၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲ တိုက်ရိုက် တင်ဆက်မှု
မြန်မာရွေးကောက်ပွဲ အား ရိုက်တာ သတင်းဌာန မှ တိုက်ရိုက်ထုတ်လွှင့်မှု အား ဤနေရာတွင် ကလစ်နှိပ်၍ကြည့်ရှု နိုင်သည်
ည ၁၂း၀၀ NDF ပြည်သူ့လွှတ်တော် မြောက်ဥက္ကလာပမဲဆန္ဒနယ်၌ ဒေါက်တာသန်းဝင်းက လည်းကောင်း၊ ရန်ကုန်တိုင်း အမျိုးသားလွှတ်တော် မဲဆန္ဒနယ် အမှတ် (၁) တွင် NDF ပါတီ ဒေါ်ခင်ဝိုင်းကြည် ကလည်းကောင်း၊ မြောက်ဥက္ကလာပ တိုင်းဒေသကြီးလွှတ်တော် နှစ်နေရာတွင် ဦးသက်ထွန်းမောင်နှင့် ဦးအောင်ဆန်းဝင်းတို့ နှစ်ဦးစလုံး အနိုင်ရရှိ။
ဒေါက်တာသန်းဝင်းမှာ ၁၉၉၀ ရွေးကောက်ပွဲတွင်လည်း အရွေးချယ်ခံခဲ့ ပြည့်သူ့ လွှတ်တော် ကိုယ်စားလှယ် လောင်းလဲ ဖြစ်သည်။
ည၁၀း၄၅ တာမွေ တွင် ကြံ့ဖွံ့ အမတ် ဒေါ်လဲ့လဲ့ ၀င်းဆွေ ရှုံး နိမ့်
ည ၁၀း၃၀
ပုဇွန် တောင် တွင် NDF အမတ် ဦးအောင်ဇင် အနိုင်ရရှိ
မဲလိမ်မှု များ အတွက် မကျေမနပ် ရင်ဖွင့်သံများ
ည ၈း၀၀ နာရီ ကြံ့ဖွံ့  ခွက်ခွက် လန်အောင် ရှုံးနေ
ကာတွန်း အော်ပီကျယ် ၏ လက်ရာ တစ်ခု
ညနေ ရး၀၀ ရန်ကင်း နှင့် လှိုင်မြို့ နယ်တွင် လည်း NDF အနိုင်ရရှိ ၊တောင်ဥက္ကလာ အခြေအနေ မသိရသေး
ညနေ ၆း၀၀
ပဲခူးတိုင်း ဝေါ နှင့် ရန်ကုန် တိုင်း လသာ တွင် NDF အနိုင်ရရှိ…မိုးကုတ် တွင် လည်း NDF အနိုင်ရရှိ
ညနေ ၄း၀၀ မဲရေတွက်မှု များ စတင် ရန်ကုန် မြို့ နှင့် နယ်မြို့ အချို့ တွင် NDF အနိုင်ရဖွယ်ရှိ
မွန်းတည့် ၁၂း၃၀
ယနေ့ မနက် ထိုင်းမြန်မာနယ်စပ် တံတားအောက်မှ  ဘောကွင်းဖြစ်
မြ၀တီကို ကူးပြီး ၀င်ရောက်သတင်းရယူသူဂျပန်နိုင်ငံသား တိုနီမက်ဆာမိုတို အသက် ၄၉ နှစ်
ဘောပင်ဗွီဒီယိုကင်မ၇ာတချောင်း၊ မြန်မာဖုန်းတလုံး၊ ထိုင်းဖုန်းတလုံး ၊ နှင့် APF သတင်းဌာန ကဒ်ပြား
နှင့် passportတို့ နှင့်အတူ ဖမ်းစီးခံရပြီး နောက်  မြ၀တီ ရဲစခန်းမှ စစ်ဆေးမေးမြန်းရန်အတွက် ဖမ်းဆီးထား
မဲရုံမှုး များ နှင့် ပြဿနာ ဖြစ်
နံနနက် ၁၁း၀၀ ကမ္ဘာ့ ရွေးကောက် ပွဲ သမိုင်း ဉ် မြန်မာ ရွေးကောက် ပွဲသည် မဲပေးသူ အနည်းဆုံးဖြင့်စံချိန်တင်
နံနက် ၁၀:၀၀  မြန်မာ ပြည်သူ လူထု ၏ ဆယ်ပုံ တစ်ပုံ သာ မဲပေးသည် ဟု ယူဆရ
နံနက် ၁၀း၀၀ ကြံ့ဖွံ့ မဲ ခိုး သဖြင့် အင်းစိန် မဲဆန္ဒ နယ်  ၁ တွင် မဲပေးသူ နှင့် အခြေအတင် ဖြစ်
နံနက် ၉း၄၈ မန္တလေး ဘက်က မဲသွားပြီးပေးခဲ့တဲ့သူတွေအများစုက ကြံဖွတ်ပါတီကလွဲရင်
မဲစာရွက်ထဲပါတဲ့ကျန်တဲ့သူတွေအားလုံး ပေးခဲ့ပြီး ပယ်မယ်ဖြစ်အောင်လုပ်ခဲ့ကြတယ်
နံနက် ၉း၄၂ တောင်ဥက္ကလာ တွင် အောင်သိန်းလင်း ကို သူကြံ့ဖွံ့ အဖွဲ့ ဝင်များ ကပင် မဲမပေးဘဲ
နိုင်ငံရေး အကျဉ်းသား ဟောင်း ကို ကောင်းမြင့်ထွဋ် ကို မဲပေး
နံနက် ၉း၃၀ ကြံ့ဖွံ့ က နယ်မြို့ များ တွင် မဲ ညစ်မှု များ ၊ မဲမပေးသူများ ကို လူစား ထိုးပေးသည် မဲလိမ်
မှု များ ရှိနေ
နံနက် ၈း၃၀
သင်္ဃန်း ကျွန်း နှင့် သုဝဏ္ဏတွင် မဲရုံ သို့ သွားရောက် ပြီး မဲပေးမည် သူများ မရှိ ဖြစ်နေ
နံနက် ၈း၁၅ အင်တာနက် အီးမေး ဆက်သွယ်မှု စနစ် တစ်ခု ဖြစ်သည့် ဂျီမေး ၊ဂျီတော့ခ် များ ပြတ်
တောက်
နံနက် ၈း၁၀
တာမွေ ကြံ့ဖွံ့ လွှတ်တော် အမတ် ဒေါ် လဲ့လဲ့ဝင်းဆွေ သတိပဌာန် မဲရုံ သို့  ဖင်တု အပြင် ဆီလီ
ကွန် ရင်သား အတု ပါ တပ်ပြီး ရောက် ရှိလာ ။သူမ အား သတင်း ထောက် များ က ဓာတ်ပုံ ရိုက် ရာ ဟော
လိဝုဒ် မင်းသမီး များ ကဲ့သို့  တင် လေး လှည့် ပြီး အိုက်တင် ပေး
နံနက် ၈း၀၀ ကြံ့ဖွံ့  များ မဲ ရုံ အနီး တွင် အပေါစား မျက်မှန် အနက်ကြီး များ တပ် ပြီး လမ်းဘေး လူမိုက်
စတိုင် ဖမ်းနေသောကြောင့် ပြည်သူများ မဲ ရုံ သို့   မသွား ရဲ
မြန်မာ အချိန် နံနက် ၇း၃၀ မြောက်ဥက္ကလာ နှင့် တောင်ဥက္ကလာ တွင် မဲ ရုံ မသွား မနေ ရ ဟု
အာဏာပိုင်များ က တစ်အိမ် တက်ဆင်းလိုက် လံ နှိုးဆော်။
နံနက်  ၇း၂၀ …ရန်ကင်း တွင် ပြည်သူများက နံနက် အိပ်နေပါက လော်စပီကာ အစုတ်ဖြင့် သီချင်း အကျယ်
ကြီး ဖွင့် ပြီး အာဏာ ပိုင်များ က နှိုး
မြန်မာ အချိန် နံနက် ၇း၁၅ ရန်ကုန် မြို့ ထဲ တွင် ရဲကား ၊ စစ်ကား များ သာ မက သံချပ် ကာ ကားများ
ပါ လှည့်လည် အင်အားပြ
မြန်မာ နိုင်ငံ ဆိုင်ရာ ဗြိတိန် သံအမတ် အင်ဒရူး ဟိုင်မှ မြန်မာ့ ရွေးကောက် ပွဲ သည် လွတ်လပ်မည် မဟုတ်ကြောင်း ဘန်ကောက် သတင်းစာ ရှင်း လင်းပွဲ ဉ် ပြောကြားနေစဉ်
တနင်္ဂနွေ နေ့ မနက် ရန်ကုန် မဲရုံများ
မဲရုံ အချို့ တွင် မသမာ မှု များ ရှိနေသည် ဆိုသည့် ရန်ကုန် မဲပေးပွဲ မြင်ကွင်း တစ်ခု
2 thoughts on “၂၀၁၀ နိုဝင်ဘာ ၇ ရွေးကောက်ပွဲ တိုက်ရိုက် တင်ဆက်မှု
  1. ယနေ့ 7-11-2010 မဲထည့်တဲ့နေ့ မှာ နံနက် 9:00 လောက် မေမြို့  မဲရုံ 6 မှာ လူတယောက်ထဲကနေ မဲ 10 ရွက်ကို တပြိုင်တည်း ထည့်သွားခဲ့ပါတယ်။ မဲရုံ တာဝန် ခံတွေကလည်း ဘာမှ မပြောပါဘူး။ မဲ ပေးဖို့ မှတ်ပုံတင် လိုတာကိုလည်း မဲပေးတဲ့ သူတွေ ကို မှတ်ပုံတင် စစ်တာတို့ ဘာတို့ ဘာမှ မလုပ်ပါဘူး။ အဲလိုဆိုတော့ ကိုယ်စားမဲပေးလို့ ရတာပေါ့။ လမ်းခရီး မှာတောင် ခရီးသွားတွေကို မှတ်ပုံတင်စစ်။ ဒဏ်ရိုက် လုပ်နေတာ အခု အရေးကြီးတဲ့ နေရာမှာ ဘာလို့ မစစ်တာလဲ မသိဘူး။
    မလိုလို့ ထင်ပါတယ်။ အခုတော့ လူတယောက်ထဲကနေ မဲ တွေ အများကြီး ထည့်သွားတော့ အခု မဲ ရွေးပွဲကြီးဟာ အတော့်ကို ဆိုးပါတယ်။ ၀န်ထမ်းတွေကိုလည်း အကြို မဲတွေ ထည့်ခိုင်းတယ်။ မဲထည့်တဲ့ စာအိတ်က ကိုယ်တိုင် ချိတ်ပိတ်လို့ ရတာမဟုတ်ဘူး။ ဖွင့်လျှက် ပေးရတာ။ အဲလိုဆိုတော့ မဲ စာရွက်တွေကို ပြောင်းထည့်နိုင်တာပေါ့။ တကယ့်ကို စိတ်ကုန်ဖို့ ကောင်းပါတယ်။
    ပြည်သူကလည်း မဲထည့်ဖို့ကို လုံးဝ စိတ်ဝင်စားခြင်းမရှိပါဘူး။ အခု မေမြို့ မှာဆို မဲထည့်စရာက ကြံဖွတ်နဲ့ မဆလ နံမည်ပြောင်း ပါတီ 2 ခုပဲ ရှိတာ ဘာကို သွားပေးရမလဲ။ ဘယ်သူ့ကိုမှ မပေးချင်ဘူး။ တကယ်တော့ လူတွေကို လိုက် ဒုက္ခပေးနေတာ ပြီးတော့ သူတို့ပဲ တက်မှာပဲကိုနော်………လုပ်ဇာတ် မဲရွေးပွဲ ကြီးပါ…..မြန်မာ့သမိုင်းမှာ ဒင်းတို့နဲ့ အမဲ စက်ပေါင်း များပြီ…
Comments are closed.