မြောက်ကိုးရီးယား ထံမှ နအဖ စစ်အစိုးရ ညူလက်နက် နည်းပညာ နှင့် ဆက်စပ် ပစ္စည်း ၀ယ်ယူကြောင်း ကုလ ၄၅ မျက်နှာ အစီရင်ခံစာထုတ်ပြန်

အောင်မြင်၊            ၊ကုလသမဂ္ဂလုံခြုံရေးကောင်စီ အစီအရင်ခံစာတစောင်မှာ မြောက်ကိုရီး
ယားဟာနျူကလီးယားနည်းပညာနဲ့ စွမ်းအားပြင်းဒုံးကျည်တွေကိုအာဏရှင်နိုင်ငံတွေဆီကို
ရောင်းချနေကြောင်းစွပ်စွဲ လိုက်ကြောင်း စီအင်အင်သတင်းဌာနမှဖေါ်ပြထားပါတယ်။

အဖွဲ့ဝင် ၇ ဦးပါဝင်တဲ့စုံစမ်းရေးအဖွဲ့ ဟာ ၇၅မျက်နှာပါတဲ့ အစီရင်ခံစာတစောင်ကို တင်ခဲ့ပါ
တယ်။ အဆိုပါအစီရင်ခံစာမှာမြောက်ကိုရီးယားနိုင်ငံဟာ နျူကလီးယားနည်းပညာနဲ့ စွမ်း
အားပြင်းဒုံးကျည်တွေကို အန္တရာယ်အရှိဆုံးလို့ သတ်မှတ်ခံထားရတဲ့ အီရန်၊ဆီရီးယားနဲ့
မြန်မာနိုင်ငံတို့ကိုတင်ပို့ရောင်းချခဲ့ကြောင်း ကိုအလေးပေးဖေါ်ပြပြီး အရေးယူဆောင်ရွက်ရန်
တင်ပြထားပါတယ်။

ဒီအစီရင်ခံစာကို ဒီအပါတ်ထဲမှာထုတ်ပြန်နိုင်ခဲ့ရတာဟာ တရုပ်အစိုးရဲ့ ပူးပေါင်း
သတင်းပေးဆောင်ရွက်မှု ၆ လလောက်နောက်ကျခဲမှု့ကြောင့် လို့တင်ပြထားပါတယ်။
တရုပ်နိုင်ငံ ဟာ မြောက်ကိုရီးယားနဲ့ချစ်ခင်ရင်းနှီးလှပြီး သံတမန်ရေးနီးနီးကပ်ရှိလွန်း
လှတာကြောင့်မြောက်ကိုရီးယားပြသနာကိုနှေင့်နှေးအောင်ပြုလုပ်ထားကြောင်းသိရပါတယ်။
သံတမန်ရဲ့ပြောပြချက်ကတော့ ဖြစ်စဉ်အကျဉ်းတွေကိုတောင် ပြောပြလိုခြင်းမရှိဘူးလို့
ပါရှိပါတယ်။

ကျွမ်းကျင်သူရဲ့ တင်ပြချက်ထဲမှာတော့ မြောက်ကိုရီးယားဟာ ကုလသမဂ္ဂရဲ့ စီးပွားရေးပိတ်
ဆို့မှုကြောင့် ပြည်ပနဲ့ ကုန်သွယ်မှုမရှိပါဘူး။ ရှဲကုမ္မဏီကနေ မြောက်ကိုရီးယားနိုင်ငံအတွက်
အခြေခံလိုအပ်တဲ့ စက်ပစ္စည်းတွေတင်သွင်းပြီး မြောက်ကိုရီးယား ထွက်ကုန်နဲ့ဖလှယ်
တဲ့စနစ်မို့ နိုင်ငံခြားငွေကြေးမရရှိပါဘူး။ မြောက်ကိုရီးယားနိုင်ငံဟာနိုင်ငံခြားငွေရရှိဖို့အတွက် စစ်လက်နက်ပစ္စည်းများ၊ နျူကလီးယားနည်းပညာတွေကို ပြည်ပနိုင်ငံတွေဆီရောင်းချ
ရှာဖွေတာလို့ ရေးသားထားပါတယ်။

ကုလသမဂ္ဂကအရေးယူပိတ်ဆို့ထားတဲ့ မြောက်ကိုရီးယားနိုင်ငံရဲ့ လက်နက်ပို့ဆောင်ပုံ တွေကို
အသေးစိတ်တင်ပြထားပါတယ်။

မြောက်ကိုရီးယားနိုင်ဟာ သူ့နိုင်ငံနဲ့ အလွန်အလှမ်းကွာဝေးလွန်းတဲ့နိုင်ငံ ( ဥပမာ-အီရန် ) စစ်လက်နက်ပစ္စည်းတွေပို့ဆောင်ရာမှာအလွန်ကိုအဆင်မြင့်တဲ့ကုန်တင်လေယာဉ်တွေနဲ့ပိုဆောင်
ကြောင်းသိရပါတယ်။ အလှမ်းဝေးတဲ့နိုင်ငံတွေဆီကို တိုက်ရိုက်ပျံသန်းပြီး အိမ်နီးချင်းနိုင်ငံတွေ
ရဲ့ လေပိုင်နက်တွေကိုဖြတ်သန်း အသုံးပြုခဲ့ပါတယ်။

မြောက်ကိုရီးယားသည် လက်နက်များကို တစစီ ထုပ်ပိုးပြီးလျို့ဝှက်စွာတင်ပို့သော နည်းများကို
အသုံးပြုပြီး သဘောင်္ဖြင့်ရေလမ်းကြောင်းမှတဆင့် တင်ပို့နေကြောင်းသိရပါတယ်။ တချို့တင်ပို့မှု
ကိစ္စများနှင့် သက်ဆိုင်ရာနိုင်ငံများတွင်ပြန်လည်တပ်ဆင်ခြင်းများကို မြောက်ကိုရီးယားမှ
|သိပ္ပံပညာရှင်များ၊ နည်းပညာရှင်များ၊ အထူးကျွမ်းကျင်သော ပုဂ္ဂိုဟ်များ၏ ပါဝင်ပူးပေါင်း
မှုများကြောင့် အဆင်သင့် လွယ်လင့်တကူ တပ်ဆင် အသုံးပြုနိုင်ခြင်းဖြစ်တယ်လို့ အစီရင်ခံ
စာမှာဖေါ်ပြပါရှိပါတယ်။

မြောက်ကိုရီးယားအစိုးရကတော့ ကုလသမဂ္ဂလုံခြုံရေးကောင်စီကိုတင်တဲ့အစီရင်ခံစာ
ပါတ်သက်လို့ တစုံတရာတုန့်ပြန်ပြောဆိုခြင်းမရှိသေးပါဘူး။

မြောက်ကိုရီးယားရဲ့ နျူကလီးယားစမ်းသပ်မှုကြောင့်ကုလသမဂ္ဂက စီးပွားရေးကိတ်ဆို့အရေးမှုကို
၂၀၀၉ခုနှစ်ကတည်းက အရေးယူအပြစ်ပေးထားခဲ့ခြင်းဖြစ်ပါတယ်။

မြောက်ကိုရီးယားနဲ့ ဆက်မှုတွေတိုးမြင့်ပြီး နျူကလီယားနဲ့ တာဝေး၊တာလတ်ပစ်ဒုံးကျည်တွေ ဝယ်ယူနေ
|တဲ့ မြန်မာစစ်အဏာရှင်တို့ဟာ ရွေးကောက်ပွဲမသမာမှု၊ တိုင်းရင်းသားတော်လှန်ရေး အဖွဲ့တွေရဲ့
တိုက်ခိုက်မှုတွေအပြင် နိုင်ငံတကာရဲ့ ဖိအားတွေကို ရင်ဆိုင်နေရပြီး ဘေးကျပ်နံကျပ် အခြေအနေ
ကိုရောက်ရှိနေကြောင်း သတင်းဌာနတွေကသုံးသပ်နေကြပါတယ်။ ကုလလုံခြုံရေးကောင်စီကိုတင်သွင်းတဲ့ ဒီအစီရင်ခံစာကြောင့်မြောက်ကိုရီးယားရဲ့ နျူကလီးယားဆက်စပ်ထုတ်လုပ်နေတဲ့ မြန်မာ
စစ်ခေါင်းဆောင်တွေဟာ အရေးပေါ်အစည်းအဝေးတွေလုပ် နေကြကြောင်း နီးစပ်တဲ့ အသိုင်း
အ၀န်းကနေသတင်းရရှိပါတယ်။

2 thoughts on “မြောက်ကိုးရီးယား ထံမှ နအဖ စစ်အစိုးရ ညူလက်နက် နည်းပညာ နှင့် ဆက်စပ် ပစ္စည်း ၀ယ်ယူကြောင်း ကုလ ၄၅ မျက်နှာ အစီရင်ခံစာထုတ်ပြန်

  1. မင်းတို့ကိုပြည်သူတွေကတိုင်းပြည်ခေတ်မှီတိုးတက်ရေးအတွက်ဘဲ သင်ခိုင်းတာ မင်းတို့အမေလင် စစ်ခွေးတွေရဲ့လက်နက်လုပ်တဲ့အတတ်ကိုသင်ခိုင်းတာမဟုတ်ဘူးက ခွေးမသားရဲ့ တိုင်းပြည်ခေတ်မှီတိုးတက်မှုမရှိဘဲနဲ့ လက်နက်ကပိုင်ဆိုင်ချင်သေးတယ် ရူးလိုက်တာ လက်နက်တွေလုပ်ပြီးမင်းတို့မိန်းမကိုဘဲပြန်ပြီးထိုးတော့နော် မြောက်ကိုးရီးယား နဲ့ပေါင်းပြီးတော့

  2. sinple ဆိုတဲ့ကောင်ဘယ်ရောက်သွားပြီလဲ ..မင်းတို့ကို ပြည်သူ့ငွေတွေနဲ့
    ရုရှားမှာ ပညာတော်သင်လွတ်တာ မင်းတို့ဘာပညာတတ်ခဲ့လဲ..အလကား
    စောက်ရူးတွေ
    မင်းတို့ကိုတစ်နေ့ တိုင်းရင်းသားတွေက ဖင်ချတော့မှာ
    မင်းတို့ သိပြီလား……….

Comments are closed.