မြန်မာ့ ရွေးကောက်ပွဲ အလွန် ပြည်တွင်း စစ်ပွဲ

Post Election Civil War (LIVE)

၁၄း၂၀ DKBA တပ်များ မြ၀တီ မြို့ တွင်းမှ တဖြည်းဖြည်းချင်း အောင်မြင်စွာ ဆုတ်ခွာ

၁၄း၀၀ နေပြည်တော်မှ တံတားဖွင့်ပေးရန် အမိန့်မပေးသောကြောင့် ထိုင်းအာဏာပိုင်တို့တောင်းဆို
သော ဒုက္ခသည်များ တရားဝင်ချစ်ကြည်ရေးတံတားပေါ်မှပြန်လည်ပို့ဆောင်ရန် အခက်တွေ့။

ဘုရားသုံးဆူ ရှိ အစိုး ရ အဆောက် အဦ အား လုံး မီးရှို့ ဖျက်ဆီးခံရ ဘုရား
သုံး ဆူမှ စစ်တပ် ဗိုလ်မှုး  နှစ်ဦး နှင့် ရဲ မှုး နှစ်ဦးက DKBA ကဖမ်းဆီးထား

ရွေးကောက်ပွဲနေ့ ဖမ်းဆီးခံထားရသော ဂျပန်လူမျိုးသတင်းကို မည်သည့်နေရာရွှေ့ပြောင်းဖမ်းဆီး
ထားကြောင်းသတင်းကိုတော့စုံစမ်းလို့မရသေးပါဘူး။ထိုင်းစစ်သားတွေကတော့လုံခြုံရေးသတိနဲ့ရွေ့လျား
သွားလာနေကြပါတယ်။ဘရင်းကယ်ရီကားတွေ လည်းထိုင်းဘက်မှာနေရာယူထားပါတယ်။

မြ၀တီဘက်ကမ်းကနေ မိသားစုတွေ ကူးလာနေကြဆဲပါပဲသူတို့ကတော့ နအဖစစ်တပ်ဝင်နေပြီ စစ်ကားတွေမြို့ထဲကို ပတ်နေပြီးရှောင်ကြရန်ပြောကြောင်းသိရပါတယ်။

ဘုရား သုံးဆူ နှင့် မြ၀တီ အပါအ၀င် ထိုင်းတွင် မြန်မာ ဒုက္ခသည် သုံးသောင်းကျော်ရှိပြီး
ယနေ့ ညနေ အသုတ်လိုက် ခွဲပြီ ပြန်ပို့ နိုင်ရန် စီစဉ် နေပြီ ဖြစ်သည်။
ဒီနေ့ညနေမှာ မြ၀တီမြို့သို့ မိမိတို့ဆန္ဒအရပြန်ခွင့်ပြုရန်တောင်းဆိုလာသော ဒုက္ခသည် ၄၀၀၀ခန့် ကို ပြန်ပြီးပို့ရန်စီစဉ်နေဟုသိရ

12:23 AM မြန်မာအများစုမှာ ထိုင်းတာဝန်ရှိသူများရဲ့ ဧည့်ဝတ်ကျေစွာ စီစဉ်ပေးနေသော်လည်း၊ ဒုက္ခသည်စခန်းအပြင်သို့ ထွက်ခွင့် မရခြင်းအပေါ် ကို မိမိတို့အား ဖမ်းထားသည်ဟု တချို့ကထင်မြင်ပြီးပြန်ခွင့်တောင်းခြင်းဖြစ်သည်။
12:24 AM ယာယီဒုက္ခသည်စခန်းမှမဲဆောက်မြို့တွင်းသို့သွားရန်လမ်းတွင် သက်သေခံကဒ်ပြားမရှိသူများကို သွားရောက်ခွင့်မပြု
12:25 AM တပ်မဟာဂိတ်ဘက်တွင်လည်း ဒုက္ခသည် ထောင်နဲ့ချီပြီးရှိနေသောကြောင့် မဲဆောက်အလှူရှင်များသွားရောက်လှူနေကြကြောင်းသိရ။
12:28 AM စစ်ပြေးဒုက္ခသည်အချို့မှာ ယာယီဒုက္ခသည်စခန်းတွင်လည်းမနေ၊ မြ၀တီသို့ မပြန်လိုသေးကြဘဲ ထိုင်း- မြန်မာနယ်စပ်တလျောက်ရှိ ထိုင်းနိုင်ငံဘက်ခြမ်း တွင် နေထိုင်နေကြကြောင်းနှင့် မြ၀တီမြိုတွင်းမှ ကျန်သူများလည်း ထပ်ပြီးထွက်လာနေကြောင်းနောက်ဆုံးသတင်းရရှိသည်။
12:31 AM မြ၀တီမှာ ညနေ့နေ့လည်ပိုင်းထွက်လာသူများက ယာယီဒုက္ခသည်စခန်းအတွင်းသို့ ရောက်ရှိနေသော မိတ်ဆွေများကို နှုတ်ဆက်စကားမှာ ‘ဟဲ့ နင်တို့အိမ်က ရေခဲသေတ္တာမရှိတော့ဘူး၊ နင်တို့အိမ်တို့ အိမ်တော့ပြောင်ပြီ ဟု နှုတ်ဆက်စကားဆိုကြကြောင်း သိရသည်

မွန်း တည့် ၁၂း၁၂ ပဲခူး အခြေစိုက် တပ်ရင်း အချို့  မြ၀တီ တပ်များ ကို စစ်ကူပေးရန် ထွက် ခွာ
မွန်းတည့် ၁၂း၀၀
နာရီ ပဲခူးတွင် အခြေခံစား ကုန်များ လှောင် ထားမှု ကြောင့် ကုန်ဈေးနှုန်းများ တရိပ်ရိပ်
ဖြင့် ကြောက်ခမန်း လိလိ တက်

နအဖက လေယာဉ်ဖြင့် ဗုံးကျဲမှာကြောက်၍ ယူနီဖောင်း ချွတ် သေနတ်ရေတွင်း ထဲပစ်ချ ကာ ထွက်ပြေး လာသည့် မြ၀တီ မှ စစ်သား တစ်ဦးကို ထိုင်းနယ်ခြားစောင့် တပ်မှ ဓာတ်ပုံရိုက် မှတ် တမ်းတင်ပြီး နောက် ဖဝေါ တပ်ဆွယ်သို့ ခေါ်သွားစဉ်

နံနက် ၁၁း၁၀ အမေရိကန် နှင့် ဥရောပ နိုင်ငံသားများ ပါသည့် စေတနာ့ ၀န်ထမ်းဆေးတပ်ဖွဲ့  မြ၀တီ တောင်ဘက်
မှ တစ်ဆင့် ကရင်ပြည်နယ် ထဲ့သို့ ဝင်ရောက်
နံနက် ၁၁း၀၀ အမေရိကန် ရောက်မြန်မာ့ ဒီမိုကရေစီ လှုပ်ရှား သူများ က ထိုင်း နိုင်ငံတွင်းရောက်ရှိ
နေသည့် မြန်မာ စစ်ပြေးဒုက္ခသည် များ နှင့် အခြားကိစ္စရပ် များ တွင် သုံးရန် ရံပုံငွေ စတင်ကောက်
ခံမှု ကို အော်ရီဂွန် ပြည်နယ် တွင် စတင်

နံနက် ၁၀း၀၀  နအဖစစ်တပ် ဓါတု လက်နက် အသုံးပြုမှု ရှိမရှိ လေ့လာရန် ဘန်ကောက်အခြေစိုက်
နိုင်ငံတကာ စစ်သံမှုးများ နယ်စပ် တစ်နေရာ သို့ လာမည်
နံနက် ၉း၄၉
နအဖ လေကြောင်း ဖြစ်ထိုးစစ်ဆင် မည် ဟု သတင်းများ ထွက်ပေါ်သောကြောင့်
စစ်သားများ အရပ်ဝတ် လဲပြီး မဲဆောက် မြို့ သို့ ဒုက္ခသည် အဖြစ် ရောက်ရှိ

နံနက် ၉း၃၀ မြ၀တီ မြို့ တွင်း တိုက်ပွဲ များ ဆက်လက်ဖြစ်ပွားနေ မြ၀တီ မြို့ ရှိ ဘဏ်အားလုံးအဖောက်ခံရ
နအဖ စစ်တပ် လက်နက် ခဲယမ်း မီးကျောက် များ ဆုံးရှုံး

ထိုင်း လူမျိုး ဆရာဝန် များက မြန်မာ စစ်ပြေးဒုက္ခသည် များ ကို ကူညီနေစဉ်
စစ်တပ် က ယောင်္ကျားမှန် သမျှ ပေါ်တာဆွဲနေသောကြောင့် သံဃာတော်များ ပင် ထွက်ပြေး တိမ်းရှောင် ခဲ့ရသည် Photo -Reuters
ပြည်တွင်း စစ်ကြောင့်နေရပ် ကို စွန့် ခွာထွက်ပြေး လာသည့် မြန်မာ ပြည်သူများ ကို ထိုင်း နိုင်ငံ မဲဆောက်မြို့ တွင် တွေ့ ရစဉ်

မိခင်ဖြစ်သူ နှင့် တွေ့ ဆုံရန် ဘန်ကောက်ရှိ မြန်မာ သံရုံးတွင် ဗီဇာ လျှောက်ထား နေသည့် ဒေါ်အောင်ဆန်းစုကြည်၏ သား

One thought on “မြန်မာ့ ရွေးကောက်ပွဲ အလွန် ပြည်တွင်း စစ်ပွဲ

  1. ၁၄း၂၀ DKBA တပ်များ မြ၀တီ မြို့ တွင်းမှ တဖြည်းဖြည်းချင်း အောင်မြင်စွာ ဆုတ်ခွာ
    မင်းတို့ အောင်မြင်စွာ ဆုတ်ခွာသွားလိုက်တာ အောက်က ပုံမှ ဒုက်ခသည်တွေ မျက်နှာကိုလည်း ကြည့်အုန်း …

Comments are closed.