စစ်ပွဲများကြောင့် မွန်နှင့် ကရင် လူမျိုးများ ထပ်မံထွက်ပြေးလာနေ

ဘန်ကောက်ပို့စ်၊ အွန်လိုင်းသတင်း။ ၁၀နိုဝင်ဘာ ၂၀၁၀၊ နံနက် ၁၁ နာရီ။

အောင်မြင်။       ။ မြန်မာစစ်တပ်နှင့် ကရင်တော်လှန်ရေး
တပ်ဖွဲ့ တို့ ဆက်လက်တိုက်ပွဲဖြစ်ပွားနေမှုကြောင့် တိုက်ပွဲများ
ကြားတွင် ရှိနေကြသော ကရင်နှင့် မွန် ရွာသား ၂၅၀၀
ခန့်သည် ထိုင်းနိုင်ငံဘက်ခြမ်း စန်ခပူရီခရိုင်အတွင်းသို့ 
ယနေ့မနက်ပိုင်းတွင် ထပ်မံထွက်ပြေးလာကြကြောင်း
ဘန်ကောက်ပို့စ် အင်တာနက်စာမျက်နှာတွင်ဖေါ်ပြထားသည်။

မြန်မာစစ်တပ်ဟာ DKBA တပ်ဖွဲ့ဝင်တွေ ထိမ်းချုပ်ထားတဲ့ ဘုရားသုံးဆူ စခန်းကို ပြန်လည်သိမ်းပိုက်
နိုင်ဖို့ တိုက်ခိုက်လာတဲ့အတွက် လက်နက်ကြီးများပစ်ခတ်မှုကြောင့် ရွာသားများထွက်ပြေးလာကြကြောင်း
ကချပ်နဘူရီ ရဲမှုးကြီးဗာရာသွန် ၀စ်ထရာဘန်ရမ်က ပြောပြခဲ့သည်။ DKBA တပ်ဖွဲ့တွေ ရဲ့ အခြေစိုက်လှုပ်
ရှားနေတဲ့ စခန်းဟာ စန်ခပူရီနဲ့ မီတာ ၄၀၀အကွာမှာ တည်ရှိနေကြောင်းသတင်းမှာဖေါ်ပြထားသည်။

ရဲမှုးကြီး ဗာရာသွန်က မြန်မာစစ်တပ်ဘက် ၁၁ယောက်ကျဆုံးပြီး DKBA တပ်ဖွဲ့ဝင်တွေဘက် ဘယ်လောက်
ကျဆုံး၊ဒါဏ်ရာ၇တယ်ဆိုတာကို တိတိကျကျမသိကြောင်းပြောဆိုခဲ့သည်။