ကြိုတင် မဲ နှင့် ရွေးကောက် ပွဲ မသမာမှု များကို စာရေးဆရာများ၊နာမည်ကျော်များ၊နိုင်ငံရေး သမားများ၊သမာသမတ် ရှိ ပု ဂ္ဂိုလ်များ က ဦးဆောင် ကန့် ကွက်သွားမည်

ရွေးကောက်ပွဲ တွင် ဥပဒေ နှင့် ဆီလျှော်ခြင်း မရှိ သည့် ကြိုတင်မဲ နှင့် မဲမသမာ မှု များ ၀ါရင့်စာနယ်ဇင်း
ဆရာကြီး တစ်ဦး ဖြစ်သူ လူထု စိန်ဝင်း နှင့် အခြား နာမည်ကျော်စာရေးဆရာ များ အပြင် အနုပညာ
နယ်မှ ပုဂ္ဂိုလ်များ ပါ ပူးပေါင်း ကန့် ကွက် သွား မည် ဟု သတင်းရရှိသည်။

ရွေးကောက်ပွဲ နေ့ မနက်က ကြံ့ဖွံ့ သြဇာခံ ရပ်ကွက်အာဏာပိုင်များက မဲလာမထည့် သည့် ပြည်သူများ၏ အိမ်ရှေ့ တွင် ပုံတွင် တွေ့ ရသည့် အတိုင်း လော်စပီကာ နှင့် သီချင်းအကျယ်ကြီး ဖွင့်၍ မသမာမှု ပြုခဲ့သည်။ Photo - Reuters

ကြံ့ဖွံ့ ဟု အမည် တွင် သည့် ကြံ့ခိုင်ရေး ပါတီ အနိုင်ရရှိမှု ကို ကန့် ကွက်သော အားဖြင့် ရွေး
ကောက် ပွဲ ၀င်ရောက်ယှဉ် ပြိုင် သော နိုင်ငံရေး ပါတီ များ ဦးဆောင်မှု များဖြင့် ပြည်သူလူထု
ပါ ပါဝင်သည့် ဆန့် ကျင် ကန့် ကွက် ပွဲ တစ်ခု လုပ်မည် ဟု သတင်းရရှိသည်။

ကန့် ကွက် အား ရန်ကုန် ၊ မန္တလေး နှင့် ပဲခူးမြို့ များ တွင် လုပ်မည် ဟု သိရသည်။

ကြံ့ဖွတ် က ၎င်း တို့ ဘာသာ အနိုင်ရရှိသည် ဟု ကြေငြာ သော် လည်း ရွေးကောက်ပွဲ
ကော်မရှင် ကတရားဝင် သတင်းထုတ် ပြန် ခြင်း မရှိသေး ဟု သိရသည်။

ကြံ့ဖွံ့ ပါတီ အနိုင်ရရှိမှု သည် ကြိုတင် မဲအပြင် မဲစာရင်း အတုများဖြင့်ပါ
လိမ်ညာ ခဲ့သည် ဟု သိရသည်။

One thought on “ကြိုတင် မဲ နှင့် ရွေးကောက် ပွဲ မသမာမှု များကို စာရေးဆရာများ၊နာမည်ကျော်များ၊နိုင်ငံရေး သမားများ၊သမာသမတ် ရှိ ပု ဂ္ဂိုလ်များ က ဦးဆောင် ကန့် ကွက်သွားမည်

  1. Do tine pyi mhar, hti min ta loute sar ya pho a twhat, de lo a shat ma shi , out tan kya tae/ , Lu sar twae, a myar kyi , shi nay tar noute myo sat a twhat, yin lay sa yar par pal. Count kyi kya par oo ( kyant phut and tatmadaw )

Comments are closed.