HIV/AIDS နှင့် နေထိုင်သူများအား အနုပညာ ရှင်များ သွားရောက် အားပေး ကူညီ

တောင်ဒဂုံ မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက် အကူပြုအဖွဲ့ ၏ HIV/AIDS နှင့်နေထိုင်သူများ နေရာ သို့ သွားရောက် ကြည့်ရှု အားပေးနေသည့် အနုပညာရှင်များ

အောင်မြင်၊             ၊တောင်ဒဂုံ မြို့နယ်ရှိ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် (NLD) လူမှု အထောက် အကူပြုအဖွဲ့ ၏
HIV/AIDS နှင့်နေထိုင်သူများ နေရာ သို့  ယနေ့  နာရေးကူညီမှုအသင်း တည်ထောင်သူ
သရုပ်ဆောင် (ဦး) ကျော်သူ အပါအ၀င် သရုပ်ဆောင်များ အဆိုတော်များ သွားရောက် အား
ပေးကြည့်ရှုကာ လိုအပ်သည့် ကူညီမှုများ ပြုကြသည်  ဟု သိရသည်။

HIV/ AIDS နှင့် နေထိုင်သူများ နှင့် အနုပညာရှင် များ နွေးနွေးထွေးထွေး

ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ဒေါ်သန်းမြင့်အောင် ၊ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ အဆိုတော် အနဂ္ဂ ၊ သံသာဝင်း၊
ကျားပေါက်နှင့် ဇနီး ဖြစ်သူ တို့ သွားရောက် တွေ့ ဆုံ အားပေးပြီး ထိုဂေဟာ တွင် နေထိုင်သူများ
အား ဒန်ပေါက်ထမင်းများနှင့် အ၀တ် အထည်များ ၊စောင်များ အနွေးထည်များ နှင့် အခြားလိုအပ်သည့်
ပစ္စည်း များ ပေးအပ် ခဲ့သည် ဟု သိရသည်။သရုပ်ဆောင် ကျော်သူကဂေဟာ တွင် နေထိုင်သူများ အား
အားပေး စကားပြောကြားကာတစ်ဦးချင်း နွေးထွေးစွာ တွေ့ ဆုံ ခဲ့သည် ဟုသိရသည်။

ထိုဂေဟာ သို့ ပြီး ခဲ့သည့် သီတင်း ပတ်က နေအိမ် အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက် လာသည့် မြန်မာ့
ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက် ပြီး ဂေဟာရှိ HIV၊AIDS နှင့် နေထိုင်သူများ အား
တွေ့ ဆုံ အားပေး စကား ပြောကာ ကူညီမှု ပြုခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည် လာရောက် သည် ကို အကြောင်း ပြုပြီး အာဏာ ပိုင်များ က ဂေဟာတွင်
နေထိုင်သူများ ကို ပြောင်း ရွှေ့ ရန် ဖိအား ပေး ခဲ့သည်။

ကျော်သူ၊အနဂ္ဂ၊ ကျားပေါက်၊ဒေါ်သန်းမြင့်အောင်၊မဖြူဖြူသင်း၊မင်းထင်ကိုကိုကြီး နှင့် သံသာဝင်း

8 thoughts on “HIV/AIDS နှင့် နေထိုင်သူများအား အနုပညာ ရှင်များ သွားရောက် အားပေး ကူညီ

  1. လေးစားတယ်ဗျာ၊ ကျန်တဲ့အနုပညာသည်တွေလည်း ဒီလိုလုပ်နိုင်ပါစေ

  2. အရမ်းကျေးဇူးတင်ပါတယ်ဗျာ။အားနည်းတဲ့သူကို အားပေးရမှာ လူ့ကျင့်ဝတ် တစ်ရပ်ပဲ။
    ကြုံလို့ပြောလိုက်ဦးမယ်။ဒီလိုလူမှုလုပ်ငန်းတွေမှာကြတော့ ကိုခန့်စည်သူတို့
    ကတော့မတွေ့ရဘူးနော်..အစိုးရ၀ါဒဖြန့်ကားရိုက်မယ်ဆိုရင်တော့ လာ
    ထားရှေ့ဆုံးကပဲ….

  3. ကိုကြီးသူကြီး
    ကျန်မာရေး ဂရုစိုက်နော်။ကိုကျော်သူကြီး အရမ်းဝနေတယ်။ အရင်ကလိုကိုကျော်သူကို ကိုကျော်သူ ပိုင်သေးတယ်ထင်နေလား။ ကိုကျော်သူ့ကို ကျမတို့ ပြည်သူတွေပိုင်နေပြီ။ အဲဒီတော့ ကျမတို့အတွက် ကိုကျော်သူကျန်းမာအောင်နေပါ။ အသက်ရှည်အောင်နေပါ။ အလုပ်တွေ ဒီထက်ပိုလုပ်နိုင်အောင်ကြိုးစားပါ။ ကျမတို့လည်း ကိုကျော်သူတို့ကိုအများကြီး ကူညီနိုင်အောင် ကြိုးစားပါ့မယ်လို့ ဂတိပေးပါတယ်။

  4. ကောင်းကြီး မိုးတွေ ရွာလို့ သွန်းပါ သူတို့ အပေါ်မှာ
    ခွန်းအားတွေ တိုးလို့ ပေးပါ သူတို့ အပေါ်မှာ

  5. သိပ်ကိုလေးစား ဂုဏ်ယူမိပါတယ် ကိုကျော်သူ၊ဒေါ်ရွှေဇီးကွက်၊ဒေါ်သန်းမြင့် အောင်၊ကိုမင်းထင်ကိုကိုကြီး၊ ကိုအနဂ္ဂ မသံသာဝင်း၊ ကိုကျားပေါက် နှင့် ဇနီးတို့ ခင်ဗျာ၊ အခုလို နာမည်ကြီး မျိုးဆက်သစ် အနုပညာရှင်များကပါ ပြည်သူ့ အကျိုးပြု လုပ်ငန်းတွေမှာ စိတ်ဝင်တစားရှိတာသိရတဲ့ အတွက် အံ့ သြမှုနဲ့ အတူလေးစားဂုဏ်ယူမိပါတယ်ခင်ဗျာ၊ ထင်ပေါ်ကျော်ကြားမှု ငွေကြေးကြွယ်ဝမှူ အတွက်အမှန်တရားကိုမျက်ကွယ်ပြုပြီး အာဏာရှင်တွေအလိုကျ ကပြအသုံးတော်ခံနေကြတဲ့ ကျွန်တော်တို့ မြန်မာပြည်ရဲ့ ပျက်စီးနေတဲ့ အနုပညာလောကကြီးထဲမှာ ဒီလိုပြည်သူ့ အကျိုးကိုအလေးထား ဆောင်ရွက်မယ့် မျိုးဆက်သစ်အနုပညာရှင်တွေ ပေါ်ထွက်လာတာဟာ အဖတ်ဆည်မရအောင်ပျက်စီးနေတဲ့ ကျွန်တော်တို့ အနုပညာလောကအတွက် ဂုဏ်ယူစရာပါဘဲ၊ ကျန်တဲ့ အနုပညာရှင်တွေကိုလည်း ဒီလိုမျိုးပြည်သူတွေရဲ့ အကျိုးကို ရဲရဲရင့် ရင့် ဆောင်ရွက်နိုင်ရန် စည်းရုံးသွားနိုင်ပါစေလို့ ဆုတောင်းလိုက်ပါတယ်

  6. ကျေးဇူးလည်းတင်၊ လေးလည်း လေးစားပါတယ်။ ပြည်သူ့အကျိုးကို ဆထက်ထမ်းပိုးသယ်ပိုးနိုင်ပါစေ။

  7. ကျေးဇူးအများကြီးတင်ပါတယ်။
    ဦးကျော်သူ၊ ဒေါ်ရွှေဇီးကွက်၊ဒေါ်သန်းမြင့်အောင် ၊ ဒါရိုက်တာမင်းထင်ကိုကိုကြီး၊ အဆိုတော် အနဂ္ဂ ၊ သံသာဝင်း၊
    ကျားပေါက်နှင့် ဇနီး တို့ခင်ဗျား။
    နတ်လူသာဓုခေါ်နေမှာပါ။
    ကျွန်တော်လည်းလူမှုရေးလုပ်ငန်းတွေမှာတက်တက်ကြွကြွပါဝင်လုပ် ဆောင်နေပါတယ်။အားလုံးကိုလေးစားအားကျပါတယ်။
    ကျွန်တော်တို့ အတွက် ပိုပြီးအားတွေရှိလာပါတယ်။
    လူမှုရေးလုပ်ငန်းတွေကို ဆက်ပြီးလုပ်ဆောင်နေဦးမယ်လို့ ကတိပြုပါတယ်။
    အနုပညာရှင်တွေလည်း ဒီထက်အများကြီးပါဝင်နိုင်ကြပါစေ။
    ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် လာရောက် ပြီးအားပေးနှစ်သိမ့်တာကိုလည်းကျေးဇူးတင်ပါတယ်။

Comments are closed.