မြန်မာ လူငယ်တွေ အသုံးများ တဲ့ အင်တာနက်လူမှု ကွန်ယက် တွေ ဖြစ်တဲ့ Face Book,Twitter
နဲ့  Buzz စတဲ့ အွန်လိုင်း ကွန်မြုနတီ တွေ မှာ နေအိမ် အကျယ်ချုပ် ကလွတ်မြောက်လာတာ နှစ်ရက်
ပဲ ရှိသေး တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ဓာတ်ပုံတွေ မိန့် ခွန်းတွေ ကို တင်ထားပြီး ဆွေးနွေး ထောက်
ခံ မှု တွေ ကို လူငယ်တွေ က ဦးဆောင် ပြုလုပ်နေကြပါတယ်။
လူမှု ကွန်ယက် တွေ မှာ ပျံနေ တဲ့ ဒေါ်အောင်ဆန်းစုကြည် ရဲ့  ပြန်လည်လွတ်မြောက် မှု အမှတ်တရများ
ထဲမှ မြန်မာ့ အရေး ဖေ့ဘွတ် စာမျက်နှာ က “အမေ့ ဟောပြောပွဲက ၀မ်းသာစရာ ဖြစ်ရပ်ကလေးပါ”
ဆို တဲ့ ယမန်နေ့ ဒေါ်စု မိန့် ခွန်းက ကောက်နှုတ်ချက် နဲ့  ဒေါ်အောင်ဆန်းစုကြည် ရဲ့ နာမည် မှာ ပါဝင်တဲ့
အက္ခရာ တွေ ကို ဂုဏ်ဖော်ထား တာကို ဖော်ပြလိုက်ပါတယ်။
အမေစု—— မြန်မာ ပြည်သူတွေဟာ တစ်ယောက်နဲ့ တစ်ယောက် သည်းငြီးခံတတ်ကြတယ်… ဟုတ်တယ်မလား…
ပြည်သူများ—- ဟုတ်ပါတယ်…..
အမေစု—- တကယ်ရော ဟုတ်ရဲ့လာ….
ပြည်သူများ—- ဟုတ်ပါတယ်….
အမေစု—- ဒါဆိုစမ်းကြည့်ရမလား….
ပြည်သူများ—- စမ်းကြည့်ပါ….
အမေစု— ဒါဆိုရင် စမ်းမယ်နော်…. ဒီရှေ့က(စင်ရှေ့က)လူတွေက ကျမအသံကို ထိုင်ပြီးတော်တော်လဲ နားထောင်ပြီးသွားပါပြီ.. ဟိုးဘက်(ရွှေဂုံတိုင်ဘက်ခြမ်း)ကလူတွေရယ် နောက်က လူတွေရယ်က မတ်တပ်ရပ်နေရတာ တော်တော်ကြာပါပြီ သည်းငြီးခံနိုင်တယ် ဆိုရင် ဒီရှေ့က လူတွေက အဲဒီလူတွေနဲ့ နေရာလဲပေးလိုက်ပါလား…..
အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ….အမေစု အဲလိုဘဲ ပြောလိုက်ရော…ချက်ခြင်းဘဲ ရှေ့ကလူတွေက ထပြီး နောက်ကလူတွေနဲ့ နေရာလဲပေးကြတာဗျာ…. အရမ်းအံ့သြဖို့ ကောင်းတယ်ဗျာ…
ထောင်သောင်းချီနေတဲ့ လူအုပ်ကြီးအာ ချက်ချင်း နေရာလဲပေးကြတာဗျာ…
အံ့သြဖို့ ကောင်းလိုက်တာ….
ဒါဘဲဗျ…. ခေါင်းဆောင်ကောင်းဆိုတာ…လူတွေရဲ့ ရင်ထဲမှာ ခေါင်းဆောင်လို့ သတ်မှတ်ထားရင် သေနတ်ပြပြီးအုပ်ချုပ်နေစရာမလိုဘူး…. ထောင်နဲ့ခြောက်ပြီးလဲအုပ်ချုပ်နေစရာမလိုဘူး…
စကားလေး တစ်ခွန်းပြောပြီး ညင်ညင်သာသာခိုင်းရုံနဲ့ လူတွေက လိုက်လုပ်ပြီးသားဘဲဗျ…
လေးစားဖို့ကောင်းလိုက်တာဗျာ….
ဟောပြောပွဲသို့ ကိုယ်တိုင်သွားရောက်နားထောင်လာသော သောကြာကောင်ကောင် ၏ message အားပြန်လည်တင်ပြခြင်းဖြစ်ပါသည်။ပေးပို့သူ သောကြာကောင်ကောင် အားအထူးပင်ကျေးဇူးတင်ရှိပါသည်။
နောက် တစ်ခု ကတော့ ဒေါ်စု အိမ်ရှိရာ တက္ကသိုလ် ရိပ်သာ လမ်းကို ကန့် သတ် နယ်မြေ လုပ်ထားတာ
ကြာတော့ အခု ဘတ်(စ်)ကား တွေ ဖြတ်တဲ့ အခါ ခရီးသွား တွေ ဒရိုင်ဘာ တွေ ၊လက်မှတ်ရောင်းတွေက
မှတ်တိုင် ဘယ်နားမှာ ရှိ ခဲ့မှန်းတောင် မသိတော့ ကြုံ တဲ့ နေရာ ရပ်ကြတဲ့ ဆိုပါတယ်။ လှည်းတန်း မှာ
အဆောင်နေပြီး ရန်ကင်း စင်တာ မှ အလုပ်လုပ်သူ တစ်ဦးကတော့ မှတ် တိုင်ဟောင်း နေရာ လေးတွေ နဲ့ 
နာမည် တွေ သိရင် ကူညီ ပါအုံး ဆိုပြီး FNG ကို စာပို့ လာပါတယ်။
သိတဲ့သူများ ရှိရင် ပြောပေးကြပါအုံး ..

အမေစုလွတ်မြောက်လာတဲ့အတွက်အရမ်းကိုဝမ်းသာမိပါတယ်…အဲနေ့ကမလာနိုင်တာကိုလဲစိတ်မကောင်းပါဘူး…
ဒါပေမဲ့…သမီးတို့ကတော့အမြဲတမ်းအမေစုဘက်ကပဲရပ်တည်ပေးနေမှာပါ…စစ်မှန်တဲ့….ပြည်သူဘက်ကအမြဲကာကွယ်ပေးမယ့်ခေါင်းဆောင်ကောင်းတယောက်လို့ယုံကြည်ပါတယ်….စိတ်ပူတာတခုကတော့….အမစေုကိုလွတ်ပေးရတဲ့စစ်အစိုးရ၇ဲ့ရည်ရွယ်ချက်ကဘာမှန်းရေ2ရာ2မသိရသေးတော့..အမေစု၇ဲ့လုံခြုံရေးကိုဂရုပြုစေချင်ပါတယ်…
အဖေ နဲ. အမေ အဆင်မပြေရင် သားသမီးတွေ စိတ်ဆင်းရဲကြရ ပြီး ဦးလေးတွေ၊ ကြီးဒေါ်တွေအိမ်တွေကိုသွားပြီးမှီခို ကြရတဲ.အဖြစ်မျိုး မကြုံချင်ပါ၊
သားသမီးတွေကို ငဲ.ညှာပြီး တည်.တည်.ရှုရှုနေထိုင် နိုင်ကြပါစေလို. အေးချမ်းတည်ငြိမ်တဲ. ဘ၀များပိုင်ဆိုင်နိုင်အောင်… ကြီုးစားပေးကြပါလို….
အဖ တပ်မတော်ကြီးနဲ. အမေ ပူးပေါင်းပြီး နိုင်ငံအေးချမ်းသာယာအောင် ကြိုးပမ်းပေးပါ
သားသမီးတွေအတွက် အဖေမရှိ လို. မဖြစ်သလို၊ အမေ မရှိလို.လည်းမဖြစ်ပါ။
မြန်မာသံတော်ဆင့်မှာ ရေးထားတာ
ဒေါ်စုအတွက် လမ်းညွှန်ချက်တွေ padaukmyay.blogspot.com မှာ ဖတ်လိုက်ရတယ်၊ သံတော်ဦးတင်လိုက်ကြဦး။
မင်းတို့ ပိတောက်မြေက ဖားမှ စားရတဲ့ကောင်တွေကို အလုပ်ခန့်ထားတာပါကွာ။ ဘာနိုင်ငံရေးမှလည်းနားမလည်။ လူမှုရေးအကြောင်းလည်းမသိ ရေးပေးတာကို လိုက်ဖတ်တတ်ရုံလောက်အဆင့်လေးတွေနဲ့များကွာ။ စကားလုပ်ပြောနေတယ်။ ခွေးလှေးခုန်လို့ ဖုန်မထပါဘူးကွာ။
အမေစု
တော်တော်လေူး1သာပါတရ်ဗျာ ။လွတ်မြောက်တဲ့ ရက်ကရောအမေမိန့်ခွန်းပြော
တဲ့ ရက်ကရောသားမအားလို့မလာနိုင်တာကိုတော်တော်လေးအားမရဘူးဖြစ်နေ
တရ်။ အမေဆု မြန်မြန်အေးအေးချမ်းချမ်းနေနိုင်ပါစေဗျာ။ ။.
Daw Aung San Su Kyi___
PEACE
for all PUBLIC
:)))))))))))))))
Daw Aung San Su Kyi___
PEACE
for all PUBLIC
PEACE
for all PUBLIC
Great
Aunty Su