ငြိမ်းချမ်းသော တော်လှန်ရေး ကြီး စတင် နိုင်ရန် ဒေါ်စု ရည်မှန်း

မြန်မာ နိုင်ငံတွင်း စစ်မှန်သော အပြောင်းအလဲ များ ပေါ်ပေါက်ပြီး သွေးထွက်သံယို နာကျင်ခက်
ခဲမှု မရှိ သောအပြောင်းအလဲ များဖြစ်ရန် ဒေါ်အောင်ဆန်းစုကြည်က မျှော်မှန်း ထားကြောင်း
လန်ဒန် အခြေစိုက် ဘီဘီစီ သတင်းဌာန တွင် တွေ့ ဆုံမေးမြန်းခန်း တွင် ဒေါ်အောင်ဆန်းစုကြည်
က ထည့်သွင်းပြောကြား သွားသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ ချုပ် ရုံးဉ် ပြုလုပ်သည့် တွေ့ ဆုံမေးမြန်မှု ဉ် သူမ က စစ်တပ် ကျဆုံး
သွား မည် ကို မမြင် လိုကြောင်း ပိုမိုဂုဏ်သိက္ခာ ရှိသည့် မျိုးချစ် တပ်မတော် အဖြစ် တာဝန် ကျေ
သည့် တပ်မတော် အဖြစ် သာမြင် လိုကြောင်း ထည့်သွင်းပြောကြား သွားခဲ့သည်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင်က သူမ သည် မြန်မာ နိုင်ငံတွင်းဉ် အကြမ်းမဖက် လမ်းစဉ် ဖြင်
တော်လှန်ပြောင်းလဲ မှု ဖြစ်ထွန်း လာမည် ကို မျှော်လင့် ကြောင်း၊ကျွန်မ တို့ အားလုံး ဤနည်းလမ်း
မျိုး ပေါ်ပေါက် လာအောင် ပြုလုပ်သင့်ကြောင့် ကတ္တီပါ တော်လှန်ရေး ဆိုသည့် စကားလုံးသည်
စစ်တပ် အနေဖြင့် အနည်းငယ် စိမ်းနိုင်မည့် စကားလုံးဖြစ်သော် လည်း အကြမ်းမဖက် သည့်
တော်လှန် ပြောင်းလဲမှု တစ်ရပ် သာဖြစ်ကြောင်း ။ဒီနည်း လမ်းကို အသုံး ပြုကြည့် ဖို့ တိုက်တွန်း
ကြောင်း ပြောကြားခဲ့သည်။

မြန်မာ နိုင်ငံသည် တစ်နေ့ ဒီမိုကရေစီနိုင်ငံ ဖြစ်မည် မှာ သေချာသော် လည်း မည်သည့် နေ့ ရက်
တွင် ဒီမိုကရေစီ ရမည် ကို မသိကြောင်း ပြောခဲ့သည်။

8 thoughts on “ငြိမ်းချမ်းသော တော်လှန်ရေး ကြီး စတင် နိုင်ရန် ဒေါ်စု ရည်မှန်း

  1. ကိုချက်ကြီးပြောတာထောက်ခံပါတယ်…..ဒီလိုအဖြစ်မျိုးတွေထပ်မကြုံစေလိုတော့ပါဘူး…ခေါင်းဆောင်ကောင်းရှားပါးတဲ့ကျမတို့နိုင်ငံမျိုးမှာ…ဘာကိစ္စပဲလုပ်2အမေစုအနေနဲ့..လုံခြုံေ၇းကိုဂရုပြုဖို့တောင်းဆိုချင်ပါတယ်….ပြည်သူတွေအနေနဲ့လည်း….စည်းကမ်းကျကျ..သတိကြီး2နဲ့နေတတ်ဖို့လိုပါတယ်……လူမိုက်ဆိုတာဂျိုမပါပါဘူး….အကြမ်းနည်းနဲ့မဟုတ်ပဲအမေစုကိုသိမ်မွေ့တဲ့နည်းနဲ့ကာကွယ်ပေးဖို့စေ့ဆော်ချင်ပါတယ်….ကျမတို့ဘက်ကတချက်ချော်တာနဲ့..အလစ်ဝင်မဲ့မြေခွေးတွေကအဆင်သင့်ရှိနေပါတယ်…..အမစေု၇ဲ့ဆန္ဒအတိုင်းငြိမ်းချမ်းတဲ့တော်လှန်မူသာဖြစ်စေချင်ပါတယ်……

  2. အာဏာရူးသူတောင်းစား၊ ခွက်စောင်းခုတ်တွေက သူတို့လက်ကိုင်တုတ် ကြံ့ဖွံ့တို့၊ စွမ်းအားရှင်တို့ကို လူထုထဲရောပြီး အန်တီစုကို လုပ်ကြံခိုင်းနိုင်တယ်။ ပြီးတော့မှ လူထုက အန်တီစုကို လက်မခံဘူးဆိုပြီး အရှက်မရှိပြောလိမ့်မယ်။ ဒီကောင်တွေ အရင်ကလည်း ဒီလိုလုပ်ပြီးပြီ။ သတိထားကြပါ။

  3. အကောင်းဆုံးနည်းလမ်းတွေသာရှာကြံပြုလုပ်သွားရန် ဒေါ်စုအား ဆန္ဒပြုလိုပါတယ်
    ထိပ်တိုက်တွေ့ဆုံခြင်းထက် အေးဆေးစွာသိစေလိုခြင်းကိုသုံးသင့်ပါတယ်
    လက်ရှိဖြစ်လာမယ့်နိုင်ငံရေးဟာ ခြင်္သေ့တွေရဲ့နိုင်ငံရေးပါ
    ခမောက်တွေအတွက်အန္တရာယ်ရှိလာပါလိ့မ်မယ်
    သိပ်မကြာခင်က ဒေါ်စု နတ်မောက်ကို ခြေလျှင်ခရီးထွက်မယ်ကြားပါတယ်
    မသွားစေလိုပါ ဒေါ်စုနောက်ကလိုက်မယ့် ပရိသတ်က နည်းမှာမဟုတ်ပါ ဒီလိုသာသွားခဲ့လျှင်
    အကြောင်းအမျိုးမျိုးပြပြီး ပြဿနာအမျိုးမျိုးရှာကြမှာပါ
    ဗိုလ်ချုပ်တုံးကလည်း ငါ့ကိုလုပ်ကြံမယ့်သူမရှိပါဘူး လို့ဆိုခဲ့တာပါပဲ
    ခွေးရူးကသရေကျနေရင်သိနိုင်ပေမယ့်
    အာဏာရူးဆိုတာကတော့ ထိပ်တိုက်ကြုံမှသိရတာပါ
    ဒေါ်စုကို ကားနဲ့သာသွားစေလိုပါတယ်
    ရောက်တဲ့မြို့မှာ နေရာသပ်မှတ်ပြီး ဟောပြောစေလိုပါတယ် နောက်ကလိုက်မယ့်သူတွေကလည်း စည်းကမ်းရှိရှိနဲ့ ဘယ်သူမှလက်ညိုးမထိုးရအောင်သွားလာသင့်ပါ တယ် ဒီပဲယင်းကိစ္စမမေ့သင့်ပါ
    ကျွန်တော်တို့နိုင်ငံမှာ ခေါင်းဆောင်ကောင်းရှားခဲ့ပါတယ်
    ဒေါ်စုသာတစ်ခုခုဖြစ်ခဲ့လျှင် နောင်နိုင်ငံရေးမှာ တိရစ္ဆာန်တွေအုပ်ချုပ်တဲ့နိုင်ငံရေးဖြစ်လာမယ်ထင်မိတယ်

    ဒေါ်စုကိုချစ်တဲ့
    ချက်ကြီး

  4. အပေါာပိုင်းက ခွေးကောင်တွေ ကိုရှင်းလိုက်၇င် တပ်မတော် ပြည်သူချစ်တယ် တပ်မတော်ပဲ။
    အန်တီ စု၇ဲ. မိန်းခွန်.နားထောင်ချင်လို.နောက် ဘယ်နေ. ကျင်းပမလဲ

  5. ဟုက်တယ်သူငယ်ချင်းပြောတာမှန်တယ် ဒို့တွေခံရပေါင်းများပြီ ဒီတစ်ခါသတိရှိကြပါ သူတိုကငြိမ်နေမှာတော့မဟုက်ဘူး ဘာတွေ အကောက်ကြံနေသလဲဆိုတာလဲမသိနှိုင်ဘူး အဲ့ဒီတော့ ရှေ့ကို ကျွံမသွားပါစေနဲ့ နောက်မှာလဲ မကျံခဲ့အောင်သတိထားပါ အန်တီစု ပြတဲ့ လမ်းပေါ်မှာ ပြောတဲ့အတိုင်း လိုက်လျှောက်နိုင်ရင် ရပြီ ဘေးပါတ်ဝန်းကျင်ကို အမြဲမပြတ် သတိထားစောင့်ကြည့်နေကြပါ သတင်းထူးတာနဲ့ လက်ဦးမှု ရယူနှိုင်အောင် အဆင်သင့်ပြင်ထားကြပါ ဒါမှ ဒို့တွေလိုချင်တဲ့ ဒီမိုကရေစီ ကနေ သွေဖယ်မသွားမှာဖြစ်တယ် ခဏခဏ မျက်ခြေဖြတ်ခံနေရတယ် ဒီတစ်ခါ အလွန့်အလွန်သတိထားကြ၇ပါမယ်။

  6. freedomnewsgroup ကို ဖတ်ရှု့ခဲ့တာကြာပါပြီ။
    သတင်းတွေ ထူးတိုင်း freedomnews ကိုဖတ်ကြည့်ရတာအလုပ်တစ်ခုလိုပါ။
    ၁၃ ၁၁ ၂၀၁၀ နေ.က ဒေါ်အောင်ဆန်းစုကြည်( အန်တီစု) လွတ်တဲ့သတင်းကို aljarzeera သတင်းမှာ
    တွေ့ရပါတယ်၊ စောင်မျှော်နေတဲ့ အန်တီစုကိုလေးစာကြည်ညိုတဲ့လူတွေကလည်းအများကြီပါပဲ။
    နောက်တစ်နေ့ ၁၄ ၁၁ ၂၀၁၀ နေ့မှာလည်း ပါတီ ဋ္ဌာနမှာနာရီဝက်လောက်မက မက သတင်းစာရှင်လင်ပွဲးလုပ်ပြီး
    လူထုရှေ့မှာ စကားပြောခဲ့ပါတယ် ရန်ကုန်လူထုကလည်း သောင်သောင်ဖျ ဖျ တစ်ခဲးနက်စည်းကမ်းရှိ့စွာလာရောက်ခဲ့ကြပါတယ်။
    စစ်အစိုးရ ရဲ့ လူထုထောက်ခံပွဲးတွေ နဲ့များစွာကွာခြာတာကို သတင်တွေမှာတွေ့ကြရမှာပါ။
    နောက်နောင်မှာလည်း အန်တီစု ရောက်တဲ့အရပ်မှာ ဒီလိုပဲ လူထုက အားပေးကြမှာပါ။
    ဒီလိုဆိုရင် ကြံ့ဖွတ် အမတ်လောင်းတွေက ဒီတိုင်ကြည့်နေမယ်မထင်ပါ။
    ဒီပဲယင်းအရေး အခင်းလို လုပ်လာမှာကို ပြည်သူတွေအနေနဲ့ သတိရှိ့နေစေချင်ပါတယ်။
    ကြံဖွတ် တွေနဲ့ လူမိုက်တွေက ရန်ရှာလာမှာ အသေ အခြာပါပဲ။
    ရန်ရှာလာလို့ လူထုက တုန်နပြန်လိုက်ပါပြီတဲ့ ဘာတွေလုပ်လာမယ်ထင်ပါသလည်း
    ဒီမိုကရေစီနဲ့ မတန်ဘူးလို့အကြောင်ရှာ ရပြီမှို့ သူတိုက (စစ်အစိုးရ) ဆက်အုပ်ချုပ်
    အန်တီစု က အကြယ်ချုပ် လူထုတွေ ကို လိမ်ညာပြီး အမှားကို အမှန်လုပ် ပါလိမ့်မယ်။
    ဒါကြောင်. freedomnewsgroup မှတဆင့် အနယ်နယ် အရပ်ရပ်က မြန်မာတွေ သိစေချင်ပါတယ်။
    သတိရှိစေချင်တယ်၊ ခဏ ခဏ မခံ ရပါစေနဲ့လို သတိပေးပါရစေ။
    ကျေဇူးများစွာဖြင့်။

  7. အန်တီစု ပြောသလို စစ်တပ်ကို ပိုမိုဂုဏ်သိက္ခာရှိသည့် မျိုးချစ်တပ်မတော် အဖြစ် မြင်တွေ့ရဖို့က ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် စစ်တပ်ကို အုပ်ချုပ်နေတဲ့ စစ်အာဏာရူး လက်တစ်ဆုပ်စာ အဖွဲ့ က စစ်တပ်မှာ မရှိတော့မှ ဖြစ်မှာပါ…။ ဒီကောင်းတွေက သေသည်အထိ အာဏာကို ယူသွားမယ့်ကောင်တွေပါ။

Comments are closed.