ဒေါ်အောင်ဆန်းစုကြည် သား ဖြစ်သူ နှင့် ပြန်လည် ဆုံတွေ့ (ဗီဒီယို)

Myanmar democracy leader reunited with son (Last Updated 0730)

လက်မောင်းတွင် ရေးထိုးထားသည့် NLD အလံ ဆေးမှင်ကြောင်အား မိခင်ဖြစ်သူကို ပြသစဉ် (AP Photo/Khin Maung Win)
သားဖြစ်သူ အလာ ကို မိခင်က ပန်းစည်း ကိုင်ပြီး စောင့်မျှော်

ဓာတ်ပုံများ -အေပီ သတင်းဌာန
အောင်မြင်
၊           ၊မြန်မာ့ဒီမိုကရေမိခင်ဒေါ်အောင်ဆန်းစုကြည်ဟာ နေအိမ်အကျယ်ကျခံနေရက လွတ်ရက်စေ့ပြီး၁၀ရက်အကြာမှာတော့ သားဖြစ်သူကိုထိန်လင်းနှင့်တွေ့ဆုံခွင့် ရခဲ့ပါတယ်။ ယနေ့မနက် ၈နာရီ၊ ၄၅မိနစ်မှာသားငယ်ဖြစ်သူကို ရန်ကုန်လေဆိပ်မှာ သွားရောက်ကြိုဆိုခဲ့တာကို မြင်တွေ့ခဲ့ရကြောင်း အေအက်ပီသတင်းထောက်က ထုတ်ဖေါ်ပြောဆိုခဲ့ပါတယ်။

အခုလို မိသားစုပြန်ပြီးတွေ့ရတာ ကျမတော်တော်ကိုဝမ်းသာရပါတယ် လို့ AFP သတင်းထောက်ကို
ဒေါ်အောင်ဆန်းကြည်ကပြော ဆိုခဲ့ပါတယ်။ ဒေါ်အောင်ဆန်းစုကြည် ရဲ့ သားငယ် ကိုထိန်လင်း ဟာ
ယမန်နေ့ က ထိုင်းနိုင်ငံ ဘန်ကောက် သံရုံး ကနေ ပြည်ဝင်ခွင့် ဗီဇာရလို့  ရန်ကုန် မြို့ ကို ဒီနေ့ မနက်
အစော ပိုင်း မှာ ထိုင်းလေကြောင်း လိုင်း နဲ့ ရောက်ရှိလာတာ ဖြစ်ပါတယ်။

ကိုထိန်လင်း သည် ယနေ့ မနက် ပိုင်းတွင် မိခင် ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည် နှင့် တွေ့ ဆုံနေပြီ
ဖြစ်သည် ဟု NLD လူငယ် အဖွဲ့ ဝင် တစ်ဦးက Freedom News Group သို့ ပြောသည်။ကိုထိန်လင်း
သည် မြန်မာ နိုင်ငံတွင် သီတင်း နှစ်ပတ်ကြာနေထိုင် မည် ဟု သတင်းရရှိသည်။

ဒီနေ့မနက် ရန်ကုန်နိုင်ငံတကာလေဆိပ်မှာ ဝမ်းသာကြည်နှုးဖွယ်မြင်ကွင်းတခု ကိုယ်တိုင်ကြုံတွေ့မြင်ခဲ့သူ တဦးက FNG ကို သူမရဲ့ ခံစားမှုကို အခုလိုပြောပြလာပါတယ်။

ကျမက လေဆိပ်ကိုဧည်သည်သွားကြိုသွားတာပါ၊ ဧည်သည်က PG 701 နဲ့ဘန်ကောက်လာမှာလေ။ လေဆိပ်ကိုဒီနေ့ နည်းနည်းစောထွက်ခဲ့တယ်။ လေဆိပ်ရောက်တော့ တော်တော်ကိုထူးခြားနေတယ်။ ယူနီဖောင်းဝတ်၊အရပ်ဝပ်လုံခြုံရေးတွေနဲ့ကင်မရာကိုယ်စီကိုင်ထားတဲ့သတင်းထောက်တွေတွေ့

ရတယ်။ ကျမ လေဆိပ်ထဲအရောက်မှာတော့ လူတွေတော်တော်များနေပြီ။ သိပ်မကြာခင် အန်တီရောက်လာတယ်။ အန်တီသား လဝကကောင်တာကိုအဖြတ်မှတော့မီးတွေတ၀င်းဝင်းနဲ့ပေါ့

ကျမက နောက်မှာဆိုတော့ အန်တီမျက်နှာကိုအပြည့်မရဘူး။ ကျွန်မမြင်ရသလောက်တော့ မိခင်တယောက်က အကျဉ်းကျခံနေရပြီး သားတွေနဲ့မတွေ့ရ၊ ခင်ပွန်းသည်ဆုံးတာတောင် သွားခွင့်မရ

အခု လို ၁၀နှစ်ကျော်မှ သားငယ်ကို ပြန်တွေ့ရတဲ့မြင်ကွင်းဟာ ကျမရင်ထဲမှာလှိုက်ပြီးခံစားရလို့ မျက်ရည်တောင်ကျမိပါတယ်။ အန်တီဟာ နိုင်ငံခေါင်းဆောင်တယောက်ပီသတယ်လို့ ကျမယုံကြည်တယ်။ သားကိုတည်တည်ငြိမ်ငြိမ်နဲ့ ကြိုတဲ့မြင်ကွင်းလေးကို ဘယ်တော့မှမေ့မှာမဟုတ် တော့ပါဘူး။ ကျမကဧည့်လမ်းညွှန်ဆိုတော့ ခရီးထွက်ရတယ် သားလေး၂ယောက်နဲ့ ၁၀ရက် ၁၅ရက် လောက်ခရီးသွားနေရာက အိမ်ပြန်ရောက်ရင် သားတွေကိုအရင်ဆုံးတွေ့ချင်တယ်။ အန်တီရဲ့ မြန်မာပြည်သူတွေအတွက် စွန်ကလွတ်အနစ်နာခံမှုကို ကြုံတွေ့လိုက်ရာတာပါ။ မိခင်တယောက်ရဲ့ခံစားမှုကို ကျမနားလည်တယ်။ အခုကျမပျော်တယ် အန်တီလိုခေါင်းဆောင်မှုကြောင့် ပြောင်းလည်းမှုကြုံရတော့မယ်လို့ယုံကြည်ပါတယ်လို့ကိုယ်တွေ့မြင်တွေ့ခဲ့ရသူတဦးကပြောပြပါတယ်။

58 thoughts on “ဒေါ်အောင်ဆန်းစုကြည် သား ဖြစ်သူ နှင့် ပြန်လည် ဆုံတွေ့ (ဗီဒီယို)

  1. to kuku
    ill write again..i think u was born from no brain pity army family…u and than shwe family will be lost very soon …dont u scared!!!!

  2. အားလုံးနဲ့ထပ်တူထပ်မျှခံစားရပါတယ်ပြောရရင်တော့ဝမ်းသာတယ်ဆိုတဲ့စကားလုံးထက်ပိုတဲ့စကားလုံးရှိရင်ပြောလိုက်ချင်ပါတယ်

  3. Waizin :

    ဟုတ်ပါတယ်.. ဗိုလ်ချုပ် ကိုယ်တိုင်ပြောခဲ့တဲ့ စကားရှိပါတယ်.. သူက အင်္ဂလိပ်တွေကိုမုန်းတာမဟုတ်ဘူး… နယ်ချဲ့စနစ်ကိုပဲမုန်းတာလို့…

    agree

  4. If you are true to yourself nothing can shake you away. this is true for Daw Su.

    Congratulation!
    Thierie

  5. ညီညွတ်ကြရမယ်။ စည်းလုံးခြင်းသည်အင့်အား။ မြန်မာတွေလူစွမ်းကောင်းကိုသိပ်မျော်တယ်တဲ့။
    ညီညွတ်မှုက အရေးကြီးတယ်။

  6. ကိုစနိက်ပါမင်း …ကိုဆန်ဒီမိုး…ရှင်တို့ 2 ယောက်လုံး1 ယောက်ထဲဘဲထင်ပါတယ်..ဘာလို့ ဆို တော့ေ၇းပုံေ၇းနည်းထပ်တူကျနေလို့ ပါ…နှလုံးသားရှိတဲ့ သူတိုင်း..မိဘရှိတဲ့ သူတိုင်းဒီမြင်ကွင်းကို ခံစားတတ်တယ်..ဒါကိုရှင်ကေ၇ာ်သလိုလို ..လုပ်နေတာဆိုတော့..ရှင်မှာမေမရှိတာလား..နှလုံးသားမရှိတာလား…ရှင်ဘဲသိမှာပါ..ပြီးတော့ကိုပြောလိုက်တဲ့ စကားဟာ.ကိုယ်အဆင့်အတန်းကိုဖော်ပြနေတာဘဲဆိုတာလဲမမေ့နဲ့ အုံးနော်…ပြီးတော့တိုင်းပြည်ကိုအုပ်ချုပ်တယ်ဆိုတာလက်နက်နဲ့ အုပ်ချုပ်လို့ မ၇ဘူး ..လူသားဆန်ဆန်ကိုယ်ချင်းစာတ၇ာနဲ့ အုပ်ချုပ်၇မယ်ဆိုတာကိုေ၇ာသိ၇ဲ့ လား…သိအောင်ကောကြိုးစားနဲ့ လား…

  7. ကြက်သီးမွေးညင်းထလောက်အောင်ကိုကျေနူးပီတိဖြစ်ရပါတယ်….ပုံတွေကိုတင်ပေးတဲ့FNGကိုကျေးဇူးတင်ပါတယ်

  8. ၀မ်းသာပါတယ်။ နှစ်ပေါင်းများစွာ၊ မိုင်ပေါင်းများစွာ၊ သောကများစွာ၊ ဝေဒနာများစွာ၊ ဆန္ဒများစွာ၊ အတွေးများစွာ၊ ခံစားမှုများစွာ၊ အချိန်များစွာ၊ မျှောင်လင့်မှု၊ တက်မက်မှု၊ လိုအင်ဆန္ဒများစွာ စသည့်များစွာ၊ သယောဇဉ်ကြိုးလေးတွေ ပြန်လည် ဆုံဆည်းခွင့်ရတဲ့ အတွက် ကျွန်တော်တို့တောင် အတိုင်းမသိ ၀မ်းနည်းဝမ်းသာခံစားမှုတစ်ခုရင်ထဲကို ၀င်ရောက်လာပါတယ်။ အမေစုနဲ့ သားဖြစ်သူတို့ကတော့ ကျွန်တော်ထင်ပါတယ် အတိုင်းထက်အလွန်ပါပဲ။
    အနာဂတ်မှာလည်း အားလုံးစုံသော ပျော်ရွှင်မှုများနဲ့ ဆူးခင်းလမ်းများကို ဖြတ်ကျော်နိုင်ပါစေ။
    ထပ်တူထပ်မျှ ခံစားရပါတယ်။

  9. ဘဘဦးသုဝေသို့…တိုက်ရိုက်စာရေးချင်တာပါ..လိပ်စာမသိလို့ဒီကွန့်မန့်ကနေရေးလိုက်ပါတယ်.
    အခုအချိန်မှာတိုင်းပြည်လူထုဟာစည်းလုံးညီညွှတ်ကြဖို့သိပ်ကောင်းတဲ့အချိန်ကျရောက်နေပါပြီ.
    အသက်လဲကြီးနေပါပြီ..စစ်တပ်ကနောက်ကနေပေးထားတဲ့အခွင့်အရေးလေးမစို့မပို့လောက်နဲ့
    ရာဇ၀င်အရိုင်းမခံပါနဲ့.ဟောလီးဝုဒ်မင်းသားကြီးဒန်စယ်ဝါရှင်တန်ကပြောဘူးပါတယ်.နိဗ္မာန်ယာဉ်
    ရဲ့နောက်မှာပစ္စည်းသယ်တဲ့ကားမပါပါဘူးတဲ့…ဘဘကခုချိန်ထိလဲအပြောမလှျော့သေးပါ..
    အတွင်းရောက်တဲ့သူတွေကလုပ်နိုင်သလောက်လုပ်.အပြင်ကရှိခဲ့တဲ့သူတွေကလဲလုပ်နိုင်သ
    လောက်လုပ်ဆိုတဲ့စကားကိုမေးချင်ပါတယ်.ဘဘတို့အခုရွေးကောက်ပွဲ တရားမျှတသလား?
    ဖြေပေးပါ..ဒီမိုကရေစီဆိုတဲ့ရွေးကောက်ပွဲဝင်ပါတီအများစုကတော့မတရားလို့တိုင်ကြတော
    ကြလုပ်မယ်ဆိုပေမဲ့ကော်မရှင်ကိုသွင်းရမဲ့စရံငွေ(၁၀)သိန်းကတော့ဆုံးဖို့သေချာနေပါတယ်
    ဆိုတော့…လက်ရှိရွေးကောက်ပွဲမတရားလေးကိုတောင်ဘဘတို့ဘာလုပ်နိုင်သေးတုန်း
    အထဲရောက်မှ..အပြင်မှတွေပြောမနေတော့ဘဲအန်တီစုရဲ့လမ်းညွန်မှု့အောက်ကနေတိုင်း
    ပြည်လူထုအတွက်ပကတိအကျိုးရှိမဲ့နိုင်ငံရေးတွေပေါင်းပြီးလုပ်စေ့ချင်ပါတယ်..ဒုတိယ
    ပင်လုံညီလာခံကိုလက်တွဲပြီးအကောင်အထည်ဖေါ်သင့်ပါပြီ…မတူကွဲပြားတဲ့ဒီမိုပါတီအ
    မည်ခံပါတီတခုက အတွင်းရေးမှုးဆိုလား…နေမျိုးဝေကတော့NLD မှန်တယ်ကနေ ဒီ
    ဗွီဘီအင်တာဗျုးတခုမှာတွေ့ရတာကတော့ ဒုတိယပင်လုံညီလာခံမှာ၂၀၀၈အခြေခံဥပဒေ
    ကိုလက်မခံဆိုတာကိုတော့ဝေဖန်နေပြန်ပါပြီ…အဲဒီကောင်က သာကူးသမားတဦးပါ.
    အေးလွင်တို့လိုကောင်မျိုးတွေပါ…၀ိုင်းဖြစ်အောင်ဘေးထိုးပေးရတဲ့ဘေးထိုးအဆင့်ပါ
    တီတွေပါ…အေးလွင်တို့..နေမျိုးဝေတို့ဆိုတဲ့ကောင်တွေကနိုင်ငံရေးကိုလွယ်လွယ်လေး
    လို့ထင်နေကြသူတွေပါ.အန်တီစုရဲ့အကြမ်းမဖက်တဲ့လမ်းစဉ်ကိုင်စွဲသူတွေတောင်မှာအ
    ခြေအနေအရတဖက်ကယုတ်ပတ်လာတဲ့အခါ ဒီပဲယင်းလိုအကြမ်းဖက်သတ်ဖြတ်တာ
    တွေကြုံတွေ့တတ်ရပါတယ်.ဒီကောင်တွေဟာတချိန်မှာဒီချုပ်အားသာရင် ဒီချုပ်မှန်တယ်
    ဆိုပြီးတော့မျက်နှာပြောင်တိုက်ပြီးဝင်လာမှာတော့သေချာပြောရဲပါတယ်..တိုတိုပြောရ
    ရင်ဒီမိုကရေစီအရေခြုံလုပ်စားတွေပေါ့..နိုင်ငံေ၇းလုပ်စားကြမဲ့သူတွေပါဘဲ..ဘဘရော
    ဘယ်လိုစဉ်းစားနေလဲ…မစဉ်းနဲ့..အချိန်ကုန်ပါတယ်.အန်တီစုတို့နဲ့ပေါင်းပြီးလုပ်ပါ..
    ဒီမိုကရေစီတိုင်းပြည်ဖြစ်အောင်လုပ်မဲ့သူချင်းချင်းတွေပဲ…ပန်းတိုင်တူပေမဲ့လုပ်ပုံလုပ်
    နည်းတူမှဆိုရင်တော့ဘဘတို့ပါတီကနအဖကနောက်ဖေးပေါက်ကပေးတဲ့တံစိုးလက်
    ဆောင်ကြောင့်နောက်တွန့်နေတာဖြစ်ပါလိမ့်မယ်…ပြည်သူတွေဘာလိုအပ်နေလဲ..
    ဘဘတို့စိတ်မ၀င်စားဘူးနဲ့တူတယ်.စိတ်ဝင်စားရင်သိနိုင်လောက်ပါပြီနော်…လေး
    စားစွာဖြင့်…စစ်ကိုနိုင်..

  10. ဗိုလ်မင်းရောင်ကို မင်းကြီး ရွှေလရောင်လို့ ခေါ်ကြတယ်လေ သူငယ်ချင်းတို့….

    1. “ရွှေလရောင်” ဆိုတာ ဘွဲ့ နာမည်… သူငယ်ချင်း။

  11. sun moon :

    ကြည်နူးဝမ်းသာဤကဗျာဖြင့်……
    ခြိုးခြံခြွေတာ ပြည်သာယာကြောင်း
    ဒေါ်လာရလည်း အကျိုးနည်း တလွဲမသုံးကြစေနှင့်
    စုဆောင်းခြွေတာ ခြိုးခြံကာ သုံးပေါ့သူ့နေရာ
    မာပေ့တံတိုင်း ခါမဆိုင်း ဘိုင်းဘိုင်းလှဲမှမရနောင်တ
    ပါပါသမျှ သုံးစွဲက အကျိုးနည်းမှာလွန်သေချာ
    စေရာကိုသွား ကိုယ့်စိတ်ထား အမှားမလိုက်ကြစေနှင့်
    ကြောင်းကြကင်းစင် ဘ၀တွင် ရကြမလွှဲပင်……ဟု
    ဂုဏ်ပြု ဆုတောင်းလိုက်ပါတယ်….။

  12.ုkuku.ဆိုတဲ့ကောင်…မင်းစာမတတ်ဘူးလို့ငါကပြောရင်ရိုင်းသွားမှာမို့ထိန်းပြီးပြောပေမဲ့.တကယ်မင်း
    စာမတတ်ဘူး.ပညာကောင်းကောင်းမသင်ရဘူးဆိုတာငါမပြောလိုက်ပေမဲ့..အရစ် ဆိုတဲ့ကောင်လေး
    ကမင်းကိုပညာသင်ပေးသွားပြီနော်…အေး.ပညာရှာပမာသူဖုန်းစား တဲ့…မှတ်ထားလိုက်..ဗမာ့
    သွေးပြောင်ဗိုလ်မင်းရောင်ဆိုတာမြန်မာ့သမိုင်းမှာအထင်အရှားသင်ခဲ့ရတယ်.မင်းက ဗိုလ်လရောင်လား
ှဗိုလ်မင်းရောင်လား… ၄ တန်းကျောင်းသားတောင်သိတဲ့သမိုင်းကိုမင်းကမသိဘဲနဲ့အလကားရတဲ့
    ကွန့်မန့်းမှာဝင်ရေးတော့..သိတဲ့လူကထောက်ပြတော့မင်းမရှက်ဘူးလား?အဲဒါကြောင့်ပြောတာပေါ့
    ဗမာပြည်ကြီးမှာနအဖ ကိုဆရာတင်တဲ့သူတွေနဲ့ နအဖ ဟာ တတ်ရောင်ကားတွေမို့တိုင်းပြည်မွဲ
    နေတာမို့ နအဖသန်းရွှေနဲ့အပေါင်းပါလူတစုအမြန်ဆုံးဆင်းပေးရင်တကမ္ဘာလုံးက၀မ်းသာပြီးကောင်း
    ချီးပေးကြပါလိမ့်မယ်…မင်းကိုပြောလိုက်မယ်…ဗမာပြည်မှာစာမတတ်ပေမတတ်တွေစပြီးတိုင်း
    ပြည်ကိုအတင်းအာဏာလုပြီးအုပ်ချုပ်လာတာဘယ်နှစ်နှစ်လဲဆိုတာမင်းကိုပြောလိုက်အုန်းမယ်
    ၁၉၆၂.ခုနှစ်.မတ်လ(၂)ရက်ကစပြီးဒီနေ့ချိန်ခါထိဘဲဆိုတာ သမိုင်းမကျေတဲ့မင်းကသက်သေ
    ဘဲ..ညီလေး ကူကူ.ရေ…

  13. Ekdisidf :Your name and your ambition is equal to Padatalan Thantalan Be.

    but, I think you are one of the sons born by army’s wifes, right?

  14. ကြည်နူးဝမ်းသာဤကဗျာဖြင့်……
    ခြိုးခြံခြွေတာ ပြည်သာယာကြောင်း
    ဒေါ်လာရလည်း အကျိုးနည်း တလွဲမသုံးကြစေနှင့်
    စုဆောင်းခြွေတာ ခြိုးခြံကာ သုံးပေါ့သူ့နေရာ
    မာပေ့တံတိုင်း ခါမဆိုင်း ဘိုင်းဘိုင်းလှဲမှမရနောင်တ
    ပါပါသမျှ သုံးစွဲက အကျိုးနည်းမှာလွန်သေချာ
    စေရာကိုသွား ကိုယ့်စိတ်ထား အမှားမလိုက်ကြစေနှင့်
    ကြောင်းကြကင်း ဘ၀တွင် ရကြမလွှဲပင်……။
    ဂုဏ်ပြု ဆုတောင်းလိုက်ပါတယ်….။

    1. မှတ်ချက်-
      ကြောင်းကြကင်းစင် ဘ၀တွင် ဟု ပြင်ဖတ်ပါရန်….

  15. သားမျက်နှာ က အမေတွေအတွက် အားဆေးတစ်ခွက်တဲ့

  16. kuku:
    အဘေးက မြန်မာ့မျိုးချစ်သူရဲကောင်း ဗိုလ် လရောင်
    အဘိုးက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
    အဖေက မြန်မာကို ကျွန်ပြုခဲ့တဲ့ ဗိုလ်ချုပ် ကိုယ်တိုင် တိုက်ထုတ်ရတဲ့ အင်္ဂလိပ်
    အော်……….တို့ ဗိုလ်ချုပ် သာ သိရင်…………

    လယ်ဝေးမှာဒေါ်စုပြောတဲ့မိန့်ခွန်းတစ်ခုကိုသွားသတိရတယ်
    ဒေါ်စုမိန့်ခွန်းပြောနေတုန်းလယ်ဝေးသားတစ်ယောက်က
    “ဒေါ်အောင်ဆန်းစုကြည်ခင်ဗျား ဘာလို့နိုင်ငံခြားသားတစ်ယောက်နဲ့လက်ထက်တာပါလဲ”တဲ့
    အဲ့ဒီအခါဒေါ်စုက“ကျမလယ်ဝေးမှာနေရင်လယ်ဝေးသားနဲ့ရမှာ ပေါ့တဲ့”
    kuku ရေမင်းသိပ်တော့မစော်ကားနဲ့ကွာငါမစဲချင်ဘူး
    ဒေါ်စုမိသားစုအတွက်ကြည်နှူးနေတုန်းမှာ

  17. Hi all who oversea, or far apart from parents and families,

    I am really happy about their reunion after 10 years.
    I believe especially mother (may may) sure wanted to see their beloved sons.
    We also wanted to see my parents even we were oversea.
    I wish and hope “A may Su” will bring our’s hope to reunion with our parents and family.

    Cheers!!!

  18. နောက်တစ်ယောက်ရဲ့ လုံခြူံရေးပါစိုးရိမ်သွားရပြိပေါ့ ဗျာ။ကြုံ့တုန်းလေး
    နင်္ွင်္ာလိုက်ဦးမင်္ရဆိုပြီးတော့ များကစ်လိုက်လို့ကတော့ သေဖို့ သာပြင်ပေ
    တော့ နော်။ဒီလိုအချိန်မှာ ဟို တိရစ္ဆာန်ကောင်တွေဘင်္ရပြောက်နေလဲမသိ
    ဘူး ။ ။

  19. kuku ဆိုတဲ့ကောင်ရေ…..
    ရေးချင်လည်း သမိုင်းကိုသေချာလေ့လာဦး

  20. အမေ့ အိမ်မက်တွေ တခုပြီးတခု အောင်မြင်လာ နေပြီ

    အဝေးရောက်သား တွေလဲ အမိမြန်မာပြည်ထဲက အမေ့ရင်ခွင်ကို ခိုလှုံချင်လှပြီအမေရယ်

  21. မြင်၇တဲ့ဈမြင်ကွင်းကြေင့် ၀မ်းသာလို့ မျက်ရည်တောင်ကျမိတယ်၊

  22. ကြက်သီးတွေထမိပါတယ်ဗျာ။ဝမ်းသားလွန်းလို့ပါ။

  23. kuku :

    အဘေးက မြန်မာ့မျိုးချစ်သူရဲကောင်း ဗိုလ် လရောင်
    အဘိုးက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
    အဖေက မြန်မာကို ကျွန်ပြုခဲ့တဲ့ ဗိုလ်ချုပ် ကိုယ်တိုင် တိုက်ထုတ်ရတဲ့ အင်္ဂလိပ်
    အော်……….တို့ ဗိုလ်ချုပ် သာ သိရင်…………..

    “အဘေး” က “ဗိုလ်လရောင်” မဟုတ်ပါဘူး..ဟ. “ဗိုလ်မင်းရောင်” ပါ ကွ

  24. အမေ့ ရင်ခွင်ထဲကသားကလေးအရွယ်လောက်လတည်းက ကျွန်မတို့ သားအမိခွဲခွါခဲ့ ရတယ်အမေ။
    ဒီလို ပြန်ဆုံတွေ့ မှုမျိုးသည်အမေနဲ့ သားအတွက်ပြောပြမတတ်လောက်အောင်ပျော်ရွှင်နေကြမယ်ဆိုတာနှလုံးသား
    ရှိသူတိုင်းခံစားတတ်မှာပါ။ရင်ထဲမှာလေကြည်နှုးလွန်းလို့ မျက်ရည်တောင်ကျရပါတယ်။ခေါင်းဆောင်လုပ်သူတို့ ရဲ့ 
    ညှာတာထောက်ထားမှုကိုလည်းဒေါ်အောင်ဆန်းစုကြည်ကိုယ်စားကျေးဇူးတင်ပါတယ်။

  25.ုkuku.ဆိုတဲ့ကောင်.ဗိုလ်ချုပ်ကအင်္ဂလိပ်ကိုတိုက်ထုတ်တာထက်နယ်ချဲ့စံနစ်ကိုတိုက်ထုတ်လိုက်တာ..နယ်ချဲ့စံနစ်ကို
    ကျင့်သုံးတာကအင်္ဂလိပ်ဆိုတော့အင်္ဂလိပ်ကိုတိုက်ထုတ်တာဖြစ်သွားတာပေါ့..ဗိုလ်ချုပ်ဟာလူမျိုးရေးမုန်းတီးမှု့မရှိဘူး
    ဆိုတာငယ်ငယ်ကျောင်းသင်ခန်းစာထဲမှာတောင်ပါသေးတယ်.မင်းအသက်၄၀မပြည့်သေးဘူးဆိုရင်မင်းတို့သင်ရတဲ့
    ဖတ်စာတွေဟာနအဖရဲ့ဝါဒဖြန့်စာတွေနဲ့တူတယ်.သမိုင်းအမှန်ကိုမသိနိုင်ဘူးညီလေးရေ..ရှေ့မှီနောက်မှီနိုင်ငံရေးသ
    မားကြီးတွေရှိသေးတယ်.မသိရင်မေးကြည့်လေ..တကယ်မသိဘဲနဲ့သိသယောင်တတ်ယောင်ကားတွေပြောတာ
    ဟာမင်းရဲ့ပညာအရည်အချင်းနဲ့အဆင့်အတန်းကိုဖေါ်ပြနေတာဖြစ်တယ်.ခုကြည့်..ဗမာပြည်မှာအာဏာရှင်စံနစ်ကို
    တိုက်ထုတ်နေတာမင်းမြင်လား..သန်းရွှေကိုပုဂ္ဂိုလ်ရေးမုန်းတီးမှု့မရှိကြဘူး..ဒါပေမဲ့သန်းရွှေဟာစစ်အာဏာရှင်စံနစ်
    ကိုကျင့်သုံးနေတာဖြစ်တယ်.ဒီတော့ကာတိုင်းပြည်နဲ့လူထုကစစ်အာဏာရှင်ကိုအလိုမရှိဘူး..ဒါကြောင့်သန်းရွှေနဲ့
    အပေါင်းပါနအဖစစ်အာဏာရှင်ကိုပြည်သူတွေနဲ့တိုင်းရင်းသားအားလုံးဟာတိုက်ထုတ်နေတာဖြစ်တယ်.ဒီမိုကရေစီ
    ကိုလိုချင်တယ်ဆိုတာဟာစစ်အာဏာရှင်ကိုအလိုမရှိကြောင်းကိုပြသတာဘဲဖြစ်တယ်.kukuဆိုတဲ့ကောင်ရေ..

    1. ဟုတ်ပါတယ်.. ဗိုလ်ချုပ် ကိုယ်တိုင်ပြောခဲ့တဲ့ စကားရှိပါတယ်.. သူက အင်္ဂလိပ်တွေကိုမုန်းတာမဟုတ်ဘူး… နယ်ချဲ့စနစ်ကိုပဲမုန်းတာလို့…

    2. မင်း လူမျိုးရေးမုန်းတီးမှုရှိလို့ ဒီလိုရေးတာပေါ့ကွ..
      ဗိုလ်ချုပ် အောင်ဆန်း ဆိုတဲ့စကား မင်းပါးစပ်နဲ့မတန်ပါဘူး..မပြောနဲ့ကွာ..
့ လူမျိုးရေးးမုန်းတီးမှုမရှိဘူးဆိုတာ သွားလေသူ ဗိုလ်ချုပ်ကို လွှဲမချနဲ့ကွာ.
      အခု မင်းတို့ လူမျိုးရေးမမုန်းရင် ဒီကောင်လေးလာတဲ့အချိန် အမျိုးစပ်လိုက်ပေါ့ကွာ..
      လုပ်တတ်တယ်မို့လား..အမျိုးတော်တာ လွယ်ပါတယ်..

  26. အင်္ဂလိပ်သွေးပါပေမယ့် ကောင်လေးက အမေနဲ့ တူသားပဲဗျ။ နော်

  27. ဝမ်းသာလိုက်လို့မဆုံးဘူးဗျာ ကျွန်တော်ကိုယ့်တိုင်က မိဘနဲ့ဝေးတော့ အမေစုရင်ထဲ့မှာဘာတွေရှိနေတယ်ဆိုတာရယ်
    သားဖြစ်သူနေရာကလဲရင်ထဲ့ဝင်ကြည့်စာရာမလိုလောက်ဘူး ဒီမြင်ကွန်းကတော်တော်မေတ္တာတွေအပြည့်ဆိုတာသိလိုက်ရလို့
    တော်တော်ဂုဏ်ယူမိတယ် ကိုထိန်လင်း ရယ် ဓါတ်ပုံတင်တဲ့ဆရာတို့ကျေးဇူးကမ္ဘာပဲနော်

  28. အဘေးက မြန်မာ့မျိုးချစ်သူရဲကောင်း ဗိုလ် လရောင်
    အဘိုးက မြန်မာ့လွတ်လပ်ရေးဖခင်ကြီး ဗိုလ်ချုပ်အောင်ဆန်း
    အဖေက မြန်မာကို ကျွန်ပြုခဲ့တဲ့ ဗိုလ်ချုပ် ကိုယ်တိုင် တိုက်ထုတ်ရတဲ့ အင်္ဂလိပ်

    အော်……….တို့ ဗိုလ်ချုပ် သာ သိရင်…………..

    1. နည်းနည်းစဉ်းစားပြီး….ကိုယ်ချင်းစာစိတ်နဲ့ပြော….မင်းအမေလည်း…နိုင်ငံခြားကိုငယ်ငယ်တည်းကသွားနေရရင်…..အဲ့ဒီအဖြူတွေနဲ့ပဲညားမှာပဲ….နီးရာဖူးစာဆိုတဲ့ဆိုရိုးစကားရှိတယ်….ဖွတ်ကျားရဲ့ …..

    2. this is just mother and son reunion. no politic in family unions.no matter where you are, what race you are in mothers and sons love each other. They been apart for so many years and they meet first time. this is very joyful moment and only idiot like you can criticized that. this is nothing to do with history, nothing to do with who your ancestors are. this is simply mother-son love. it show your mind and class is very low cuz you can’t see family love. all you can see is how to trash the joyful moment. even our father (general aung san) is still alive, he will enjoy this moment because they her his daughter and his grandson and he will love them and happy for them even half of the grandson blood belong in other race. You Are a Low Life who can’t Even appreciate a family love.

    3. အော်……….သူတည်ထောင်ခဲ့တဲ့ တပ်မတော်ကြီး သူခိုးဓါးမြဂိုဏ်းသာသာကျင့် နေကြောင်းတို့  ဗိုလ်ချုပ် သာ သိရင်…………..

  29. သား အမိတွေ မပြုံးပျော်ရသေးဘူး..။
    လေတပ် က ကိုကိုတွေက လက်မောင်းကို တည် ရိုက်နေကြပြီ။
    သြော်..သားငယ်တောင် (၃၃) နှစ်ရှိသွားပြီ

  30. တစ်ကယ့်ကြည်နူးပျာ်ရွှင်စရာ မြင်ကွင်းလေးပါဘဲဗျာ.မဝေးကွာလွန်းသော နေ့တစ်နေ့မှာတော့ ကျနော်နှင့်တကွ အမေများနှင့်
    ဝေးကွာနေရသော သား/သမီး များ မိသားစုနဲ့ အမြန်ဆုံး ပြန်လည်ဆုံတွေ့နိုင်ကြပါစေဗျာ.

  31. အန်တီစုကို အရမ်းချစ်ပါတရ်…အခုလို သားဖြစ်သူနဲ့ပြန်ဆုံတွေ့တာကို မြင်ရတာ…အတိုင်းမသိ ၀မ်းသာမိပါတရ်…. :)

  32. အမေဖြစ်တဲ့ အန်တီစုရင်ထဲကိုရော..အမေနဲ့ ဝေးပြီးကြီးပြင်းလာရတဲ့ သားဖြစ်သူ ကိုထိန်လင်းရင်ထဲကိုရော ၀င်ကြည့်ချင်မိတယ်..လောလောဆယ်ကျမရင်ထဲမှာတော့ “ကြီးမြတ်သူတို့ နှလုံးသား” ဆိုတဲ့ဝေါဟာရကို နားလည်လိုက်သလိုပဲ..

  33. ဓါတ်ပုံတွေအတွက် EMG ကို အရမ်းကျေးဇူးတင်ပါတယ်။
    သားအမိ ပြန်တွေ့ ရတာကို မြင်ရတာ သိပ်ကို ပျော်၇ွှင်စရာကောင်းပါတယ်။
    မိခင်ကို နားလည်တဲ့သားတွေအတွက် ပြည်သူတွေက ကျေးဇူးတင်နေမှာပါ။

    1. EMG မဟုတ်ဘူး ဆရာမ :( FNG နောက်တစ်ခါ မှားရေးရင် Approve မလုပ်တော့ဘူး

  34. မနေ့ က တောင်ဒဂုံ တုန်းက မှီတယ် ။ဒီနေ့ လေဆိပ်သွား တာနောက်ကျသွားတယ် ။ထောက်လှမ်းရေး က လေယာဉ်ပေါ် ပါတဲ့ လူတွေ ကို ဘာမှ တောင် မစစ်ဆေးတော့ ဘဲနဲ့ လေဆပ် မှာလူအုံမှာစိုး လို့ ပေးဝင်ခိုင်းလိုက် လို့ ..ဓာတ်ပုံရိုက်ချိန် မမှီတော့ဘူး အခြား သတင်းထောင် လေးယောက် လောက်လည်း ဒီလိုပဲ တက္ကစီဖိုးတော့ သွားပြီ AP က ပုံတွေ ပဲတင်လိုက်တော့တယ်

  35. သားအမိ နှစ်ယောက် ပြန်လည် ဆုံတွေ့ခွင့်ရတာ… ဝမ်းသာ စရာ ပဲနော်.

  36. ဒီမြင်ကွင်းကိုမြင်၇တော့..အ၇မ်းခံစား၇ပါတယ်…

    1. ခံစားရတယ်
      တကယ်လားကွာ
      မင်းကော အဲလိုမဖြစ်ချင်ဘူးလား
      လုပ်လိုက်လေကြာသလားလို့

    2. ခံစားရတယ်
      တကယ်လားကွာ
      မင်းကော အဲလိုမဖြစ်ချင်ဘူးလား
      လုပ်လိုက်လေကြာသလားလို့

Comments are closed.