သင်္ကေတများ ၊နိမိတ်ပုံ များ ဖြင့် မဲပေးခြင်း

နိုဝင်ဘာလ ၇ ရက်နေ့ ကကျင်းပတဲ့ ရွေးကောက် ပွဲ မှာ ဗိုလ်ချုပ်မှုး ကြီး သန်းရွှေ က ၁၉၉၀ ပြည့်
နှစ်က ဗိုလ်ချုပ်ကြီး စောမောင်မဲပေး ခဲ့သလိုမျိုး အရပ်ဝတ် နဲ့ မဟုတ် ပဲ စစ်ဝတ်စုံ နဲ့ မဲပေး ခဲ့တာ
ကြောင့် စစ်တပ်အုပ်ချုပ် ရေး ဟာ ဆက်ရှိနေမယ် လို့ နိမိတ်ပုံ တွေ ၊သင်္ကေတ တွေ နဲ့ တင်စားတာ
လား လို့ မေးစရာ ရှိလာ ပါတယ်။ ဟောလိဝုဒ် ရုပ်ရှင် ကားတွေ ကတော့ နိမိတ်ပုံတွေ ၊သင်္ကေတ
တွေ နဲ့ တင်စား ပြီး ဇာတ်ကား ရဲ့ ဆိုလိုရင်း၊ဇာတ် ကွက် ရဲ့ ဆိုလိုရင်း ကိုဖော်ညွှန်း တတ်ပါတယ်။

နိုဝင်ဘာ ၇ ရက်နေ့ ဟာ တနင်္ဂနွေ နေ့ ကျတာကြောင့် အခု လို  ရုံးပိတ်ရက်မှာတောင် နိုင်ငံ့တာဝန်
တွေ ကို အချိန် ပြည့်ထမ်းဆောင်နေတယယ် လို့ တိုင်းပြည်ကို သိစေချင်တာ လား ၊ အနာဂတ် မြန်မာ
နိုင်ငံ ရဲ့  စစ်တပ် ပါဝင်နေမှု ကို ပုံဖော်ချင်တာလား ဆိုတာ မေးစရာ ဖြစ်လာပါတယ်။ဒါပေမယ့် ဗိုလ်
ချုပ် စောမောင် လိုအဖြစ်ဆိုး မျိုး မရောက်အောင် စစ်ဝတ်စုံ ကို မချွတ်တမ်း ဖြစ်ထားတာ လို့ လဲ
သင်္ကေတ ပြုရာ ရောက်ပါတယ်။

နာမည်ကျော် ဟောလိဝုဒ် ဒါရိုက်တာကြီး အယ်(လ)ဖရက်ဒ ဟစ်ခ်ျ ကော့ကတော့ သူ့ ရဲ့ 
နာမည်ကြီးလှ တဲ့ North By North West ဆိုတဲ့ ဇာတ်ကားမှာ မင်းသား နဲ့ မင်းသမီး အာ
ဝါဟ ၀ိဝါဟ လုပ်တာ ကို ရထား က လှိုဏ်ခေါင်း ထဲကို တိုးဝင်သွား ပုံ နဲ့ ကိုယ်စားပြုထားပါတယ်။
ဗိုလ်ချုပ် မှုးကြီး က ဟစ်ခ်ျ ကော့ ရုပ်ရှင်ကား တွေ ကြည့်ပုံရတယ် ထင်ပါတယ်။အရုဏ် ဦးမှာ
ဖူးသည့် ကြာ ကိုလည်း သူကိုယ်တိုင်ဇာတ်ညွှန်း ဆွဲ တယ် လို့ ကလနာ တိုက် သွားတဲ့ တင်သန်းဦး
ကပြောခဲ့ ပါသေးတယ်။ ဒီလို ဆို မြန်မာ့ ရုပ်ရှင် လောက ဇယား အောက်ကနေ ပြန်ရေ ရင် ကမ္ဘာ့
နံပါတ် ၁ ဖြစ်ဖို့ နီးနေပါပြီ။
အောက်ပါ ၃၆ စက္ကန် စာ ဗီဒီယို မှာ ရှုပါ။

Video Courtesy of Freedom Motion Picture Expert Group

3 thoughts on “သင်္ကေတများ ၊နိမိတ်ပုံ များ ဖြင့် မဲပေးခြင်း

  1. ဘာရွေးကောက်ပွဲလဲ…လုပ်ဇာတ်ကြီး.. ကိုယ့်ဟာကို.. မဲပုံးလုပ်၊ ပြည်သူတွေကို အတင်း မဲထည့်ခိုင်း၊ နောက်ဆုံးတော့ ခင်းဗျားတို့ပဲ့..နိုင်သွားတာမို့ လား…. အရူးတွေ

  2. တကယ့်ကို အနုပညာ sense ရှိတယ်နော်။ အဲဒီအခန်းကို သေသေချာချာတွေ့တတ်လေခြင်း။

Comments are closed.