အာဏာရှင်နိုင်ငံတွေ ကိုမျိုးဖြုတ်ဖို့ လစ္စဘွန်းမှာ ပြီးခဲ့တဲ့ နိုဝင်ဘာလဆန်းကတည်းက လှို့ ဝှက်
စီမံကိန်းဆွဲ ခဲ့တာ ကို Freedom News Group က ဖော်ပြပြီးဖြစ်ပါတယ်။ စာဖတ်သူတွေ က
မျက်စေ့လျှမ်း သွားတော့ ဒီသတင်း ကို သိပ် သတိမထား မိဘူး။ ဒါပေမယ့် ဗိုလ်ချုပ်မှုးကြီး
သန်း ရွှေက တော့ FNG ရဲ့ ဒီသတင်း ကို ပုံနှိပ် စာရွက် ထုတ်ပြီး အစည်း အဝေးတွေ မှာ ချဆွေးနွေး
တယ် လို့  တပ်မှုး တစ်ဦး ရဲ့  ကိုယ်ရေး အရာ ရှိ တစ်ဦး ရဲ့ သူငယ် ချင်းတစ်ယောက် က ပြောပါ
တယ်။
(အဲဒီ ဆွေးနွေး ပွဲ တက်ခဲ့တဲ့ အရာရှိ တစ်ဦး က မြန်မာနိုင်ငံ နဲ့ ပတ်သက်ပြီး တစ်ခုခု ပြောတာ
ကို ဗီဒီယို ဖိုင်နဲ့ နောက် ၂၄ နာရီ နေရင် တစ်နေရာရာ ကနေ Leak ပေးမယ်)
ရှုစား အားပေးတော်မူကြပါ။
မြောက်အတ္တလန်တစ် စစ်စာချုပ် အဖွဲ့ (နေတိုး)
က အာဖဂန် နစ္စတန် နိုင်ငံမှ မဟာဗျူဟာမြောက်
စွန့် ခွာမှုများပြုလုပ်ပြီး လျှင် ကမ္ဘာပေါ်ရှိ အခြား
အန္တရာယ်ရှိ သော နိုင်ငံများ ၏ ရန်လိုမှု များ ကို
စစ်ရေး အရ အရေးယူနိုင်ရန် နှင့် အာဖဂန် နစ္စတန်
ကဲ့သို့ အလုံးအရင်းဖြင့် ၀င်ရောက်ခြင်း မဟုတ်ဘဲ
လျှက်တစ်ပျက် စိမ့်ဝင်ထိုးဖောက် ခြင်း
(Infiltration Team )မျိုးဖြင့် အရေး ပါသည့်
နေရာများ ချေမှုန်းပြီး နောက် လေကြောင်းဖြင့်
ထိုးစစ် ဆင် နိုင်ရန် ညှိုနှိုင်း စီစဉ် ပြီးသွား ပြီ ဟု
မှ သိရသည်။
နေတိုး ၏ စစ်ရေး စွမ်းရေး အဆင့်မြှင့်မှု မဟာဗျူဟာ မြောက် ဆွေးနွေး ပွဲ တစ်ခု ကို ယမန်နေ့ က
နေတိုးအဖွဲ့ ဝင် ၂၈ နိုင်ငံတို့  ပေါ်တူဂီ နိုင်ငံ လစ္စဘွန်း မြို့ တွင် သီတင်းနှစ် ပတ်ကြာ ဆွေး နွေး ခဲ့ကြရာ
မှ ထို ရလာဒ် ပေါ်ထွက် လာခြင်း ဖြစ်သည်။
ဒိန်းမတ် နိုင်ငံ သား နေတိုးအတွင်းရေးမှုးချုပ် Anders Fogh Rasmussen က သတင်းစာ ရှင်း
လင်း ပွဲ ဉ် နေတိုး အဖွဲ့ ဝင် နိုင်ငံများ ကို မဟာဗျူဟာ မြောက် ဒုံးလက်နက် ကာကွယ်ရေး အစီအစဉ်
အောက်မှ စီမံကိန်း တစ်ခု အဖြစ် ထည့်သွင်း ရေး ဆွဲ ထားခြင်း ဖြစ်သည်။
နေတိုး အဖွဲ့ ၏ ဒုံးလက်နက် ကာကွယ်ရေး အစီအစဉ် တွင် ရုရှား နိုင်ငံကလည်း ကူညီမှု ပြုမည်
ဟု သိရသည်။နေတိုး အဖွဲ့ ၏ လစ္စဘွန်း တွေ့ ဆုံမှု တွင် မြန်မာ နှင့် အီရန် နိုင်ငံများ က မြောက်ကိုး
ရီးယားထံမှညူကလီယား နှင့် ဒုံးလက်နက် ပစ္စည်းများ ၀ယ်ယူခဲ့သည် ဆိုသည့် ကုလသမဂ္ဂ၏ ၄၅
မျက်နှာ အစီရင် ခံစာ ကို လည်း ဆွေးနွေးခဲ့ကြသည်။
နေတိုး အဖွဲ့ က ထိုစီမံကိန်းမှာ ပြောင်းလဲလာသည့် အခြေအနေများ နှင့် လိုက်လျောညီထွေရှိ
သည့် နေတိုး အဖွဲ့ ၏ စစ်ရေးစီမံကိန်း ကဏ္ဍသစ် ဟု သတ်မှတ်ထားသည်။
နေတိုးအဖွဲ့ အဖွဲ့ အား ဒုတိယကမ္ဘာစစ် အပြီး ရုရှား ၏ စစ်ရေး ရန်လိုမှု အချို့ ကို ဟန့် တား နိုင်ရန်
အတွက် အမေရိကန် နှင့် ဥရောပ နိုင်ငံများ ကို နိုင်ငံတစ်နိုင်ငံ ကို တစ်နိုင်ငံ က အကူအညီ ပေးရး
စစ်စာ ချုပ် ဖွဲ့ စည်းခဲ့ကြခြင်း ဖြစ်သည်။
လစ္စဘွန်း နှီးနှော ပွဲ တွင် အဖွဲ့ ဝင် နိုင်ငံ အားလုံး ကို အကာအကွယ်ပေး နိုင်သည့် ဒုံးလက်နက်
ကာကွယ်ရေး အစီအစဉ် အတွက် လည်း သဘော တူညီမှု ရရှိခဲ့သည်။
အယ်(လ)ဘေးနီယား နှင့် ခရိုအေးရှား တို့ သည် နေတိုး အဖွဲ့ သို့ နောက်ဆုံး ၀င်ရောက် ခဲ့သည့် နိုင်
ငံများ ဖြစ်သည်။

မည်သည့်နိုင်ငံကမျှ ကျွန်ုပ်တို့နိုင်ငံကို စေတနာ အင်တိုက်အားတိုက်ဖြင့် ကူညီမည်မဟုတ်။ ယင်းတို့အကျိုးအမြတ် အတွက်သာကြည့်၍ ကူညီလိုကြခြင်းဖြစ်သည်။ especially US,UK
အဓိက မြန်မာပြည်ကြီး အပြောင်းလဲတွက်ကတော့ တို့မြန်မာနိုင်ငံသားတွေကတာ ကိုယ်စားပြုတာပါ
အဲ့ဒီတော့ တော်လှန်ရေးတရပ်တွက် လူထုအားလုံးကို တိုက်တွန်းနှိုးစော်ထားလိုကပါ
JUST DO IT
အေးလေ.. အားလုံးက ကိုယ့်ရဲ့ထင်မြင်ချက်တွေ ရေးထည့်နေတာဟာ ကောင်းပါတယ်… ကျိန်တော်ကတော့့ နေတိုးအဖွဲ့ ကဒို့နိုင်ငံကို လာပြီး သန်းရွေရဲ့ စစ်အာဏာရှင်စနစ်ကို ရအောင်တိုက်ဖျက်ပေးမယ်ဆိုတဲ့ သတင်းဟာ သတင်းမို့လို့သာ ရေးနေရတာ။ တကယ်တမ်းလက်တွေ့မှာတော့ လုံးဝကို မဖြစ်နိုင်နိုင်တဲ့ ကောလဟလ သတင်းတပုပ်ပါဘဲ…ဘာကြောင့်လဲဆိုတော့ ဘယ်လူမျိုးမဆို ( exception myanmese )သူတို့ရဲ့ အကျိုးစီးပွား မရှိဘဲနဲ့ အကျိုးစီးပွားရှိရင်တောင်မှ မဖြစ်စလောက်အကျိုးအမြတ်နဲ့လည်း ဘယ်နိုင်ငံကိုမဆို ကိုယ့် ration ကိုယ့်လူ ကိုယ့်စစ်လက်နက် နဲ့ ၀င်တိုက်ကူဖို့ဆိုတာ အိပ်မက်အဖြစ်နဲ့တောင် မက်ခွင့်ရလိမ့်မယ်လို့ မထင်ထားမိပါဘူးဗျာ။။။။။
ီ
nawnaw ကဒီသတင်းတင်တာလား… အင်း …. သတင်းရတယ်ဆိုရင် တင်ရမှာပေါ့ဗျာ… ဖြစ်နိုင်တယ် မဖြစ်နိုင်ဘူးကတော့ စာဖတ်သူတွေ ပိုင်းခြားကြပါလိမ့်မယ်… သတင်းသမားကတော့ သတင်းရရင် တင်သာတင်ဗျာ… အားပေးတယ်… သတင်းထူးနဲ့ သတင်းကို မှန်နိုင်သလောက် မှန်တာလေးကို ရွေးတင်တာပိုကောင်းမယ်လို့ အကြံပေးပါတယ်… FNG ကို အားပေးလျှက်ပါဗျာ…
ဟား””””””””””””””””’ အစီစဉ်တွေဆွဲနေကြတာ.. US တွေ EU တွေ ဂျနီဗာ တွေ ရွာ သူကြီးအုပ်စုတွေ
စီမံကိန်းတွေ ဆွဲနေကြတာ.. shit . နောက်ဆုံးဘယ် အာဏာရှင်ကမှ မြန်မာပြည်အတွက် ကိုယ်စားမပြုပါဘူး
အဓိက မြန်မာပြည်ကြီး အပြောင်းလဲတွက်ကတော့ တို့မြန်မာနိုင်ငံသားတွေကတာ ကိုယ်စားပြုတာပါ
အဲ့ဒီတော့ တော်လှန်ရေးတရပ်တွက် လူထုအားလုံးကို တိုက်တွန်းနှိုးစော်ထားလိုကပါ
ပြည်ချစ်သားရေ နင့်အိမ်ပေါ်သူများတက်လာပြီးနင့်ကိုမောင်ချပြီးအပိုင်းစီးပြီးဆိုလျင်နင်ရေစက်ချပြီးအိမ်ပေါ်ကဆင်းပေးမှာလား။
ဟုတ်ဆိုလျင်နင့်အိမ်ကိုငါလာလုမယ် မကာကွယ်နဲ့နော် ကိုယ့်မိသားစုကိုကာကွယ်ဘို့ ကိုယ်ရပ်ရွာကိုကာကွယ်ဘို့ ကိုယ်တိုင်းပြည်ကိုကာကွယ်ဘို့ စစ်ဆိုတာတိုက်သင့်ရင် တိုက်ရတယ် ဟင်းမပြောလိုက်ချင်ဘူး သူတော်ကောင်းလေသံနဲ့
နင်နှမရှိလျင် ငါကို …………….. စမ်းပါ သဘောထားကြီးကြီးလေးပေါ့။
သူများလာတိုက်တာကို…ကြောက်တယ်ဆိုရင်…တိုင်းပြည်ကိုကောင်းအောင်လုပ်တော့ လေ…..စစ်သားဖြစ်ပြီးစစ်တိုက်ရမှာတော့ ကြောက်တယ်….သြော်…ငါသိပြီ…မင်းတို့ ဗိုလ်သင်တန်းကျောင်းက လက်နက်မရှိတဲ့  ပြည်သူ..သံဃာ..ကျောင်းသားတွေကိုပဲ…တိုက်ဖို့ သင်ထားပေးတာကိုး…….မပူပါနဲ့ ကွာ..သူတို့ က မင်းတို့ လို မလောက်လေးမလောက်စားကောင်တွေကို…မလုပ်ပါဘူး….မင်းတို့ ပထွေးအကြီးကြီးတွေကိုပဲ ရွေးလုပ်မှာပါကွာ..
ကျွန်တော်ကတော့ ကိုယ့်တိုင်းပြည်အရေးကို ကိုယ့်ဘာသာကိုယ်ဖြေရှင်းမှပဲရလိမ့်မယ်လို့ယုံကြည်ပါတယ်။ သေချာစဉ်းစားကြည့်မယ်ဆိုရင် ဒီကိစ္စက မဖြစ်နိုင်ဘူးလို့ပဲ ထင်ပါတယ်။ ကျွန်တော်တို့ မြန်မာပြည်ပြောင်းလဲဖို့အတွက် အခြားနိုင်ငံတွေက လေနဲ့အော်တာလောက်ပဲလုပ်ပေးနိုင်မှာပါ။ ဘယ်နိုင်ငံမှ သူများတွေကောင်းစားဖို့အတွက် ကိုယ့်နိုင်ငံပိုင် တန်ဖိုးကြီးပစ္စည်းတွေကို အသုံးမပြုပါဘူး။ (ဥပမာ – စစ်သား၊ လေယာဉ်ပျံ၊ စစ်လက်နတ် တွေကို အသုံးပြုမှာ မဟုတ်ပါဘူး။)သူတို့နိုင်ငံရဲ့ အချုပ်အခြာအာဏာကို မထိပါးသရွေ့ပေါ့။ သူတို့အတွက် အကျိုးအမြတ် တခုခုမရှိပဲနဲ့ ဘယ်နိုင်ငံမှ မကူညီပါဘူး။ လေနဲ့အော်တာကလွဲလို့ပေါ့။
မြန်မာပြည် စစ်ကျွန်မှ လွတ်မြောက်ဖို့အတွက် ကျွန်တော်တို့ကိုယ်တိုင် ပြုပြင်ပြောင်းလဲမှုကိုလိုလားပြီးတော့ ကိုယ်တိုင်ပဲတိုက်ပွဲဝင်ရလိမ့်မယ်။ အဲဒါကြောင့်ဘယ်သူ့ကိုမှ အားမကိုးပါနဲ့။ ကိုယ်ကိုယ်တိုင်ပဲ ကြိုးစားဖို့လိုအပ်ပါတယ်။
အဲဒီနိုင်ငံတွေဆိုတာက အရင်းရှင်နိုင်ငံပီပီ သူတို့အကျိုးစီးပွားအတွက် မပါရင် ဘာမှမလုပ်ကြပါဘူး… သူတို့အကျိုးစီးပွားကို ထိခိုက်လာရင်သာ ၀င်ပါလာတတ်ကြတာပါ… အဲဒီအတွက် သိပ်ပြီးတော့လည်း အားမကိုးကြပါနဲ့… အမေရိကန်သာ တကယ်စိတ်ရင်း စေတနာအမှန်နဲ့ဆိုရင် မြန်မာနိုင်ငံ အခုလောက်ရှိ အပြောင်းအလဲ ဖြစ်တာကြာပါပြီ… မြန်မာနိုင်ငံကိုသာ အမေရိကန်ဝင်တိုက်ရင် မြန်မာပြည်သူတွေထဲ့ အမေရိကန်ဘက်က ကူပြီး ၀င်တိုက်မယ့်သူတွေ ဒုနဲ့ဒေးရှိပါတယ်… အီရတ်လို မဖြစ်နိုင်ပါဘူး… အဲဒါနဲ့ ပတ်သက်ပြီး အမေရိကန်စစ်ဘက်ဆိုင်ရာတွေက လေ့လားထားပြီးသားပါ… ဘယ်အချိန်တိုက်တိုက်ရတယ်ဆိုတဲ့ အနေအထားမျိုးရှိပါတယ်… ဒါပေမယ့် လုပ်မှာ မဟုတ်သေးပါဘူး… စစ်အစိုးရကလဲ အမေရိကန်လို နိုင်ငံမျိုးနဲ့ ပြဿနာ ကြီးကြီးကျယ်ကျယ်မဖြစ်အောင်ရှောင်တယ်… အမေရိကန်ကလဲ သူ့အကျိုးစီးပွားကို မထိခိုက်ရင် မလုပ်ဘူးဆိုတဲ့ အရင်းရှင်ဆန်ဆန်နိုင်ငံပါ… အဲဒီအတွက် ပြည်သူတွေက အရမ်းကြီးမမျှော်ကိုးကြပါနဲ့… ကိုယ်တို့တွေ ဘာလုပ်သင့်တယ်ဆိုတာကိုပဲ စဉ်းစားစေချင်ပါတယ်… ဗမာတွေ စကြာဝတေးမင်းဖြစ်မယ့် ညောင်ရမ်းမင်းသားကို မျှော်ရင်း မျှော်ရင်းနဲ့ပဲ တိုင်းပြည်ကြီးပျက်စီးပြီး တိုင်းတပါးလက်အောက်ကို ကျရောက်ခဲ့တဲ့ သာဓကလဲ အထင်အရှားပါ…
လက်တွေ့ဖြစ်နိုင်တာ လုပ်တာပဲ အကောင်းဆုံးပါ…
သိပ်ကြိုက်လို့ တော့မဟုတ်ဘူး
သူများကိုအားမကိုးလို့ မဖြစ်တော့တဲ့အခြေနေမှာဖြစ်နေလို့ 
ဘာကြောင့်လည်းဆိုတော့ အာဏာရှင်ဟာ လက်နက်အားကိုပြီးတော့ ပြည်သူ ပြည်သားတင်မဟုတ် သံဃာပါမကျန်
အနိုင်ကျင့် နှိပ်စက်ညှင်းပန်း ပြီးထောင်သွင်းအကျင်းချနေတာတွေဟာ နိုင်ငံတွင်းတင်မဟုတ်ဘူး တစ်ကမ္ဘာလုံးကပါ
မြင်တွေ့ ပြီးပြီ သိနှင့်နေပြီ ဖြစ်တယ် အဲဒါကြောင့် ဒီအာဏာရှင်တွေသက်ဆိုးရှည်နေသမျှ တိုင်းပြည်တွင်းမှာ ဘယ်လိုမှ
ငြိမ်းချမ်းနိုင်မှာမဟုတ်ဘူးဆိုတာကိုလည်း ပြည်သူတွေအားလုံးကသိပြီးဖြစ်နေပြီ ဒါကြောင့် ဒီအာဏာရှင်ကိုနှိမ်နင်းနိုင်
မယ့် ဘယ်လိုအရာမျိုးကိုမဆို ပြည်သူကစောင့်မျှော်နေခဲ့တာကြာပါပြီ
သေချင်နေကြရင်လည်း ကိုယ့်ဖာသာကိုယ် အီရတ်နဲ့ အာဖဂန်နစ်စတန်မှာ သွားနေကြပ်ါလား အမေရီကန်ပထွေးကို အားကိုးတဲ့ ပုဆိန်ရိုးအယုတ်တမာကောင်တွေရဲ့
ဘာစောက်ရုပ်မှမပေါက်တဲ့ သန်းရွှေထက်စာရင်တော့……
ရိုင်းရိုင်းပြောရရင် “နေမင်းသစ်စရေ” မင်းပထွေးသန်းရွှေကောင်းမကောင်း မင်းနဖူးပေါ်ကို မင်းပထွေးသန်းရွှေရဲ.လီးကိုတင်ပြီးအသေချာသာစဉ်းစားလိုက်ပါ။
စစ်ဆိုတာကို ကြောက်ပါတယ်။ကိုယ့်နိုင်ငံမှာဆိုရင်တော့ ပိုပြီးတောင်ကြောက်ပါတယ်။ဒါပေမယ့် အာဏာရူးတွေကတော့ စစ်ကိုလိုလားနေကြတယ်။သူတို.လိုလားတဲ့ စစ်ဆိုတာကလည်း သူတို.ထက်အင်အားနည်းတဲ့ တိုင်းရင်းသားလက်နက်ကိုင်တွေနဲ.ပါ။အမေရိကန်လိုနိုင်ငံမျိုးနဲ.ဆိုရင်တော့ အောက်ခြေကမကြောက်ပေမယ့် ထိပ်ကအာဏာရုးတွေကတော့ချီးချမ်းနေကြပါတယ်။ကိုယ့်နိုင်ငံကို ကျူးကျော်တာကို လုံးဝလက်မခံနိုင်ပေမယ့် အာဏာရူးတွေအတွက်ဆိုရင်တော့ ပျော်ပျော်ကြီး လက်ရှောင်နေလိုက်ပါ့မယ်။
if they fight to our country,our people must be faced the death.Their fighting can effect our people.So,how we do?How should we protect?We don’t need to any war an we only need to peace world.No need to the “world’s war”.
I don’t like the head of army! But i do love my country! If there is any kind of invasion from foreign army(whatever it may be US, Nato , Thai ) , i will serve as a soldier of my country to fight them coz this is our land!
“Bitch !- Those who r happily welcome foreign army !”
နိုင်ငံတကားအရေးကို တွေးကြည့်လျှင် နိုင်ငံတိုင်းသည် မိမိအမျိုးသား အကျိုးစီးပွားရေး အတွက်သာ အလေးထား ဆောင်ရွှက်ကြ၏… မည်သည့်နိုင်ငံကမျှ ကျွန်ုပ်တို့နိုင်ငံကို စေတနာ အင်တိုက်အားတိုက်ဖြင့် ကူညီမည်မဟုတ်။ ယင်းတို့အကျိုးအမြတ် အတွက်သာကြည့်၍ ကူညီလိုကြခြင်းဖြစ်သည်။ လုံးပါးမပါးလိုလျှင် စည်းလုံးပါ။
may i ask where you live? if you love that much you should probably go back to burma instead of showing your fist in here.
ဘာတွေဘဲဖြစ်ဖြစ် ကြားထဲက အပြစ်မဲ့ ပြည်သူတွေ နစ်နာကြမှာလေ..ကျွန်တော်တို့ ကတော့ ၀မ်းမသာနိုင်ပါဘူး..
စစ်ဆိုရင် ဘာစစ်မှ ကောင်းတာမရှိဘူး…
စစ်ဆိုတာ မကောင်းမှုတစ်ခုဆိုတာကိုတော့ လက်ခံပါတယ်… ဒါပေမယ့် ဒီအတိုင်းဆက်သွားတာထက်စာရင် အရင်းအနှီးတခုလုပ်ပြီးတော့ ကောင်းတဲ့ဘက်ကို ပြောင်းလဲသွားတာက အားလုံးအတွက် ပိုအကျိုးရှိမယ်ထင်ပါတယ်… စစ်ဆိုတာ မကောင်းပေမယ့် လိုအပ်လာရင် ထောက်ခံဖို့လိုပါတယ်… ဒါပေမယ့် အဲဒီနိုင်ငံတွေက သူတို့နိုင်ငံနှင့် အကျိုးစီးပွားကို မထိခိုက်မချင်းကတော့ ဘာမှ မလုပ်ဖို့များပါတယ်…
ကျွန်တော်တို့တိုင်းပြည်ကြီး ဒီထက်နစ်မွန်းတာကို လိုချင်သလား… အရင်းအနှီးတွေပေးဆပ်ပြီးတော့ တိုးတက်လာတာ လိုချင်သလားဆိုတဲ့ လမ်း (၂) ခုမှာ ဘယ်ဟာကို ရွေးမလဲ ဆိုခဲ့ရင် ????
ကောင်းကြိုးရှိသလိုစိုးကြိုးကပိုများလာရင်တော့ မမိုက်ဘူး…နော်
မြန်မာနိုင်ငံ အတွက်ဆိုရင်တော့ အာဏာရှင်တင် မဟုတ်တော့ဘူး သူတို့ရဲ့ အမျိုးတွေကိုပါ မျိုးဖြုတ်ပစ်ရမှာ။ လူမဆန်တဲ့ အထဲမှာ ဒီကောင်တွေလည်းပါတယ်။ ဖအေအားကိုး၊ ဦးလေး အားကိုးနဲ့ ပြည်သူတွေကို ခေါင်းပုံဖြတ်နေတာ။
ဆန်တပြည် ၂၅ ပြားခေတ်ကိုများ တန်းတနေသလား…
အာဏာရှင်များကို အာဏာရှင်ဆန်ဆန် ချေမှုန်းချင်တဲ့ နိုင်ငံကြီးတွေက
ဒီမိုကရေစီ ဆိုတာကို ခုတုံးလုပ်နေကြပြီ.. အဲဒီလိုဆို
ဘာလို့ တောင်အမေရိက တိုက်ကို လှစ်လှူရှူပြီး…အားအားရှိ အရှေ့ဖက်ချည်း ရန်ရှာနေချင်တာ မဟုတ်သေးဘူး
ခင်ဗျားတို့တွေလည်း အမြင်မတူရင် နအဖ လူတွေချည်းထင်နေကြ။
ကလေးစာမေးပွဲကျလည်း နအဖ ကြောင့်
မုန်တိုင်းတိုက်လည်း နအဖ ကြောင့်… သိပ်တော့မဟုတ်သေးဘူးဗျ.ကြည့်လုပ် (SIMPLE တောင်ကြိတ်ရယ်နေလောက်ပြီ)
စောက်ရူး
အာဏာရှုး သန်းရွှေနဲ့ နောက်လိုက်ခွေး ကြံဖွတ် အယုတ်တမာ၊ ကလိမ်ကကျစ်၊ လက်နက်အားကိုးနဲ့ အနိုင်ကျင့်ချင်တတ်တာကလွဲရင် သတ္တိမရှိတဲ့ကောင်တွေ ဘ၀ဆက်တိုင်း သူများရဲ့ အနိုပ်စက်ခံပြီး အသေဆိုးနဲ့ သေပါစေ
we are waiting to read….quickly please…if that news is real, happily welcome..
အရစ် မင်
ကကြေးစာ ပီသပါတယ်။ ပိုက်ဆံရ ရင် ဘာမဆိုလုပ်မဲကောင်ဘဲ။ စောင့်ကြည့်ဘာအုံး
Freedom ကပြောတောင် မပြောရသေးဘူး ခေါင်းစဉ်မြင်လိုက်တာနဲ့ အာဏာရှင် သားမြေးတွေ သွေးရူးသွေးတန်း ဟစ်အော် ကုန်တော့မှာပဲ။ သူတို့ခမျာ သာမာန်ပြည်သူတွေနဲ့အတူ နှဖူးကချွေး ခြေမကျ လက်ကြောတင်းအောင် မှန်မှန်ကန်ကန် လုပ်စားတတ်ရှာ ကြတာမဟုတ်ဘူးဗျ။ သနားပါတယ်။ တိုးတိုးပြောကြပါဗျာ။
မျိုးတုန်းမှပဲ မကောင်းတဲ့စောက်ကျင့်တွေပျောက်ကုန်မှာ…..
ဒီမိုကရေစီမဟုတ်တောင် အခုလက်ရှိထက်သာလိမ့်မယ်
အော်စောင့် ကြည့် ပီါဥိး(အရစ်)ရယ် ဘင်္ရသူတွေကဘာလုက်ပြီးတော့ 
ဘရ်သူတွေကကောဘင်္ရလိုပြန်ပြီးတော့ တုန်ပြန်လို့ဒို့ ပြည်သူတွေက
ကောဘာတွေလုက်ရမလဲဆိုတာကိုအရင်ကြည့်ပီါဦးဟ။ပြီးတော့ မှ…?
“မျိုးတုန်း” ပါပြီတဲ့ အဲဒါကကော “ဒီမိုကရေစီ” တဲ့လား