ဒါရိုက်တာ မောင်မျိုးမင်း စီစဉ် ရိုက်ကူးပြီး မင်းသမီး မိုးယုစံ ၊ဖူးစုံ၊ မေကဗျာ၊ မင်သမီး အဖြစ် သရုပ်ဆောင်ကာ
နေတိုး၊ကျော်ကျော်ဗိုလ်၊ ထွန်းထွန်း၊ရဲလေး၊မိုးမိုး တို့ ၏ ပရိသတ် အားပေးမှု ရှိသည့် နှစ်သစ် နှင်းဆီ အငြိမ့်
ဗီဒီယို အား ပရိသတ် များ အစအဆုံး ကြည့်ရှု နိုင်ရန် ရွှေအိုး ဗီဒီယို မှ တင်ဆက်ပေးထားပါသည်။
နိုဝင်ဘာလ ၂၁ ရက်နေ့ က သုဝဏ္ဏအားကစားရုံမှာပြသခဲ့တဲ့ ထာဝရ နှင်းဆီ အငြိမ့်ပွဲက ပရိသတ် အကြိုက်ဖြစ်ခဲ့ရပါတယ်။
အခြား အငြိမ့်များလိုမဖြစ်ပဲ လက်ရှိဖြစ်ပေါ်နေတဲ့ နိုင်ငံရေး နဲ့ ဆိုင်တဲ့ ပြက်လုံးတွေကို အခြေခံပြီး ပြက်သွားလို့ပရိသတ်များအကြိုက်တွေ့ခဲ့ရပါတယ်။ ထာဝရနှင်းဆီ အငြိမ့်အဖွဲကို ဒါရိုက်တာ မောင်မျိုးမင်း (ရင်တွင်းဖြစ်)က
စီစဉ်တာဖြစ်ပြီး လူရွင်တော်များအနေဖြင့် နေတိုး၊ကျော်ကျော်ဗိုလ်၊ရဲလေး၊ထွန်းထွန်း နဲ့ မိုးမိုးတို့ ပါဝင်ခဲ့တာဖြစ် ပါတယ်။
အငြိမ့်ထဲမှာ ပါတဲ့ ပြက်လုံးအချို့ကိုဖော်ပြရမယ်ဆိုရင် လူရွင်တော်အချင်းချင်း ပဟေဌိ လုပ်တဲ့အခါနောက်ဆုံး မေးခွန်း အဖြစ် တရိစ္ဆာတွေကို အများဆုံးရှိတဲ့ နေရာ၊ တရိစ္ဆာ မျိုးစုံထား ရှိ တဲ့နေရာဘယ်နေရာလဲ သိတဲ့လူဖြေလို့ လူရွင်တော်တစ်ယောက်ကမေးတဲ့အခါ အခြားလူရွင်တော်တွေက ငါသိတယ်..ဟိုဟာမဟုတ်လား..ဆိုပြီး တစ်ယောက်မှ မဖြေခဲ့ပေ။ ဒါနဲ့ လူရွှင်တော်တစ်ယောက်က ဒါဆိုပရိသတ်ကြီးသိမယ်ထင်တယ်ဆိုပြီး ပရိသတ်ကိုမေးတော့ ပရိသတ်က သံပြိုင်ပါပဲ နေပြည်တော်လို့ ဖြေခဲ့ကျပါတယ်။ အလာတူ ပြက်လုံးတွေအပြင် ၂၀၁၀ေ၇ွးကောက်ပွဲကို သရော်သည့်ပျက်လုံးများ ၊ ကြံဖွက်များကို နိုပ်ကွပ် သည့် ပြက်လုံးများ။ အပါအ၀င် အစိုးရပိုင် ဦးပိုင်စသဖြင့် စီးပွားရေးလုပ်ငန်းများကို သရော်သည့်ပြတ်လုံးများ။ မီးမလာသည့်အကြောင်းကို ပြက်သည့်ပြက်လုံးများ။ တရားမမျှတမှု ကိုပြက်သည့် ပျက်လုံးများနဲ့ ပရိသတ် လက်ခုတ် သံတွေ အတော်ကလေးကို ညံ့ ခဲ့ပါတယ်
နှစ်သစ် နှင်းဆီ ဗီဒီယို အား ကြည့်ရှုရန် ဤနေရာ တွင် ကလစ် နှိပ်ပါ

YEAH,that is 100 percent right.
အယ်ဒီအဖွဲ့ခင်ဗျာ
မူရင်းရိုက်ကူးထားတာကို download ရချင်ပါတယ်
စိစစ်ေ၇းကျပြီးသားဆို ဘာမှမပါတော့ဘူးဗျ
ဖြစ်နိုင်လျှင် download link တင်ပေးပါနော်
ကောင်းပါတင်္ရအစ်ကိုတို့ အစ်မတို့ ရေ ကျွန်တော်တို့လဲစီစာဉ်လို်က်ရ
တာဖက်ဖက်ကိုမောလို့ဗျာ .အားပေးဖော်ရလို့1သာပါတင်္ရ ။ ။
နေတိုး ၇ယ် တ မြေသားဆိုတော. အားပေးပါတယ် တခုပဲ
တန်ဆောင်မုန်းလပြည့်နေ့ (၂၁) ရက်နေ့က ကပြတဲ့ ဦးမျိုးမင်းစီစဉ်သော ထာဝရနှင်းဆီ အငြိမ့်အဖွဲ့သား အားလုံးကို အရမ်းပဲလေးစားရပါတယ်၊ ဦးမျိုးမင်း (ရင်တွင်းဖြစ်) ဆိုတဲ့အတိုင်းပဲ ရင်ထဲကိုထိမှန်စေပါတယ်၊ လက်ခုတ်လက်ဝါးတီးပြီးအားပေးလိုက်ရတာ အရမ်းပဲအားရ ကျေနပ်မိပါတယ် ၊ ပါဝင်ကပြသောအနုပညာရှင် အားလုံးကိုလည်း စိတ်ချမ်းသာမှု့ရစေခြင်ပါတယ် ယခုထက်လည်း အောင်မြင်ပါစေ၊ ယခုထက်လည်းဖျော်ဖြေနိုင်ပါစေ
ကြိုက်တယ်
မိုးမိုးရေ
လုပ်သာ လုပ်
ငါလည်း မုံရွာ သား ပဲ ဟ
တန်ဆောင်မုန်းလပြည့် (၂၁) ရက်နေ့က ကသွားတဲ့ ထာဝရနှင်းဆီ..အငြိမ့်ဖွဲ့သားအားလုံးကို အ၇မ်းလေးစားပါတယ်….အရမ်းချစ်သွားပါတယ်…ရဲရင့်တဲ့..အနုပညာရှင်များ..ဘေးကင်းပါစေ….ကိုယ်တိုင်သွားကြည့်ခဲ့တာပါ..သူတို့အတွက်လည်းစိုးရိမ်မကင်းဖြစ်ရပါတယ်…အာဏာရူးအစိုးရက..ဘယ်လိုအရေးယူမလဲလို့…
i like their group so much because they are so mordenize and their plots are so high standard.May sussccess than now.
အက်မင်ကြီးရေ မှားနေတယ်ဗျ။ အခုတင်ထားတင်ထားတဲ့ အငြိမ့်က ကြာပါပြီ။ ၂၁ ရက်နေ့ က အငြိမ့်က အခု လင့်ချိတ်ထားတဲ့ ဟာ မဟုတ်ပါဘူး။
တန်ဆောင်တိုင် ပွဲက ဗီဒီယို က ခုမှ Edit လုပ်တုန်း အခု အရင်က အဟောင်းကို ပြန်ပြတာ..ပျက်လုံးတွေ plot တွေက အတူတူပဲ