နအဖ ၏ ကြိုတင်ကြံစည် မဲမသမာမှု များကြောင့် နိုင်ငံရေး ပါတီ များ နှင့် ပြည်သူတို့ လမ်းပေါ်ထွက်တော့ မည်

မဲပေးရန် လာသူများ ကို ကြံ့ဖွံ့ က ခြိမ်းခြောက်မဲပေးခိုင်းမှု များ ရှိသည်

ဟိန်းခိုင်ထွန်း ၊          ၊စစ်အာဏာရှင် က ကျောထောက်နောက်ခံပေး ထားသည့် အကြမ်းဖက်
အဖွဲ့ အစည်း တစ်ခုဖြစ်သော ကြံ့ဖွံ့ အဖွဲ့ က နိုဝင်ဘာလ ၇ ရက်နေ့ က ကျင်းပ ခဲ့သည့် ရွေးကောက်ပွဲ
တွင် နည်းမျိုး စုံ နှင့် မဲ မသမာ မှု များ သုံးခဲ့ မှု များ ကြောင့် ပြိုင်ဘက် ပါတီ ကိုယ်စားလှယ် လောင်း
များ ရှုံး နိမ့် ခဲ့ရသည်ဟု ရန်ကုန် မြို့ မှ မဲ ရုံ မှုး တစ်ဦးက Freedom News Group သို့ ပြောသည်။

နေပြည်တော်မှာ ပြိုင်ဘက် မရှိ ကြံ့ဖွံ့ နိုင်မဲ ရုံ တစ်ခု

တောင်ဥက္ကလာ တွင် ပြည်သူများက သာမက ရပ်ကွက် အာဏာပိုင် အဖွဲ့ အစည်းများကပါ ကြံ့ဖွံ့ အောင်
သိန်း လင်း ကို မဲမပေး ပါလျှက် နှင့် ကြံ့ဖွံ့ အောင်သိန်း လင်း အနိုင်ရရှိသည် အတွက် လည်း မဲဆန္ဒရှင်
ပြည်သူများ က မကျေမနပ် ဖြစ်နေကြသည်။

ကမာရွတ် နှင့် မရမ်း ကုန်းမြို့ နယ် များ တွင် မူ မဲရေတွက် မှုအပြီး အမျိုးသား ဒီမိုကရေစီ အင်အားစု
(NDF) က အနိုင်ရရှိ သော် လည်း ကြိုတင် မဲများ နှင့် ပေါင်း လိုက်သည့် အခါ ကြံ့ဖွံ့ က အနိုင်ရရှိသည်
ဟု မရိုးမသား လုပ်ခဲ့သည်။

NDF ပါတီ မဲဆွယ်စဉ်က

မင်္ဂလာဒုံ တွင် မဲပေးပိုင် ခွင့် မရှိ သူများ အား မဲပေးသည့် ရက်မှာ ထပ်မံ ကြိုတင် ကြေငြာသကဲ့သို့ ၊
သင်္ဃန်း ကျွန်းတွင် မဲလာရောက် ပေး သူများ မှာ လည်း ၎င်း တို့ ၏ နာမည် ကြိုတင် မဲ စာရင်းထဲတွင်
ပါဝင်နေသောကြောင့် မဲပေး ခွင့်များ ဆုံးရှုံး ခဲ့သည် ဟု သိရသည်။

မင်္ဂလာ တောင်ညွန့် မြို့ နယ် မှ ၀င်ရောက် ယှဉ်ပြိုင် အရွေးခံသည့် ဦးသုဝေသည် လည်း
စက်ရုံများ မှ အစိုးရ၀န် ထမ်း များ ၏ ကြိုတင်မဲများ ဖြင့် အလုပ်သမား ၀န်ကြီး ဦးအောင်
ကြည်ကို ရှုံး နိမ့်သွား သည် ဟု သိရသည်။

ကြံ့ဖွံ့ ကို မဲလိမ် ၍ အနိုင်ယူခြင်းကြောင့် စစ်တပ်များ တွင် မဲပေးသည့် စစ်သားများ လည်း
ဒေါသ ထွက် ကာ အထက် အမိန့် မနာ ခံမှု များ ရှိသည် ဟု သိရသည်။

ကြံ့ဖွံ့ အနိုင်ရ လျှင် စစ်တပ် က ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ နှင့် အပေါင်းအပါ များ ကို သစ္စာ ခံ
တော့ မည် မဟုတ် ဟု သတင်း များ ထွက်ပေါ်နေသည်။

မြန်မာ့ ရွေးကောက် ပွဲ နှင့်  ပတ်သက် ပြီး အနောက် နိုင်ငံများ ကလည်း ဝေဖန် ကန့် ကွက်မှု
ပြုကြသလို ဂျပန် နှင့် သြစတေးလျှ နိုင်ငံများ က လည်း မြန်မာ့ ရွေးကောက်ပွဲ သည် လွတ်
လပ်တရား မျှ တမှု မရှိ ဟု ဆိုကြသည်။

တနင်္ဂနွေနေ့ က ရန်ကုန် မြို့ တွင် ဆန္ဒမဲ ပေးသူများ

အိန္ဒိယ နိုင်ငံသို့ ရောက် ရှိ နေသော သမ္မတ အိုဘားမား က လည်း မြန်မာ ရွေးကောက်ပွဲသည်
လွတ်လပ် ပြီး မျှ တမှု မရှိ သည့် ပြင် နိုင်ငံတကာ စံချိန် စံညွှန်း နှင့် မညီ ဟု ဝေဖန်ထားသည်။