစား ကို ပင် ဇတ်လမ်းသဘော နှင့် အကြုံးဝင်မ၀င် စီစစ် သူဖြစ်သည်။၎င်းသည် နာမည်ကျော်
ဒါရိုက်တာကြီး ဆာဂျီယို လီယွန် ၏ The Good The Bad The Ugly, A Few Dollar More, A Fist Full of Dollar
ဇာတ်ကားများ တွင် သရုပ်ဆောင် ခဲ့သူ ဖြစ်ပြီး ဒါရိုက်တာ အဖြစ်ရိုက်ကူးခဲ့သည့် Mystic River, Changeling,
Grand Torino, Invictus ဇာတ်ကားများ မှာ လည်း လူကြိုက်များသည်။
ယခင်က မြန်မာ ပန်းချီဆရာ ပေါ်ဦးသက် ၏ ပန်းချီကား တစ်ခု ကို ဂျက်ကီချန်း၏ ဇာတ်ကား တစ်ခု
တွင် ထည့်သွင်း အသုံးပြုခဲ့သည်။

ဂျက်ကီချန်းကားနာမည် လေး ပြောပြပါလား