ချစ်သက်တမ်း ခုနှစ် ကျော် ရွှေလက်တွဲ မြဲခဲ့သည့် စည်သူလွင် နှင့် နွယ်မာကျော် လက်ထပ်ကြတော့မည်

စင်္ကာပူ သင်္ကြန် ပွဲတော်တွင် တွေ့ ရသည့် စည်သူလွင်

၁၉၉၅ ခုနှစ် က ကိုယ့်ကြောင့် (အချစ်ရေ ကိုယ့် ကြောင့် ) ဆိုတဲ့ သီချင်းနဲ့  ပရိသတ် အားပေးမှု ရရှိခဲ့
တဲ့ အဆိုတော် စည် သူလွင် က သူ့ ရဲ့ လက်ထပ်မင်္ဂလာ အခမ်းအနား ကို ဒီဇင်ဘာလ ထဲမှာ ကျင်းပမှာ
ဖြစ်တယ်လို့  ပရိသတ် ကို အသိပေး လိုက်ပါတယ်။

သူ့ ရဲ့ ဘ၀ လက်တွဲ ဖော်ဖြစ်လာမယ့် သူကတော့ မော်ဒယ် အဖြစ်လည်း လူသိများ ခဲ့တဲ့ နွယ်မာကျော်
ဖြစ်ပါတယ်။ စည်သူလွင် ဟာ ကာတွန်းငွေကြည် ရဲ့ သားဖြစ်ပြီး အဆိုတော် အဖြစ် စတင် အသက်မွေး
ဝမ်းကျောင်း ပြုစဉ်က ဇော်ဝင်းထွဋ် ရဲ့ အင်ပါယာ ဂီတ အဖွဲ့ နဲ့  တွဲဖက် သီဆိုဖျော်ဖြေမှု ပြုခဲ့ပါတယ်။

အဆိုတော် စည်သူလွင် နဲ့ နွယ်မာ ကျော် တို့ ဟာ ၂၀၀၀ ပြည့် နှစ်မှာ စတင်ဆုံဆည်း ခဲ့ပြီး ၂၀၀၂ ခုနှစ်
မှာချစ်ကျွမ်း ၀င်ခဲ့ပါတယ်။