Burmese Election Turns Violent
- နအဖ စစ်တပ်၏ ပေါ်တာဆွဲမှု ကြောင့် ထိုင်း နိုင်ငံ မဲဆောက် မြို့ သို့ တိမ်းရှောင်လာသည့် မြ၀တီ မြို့ မှ ဒုက္ခသည် များသည် နိုင်ငံတွင်းမှ နာဂစ်၊ဂီရိ သဘာဝဘေးဒုက္ခသည် များ ထက် ပိုမို သည့် နေထိုင်စားသောက်ရေး များ ကို ထိုင်းအစိုးရက ဖြည့်ဆည်းပေးထားသည်
အောင်မြင်၊ ၊ယမန်နေ့ ည၉နာရီထိ မြန်မာနိုင်ငံက ဒုက္ခသည်တွေဟာ နအဖစစ်အစိုးရဲ့ ရမ်းကားစွာ
လူနေအိမ်များကိုမီးတင်ရှို့ မှု၊ ပေါ်တာဆွဲမှုများကြောင့် ထိုင်းနိုင်ငံမဲဆောက်မြို့ ယာယီဒုက္ခသည်စခန်းသို့
ထွက်ပြေးလာနေကြဆဲလို့ FNG သတင်းထောက်များကသတင်းပေးပို့ ပါတယ်။
ဒီနေ့ မနက်မှာတော့ ထိုင်းနိုင်ငံယာယီဒုက္ခသည်စခန်းကို ထိုင်းနိုင်ငံ လူမှုရေ.အဖွဲ့အစည်းများ၊ မြန်မာလူမှုရေး
အဖွဲ့ များမှ လိုအပ်သည်များကို ကူညီဆောင်ရွက်ပေးနေကြပါတယ်။ မဲဆောက်မြို့တော်ဝန် ကသစ်ဆမ်က
မဲဆောက်မြို့ သူမြို့သားများကိုအရေးပေါ်လူအား၊ငွေအားတတ်နိုင်သည်များကိုကူညီကြရန်ပန်ကြားထား
ကြောင်းသိရပါတယ်။
မိုးကုတ်ဘုန်းတော်ကြီးအတွင်း သို့ နအဖစစ်တပ်မှ လက်နက်ကြီးဖြင့်ပစ်ခတ်ရာ လူ၂၀ခန့် သေဆုံးခဲ့ရပါတယ်။
တိုက်ပွဲမှာငြိသက်သွားပြီး ယနေ့မနက် ၆ နာရီခန့်တွင် မြ၀တီငှက်ပျောတောဘက်တွင် တိုက်ပွဲများပြင်းထန်နေပြီး
ဘား အံ့ အခြေစိုက် တပ်မ ၂၂ စစ်ကူရောက်နေပြီဟုသတင်းရရှိပါတယ်။ မြ၀တီ -မဲဆောက်ချစ်ကြည်ရေး
တံတားထိပ်ရှိ မြန်မာလူဝင်မှုကြီးကြပ်ရေးဂိတ်တဲကို လက်နက်ကြီးထိမှန်ပျက်စီးသွားပါတယ်။

အရပ်သားဆုံးမှုအမြောက်အများရှိကြောင်းပြောပြသော်လည်းအရေအတွက်ကိုတိတိကျမသိရသေးပါဘူး။
မနေ့က ကြံဖွတ်ပါတီအမတ်လောင်းဦးသက်နိုင်ရဲ့ အဖေ ခေါင်းမှာ သေနတ်ဒါဏ်ရာနဲ့ သေဆုံးကြောင်း၊
မြ၀တီ ( ၃ )ရပ်ကွက် မှုခင်းရှုထောင့် သတင်းအိမ်ကို လက်နက်ကြီးတိုက်ရိုက်ထိမှန်ပြီး ဦးသိန်းထွန်းသေ
ဆုံးသွားကြောင်းသတင်းရရှိပါတယ်။ DKBA နှင်နီးစပ်သော စီးပွားရေးသမား ၄ဦးကို နအဖစစ်တပ်မှ ပစ်သတ်ခဲ့ကြောင်းမျက်မြင်တွေ့ခဲသူတဦးကလည်းပြောပြပါတယ်။အတည်ပြုလို့မရသေးတဲ့ သတင်းကတော့
နယ်ခြား ၃ဂိတ်လို့ခေါ်ကြတဲ့ အင်ကြင်းမြိုင်မှာ စစ်ကူ ထပ်ရောက်လာတဲ့ နအဖစစ်တပ် အမြောက်အများကျဆုံး
သွားတဲ့လို့ သိရပြီး DKBA ဘက်မှ ၄ ဦးကျဆုံးကြောင်းသိရပါတယ်။

