ဘုရားသုံးဆူမြို့ တွင် တိုက်ပွဲ များ ဆက်လက်ဖြစ်ပွား၊မြ၀တီ ဒုက္ခသည်များ မဲဆောက်တွင် အခက်ကြုံနေ

နိုဝင်ဘာလ ၁၀ ရက်နေ့ ညနေ ခြောက် နာရီ နောက် ဆုံးရရှိတဲ့ သတင်းများ အရ ကရင်ပြည်
နယ် နယ်စပ်မြို့ တစ်ခု ဖြစ်တဲ့ ဘုရားသုံးဆူ မှာ တိုက်ပွဲ တွေ ဆက်လက် ဖြစ်ပွားနေတာကြောင့်
ဒေသ ခံတွေ ဟာ ထိုင်း နိုင်ငံ ဘက်ခြမ်းက ရွာတွေ မှာ ပြေးဝင် ခိုလှုံနေရဆဲ ဖြစ်ပါတယ်။

နယ်စပ် ကုန် သွယ်ရေး မှာ အရေးပါတဲ့ ဘုရားသုံးဆူ မြို့ ကို ဘယ်သူ သိမ်းပိုက်ထားတယ်
ဆိုတာနဲ့ ပတ်သက်ပြီး ကွဲကွဲ ပြားပြား မသိရပေမယ် ထွက်ပြေးလာတဲ့ ဒေသခံ တစ်ဦးရဲ့ 
ပြောချက်အရ  DKBA ၊ KNU နဲ့ မွန် ပူးပေါင်း တပ်တွေ ဟာ မြို့ ရဲ့ နေရာ အချို့ ကို ခြေ
ကုပ်ယူထားတယ် လို့ ဆိုပါတယ်။

မြ၀တီ မြို့ ပေါ်မှာတော့ လက်နက်ကြီး ပစ်ခတ် သံ နဲ့ သေနတ် ပစ်ခတ် သံတွေ ကြားနေရ
ဆဲဖြစ်ပါတယ်။ မြို့ ပေါ် ရပ် ကွက် တွေ မှာ ပေါ်တာ ဆွဲ မှု တွေ ရှိနေတာ ကြောင့် ယောင်္ကျား
တွေ ဟာ ရှောင်တိမ်းနေရပါတယ်။

ဘုရားသုံး ဆူ မှာ နဲ့ နယ်စပ်ချင်း ကပ် နေ တဲ့ ထိုင်း နိုင်ငံထဲ့ မြန်မာ ဘုန်းကြီးကျောင်
တစ်ခု က ဆရာတော် ဦး မင်္ဂလ က တော့ တိုက်ပွဲ တွေ က ကြာအင်းဆိပ် ကြီး နဲ့ ဝင်းက
ဘက်တွေ မှာပါ ဆက်လက် ဖြစ် ပွားနေတယ် လို့ အမိန့် ရှိပါတယ်။