ဒေါ်စု နှင့် သားငယ်ဖြစ်သူ ကင်အဲရစ် တွေ့ ဆုံ နိုင်တော့မည်

ဒေါ်အောင်ဆန်း စုကြည် နဲ့  သားငယ်ဖြစ် သူ ကင်အဲရစ်

သီရိထက်၊                    ၊မိခင်ဖြစ်သူ နဲ့ တွေ့ ဆုံနိုင်ရန် ထိုင်းနိုင်ငံ ဘန်ကောက် မြို့ ကို နိုဝင်ဘာလ
ဆန်းပိုင်းကတည်းကရောက်ရှိ နေတဲ့  ကင် အဲရစ် ခေါ် ကိုထိန်လင်းဟာ ဒီနေ့ မှာ ဘန်ကောက်
မြန်မာ သံရုံးမှာ ကနေပြည်ဝင် ခွင့် ဗီဇာ ထုတ်ပေး လိုက်တာ ကြောင့် မနက်ဖြန် မှာ လေယာဉ်
နဲ့ ရန်ကုန်မြို့ ကို ရောက်ရှိ လာပြီး မိခင် ဖြစ်သူ နဲ့  တွေ့ ဆုံ နိုင်တော့ မယ် လို့ သိရပါတယ်။

ကနဦးက ဗီဇာ ထုတ်ပေး ဖို့ ငြင်းဆန် ခဲ့တဲ့ မြန်မာ စစ်အစိုးရ ဟာ ဒေါ်အောင်ဆန်းစုကြည် လွတ်
မြောက်ပြီး သီတင်း တစ်ပတ် ကျော်ကြာမှ လိုက်လျော ခဲ့တာ ဖြစ်ပါတယ်။

မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ သားဖြစ်သူ နဲ့  ၁၉၉၉ ခုနှစ် မှာ နောက်
ဆုံး တွေ့ ခဲ့ရတာ ဖြစ်ပေမယ့် နာမကျန်း တဲ့ ခင်ပွန်းသည် လာရောက် တွေ့ ဆုံ ဖို့ အတွက် ကို မြန်မာ
စစ်အစိုးက ခွင့် မပြုခဲ့ပါဘူး ။

ယခု လာရောက် တွေ့ ဆုံမယ့် ကင် အဲရစ် ခေါ် ကိုထိန် လင်း ဟာ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားအငယ်
ဖြစ်ပါတယ်။သားအကြီး ဖြစ်သူ ကတော့ အလက်ဇန္ဓား အဲရစ် ခေါ် ကိုမြင့်ဆန်းအောင် ဖြစ်ပါတယ်။

မြန်မာ စစ်အစိုးရ ဟာ နိုင်ငံတွင်းဝင်ရောက် ခွင့် ဗီဇာ ကို ၎င်း တို့ အာဏာတည် မြဲရေး အတွက် နိုင်ငံရေ
လက်နက် သဖွယ် အသုံးပြုပါတယ်။

၁၉၈၈ ခုနှစ် စစ်အစိုးရ အာဏာသိမ်းပြီးနောက် မှာ ပြည်ဝင်ခွင့် ဗီဇာ ထုတ်မပေး မှု များ ကို အနည်းဆုံး
အကြိမ် ၃၀၀ ခန့် ပြု လုပ်   ခဲ့ရာမှ ကုလ သမဂ္ဂ အထူးသံများ နဲ့  နိုင်ငံခြား သံတမန် များ ပင် ပါဝင် ပါတယ်
လို့  လူဝင်မှု ကြီး ကြပ် ရေး အရာ ရှိ တစ်ဦး က FNG ကို ပြောပါတယ်။

4 thoughts on “ဒေါ်စု နှင့် သားငယ်ဖြစ်သူ ကင်အဲရစ် တွေ့ ဆုံ နိုင်တော့မည်

  1. အမေ့ ရင်ခွင်ထဲကသားကလေးအရွယ်လောက်လတည်းက ကျွန်မတို့ သားအမိခွဲခွါခဲ့ ရတယ်အမေ။
    ဒီလို ပြန်ဆုံတွေ့ မှုမျိုးသည်အမေနဲ့ သားအတွက်ပြောပြမတတ်လောက်အောင်ပျော်ရွှင်နေကြမယ်ဆိုတာနှလုံးသား
    ရှိသူတိုင်းခံစားတတ်မှာပါ။ရင်ထဲမှာလေကြည်နှုးလွန်းလို့ မျက်ရည်တောင်ကျရပါတယ်။ခေါင်းဆောင်လုပ်သူတို့ ရဲ့ 
    ညှာတာထောက်ထားမှုကိုလည်းဒေါ်အောင်ဆန်းစုကြည်ကိုယ်စားကျေးဇူးတင်ပါတယ်။

  2. THAR DU PAR
    KYUN TAW LAE WAN THAR PAR TAL
    KYUN TAW LAE MOMMY NE MA SEE YA TAR 10 YEARS KYAW PAR P
    THAR DU THAR DU THAR DU….

  3. ပျော်ရွင် ပါစေ အမေ
    ကြည်နူးမူတွေရှိသင့်ပါတယ် ပြီးရင် တစ်နိုင်ငံ လုံးအတွက် ကြိုးစားရအုံးမှာလေ

  4. မင်္ဂလာသတင်းပါဗျား..ဒီတခါတော့ဘယ်သူတွေဘာဘဲပြောပြော..စစ်အာဏာရှင်ကြီးများကိုတော့ကြိုဆို
    ပါတယ်..လူ့အခွင့်အရေးအရတော့ပေးရမှာဖြစ်ပေမဲ့..စစ်အာဏာရှင်ကြီးများကတော့မလိုမလိုသလို.လိုသ
    လိုလုပ်တတ်ပေမဲ့ခုလိုသားသမီးချင်းကိုယ်ချင်းစာစိတ်နဲ့ပေးတယ်လို့ဘဲအောက်မေ့ပြီးသာဓုခေါ်ပါတယ်..

Comments are closed.