ခောတ်သစ်မြန်မာ့ သမိုင်းအား အဖြစ်မှန် များ မှ သွေဖည် ရိုက်ကူးခဲ့သည့် စစ်အစိုးရ ၀ါဒဖြန့် ချိရေး
ရုပ်ရှင်အတတ်ပညာရှင် တစ်ဦး ဖြစ်သည့် ဒါရိုက်တာ တင်သန်းဦး သည် ယနေ့ နေ့ လည် ၂ နာရီအချိန်
ခန့် တွင် ရန်ကုန် မြို့ မင်္ဂလာဒုံ စစ်ဆးရုံ တွင် ကွယ်လွန် ခဲ့သည် ဟု သတင်းရရှိသည်။
၎င်းရိုက်ကူး ခဲ့သည့် ၀ါဒဖြန့် ချိရေး ဇာတ်ကားမှာ သမိုင်းဆိုင်ရာ အချက် အလက်များ လွှဲပြောင်း ရိုက်ကူး
ထားသည် ဆိုသည့် အချက် ကြောင့် ပြည်တွင်း၊ပြည်ပ ရောက်မြန်မာ များ က ပြစ်တင်ဝေဖန် ခဲ့ကြသည်။
ထိုဇာတ်ကားတွင် ပါဝင်သည့် အဆိုတော် ၀ိုင်းစုခိုင်းသိန်း မှာ အမေရိကန် နိုင်ငံ ဖျော်ဖြေရေး ခရီးစဉ်အတွင်း
အမေရိကန် အစိုးရ၏ ရာသက်ပန် ဗီဇာ ပိတ်ခြင်း ကို ခံခဲ့ရသည်။၎င်း ဇာတ်ကား ၏ အဓိက သရုပ်ဆောင် ဖြစ်
သူ ခိုင်သင်းကြည် မှာ လည်း ပရိသတ် ၏ ပြစ်တင်ဝေဖန်မှု နှင့် ကန့် ကွက်စာများ ရရှိခဲ့သည် ဟု သိရသည်။
ဒါရိုက်တာ တင်သန်းဦး သည် အရုဏ်ဦးတွင် ဖူးသည့် ကြာဇာတ် ကား ၏ ဒုတိယ ပိုင်း ကိုစစ်အစိုးရ၏
တာဝန်ပေး ချက် အရ ဆက်လက်ရိုက်ကူး ရန် စီစဉ် နေချိန် တွင် ကွယ် လွန် သွားခြင်း ဖြစ်သည်။
၎င်း ထပ်မံရိုက် ကူး မည့် ဇာတ်ကားတွင် ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး နောက်ပိုင်း မှ ယခုရွေး
ကောပွဲ ပြီးချိန် ကာလ ထိ ကို အခြေခံ ထားသည် ဟု သိရသည်။
