ခရီးသွားဆောင်းပါး

မကြာသေးမီကာလ (ယခုနှစ် နိုဝင်ဘာလ၏ ပထမအပတ်) က မြစ်ကြီးနာမြို့နဲ့
ပတ်ဝန်းကျင်ကို ခရီးရောက်ခဲ့ပါတယ်။ အဲဒီထဲမှာမှ မြန်မာနိုင်ငံ၊ကချင်ပြည်နယ်ရဲ
့ ပြယုဂ်တစ်ခုဖြစ်တဲ့ မြစ်ဆုံကိုလဲ သွားဖြစ်ခဲ့တာပေါ့။တိုးတက်လာသော နိုင်ငံ၏အစိတ်
အပိုင်းတွေဖြစ်တဲ့လမ်းတံတားတွေကောင်းမွန်လာလို့ သာဓုခေါ်မိပါတယ်။ မြစ်ကြီးနား
ကနေမြစ်ဆုံအထိက 28 မိုင်ရှိရာက မိုင် 20 က ကွန်ကရစ်လမ်းကြီးကို ဖြစ်နေလို့အလွန်အဆင်ပြေပါတယ်။ ကျန်တဲ့ 8 မိုင်ကတော့ထုံးစံအတိုင်း
ကျောက်ဖြုန်းလမ်းပေါ်ရောက်ပါလေရော။ အဲဒီနဲ့ မနေနိုင်တဲ့၊ စပ်စုတက်တဲ့
Guide ရဲ၊့ သဘာဝအတိုင်း ကားဆရာကို မေးမိရာက ကားဆရာက အောက်ပါအတိုင်း
ဝမ်းနည်းစွာနဲ့ ရင်ဖွင့်ပါလေရော၊ ကျွန်တော်လဲသူနဲ့အတူဝမ်းနည်းမိပါတယ်။
ယခင်က သာယာလှပခဲ့သည့် ကချင်ပြည်နယ် မြစ်ဆုံဒေသ
ဝမ်းနည်းစွာနဲ့ ရင်ဖွင့်ပါလေရော၊ ကျွန်တော်လဲသူနဲ့အတူဝမ်းနည်းမိပါတယ်။
သူပြောတာက

မေခနဲ့ မလိခ မြစ်ဆုံရာ မြစ်ဆုံဒေသရဲ့ အောက်ဖက်ကနေ ဆည်ပိတ်ဖို့
တရုတ်ကုမဏီနဲ့ မြန်မာ ကုမ်ပဏီတစ်ခုနဲ့ အကောင်အထည်ဖေါ်နေကြောင်း၊
ထိုဆည်ကြီးပြီးသွားပါက မြစ်ဆုံဒေသတွင်မီတာ 200
ခန့်ရေကာတာကြီးတစ်ခုပေါ်ပေါက်လာမှာဖြစ်ကြောင်း၊ အဲဒီမှာမှ မြစ်ထဲမှာ ရေက
မီတာ 150 ခန့်သာ သိုလှောင်နိုင်ပြီး ကုန်းပေါ်ကို မီတာ 50
ခန့်တက်လာမှာဖြစ်ကြောင်း၊ အဲဒါကြောင့် မြစ်ဆုံဒေသမှာရှိတဲ့ ရွာတွေကို
မြစ်ဆုံမရောက်ခင် အမြင့်ပိုင်းတစ်ခုမှာ မြိုသစ်တည်ပေးပြီး
ရွှေ့ပြောင်းနေစေကြောင်း၊ အဲဒီလိုမရွှေ့ခင် ရေအောက်ရောက်သွားမယ့် အဲဒီ
မြစ်ဆုံဒေသမှာ ဒေသခံတွေကို ရွှေပေးရှာခိုင်းထားကြောင်း၊ တစ်ချို့တွင်းတွေက
ရွေး 20 (1 ကျပ်သားခန့်)ထွက်ကြောင်း၊ တစ်ချို့လဲ ငါးမူးသားခန့်ရကြောင်း၊
ဘေးထွက်ဆိုးကျိုးအနေနဲ့ အဲဒီ မြစ်ဆုံဝန်းကျင်မှာ
ရေတွေအကုန်နောက်ကျိကုန်ပြီး သဘာဝအလှမရှိတော့ပေ၊ ရှိသမျှ သစ်ပင်များလဲ
အကုန်အချိုးခံရပြီး ရာသီဥတု အလွန်ပူလောင်နေကြောင်း၊
နောက်အကြောင်းအမျိုးမျိုးကြောင့် အဲဒီ ရေကာတာများ ရေလျှံ၊
ကျိုးကျမှုများဖြစ်ပါက မြစ်ကြီးနား တစ်မြို့လုံး
ရေအောက်ရောက်သွားမလားဆိုတဲ့ စိုးရိမ်စိတ်များဖြစ်နေကြောင်း၊ ဒါပေမယ့်
ဘယ်သူမှ ဘာမှ ၀င်ပြောခွင့်မရကြောင်း၊ မြစ်ကြီးနားမြိုရဲ့ ကျက်သရေဆောင်
မြစ်ဆုံဆိုတာ လုံးဝပျောက်ကွယ်သွားမှာ ဖြစ်ကြောင်း

ဝမ်းနည်းစွာနဲ့ ကျွန်တော်ကိုရင်ဖွင့်လာပါတယ်။ ကျွန်တော်ကိုယ်တိုင်လည်း
ဘာမှပြန်ပြောစရာ စကားရှာမရလို့ ဘာမှ ပြန်မပြောဖြစ်ခဲ့ပါဘူး။
မနေနိုင်တဲ့လက်က ဓါတ်ပုံတစ်ချို့ကိုတော့ ရိုက်ခဲ့မိပါတယ်။

Photo : Travel Myanmar Group

အော်
မွေးရပ်မြေမြစ်ကြီးနားမြို့လေးရယ် ဖြစ်မှဖြစ်ရလေနော်..တို့ကလေးဘ၀ထဲ က ပျော်စရာရွှင်စရာပွဲးတွေဆို မြစ်ဆုံ ဆိုတဲ့ မြစ်ကြီးနားမြို့ တံဖဲး ဆိုတဲ့ကျေးရွာလေးမှာသွားလုပ်နေခဲ့ကြပါဗျာ..သိပ်ကိုလှပြီး ရှုမငြီးနိုင်တဲ့ရှုခင်းတွေနဲ့ ပါဗျာ..အဲ့ဒါကတော့လွန်လွန်ခဲ့တဲ့အချိန်..လွန်ခဲ့တဲ့13 နှစ် 14 နှစ်ကလောက်ပေါ့ဗျာ..ခုထိမျက်လုံးထဲကမထွက်ဘူးဗျာ.လှပ လှတဲ့ရှုခင်းတွေကိုပါ.. မြစ်ကြီးနားမြို့ရဲ့ကျက်သရေဆောင်မြစ်ဆုံကြီးရယ် ပြန်မရောက်တာ 10နှစ်လောက်တာကြာခဲ့တာပါ နောက်နှောင်ပြန်ရောက်ရင် မင်းကိုတွေ့နိုင်ပါအုန်းမလာကွယ်..
SAW YA AYII (MAY KA*MAY LYI KA*)
ဝမ်းနဲ့ မိပါတင်္ရသွေးချင်းတို့ ရေ.ရန်ကုန်မှာလဲဘင်္ရနေရာမှာဘာအ
ကြောင်းပြချက်နဲ့ ဘာတွေလာလုက်ဥိးမလဲမသိဘူးနော်။
လုပ်ကြပါစေ လုပ်ကြပါစေ …………. ငိုသံတွေမှ သူတို့ မကြားတာ