Fighting on Thai-Myanmar border spills over into Thailand
လက်နက် ကြိးများ ထိုင်း နိုင်ငံထဲ ထပ်မံကျရောက် လျှင် မြန်မာ နိုင်ငံဘက်သို့ ပြန်လည်ပစ်
ခတ်ရမည် ဟု ထိုင်း စစ်တိုင်းမှုး အမိန့် ပေး


နေ့ လည် ၁း၁၀ ထိုင်းလူမျိုးသုံး ဦး လက်နက်ကြီး ကျဉ်ထိ မှန် မှု ကြောင့် ပြင်းထန် စွာ ဒဏ်ရာရ
“The Thai army will retaliate with heavy weapons if the situation is out of control and affect Thai people,”
Col Supachoke said.
နေ့ လည် ၁း၀၀ ထိုင်း ပြည်သူများ ထိမှန် မှု ကြောင့် ထိုင်း အမှတ် ၅ ခြေမြန်တပ်ရင်းမှ ဆူပါချော့ကီ သာဝတ် ပီရာချိုင်း နှင့်
အဖွဲ့ လာရောက် တပ်ဆွဲ
၁၁း၀၀ မြ၀တီ မြို့ တွင်း တိုက်ပွဲ များ ပိုမိုပြင်းထန် လာ နေပြည်တော် မှ ဓာတု လက်နက် တင်ဆောင် လာသည့်
ရဟတ် ယာဉ် မြ၀တီ မြို့ သို့ ရောက် ရှိ ဟု ထိုင်း ထောက်လှမ်းရေး အရာရှိ တစ်ဦးက FNG သို့ ပြော
၁၀း၄၅ မြ၀တီမှာ ယောက်ကျားတွေအားလုံးပြေးရပြီ စစ်တပ်က ပေါ်တာအတွက် လိုက်လံဖမ်းဆီးနေ
နံနက် ၁၀း၃၅ ဒီကေဘီအေ တပ်ဖွဲ့ ဝင်လေးဦး မဲဆောက်ဆေးရုံရောက်-မြ၀တီ ခယက ဥက္ကဌ အား DKBA အဖွဲ့ ဝင်များ
ဖမ်းဆီးထား (မြ၀တီ – ကော့ကရိတ် ကားလမ်း ရှိ တံတားများကို ချိုး ပြီး စစ်တပ် က ဆုတ်ခွာ)
Updated နံနက် ၁၀း၃၀ မြ၀တီ-မဲဆောက် နှစ်မြို့ လုံး မှ စာသင်ကျောင်းများ စီးပွားရေး လုပ်ငန်းများ ရပ်ဆိုင်း
ထိုင်-မြန်မာ နယ်စပ် ကရင် ပြည်နယ် မြ၀တီ မြို့ အား DKBA ဗိုလ်မှုး ချုပ် စောလားပွယ် (နှုတ်ခမ်းမွေး) ၏တပ်များ
က ၀င်ရောက်သိမ်းပိုက် မှု ကြောင်း ယနေ့ မနက် ၉း၃၀ အချိန် တွင် နှစ်ဖက် တပ်များ အပြန်အလှန် ပစ်ခတ်မှု
များ ဖြစ်ပွားရာ မြ၀တီ မြို့ မှာ လက်နက်ကြီး ကျဉ် ပေါက်ကွဲ သံများ ၊သေနတ် ပစ်ခတ် သံများ ဖြင့် ဆူညံနေပြီး
သင်္ကန်းညီနောင် တွင် မူ နအဖ စစ်တပ် က အပြစ်မဲ့ ပြည်သူများ ကို ဓားစားခံ လုပ်ထား သည် ဟု သိရှိရသည်။
ထိုင်း-မြန်မာ နယ်စပ် အတွင်း မြ၀တီ မြို့ တွင်း ရောက်ရှိနေသည့် နိုင်ငံခြား သတင်းထောက် တစ်ဦးနှင့်
FNG က တနင်္လာနေ့  နံနက် ၁၀း၃၀ မိနစ် တွင် ဆက်သွယ်ရာဉ် လက်နက်ကြီး အလုံး လေးဆယ် နှင့်
မနည်း ကျရောက် ပေါက်ကွဲ ခဲ့သည် ဟု သိရသည်။ မြ၀တီ မြို့ တွင်းအပြန် အလှန် ပစ်ခတ်သံများ ကို
ထိုင်း နိုင်ငံ မဲဆောက် မြို့ မှ ကြားနေရပြီး ထိုင်း စစ်တပ် ကလည်း နယ်စပ် တစ်လျှောက် လုံခြုံရေး တိုးမြင့်
ထားသည်။



Thanks for your true and fresh information.
Pls send to my mail a/c,regarding Burma News.
As I am staying abroad and far away from my family.
Tks.
မြ၀တီမြို့ မှာ နအဖအား တိုက်ပွဲဆင်နေတဲ့  တိုက်ပွဲဟာ ဆက်လက်ဖြစ်ပွားနေဆဲ ဖြစ်ပါတယ်။ နအဖဘက်မှ အထိနာနေတာကြောင့် လေကြောင်းနဲ့  မတရားလုပ်ဖို့  စီစဉ်နေကြောင်း သိရှိရပါတယ်။ http://niknayman.cbox.ws/