
သီရိထက်၊ ၊စစ်အစိုးရက ကျောထောက်နောက်ခံ ပေးပြီး သည့် ကြံ့ဖွံ့ ပါတီ သည် အာဏာရရှိ
လာလျှင် ဇာတိပြလာမည် ဖြစ်ကြောင်း ဂျော့ဝါရှင်တန် တက္ကသိုလ် မှာ ခေတ်သစ်သမိုင်း ပါမောက္ခ တစ်ဦးဖြစ်သူ ဂျဖ်
ဘရီရောဖ် က FNG သို့ ပြောသည်။ နိုင်ငံရေးခံယူချက် များ ၊ ရည်မှန်း ချက် နှင့် အယူအဆ များ ဖြင့်
သန္ဓေတည် လာခြင်း မဟုတ်ပဲအုပ်စုလိုက် ရမ်းကားခြင်း (Mobster) ပုံစံ ဖြင့် မွေးဖွား လာခြင်း ကြောင့်
နိုင်ငံအတွက် ပါ အန္တရာယ်ာရှိ လာ နိုင်သည် ဟု ပါမေက္ခက သုံးသပ်သည်။
ကြံ့ဖွံ့ ပါတီ သည် အာဏာရ ပါတီ ဖြစ်လာပါက လက်နက် များ စုဆောင်း မှု ပြု လာ နိုင်ပြီး ၎င်းတို့ ၏ လက်မရွံ့ 
အဖွဲ့ အစည်းများ မှ တစ်ဆင့် နိုင်ငံရေး လုပ်ကြံမှု နှင့် စစ်တပ် ကို အံတုစိန် ခေါ် လာမှု ၊အရပ် သား များ ကို
ခြိမ်းခြောက် ဖိနှိပ် မှု များ သတ်ဖြတ်မှုများ ဖြစ် လာ နိုင် သည် ဟု သူက သုံးသပ် သည်။
ကြံ့ဖွံ့ သည် ၁၉၇၀ ပြည့် အလွန်များ တွင် အရှေ့ ဥရောပ နှင့် အာရပ် နိုင်ငံများ မှ အာဏာရ ပါတီ
ကျောထောက် နောက်ခံပြု အဖွဲ့ အစည်းများ ကဲ့သို့ ပင် ပေါ်ပေါက်လာပြီး အကြမ်းဖက် လုပ်ငန်းများ တွင်
ကိုယ်တိုင် ပါဝင်ပတ်သက်မှု ရှိခဲ့သည်။ ကြံ့ဖွံ့ သည် အီရတ် အာာရှင် ဟောင်း ဆက်ဒမ် ဟူစိန် ၏ ဘာတ်ပါ
တီ နှင့် ဆင်တူသည် ဟု ဂျဖ်ဘရီရောဖ် က သုံးသပ် ပြီး ထိုပါတီ များ ဖြစ်သည့် ဂိုလ်ကာ နှင့် ဘာတ်ပါတီ
တို့ သည် တာရှည် မခံ ပဲ ချုပ်ငြိမ်း ရသည် ဟု ဆိုသည်။
ကြံ့ဖွံ့  သည် ရွေးကောက် ပွဲ အတွက် မဲ ဆွယ်ရာ တွင် လည်း ပြိုင် ဘက် ပါတီ များ ကို ခြိမ်းခြောက်မှုများ
ရှိသည်။

သိပ်တော့ မထင်ပါဘူး။ အားလုံးကဒီလိုပဲပြောနေ ကြတာပါပဲ။ဒီအဖွဲ့ အစည်းကိုဘယ်သူက လွန်ဆန်ရဲမှာမို့  လို့ လဲ။ပြောကြပါ ဦးဘောတာတို့ ၊။