ထပ်မံ ရိုက်ကူးမည့် လင်း နို့ လူသား (Batman ) ဇာတ်
လမ်းတွဲ တစ်ခုဖြစ်သည့် The Dark Knight
Rise တွင် မြန်မာ လူမျိုး တို့ ၏ တုတ်ပြီး၊ ဓားပြီး ကိုယ်ခံ
အစွမ်းများ ထပ်မံ ထည့် သွင်း ရိုက်ကူးမည် ဟု
FNG မှ သတင်း ရရှိသည်။
၂၀၀၈ ခုနှစ် က ဒါရိုက်တာ ခရစ္စတို ဖာနိုလန် ရိုက်
ကူးခဲ့သည့် Bat Man ဇာတ်လမ်းတွဲ တစ်ခုဖြစ်သည့်
The Dark Knight တွင် ဘရုစ်ဝိန်း(Bat Man)၏
အကြံပေး ပညာရှင် တစ်ဦး ဖြစ်သည့် အယ်(လ)
ဖရက်(ဒ) ပိုင်နီဝါတ် က သူသည် မြန်မာ နိုင်ငံဉ်
သွားရောက် အလုပ်ခဲ့ဖူး ပြီး ကျောက်မျက်ရတနာ
များ ရရှိခဲ့သော် လည်း မျက်နှာဖုံး စွပ် ဓားပြ များ
လုယက် သွား သောကြောင့် ဆုံးရှုံး ခဲ့ရသည် ဟု
ပါရှိ ခဲ့သည်။
ထိုဇာတ်ဝင်ခန်းတွင် အယ်(လ)ဖရက်(ဒ)က ဘရုစ်ဝိန်း အား ” A long time ag0 , I was in Burma
ဟိုဆိုကာ အစချီပြောသွား ခဲ့သည်။ (ဇာတ်ကား ၏ ၄၈ မိနစ်တွင် )
The Dark Knight Rise ဇာတ်လမ်းတွဲ ကို ၂၀၁၁ ခုနှစ် ဇွန်လတွင် စတင်ရိုက်ကူး မည်ဖြစ်ပြီး
၂၀၁၂ ခုနှစ် ဇူလိုင် လတွင် ရုံတင် ပြသမည် ဖြစ်သည်။
ဒါရိုက်တာ ခရစ္စတို ဖာ နိုလန် ရိုက်ကူး ခဲ့ သမျှ ဇာတ်ကား များ ထဲတွင် အရှေ့ တိုင်း အယူအဆ များ
ပါဝင်ပြီး နောက်ဆုံး ရိုက်ကူး ခဲ့သည့် Inception ဇာတ်ကားတွင် လည်း အိန္ဒိယ အယူ အဆ အိပ်မက်
နိမတ် ကောက်ယူ ပုံ များ ပါဝင်ခဲ့သည်။

“ကိုယ်လုံ” ပညာလောက်တော့ လုပ်လိုက်ပါ။