သြစတေးလျှ ရုပ်သံမှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ မြန်မာ နိုင်ငံတွင်းပျောက်ဆုံးနေ

သြစတေးလျှ အသံလွှင့် ကော်ပိုရေးရှင်းမှ မှတ်တမ်း ရုပ်ရှင် ရိုက်ကူးရန် အတွက် မြန်မာ နိုင်ငံ
တွင်း ရောက်ရှိ နေကြသည့် ဟူရ် ပက်ပါ နှင့် အဖွဲ့ သည် ယမန်နေ့ ညကတည်းက ပျောက်ဆုံး
နေသည် ဟု သတင်းရရှိသည်။

ရက်ရှည် နေထိုင် ခွင့် ဗီဇာဖြင့် ရောက် ရှိ နေသည့် မှတ်တမ်း ရုပ်ရှင် ရိုက်ကူးရေး အဖွဲ့ သည် ယမန်နေ့ 
ညက ဖမ်းဆီး ခံရပြီး နောက် ပြည်နှင်ဒဏ် ပေးခြင်း ခံရလိမ့် မည် ဟု ရန်ကုန် မြို့ ရှိ သြစတေးလျှ
သံရုံးမှ သတင်း ထုတ် ပြန်သော် လည်း ယခု အချိန် ထိ မည်သည့် သတင်း တစ်စုံ တစ်ရာမှာမရရှိ
သေး ဟု သတင်းရရှိသည်။

နိုဝင်ဘာလ ၇ ရက်နေ့ က ထိုင်း နိုင်ငံ မဲဆောက် မြို့ မှ တစ်ဆင့် မြန်မာနိုင်ငံ မြ၀တီ မြို့ တွင်း ၀င်
ရောက် ခဲ့သည့် ဂျပန် နိုင်ငံ EPA သတင်း ထောက် တစ်ဦး ကို မူ အာဏာပိုင်များ က ဖမ်းဆီး ခဲ့သည်။

စစ်အစိုးရ ရွေးကောက် ပွဲ တွင် သတင်း ရယူရန် အတွက် မည် သည့် သတင်းမီဒီယာ ကို မှ တရား
ဝင် ခွင့်ပြုထား ခြင်း မရှိ သဖြင့် အဆိုပါ သတင်းထောက်များ အတွက် စိုးရိမ် စရာ ဖြစ်သည် ဟု
ရန်ကုန် မြို့ ရှိ မှတ် တမ်း ရုပ်ရှင် ဒါရိုက် တာ တစ်ဦး က ပြောသည်။

One thought on “သြစတေးလျှ ရုပ်သံမှ မှတ်တမ်းရုပ်ရှင် ရိုက်ကူးရေးအဖွဲ့ မြန်မာ နိုင်ငံတွင်းပျောက်ဆုံးနေ

  1. ယင်းသည် လုပ်စားခြင်းသက်သက်ဖြစ်သည်။
    ၆ နိုဝင်ဘာထဲက သတင်းထောက် ၁၂၀၀၀ခန့်ရောက်နေပြီးဖြစ်သည်။
    သူတို့ပိတ်သည်ဟုပြောပြီး သူတို့ထောင်ထားသည် တိုးလ်ဆားဗစ်များနှင့်
    ခရီးသွားလုပ်ငန်းများမှ တိုးတိုးတိတ်တိတ်ကြိတ်ပြီး လေးဆ ငါးဆတင်ကာ
    သတင်းထောက်အ၀င် ရိုက်ပွဲကြီးဆင်နွဲသည် ရွှေးကောက်ပွဲ နိုင်ငံတကာ
    သတင်းထောက် ထောင်ရိုက်ဖမ်းပြီး တစ်ဦးလျှင် ဒေါ်လာ ၅၀၀၀ခန့်အထိ
    ရိုက်စားလုပ်ပြီးဝင်လာစေသည်။
    စုစုပေါင်း မြန်မာပြညိဝင်ခွင့် ဒေါ်လာ သုံးသန်းခန့်နှင့် တည်းခိုစရိတ် ၆သန်းခန့် ရိုက်စားပြလိုက်သည်။
    ရှင်းပြီဟုထင်ပါသည်။

Comments are closed.