
ပြည်ထောင်စု ကြံ့ခိုင်ရေး နှင့် ဖွံ့ ဖြိုးရေး ပါတီ (ကြံ့ဖွတ်)ပါတီက နိုဝင်ဘာ လ ၇ ရက်နေ့ ကကျင်း
ပခဲ့သည့် ရွေးကောက် ပွဲတွင် နိုင်ငံ တ၀ှမ်း အနိုင်ရရှိကြောင်း ရန်ကုန် မှ လာသည့် အေပီ သတင်း
တစ်ရပ် တွင် ဖော်ပြထားသည်။
ကြံ့ဖွံ့ ပါတီသည် စတင် တည်ထောင် ခါစကတည်းက နာမည် ဆိုးဖြင့် ကျော်ကြားကာ ရွေး
ကောက်ပွဲ ဉ် လည်း ပြည်သူများ ကို ခြိမ်းခြောက် မဲထည့် ခိုင်းမှု ၊ မဲလိမ် မှု၊ မဲ မသာမှု နှင့်
မဲခိုးမှုများ ရှိသည် ဟု သိရသည်။စစ်အစိုးရက ကျောထောက်နောက် ခံပေး ထားသည့် ကြံ့ဖွတ်
ပါတီသည် ၈၀ ရာခိုင် နှုန်း နီးပါး အနိုင်ရရှိသည် ဟု ကြေငြာခဲ့သည်။
မြန်မာ နိုင်ငံတွင် ရွေးကောက် ပွဲကျင်းကနေစဉ် ကာလ ဉ် DKBA တပ်ဖွဲ့ များ က မြ၀တီ
မြို့ ကိုသိမ်းပိုက် ထားစဉ် တွင်နအဖ စစ်တပ် နှင့် အပြန်အလှန် ပစ်ခတ်မှုကြောင့် အရပ်သား
ထောင်ပေါင်းများစွာ ထိုင်း နိုင်ငံ မဲဆောက် မြို့ သို့ စွန့် ခွာ ထွက်ပြေး ခဲ့ရသည်။
ကြံ့ဖွံ့ အနိုင်ရရှိသော် လည်း စစ်အစိုးရက လွှတ်တော် ခေါ်ယူကာ အစိုးရ ဖွဲ့ စည်းပြီး
အာဏာ လွှဲပြောင်း မည် ပုံ မရှိသေး ဟု သိရသည်။
ရွေးကောက်ပွဲ တွင် ပါဝင်ယှဉ်ပြိုင်သည့် နိုင်ငံရေး ပါတီ သုံးခု လောက်က လည်း ကြံ့ဖွံ့ 
နိုင်လျှင် ရွေးကောက် ပွဲ ရလာဒ် ကို ဆန့် ကျင် ကန့် ကွက် မည် ဟု သိရသည်။

ကြိုတင်မဲနှင့်ပတ်သက်သော ရွေးကောက်ပွဲဆိုင်ရာ ဥပဒေ၊ နည်းဥပဒေ ပြဌာန်းချက်များ
၅၁။(က) ရွေးကောက်ပွဲကျင်းပသော နေ့ရက်၌ မိမိနှင့်သက်ဆိုင်သည့် မဲဆန္ဒနယ်၏ ပြင်ပသို့ ခရီးဝေးသွားရန်၇ှိသူတစ်ဦးသည် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲထံ ကြိုတင်၍ ဆန္ဒမဲပေးနိုင်သည်။
(ခ) (၁) ရွေးကောက်ပွဲကျင်းပသောနေ့ရက်၌ မဲဆန္ဒနယ်အတွင်းတွင် ရှိသော်လည်း မဲရုံသို့ ကိုယ်တိုင်လာရောက် ဆန္ဒမဲပေးနိုင်စွမ်းမရှိသော အသက်အရွယ်ကြီးရင့်သူ၊ အနာကြီးရောဂါစွဲကပ်နေသူ၊ နေအိမ်တွင် ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူနှင့် နေအိမ်တွင် မီးဖွားနေသူများရှိပါက သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက ရွေးကောက်ပွဲကျင်းပမည့်နေ့ မတိုင်မီ မိမိအဖွဲ့ဝင်နှစ်ဦးကို စေလွှတ်၍ သက်ဆိုင်ရာ မဲဆန္ဒရှင်များအား ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ကြောင်းနှင့် ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲ နေနိုင်ကြောင်းကို ရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်က ဆန္ဒမဲပေးလိုကြောင်း ပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ယင်းသို့ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူကိုယ်တိုင် ကြိုတင်ဆန္ဒမဲလက်မှတ်တွင် ရေးသွင်းရန် အခက်အခဲရှိလျှင် မဲစာရင်းတွင်ပါရှိသော ယင်းပုဂ္ဂိုလ်၏ ဖခင်၊ မိခင်၊ ဇနီး၊ ခင်ပွန်း၊သားသမီးညီအစ်ကိုတစ်ဦးဦးက ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ၏ ဆန္ဒအတိုင်း ယင်း၏ရှေ့မှောက်တွင် ရေးသွင်းရမည်။ ထိုသို့ကူညီမယ့်သူမရှိလျှင် ကော်မရှင်အဖွဲ့ခွဲဝင်တစ်ဦးဦးက ယင်းပုဂ္ဂိုလ်၏ရှေ့မှောက်တွင် ယင်းပုဂ္ဂိုလ်က ညွှန်ကြားသည့်အတိုင်း ရေးသွင်းရမည်။
(၂)အချုပ်ခံနေရသူနှင့် ပတ်သက်လျှင် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူးကို သက်ဆိုင်ရာရပ်ကွက် (သို့မဟုတ်) ကျေးရွာအဖွဲ့ခွဲက ဆက်သွယ်၍ အချုပ်ခံနေရသူများ ဆန္ဒမဲပေးနိုင်ရန် စီစဉ်ဆောင်ရွက်ပေးရမည်။ ရဲအချုပ်စခန်း (သို့မဟုတ်) အကျဉ်းစခန်းအကြီးအမှူးသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ယင်းအချုပ်ခံနေရသူများ ဆန္ဒပြုပြီးသော လက်မှတ်ပါ စာအိတ်များကို သက်ဆိုင်ရာ ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။
(၃)ဆေးရုံသို့တက်ရောက်နေသော အတွင်းလူနာနှင့်ပတ်သက်လျှင် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ဆေးရုံတာဝန်ခံနှင့် ဆက်သွယ်ရမည်။ ဆေးရုံတာဝန်ခံသည် ဤနည်းဥပဒေပါ နည်းလမ်းအတိုင်း ဆောင်ရွက်၍ ဆေးရုံရှိ သက်ဆိုင်ရာ အတွင်းလူနာ၏ ဆန္ဒပြုပြီးသော ဆန္ဒမဲလက်မှတ်ပါ စာအိတ်ကို သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပြန်လည်ပေးအပ်ရမည်။
(၄)နည်းဥပဒေခွဲ ငယ်(၂)နှင့်(၃)ပါ ကိစ္စရပ်များအတွက် ရဲအချုပ်စခန်း သို့မဟုတ် အကျဉ်းစခန်းအကြီးအမှူး သို့မဟုတ် ဆေးရုံတာဝန်ခံတို့သည် ဤနည်းဥပဒေခွဲပါ မဲဆန္ဒရှင်များအား ယင်းတို့၏ ရွေးကောက်မှုဆိုင်ရာ အခွင့်အရေးအရ ဆန္ဒမဲပေးလိုက ပေးနိုင်ပြီး ဆန္ဒမဲမပေးလိုက ဆန္ဒမဲပေးခြင်းမပြုဘဲနေနိုင်ကြောင်း ဦးစွာရှင်းပြရမည်။ သက်ဆိုင်ရာမဲဆန္ဒရှင်များက ဆန္ဒမဲပေးလိုကြောင်းပြောပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်စေရန် စီစဉ်ဆောင်ရွက်ပေးရမည်။
(ဂ) ရွေးကောက်ပွဲကျင်းပသောနေ့၌ မဲစာရင်းပါရှိရာဒေသမှ ကျော်လွန်၍ သွားရောက်တာဝန်ထမ်းဆောင်ရသော ၀န်ထမ်း သို့မဟုတ် တပ်မတော်သား သို့မဟုတ် ရဲတပ်ဖွဲ့ဝင်များက ကြိုတင်ဆန္ဒမဲ ပေးလိုပါက ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးနိုင်ရန် သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲက စီစဉ်ပေးရမည်။
(ဃ) သက်ဆိုင်ရာရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသည် ယင်းသို့ ကြိုတင်ဆန္ဒမဲပေးသူများ၏ အမည်စာရင်းကို ယင်းတို့နှင့်သက်ဆိုင်သော မဲစာရင်းများနှင့် ယှဉ်တွဲပြီး ရေးမှတ်ထားရမည်။ ယင်းတို့ ဆန္ဒပြုပြီးသော ကြိုတင်ဆန္ဒမဲလက်မှတ်များပါရှိသည့် စာအုပ်များနှင့် လက်ခံဖြတ်ပိုင်းများကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲ ဥက္ကဋ္ဌ သို့မဟုတ် အတွင်းရေးမှူး၊ လက်မှတ်ရေးထိုးထားသည့် ပုံစံ (၁၃)နှစ်စောင်နှင့်အတူ သက်ဆိုင်ရာ မဲရုံမှူးများထံသို့ ရွေးကောက်ပွဲကျင်းပသည့်နေ့တွင် မဲရုံမဖွင့်မီပေးပို့ရမည်။ ယင်းပုံစံ ၁၃များ တွင် မဲရုံမှူးက လက်မှတ်ရေးထိုး၍ တစ်စောင်ကိုသိမ်းဆည်းထားပြီး ကျန်တစ်စောင်ကို ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုကော်မရှင်အဖွဲ့ခွဲသို့ ပေးအပ်ရမည်။
၅၂။ သက်ဆိုင်ရာမဲရုံမှူးသည် ပုံစံ(၁၃)ပါ ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ဆန္ဒမဲပေးပြီးသူများ၏ အမည်များကို သက်ဆိုင်ရာမဲစာရင်းတွင် ကြိုတင်ဆန္ဒမဲပေးပြီးဖြစ်ကြောင်း မှတ်သားထားရမည်။
၅၃။ (က) ဆန္ဒမဲလက်မှတ်ကို တောင်းဆိုသူသည် သူတစ်ပါး အယောင်ဆောင်သော ပြစ်မှုကိုကျူးလွန်သူဖြစ်ကြောင်း လွှတ်တော် ကိုယ်စားလှယ်လောင်းက ဖြစ်စေ၊ ယင်းရွေးကောက်ပွဲ ကိုယ်စားလှယ်ကဖြစ်စေ၊ မဲရုံမှူးကသင့်လျော်သည်ဟု ထင်မြင်သူကဖြစ်စေ ကန့်ကွက်လာလျှင် မဲရုံမှူးသည် ကန့် ကွက်မဲစာရင်းပုံစံ(၁၄)တွင် လိုအပ်သည်များ ဖြည့်စွက်၍ ထိုဆန္ဒမဲ လက်မှတ် တောင်းဆိုသူကို လက်မှတ်ရေးထိုးစေရမည်။ ကန့်ကွက်သူများကိုလည်း လက်မှတ်ရေးထိုးစေရမည်။ စာမရေးတတ်လျှင် လက်ဝဲလက်မ လက်ဗွေနှိပ်စေရမည်။ ဆန္ဒမဲလက်မှတ် တောင်းဆိုသူက ပုံစံ(၁၄)တွင်ဖြည့်စွက်ခြင်း၊ လက်မှတ်ရေးထိုးခြင်းမပြုလျှင် ထိုသူအား ဆန္ဒမဲပေးခွင့်မပြုရ။
(ခ) မဲရုံမှူးသည် ဆန္ဒမဲပေးခွင့်ပြုသည်ဖြစ်စေ ဆန္ဒမဲပေးခွင့်မပြုသည်ဖြစ်စေ ထိုအကြောင်းအရာများနှင့် မိမိ၏ဆုံးဖြတ်ချက်တို့ကို ကန့်ကွက် မဲစာရင်းပုံစံ(၁၄)တွင်ရေးမှတ်ထားရမည်။
အခန်း(၁၁)
မဲဆန္ဒနယ်ပြင်ပ ရောက်ရှိနေသူများ ကြိုတင်ဆန္ဒမဲပေးခြင်း
၅၄။ ရွေးကောက်ပွဲတွင် သက်ဆိုင်ရာမဲဆန္ဒနယ်၏ ပြင်ပတွင်ရောက်ရှိနေသော ဆန္ဒမဲပေးပိုင့်ခွင့်ရှိသည့် အောက်ဖော်ပြပါ ပုဂ္ဂိုလ်များသည် သက်ဆိုင်ရာမဲဆန္ဒနယ် အသီးသီးအတွက် ကြိုတင်ဆန္ဒမဲလက်မှတ်ဖြင့် ကြိုတင်၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသည်။-
(က) တပ်မတော်သားများနှင့် အတူနေအိမ်ထောင်စုဝင်များ
(ခ) မဲဆန္ဒနယ်ပြင်ပရောက် ကျောင်းသားများ
(ဂ) မဲဆန္ဒနယ်ပြင်ပရောက် သင်တန်းသားများ
(ဃ) မဲဆန္ဒနယ်ပြင်ပရောက် အခြားမဲဆန္ဒရှင်များ၊
(င) အချုပ်ခံနေရသူများ၊
(စ) ဆေးရုံသို့တက်ရောက်နေရသော အတွင်းလူနာများ၊
(ဆ) အစိုးရ၏ခွင့်ပြုချက်ဖြင့် နိုင်ငံပြင်ပတွင် ရောက်ရှိနေသူများ၊
အခု အနိင်၇သွားတဲ့  ကြိုတင် မဲ ဆိုတာတွေ က ဆန္ဒမဲပေးနိုင်စွမ်းမရှိသော အနာကြီးရောဂါစွဲကပ်နေသူ၊ နေအိမ်တွင် ရောဂါဝေဒနာ ပြင်းထန်စွာခံစားနေရသူနှင့် နေအိမ်တွင် မီးဖွားနေသူများ ရဲစခန်းတွင် အဖမ်းခံနေ၇သူများ ဆေးရုံတွင် သေလုမြောပါးဖြစ် နေသူများ ၏ မဲများ သေချာပါ သည်ဟု ဆိုပါ က ထို မဲ ကို ဖန်တီးခဲ့  သူများ ၏ တူသော အကျိုး ကို ရရှိစေသော အနာ ဂတ် သည် ကား ……….. မဝေးတော့ ပြီ ဟု …….တောင်းဆုပြုလိုက်ပါသည်။