အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း

လူထု စိန်ဝင်း

နိုင်ငံခြားတိုင်းပြည်တစ်ခုမှာ နှစ်ပေါင်းငါးဆယ်နီးပါး နေထိုင်ခဲ့တဲ့ သူငယ်ချင်းတစ်ယောက်တစ်လောက
အလည်ပြန်လာရင်နဲ့ အိမ်ကိုရောက်ချလာပါတယ်။ ခုနှစ်ဆယ်အရွယ် အဘိုးကြီးနှစ်ယောက်
မင်းတစ်လုံးငါတစ်လုံးနဲ့ စကားတွေအားရပါးရ အကြာကြီးပြောကြပါတယ်။

နန်းတော်တိုင် ဖက်မွေးသူ

သူက အများဆုံးပြောသူပါ။ ငယ်စရိုက်ကတော့ သေတဲ့အထိပျောက်မှာ မဟုတ်ပါဘူး။ ငယ်ငယ်တည်းကလည်း မောင်းကွဲသံကြီးနဲ့ စကားတဖောင်းဖောင်းပြောတတ်သူ ဖြစ်ပါတယ်။ “ဟေ့ကောင်ကြီး၊ ဗမာစကားပြောတတ်သေးရဲ့လား” လို့ ကျီစယ်တော့ “နန်းတော်တိုင်ဖက်မွေးတဲ့ မန္တလေးသားစစ်စစ်ပါကွ၊ ဘယ်ရောက်နေနေ ဗမာဟာ ဗမာပါပဲ” လို့ မောင်းကွဲသံကြီးနဲ့ ပြန်ဖြေတယ်။ နောက်တော့ ဗမာစကားတွေကို မြိန်ရေရှက်ရေနဲ့ မနားတမ်းပြောပါတော့တယ်။ သူအသက်လည်း ခုနစ်ဆယ်ရှိပါပြီ။ အလုပ်ဆက်လုပ်နေ သေးတယ်လို့ ပြောပြတယ်။ သူကစိတ်အထူးဆရာဝန်ကြီးပါ။ ဆေးရုံက အနားယူလိုက်ပြီ ကိုယ်ပိုင်ဆေးခန်းဖွင့်ပြီး ဆက်လုပ်နေတာဖြစ်တယ်။

နှစ်ငါးဆယ်ကွက်လပ်

ငယ်သူငယ်ချင်းတွေဆိုတော့ ပြောစရာတွေ မကုန်နိုင်ဘူး။ သူ့အကြောင်းကိုကမေး။ ကိုယ့်အကြောင်း သူကမေးနဲ့ မပြီးနိုင်တော့ဘူး။ နှစ်ငါးဆယ်နီးပါး ကွက်လပ်ကြီးဖြစ်နေခဲ့တာ မဟုတ်လား။ သူ့မှာ သားတစ်ယောက်၊ သမီးနှစ်ယောက် ရှိပြီး သုံးယောက်စလုံး၊ အလုပ်ကိုယ်စီ၊ အိမ်ထောင်ကိုယ်စီနဲ့ တစ်နေရာစီနေကြ လို့အဘိုးကြီး၊ အဘွားကြီးနှစ်ယောက်တည်း ရှိနေတဲ့အကြောင်း၊ မြန်မာပြည်ကို တစ်ခါတော့ အရောက်ပြန်မယ်လို့ ရည်မှန်းထားတဲ့အတိုင်း လင်းမယားနှစ်ယောက် ထွက်လာခဲ့ကြတာဖြစ်ကြောင်း၊ ဒီနေရာရှိ၊ မရှိ မသေချာလို့ ဇနီးကို ဟိုတယ်မှာ ထားခဲ့ကြောင်း၊ နောက်တစ်ခေါက်မှ ခေါ်လာမယ်ဆိုတဲ့ အကြောင်းတွေလည်း ဆက်တိုက်ပြောသွားတယ်။နည်းနည်းလေးမှ မောပုံပန်းပုံမပေါ်ပါဘူး။

ရင်းနှီးမှုခံစားချက်

အဲဒီနေ့က သူသုံးနာရီလောက်ကြာနေပြီး စကားတွေ ဖောင်းနေအောင်ပြောသွားတယ်။ ပြန်ကာနီးတော့“သူငယ်ချင်းကလည်း အရင်တိုင်းပဲ၊ ဘားမှမပြောင်းလဲဘူး။ သူယ်ချင်းအိမ်ကလည်း ဘာမှမပြောင်းလဲဘူး။ အဲဒါလေးကိုက ချစ်စရာကောင်းနေတာ” လို့ပြောသွားတယ်၊ ဟုတ်မှာပေါ့ သူတို့ဆီကမှာတော့ နေစဉ်နဲ့အမျှ တစ်ခုပြီးတစ်ခု ပြောင်းလဲနေတာဆိုတော့ Homely atmosphere ဆိုတဲ့ ရင်းနှီးကျွမ်းကျင်ဝင်မှု၊ ခံစားမှုမျိုး ဘယ်ရနိုင်မှာလဲ။ အိမ်နီးနားချင်းတွေဆိုတာလည်း ခဏခဏ အသစ်ဖြစ်နေကြမှာပေါ့။ တိုးတက်ဖွံ့ဖြိုးမှု နှေးကွေးတာ ကောင်းတဲ့အချက်လည်းရှိတယ်။ ကိုယ့်အိမ်ကိုယ့်ရာ၊ ကိုယ့်ရပ်ကွက်ဆိုတဲ့ ရင်းနှီးမှုခံစားချက်တွေ ပျောက်ကွယ်မသွားဘူး၊ ကျေနပ်ဖွယ်ဖြစ်တယ်။

အိမ်လွမ်းစိတ်တော့ ရှိမှာပါ

သူငယ်ချင်းက မန္တလေးသားဆိုတော့ တစ်ပြပတ်လည်ဝင်းကြီးတွေထဲမှာ တစ်အိမ်နဲ့တစ်အိမ် ဆွေတွေမျိုးတွေလို ကုးလူးဆက်ဆံနေခဲ့ကြပုံတွေကို မမေ့ဘူးထင်ပါတယ်။ မန္တလေးမှာတော့ သူအိမ်က ထမင်းဝိုင်း ၀င်နှိုက်လိုက်၊ ကိုယ့်အိမ်က ထမင်းဝိုင်း သူဝင်စားလိုက်နနဲ့ ပျော်စရာကြီး မဟုတ်လား။ ကိုယ်တော်င ခဏခဏ မန္တလေးကို လွမ်းနေတာ၊ အဝေးကြီးရောက်နေတဲ့သူဆို ပိုလွမ်းမှာပါ။ လွမ်းရင်ဘာဖြစ်လို့ ပြန်မလာဘဲနေသလဲလို့ အပြစ်အတင်ချင်ပါဘူး။ ပျော်ရာမှာ မနေရတောရာမျာ နေရဆိုတဲ့ စကားအရှိသားပဲ။ သူလည်း သူအကြောင်းနဲ့သူ ပြန်မလာနိုင်တာ ဖြစ်မှာပေါ့။ ပြန်မလာချင်းပေမယ့် အိမ်လွမ်းစိတ်တော့ ရှိနေမှာ သေချာတယ်။

နှစ်ငါးဆယ်အိပ်မက်

“ဘယ်နေရာရောက်နေနေ ဗမာာဟာ ဗမာပါပဲ” လို့ သူပြောခဲ့သလို၊ ဗမာစိတ်ကတော့ ပျောက်မသွားနိုင်ပါဘူး၊ ကိုယ့်ရပ် ကိုယ့်ရွာကို မပြန်ချင်တဲ့သူ ရှိပါ့မလား။ သူလည်း ပြန်ချင်မှာပါ။

မြန်မာနိုင်ငံကို အာရှတိုက်ရဲ့ အချမ်းသာဆုံး၊ အတိုးတက်ဆုံး နိုင်ငံအဖြစ်အမြန်ဆုံးရောက်စေချင်ပါတယ်။ မဖြစ်နိုင်စရာအကြောင်း ဘာမှမရှိပါဘူး။ သယံဇာတ လူအင်းအား၊ ဥာဏ်ရည်ဥာဏ်သွေး ကျွန်တော်တို့မှာ အားလုံးပြည့်စုံပါတယ်။

တစ်ခုတည်းသော ဆန္ဒ

ဒီနေ့ ဒီအချိန်မှာတော့ ပြီးခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်နဲ့ မတူတော့ဘူး။ တစ်တုင်းပြည်လုံးမှာ ရှိကြတဲ့ လှည်းနေလှေအောင်း၊ မြင်းဇောင်းမကျန် လူကြီးလူငယ်အားလုံး၊ တိုင်းရင်းသားလူမျိုးစုအားလုံး တူညီတဲ့ လမ်းကြောင်းတစ်ခုတည်းအပေါ်မှာ ရပ်တည်နေမိကြပြီး၊ ဒီအခြေအနေမျိုး ဘယ်တုန်းကမှ မရှိခဲ့ဖူးဘူး၊ အခုအချိန်မှာ တစ်နိုင်ငံလုံးရဲ့ တစ်ခုတည်းသော ဆန္ဒက တိုင်းရင်းသားအားလုံး တန်းတူညီတူမျှ လွတ်လပ်ပြီးချမ်းသာယာတဲ့ တရားဥပဒေစိုးမိုးမှုရှိပြီး ဗြဟ္မစိုရ်တရားထွန်းကားတဲ့ ဒီမိုးကရေစီနိုင်ငံတော်သစ် ထူထောင်ရေးသာဖြစ်တယ်။

လမ်းကြောင်းအမျိုးမျိုး လျှောက်ခဲ့ကြ

လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်အတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ဟာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် မတူညီတဲ့ လမ်းကြောင်း အမျိုးမျိုးကို လျှောက်လှမ်းခဲ့ကြတယ်။

အခုအချိန်မှာတော့ တိုင်းရင်းသားပြည်သူ တစ်ရပ်လုံးသာမက အုပ်ချုပ်တဲ့အစိုးရ ကိုယ်တိုင်က ဒီမိုကရေစီလမ်းကြောင်းကို လျှောက်လှမ်းမယ်လို့ အတိအလင်း ကြေညာထားခဲ့တယ်။ မရှိခဲ့ဖူးတာ အမှန်ဖြစ်တယ်။

အကျိုးမျှော်လို့

ဒီအခြေအနေဟာ တိုင်းပြည်အတွက် အခွင့်အရေးကောင်းတစ်ရပ်ဖြစ်တယ်။ နှစ်ငါးဆယ်လောက် ကာလအတွင်း မရစဖူးကို လွက်လွပ်မခံဘဲ တိုင်းရင်းသားလူမျိုးပေါင်းစုံနဲ့ လူတန်းစား အလွှားအသီးသီးတို့ရဲ့ ခိုင်မာသိပ်သည်းပြီး တန်းတူညီမျှတဲ့ အမျိုးသားအင်းအားစုကြီးတစ်ရပ် ပေါ်ထွန်းလာအောင် တက်ညီလက်ညီ ကြိုးပမ်းအားထုတ်ကြပါစို့လို အကျိုးမျှော်လို့ နှိုးဆော်လိုက်ရပါတယ်။

လူထု ဦးစိန်ဝင်း

စောင့်ကြည့်ဂျာနယ် မှ ကူးယူ ဖော်ပြသည်

အတွဲ ၆- အမှတ် ၁၉

၂၄-၁၁-၂၀၁၀

24 thoughts on “အချိန်ကောင်း အခါကောင်း အခွင့်အရေးကောင်း

  1. စစ်ရန်နိုင် မင်းက ဘာလဲတော့မသိဘူး။ ငါကတော့ ဗမာတိုင်းရင်းသားပဲ။ ကရင်တစ်ကျပ် ဗမာတစ်ကျပ်လို့ စောဘဦးကြီး ပြောခဲ့တာ ငါတို့ ယုံကြည်တယ်။ ဗိုလ်ချုပ် ကျဆုံးလို့ နေ၀င်း မစ္ဆရိယ များလို့ မဖြစ်ခဲ့တဲ့ ပင်လုံ ပြည်ထောင်စု မကြာခင် ဖြစ်လာရမယ်။ ငါတို့ ဖြစ်ချင်တဲ့ ပြည်ထောင်စုမှာ မင်းလို သဘောထားသေးတဲ့ အမုန်းသမားတွေမလိုချင်ဘူး။ ဒေါ်စုနဲ့ အတူ တိုင်းရင်းသားခေါင်းဆောင်တွေညီညွတ်မှုနဲ့ ပြည်ထောင်စုမှာ မင်းကို ပြုံးပြုံးရွင်ရွှင် အမုန်း ကင်းစင်စွာ ပြန်တွေ့ချင်ပါတယ် သူငယ်ချင်း။ ဘ၀ တစ်ဝက်လောက် ထောင်ထဲမှာနေခဲ့ရပေမယ့် တို့ တွေ နအဖ အပေါ်မှာ ရှိတဲ့ အမုန်းကို သင်ပုန်းချေခဲ့ကြ သေးတာပဲ။ သေတဲ့ ငါတို့ အမျိုးတွေ သူငယ်ချင်းတွေ တပည့်တွေ သာသနာဝန်ထမ်းတွေ ပြန်မရှင်ဘူး။ မင်းတို့ ငါတို့ မျိုးဆက်တွေ ချစ်ချစ်ခင်ခင် ပျော်ပျော်ရွင်ရွှင် နေနိုင်အောင် အချင်းချင်း အပြစ်မြင်စိတ်တွေ ဖျောက်ပြီး စနစ်ဆိုးကို အသက်ပေးတိုက်မှ ဖြစ်မှာပါ။

  2. မောင်လှ ဘ၀မှာပုံပြင်ကောင်းတဲ့ ကောင်းဆိုလို့ ဘယ်နှစ်ယောက်ရှိလဲမင်းသိလား။ အမှန်ကိုအမှန်အတိုင်းမမြင်တဲ့ သတ္တ၀ါတွေဟာ လူသားမဆန်ပါဘူး ။ ပညာရှင်မဆန်ပါဘူး။ သမိုင်းကိုလိမ် အမှားကို အမှန်လုပ် ဒါမြန်မာအလုပ်လို့ တင်စားထားတဲ့ ပုံပြင်တစ်ခုရှိတယ်။ တခြားတိုင်းရင်းသာ သမိုင်အမှန်ကို အယောက်ဆောင်မြန်မာသမိုင်းလုပ်တတ်တဲ့ မြန်မာ(ဗမာ)တွေဟာ မတူညီကြဘူးဆိုရင်ဘယ်ဟာကို မြန်မာလို့ ပြောမှာလဲ မင်းပြောနိုင်ရင် ရှင်ပြနိုင်ရင် မင်းကို ငါဦးချမယ်ကွာ။ ရှင်းလင်း ငါပြောတာ။ ဘယ်နိုင်ငံမှာပဲနေနေ မင်း မြန်မာ စကားတက်လားလို့ မေးရင်တောင် ငါ့တို့ က မြန်မာစကားတက်တာပေါ့ လို့ ဖြေရတယ်။ အဲဒီဖြေလိုက်တဲ့ စကားဟာ မင်းတို့ ဗမာစကားတွေပဲကွာ။ အခေါ်သာကွဲတာပါ ပုံးစံကတော့ အတူတူပဲ ။ မင်းကို ဒီထက်မက ရှင်ပြရင် စာမျက်နှာက အခက်ခဲ့ရှိလို့  မပြောတော့ပါဘူး။ ငါ့တို့ သိတဲ့အတိုင်း ငါ့တို့ တိုင်းရင်းသားတွေက ခေါင်းညီညွတ်ပြီးပူးပေါင်းမိရင်တော့ မင်းတို့ တွေတော့မလွယ်ဘူးမှတ်။

    1. ငါ့တို့ တိုင်းရင်းသားတွေက ခေါင်းညီညွတ်ပြီးပူးပေါင်းမိရင်တော့ မင်းတို့ တွေတော့မလွယ်ဘူးမှတ်။ LOL, when? how?
      extremist, racialist, narrow-minded, childish and stupid-bullshit view.

    2. Thanks, Ko Thet and Thardu.
      (၁) ဘ၀မှာ သမိုင်းကောင်းတဲ့ သူတွေအများကြီးပဲ ငါ့ညီ။ ကိုယ့်ဘ၀ကိုယ် ဂရုမစိုက်ပဲ အများအကျိုးအတွက် အမှန်တရားအတွက် ပေးဆပ်တိုက်ပွဲဝင်ခဲ့၊ ၀င်နေကြလို့ တို့ပြည်ကို အာဇာနည်တွေ နေတဲ့တိုင်းပြည်လို့ ဆိုခဲ့ကြရတယ်။ မနှစ်က Burma VJ ကို တကမ္ဘာလုံးက လေးစားအားပေးခဲ့ကြတယ်။
      (၂) သမိုင်းမှန်ကို လိမ်တဲ့သူတွေ ခေတ်အဆက်ဆက်ရှိခဲ့တယ်။ အမှန်ကိုရေးခဲ့တဲ့ သမိုင်းသမားတွေလည်းရှိတယ်။ အမှန်လို့ထင်တာ ကို ဆန္ဒစွဲ မထား ကြိုးစားတင်ပြတဲ့ သမိုင်းရေး ဆရာတွေလည်းရှိတယ်။ မြန်မာ နဲ့ ဗမာ ကိစ္စ က သာဓုပြောသလို နံမည် ကိစ္စ၊ နောက်မှ ပညာရှင်တွေ ရှင်းပါစေ။ ငါကမြေပြန့်သားဆိုတော့ မြန်မာ ခေါ်ခေါ် ဗမာခေါ်ခေါ် အရေးမကြီး ပါဘူး။ မင်းအပြောအရ တော့ ငါက ဗမာပေါ့။ (မင်းတို့ ဗမာစကား.. လို့ပြောတာကိုး)။ မင်းက မမြင်ရတဲ့ freedom စာမျက်နှာမှာ လေလာကျယ်နေတာ အပြင်မှာ မေးတော့ မြန်မာစကားတတ်တာပေါ့လို့ ပဲဖြေခဲ့တာကိုး။ ဒါလောက် ဆို သွေးကို သိပါပြီ။ ငါမလေးရှားရောက်တုန်း ကွမ်းယာရှာရင်း လူတစ်ယောက်ကို ခင်ဗျားဗမာလားလို့ မေးတာ သူက “မဟုတ်ဘူး” တဲ့။ ငါလည်း ဗမာစကားကြားရလို့ဝမ်းသာသွားပြီး ဒါဆို ဘာလဲဗျ ဆိုတော့ “ကရင်” တဲ့။ ငါလည်း ကွမ်းဝယ် စားရတာပေါ့။ မင်း လည်း သတ္တိရှိရင် ရိုးသားတဲ့၊ ကိုယ့်အမျိုးကိုယ် ချစ်တဲ့ အဲဒီ ကရင်လေးလို ဖြေပါလား။ ဗမာစကားတတ်တယ်။ ဒါပေမယ့် ငါ ဘာလူမျိုးကွ လို့ ပြော လေ။ မင်းမပြောခဲ့ဘူးမဟုတ်လား။ မင်းက မမြင်တဲ့နေရာ လေကျယ်။ ပညာရှင် လူကြီး တွေကို စော်ကားရဲပေမယ့် တိုင်းခြားရောက်တော့ မြန်မာ ယောင်ဆောင်ခဲ့သေးတာကိုး။ Ko Thet ရေ သူက အစွန်းရောက်၊ အမျိုးစွဲ၊ အမြင်ကျဉ်း၊ ကလေးဆန် ပေမယ့် အပြင်မှာ သူရဲဘောနည်းသကွ။

  3. j :

    ha..ha..ha

    မောင်လှ :

    သာဓု။ မင်း ဒီကောင်ကို လူကောင်းမှတ်ပြီး သွားရှင်းလင်းပြတာကိုး။ ခုတော့ တစ်နေ့တခြား ပြောလေ ပေါ်လေ။ အကောင်းမှ မဟုတ်တာ။ ဘယ်လိုရှင်းပြလို့မှနားမ၀င်။ စကားကို အကျိုးသင့်အကြောင်းသင့်လည်းမပြောတတ်။ ဟိုတုန်းက ကွန်မြူနစ်ရဲဘော်ကျောင်းသားခေါင်းဆောင်တွေ တောထဲရောက်တုံး အပျင်းပြေပြောဘူးတဲ့ စကားလုံးမျိုးတွေကို ခုထိ အလွတ်ကျက်ပြီး နင် မဟုတ်ရင် နင့်အဖေပဲ ဆိုတဲ့ လေနဲ့ ပြန်ပြောနေကတည်းက အရူးမှန်း သိသာနေပြီ။ စစ်ရန်နိုင် မင်းပြောတဲ့အတိုင်း မင်း ဟာ မြင့်မြတ်ခြင်းနဲ့အတူမရှိ၊ လူကောင်းလည်း မဟုတ်တော့ဘူးဆိုရင် ဘုရားကုကုဖို့လိုနေပြီ။ တရားစခန်း သွားရင်သွား၊ ဘုရားကျောင်းတက်ရင်တက်။ စိတ်တည်ငြိမ်အောင် မွေးတော့ကွာ။ Freedom News ရဲ့လွတ်လတ် တဲ့စာမျက်နှာ ဟာ အားလုံး လွတ်လပ်စွာဖတ်နိုင် ပြောနိုင်ဖို့ပေမယ့် common sense ရှိမှသာ အဖြေရမယ်ကွ။ သာဓု၊ သားမျိုး အာကြီး နဲ့ သူငယ်ချင်းအပေါင်း ဒီလူ့ကို ဘေးမဲ့ပေးလိုက်ကြပါကွာ။

  4. စစ်ရန်နိုင် :(လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်အတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ဟာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် မတူညီတဲ့ လမ်းကြောင်း အမျိုးမျိုးကို လျှောက်လှမ်းခဲ့ကြတယ်) ဆိုတဲ့ လူထုစိန်ဝင်းစကားတွေကတော့ တကယ်စော်ကားတာပါပဲ။ ဘယ်တုန်းတိုင်းရင်းသားတွေ မတုညီတဲ့လမ်းကြောင်းပေါ်လျှောက်လှမ်းခဲ့ကြတာလဲ။ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တုန်းကလား၉၀ ပြည့်ရွေးကောက်ပွဲတုန်းကလား။ မြန်မာနိုင်ငံတိုင်းရင်းသားတွေဟာ တူညီမှုမရှိတဲ့ လမ်းကြောင်းပေါ်လျှောက်လှမ်းနေကြတယ်ဆိုရင် ဘာကြောင့်စာချုပ်ပါလက်ထိုးခဲ့ကြမှာလဲ လူထုစိန်ဝင်း မစဉ်းစားတက်တာပါ။ဘာကြောင် တိုင်းရင်းသားတွေသာ ပြည်ထောင်စု ဖက်ဒရည် ဒီမိုကရေစီ ကိုမလို လားခဲ့ကြဘူးဆိုရင် ဘာကြောင့် ၉၀ ပြည်ရွေးကောက်ပွဲမှာ NLD ကို မဲ့ဘာလို့ ပေးခဲ့ကြမှာလဲ သေးချာပြန်တွေးကြည့်ဦးကွာ ငပိန်းရာ ….. ကျနော်တို့ တိုင်းရင်းသားတွေဟာရိုးသားဖြောင့်မက်တာကိုသိသိရင်းနဲ့ ကလိမ်ကမာကျသွားတဲ့ ဗမာ့ခေါင်ဆောင်လက်အောက် ခေါင်းမဖော်နိုင်ရှံးနေခဲ့ရတယ်။ ပင်လုံစာချုပ်ပါ တန်တူအခွင့်ရေး မင်းတစ်ကျပ် ငါတစ်ကျပ်ဆိုတာလည် ကျနော်တို့ မရလိုက်ဘူး။ ကလိမ်ကမာမလုပ်ဘူးဆိုရင် ဘယ်လိုအကြောင်းကြောင့်မှ ပြည်တွင်းစစ်အနှစ်ခြောက်ဆယ်တိုင်တိုင်းမငြိမ်မသက်ဖြစ်မှာမဟုတ်ပါဘူး။.ဗမာ့ခေါင်းဆောင်တွေဟာ တခြားတိုင်းရင်းသားတွေကို တန်းတူညီမျှပေးမယ့်ဟာကို သိပ်ကြောက်ကြပါတယ်။ အကြောင်းကတော့ ဗမာပြည်(မြန်မာပြည်)ဟာ ဘာတစ်ခုမှမရှိလိုပါပဲ မြန်မာလူမျိုးတွေပိုင်ဆိုင်တာဆိုလို့ အညာဒေသတစ်ခုပဲရှိတယ်။ မယုံရင်မင်း သမိုင်းကိုပြန်လှန်ကြည်။ ကျနော်ကတော့ဗျာ မင်းစားတာထက်တော့နည်းနည်းအဆင်မြင့်သလိုပါပဲ။ လူသားချင်းကိုယ်ချင်းစာနာတရားကြောင့် ဖြူစင်တဲ့ အရသာကိုပဲစားတယ်။ ဒါကြောင့် မင်းပြောသလို ကျုပ်ကတော့ ဘ၀င်နိမ့်တာမဟုတ်ပါဘူး ဘ၀င်ကျတာပါ ဘ၀င်ကျတယ်ဆိုတာ မင်းနားလည်မှာပါ။တစ်နေ့ နေ့ တော့ သေမယ့်သူချည်းပါပဲ ကွာ။ ဘာမှထူးဆန်းပါဘူး။

    i agree with you

  5. မြန်မာနိုင်ငံမှာ ဘယ်လူမျိုးမို့လို့ အခွင့်အရေးပိုရတယ်ဆိုတာမရှိပါဘူး။ ဗမာ မို့လို၊ ကရင်မို့လို့၊ ရှမ်းမို့လို့ ပိုအခွင့်အရေးရနေ တယ်လို့မထင်ကြပါနဲ့။အစိုးရနဲ့ပတ်သက်တဲ့ လူတွေလောက်ဘဲ (လူမျိုးစုတွေမဟုတ်ပါ) ကောင်းစားကြတာပါ။ ကရင်မှာ သူပုန်ထရင်၊ ရှမ်းမှာ သူပုန်ထရင်၊ မွန်မှာ သူပုန်ထရင် အားလုံးကို စစ်အစိုးရက နှိပ်ကွက်ပါတယ်။ ရန်ကုန် မှာလည်း သူပုန်ထကြည့်ပါလား။ အကို တို့သိကြတဲ့အတိုင်း ရန်ကုန်မှာမို့လို့ မနှိပ်ကွက်ဘူးထင်လို့လား၊ ရန်ကုန်မှာလည်း အသေသတ်တာပါဘဲ။ အညာဒေသမှာ ကော မနှိပ်ကွက်ဘူးထင်လို့လား၊ အသေသတ်မှာပါဘဲ။ ပြည်သူတွေအားလုံး ခံစားနေရတယ် ဝေဒနာတွေပါ။ မုန့်ဝေနေတာမဟုတ်ပါဘူး၊ ဒုတ်ဝေနေတာပါ။ သူကျတော့ရိုက်တယ် ငါကျတော့ မရိုက်ဘူး လို့မထင်ပါနဲ့။ အားလုံးကို ရိုက်နေတာပါ။ ဒီကြားထဲမှာမှ ကျွန်တော်တို့ ကိုယ်တိုင်က လူမျိုးရေး အရိုးစွဲဝါဒရှိနေရင် အိမ်ကြက်ချင်း အိုးမဲသုတ်ခွတ်ခိုင်းသလိုဖြစ်နေမှာပါ။ နောက်ပြီး ကျွန်တော်တို့ တတွေက လက်ရှိအစိုးပြုတ်ကျသွားရုံနဲ့ မပြီးသေးပါဘူး။ နိုင်ငံတကာနဲ့ယှဉ်ပြီးတော့ ကိုယ်နိုင်ငံကို တည်ဆောက်ရမှာပါ။ အလုပ်လုပ်ရမဲ့ အချိန်တွေလည်း တအားလစ်ဟင်းခဲ့ပြီးပါပြီ။ နိုင်ငံတကာအလယ်မှာ ဒီအစိုးရမရှိလည်း ဗမာတမျိုးထဲဘဲ ဖြစ်ဖြစ် ကရင်တမျိုးထဲဘဲဖြစ်ဖြစ် အခြား တိုင်းရင်းသားလူမျိုးစုတွေလည်း သူတို့တမျိုးထဲဘဲဖြစ်ဖြစ် နိုင်ငံအနေနဲ့ ထူထောင် ရပ်တည်မယ်ဆိုရင် သူများတကာရဲ့ ဗိုလ်ကျစိုးမိုးခြင်းကို ခံရမှာပါ။ အင်အာားမရှိတော့ရင် နောက်ထပ်ကိုလိုနီနိုင်ငံတွေ ဖြစ်ကုန်မှာပါ။ နွားကွဲသွားရင်တော့ ဆွဲမယ့် ကျားတွေက အဆင့်အသင့်ပါဘဲ။ ဒါကြောင့် ကျွန်တော့်တို့ ညီအကို တွေအားလုံး စည်းလုံးကြပါစို့။ အရေးတော်ပုံပြီးသွားရင် ခောတ်မှီဖွံ့ဖြိုးတိုးတက် တဲ့၊ အင်အားကြီးမားတဲ့ နိုင်ငံကြီး ၀ိုင်းဝန်း တည်ဆောက်ကြပါစို့။ အရမ်းအရေးကြီးတဲ့အချိန်ဖြစ်လို့ သွေးနီးကြပါလို့။အစဉ်အလာကောင်း၊ ဓလေ့ကောင်းတွေ ပြသကြပါလို့။

  6. ငါသိပါတယ်ကွာ မင်းကလဲ ဆရာကြီးလုပ်နေတယ်။
    ရခီးကြီးရာ။

    1. ခင်ဗျားပဲ ဆရာကြီး လုပ်လိုက်ပါ ကိုအာကြီး။ ဗမာတွေ ငတ်တယ်ဆိုတာက တစ်ခြားနယ်ကလူတွေ စားစရာမရှိတာထက်စာရင်တော့ တော်ပါသေးတယ်။ တစ်ခြား တိုင်းရင်းသားတွေ အကုန်လုံးက သူတို့ရဲ့ အခွင့်အရေးတွေ၊ သမိုင်းရာဇ၀င်တွေ ပြောလာရင် ဗမာ လူမျိုးတွေက သန်းရွှေနဲ့ တစ်ဖွဲ့တည်း ဖြစ်သွားတတ်တာကတော့ ပြောစရာမလိုပါဘူး။ တိုင်းရင်းသားတွေ အရေးနဲ့ ပက်သက်လာရင် ဗမာလူမျိုးတွေ အကုန်လုံး နိုင်ငံရေးသမားတွေ အပါအ၀င် ရေငံနှုတ်ပိတ်နေခဲ့တယ်။

  7. အာကြီး ပြောတာ မှန်တော. မှန်ပါတယ် အားလုံး အာကြီးလို စိတ်ဓာတ် ၇ှိ၇င် ပြောစ၇ာမလိုပါဘူး
    ဒါပေမယ်. အာကြီး ၇ယ်
    ဗမာဟာာ ဗမာ နဲ. မြန်မာ ဟာ မြန်မာနဲ.မေ၇ာစေချင်ဘူး

  8. စစ်ရန်နိုင်

    ( ငပိရည်စားပြီး မဟုတ်က ဟုတ်ကတွေပြောတတ်တဲ့ အညာသားဟာ အညာသားပါပဲကွလို့ ပြောလိုက်ပါရစေ။)
    ဘာကို ပြောချင် တာ လဲ???? ဗမာဟာ
    ( ဗမာ(မြန်မာ)ပဲဖြစ်မယ်။ ကျန်တဲ့ ရှမ်း၊ ကရင်၊ ကချင်၊ မွန်း၊ ချင်း၊ ရခိုင်၊ စသောလူမျိုးများဖြစ်မှာမဟုတ်ပါဘူး။)
    ဗမာပါ ဆိုမှ တခြားတိုင်း၇င်းသားလူမျိုး မဖြစ် တာ မင်းပြောမှလား ငပေါ၇ဲ့  ၊???
    ( ဗမာလူမျိုးတို့သည် မူဝါဒလမ်စဉ်အားမြင့် တိုင်းရင်းသားထဲမှာ မပါသလိုလို ဗမာလူမျိုးက လူမျိုးကြီးဝါဒဆန်လွန်းလှပါတယ်။)(မူဝါဒလမ်စဉ်အားမြင့်) ဆိုတာ က ဘာ လဲ စာလုံးပေါင်းမှားတာလား (တိုင်းရင်းသားထဲမှာ မပါသလိုလို နဲ့ ) ဆိုတာ နဲ့  ဘယ် လိုဆက်နွယ် နေလဲ???? (လူမျိုးကြီးဝါဒဆန်လွန်းလှပါတယ်။)
    ဆိုတာကရော ဘယ် သူ ဆန် တာ လဲ ဦးဖြူလား…မောင်ဘလား.. ၇န်ကုန်ကလား..ပုသိမ်ကလား..ချီးတုတ် နဲ့  မယမ်းနဲ့ လေဗျာ…
    (ဗမာ(မြန်မာ)ဟာလည်း ပြည်စုထောင်စုမြန်မာနိုင်ငံထဲက လူမျိုးစု တိုင်းရင်းသားမျိုးနွယ်တစ်စုပါပဲ မြန်မာနိုင်ငံအတွင်မှာ နေုထိုင်ကြတဲ့ လူမျိုးတိုင်းသည် တိုင်းရင်းသားပဲဖြစ်ပါတယ်။)
    အဲ ထားလိုက်ပါ…ထားလိုက်ပါ
    (အခု လူထု စိန်ဝင်း ငပိရည်စားကတော့ ကြွားဝါလိုက်ပြန်ပြီ (ဗမာဟာ ဗမာပဲ)လို့ပေါ့ )
    ဒါဆို၇င် လူထုဦးစိန်ဝင်းကို ပြောင်းေ၇းဘို့ ပြောပေး၇မလား..(ဗမာ ဟာ ရှမ်းပဲ ) လို့  ( ဗမာ ဟာ ကရင် ဘဲ လို့ )
    (ဒါဟာ လူထုစိန်ဝင်းဟာ လူမျိုးကြီးဝါဒကျင့်စဉ်ကို ကျင်နေတာပဲဖြစ်ပါတယ်။)
    စစ်၇န်နိင် ဟာ စစ်ရန်နိင်ဘဲလို့ ပြောတာလည်း လူမျိုးကြီးဝါဒကျင့်စဉ်ကို ကျင့်နေတာပဲလား။။။
    ( ဗမာ အတိုက်ခံပါတိ ခေါင်းဆောင်များ နအဖ စစ်ခွေးများဟာ ဒီလိုလူမျိုးကြီးဆန်တဲ့ အပြုအမှူတွေနဲ့ တစ်ခြား ကရင် ချင်း ရှမ်း မွန် ကချင် ရခိုင် စသော လူမျိုးစုများအပေါ် ဒီလိုစိတ်သဘောထားသေးသိမ်နေသမျှ ဘယ်တော့မှ တိုင်းရင်းသားညီညွတ်ရေး ဆိုတဲ့ ခေါင်းစီးအောက်ကို ရောက်နိုင်မယ်မဟုတ်ပါဘူး။)
    အဲ ခင်ဗျား တိုင်း၇င်းသားစည်းလုံးညီညွတ်ေ၇းပါတီအတွက် မဲဆွယ်နေတာလား????
    ( လူထုစိန်ဝင်းပြောတဲ့ စကားတွေကတော့ နားခါးစရာပါပဲ ဘယ်လောက် အရည်းအချင်ရှိပါစေ ဘယ်လိုမှာ သူအနေနဲ့ ညီညွတ်ရေးကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။)

    လုပ်ချလိုက်ပြန်ပြီ အဆက်အစပ်မရှိအပုတ် ချစကား….

    (အညာသားက အညာသားစိတ်ထားသေးသိမ်မှာပဲ။ )
    လူကြီးမင်းကေ၇ာ ဘာသားလဲ ဗျ ..သိထား၇အောင် စိတ်ထားကြီးတယ် ဆိုတော့ ?????
    (လူထုစိန်ဝင်းလို့နာမည်ခံ ငပိရည်စားကတော့ ရင်ကော့ပြီး ဘ၀င်မြင့်နေမှာပေါ့ ဘယ်လောက်မှ မကြာခင် သင်္ချိုင်းကို ခြေစောင်းတင်နေတာကိုလည်း ကြည့်တွက်ပါဦး)

    ခင်ဗျားကေ၇ာဘာစားလဲဗျ…ဖင်ကောက်ပြီး ဘ၀င်နိမ့်နေတဲ့  ခင်ဗျားေ၇ာ မကြာခင် ဘယ် ကိုခြေစောင်းတင်နေမှာလဲ >>>>>?????

    1. (လွန်ခဲ့တဲ့ နှစ်ပေါင်းခြောက်ဆယ်အတွင်း တိုင်းရင်းသားလူမျိုးပေါင်းစုံတို့ဟာ ကိုယ့်ယုံကြည်ချက်နဲ့ကိုယ် မတူညီတဲ့ လမ်းကြောင်း အမျိုးမျိုးကို လျှောက်လှမ်းခဲ့ကြတယ်) ဆိုတဲ့ လူထုစိန်ဝင်းစကားတွေကတော့ တကယ်စော်ကားတာပါပဲ။ ဘယ်တုန်းတိုင်းရင်းသားတွေ မတုညီတဲ့လမ်းကြောင်းပေါ်လျှောက်လှမ်းခဲ့ကြတာလဲ။ ပင်လုံစာချုပ်ချုပ်ဆိုခဲ့တုန်းကလား
      ၉၀ ပြည့်ရွေးကောက်ပွဲတုန်းကလား။ မြန်မာနိုင်ငံတိုင်းရင်းသားတွေဟာ တူညီမှုမရှိတဲ့ လမ်းကြောင်းပေါ်လျှောက်လှမ်းနေကြတယ်ဆိုရင် ဘာကြောင့်စာချုပ်ပါလက်ထိုးခဲ့ကြမှာလဲ လူထုစိန်ဝင်း မစဉ်းစားတက်တာပါ။
      ဘာကြောင် တိုင်းရင်းသားတွေသာ ပြည်ထောင်စု ဖက်ဒရည် ဒီမိုကရေစီ ကိုမလို လားခဲ့ကြဘူးဆိုရင် ဘာကြောင့် ၉၀ ပြည်ရွေးကောက်ပွဲမှာ NLD ကို မဲ့ဘာလို့ ပေးခဲ့ကြမှာလဲ သေးချာပြန်တွေးကြည့်ဦးကွာ ငပိန်းရာ ….. ကျနော်တို့ တိုင်းရင်းသားတွေဟာရိုးသားဖြောင့်မက်တာကိုသိသိရင်းနဲ့ ကလိမ်ကမာကျသွားတဲ့ ဗမာ့ခေါင်ဆောင်လက်အောက် ခေါင်းမဖော်နိုင်ရှံးနေခဲ့ရတယ်။ ပင်လုံစာချုပ်ပါ တန်တူအခွင့်ရေး မင်းတစ်ကျပ် ငါတစ်ကျပ်ဆိုတာလည် ကျနော်တို့ မရလိုက်ဘူး။ ကလိမ်ကမာမလုပ်ဘူးဆိုရင် ဘယ်လိုအကြောင်းကြောင့်မှ ပြည်တွင်းစစ်အနှစ်ခြောက်ဆယ်တိုင်တိုင်းမငြိမ်မသက်ဖြစ်မှာမဟုတ်ပါဘူး။.ဗမာ့ခေါင်းဆောင်တွေဟာ တခြားတိုင်းရင်းသားတွေကို တန်းတူညီမျှပေးမယ့်ဟာကို သိပ်ကြောက်ကြပါတယ်။ အကြောင်းကတော့ ဗမာပြည်(မြန်မာပြည်)ဟာ ဘာတစ်ခုမှမရှိလိုပါပဲ မြန်မာလူမျိုးတွေပိုင်ဆိုင်တာဆိုလို့ အညာဒေသတစ်ခုပဲရှိတယ်။ မယုံရင်မင်း သမိုင်းကိုပြန်လှန်ကြည်။ ကျနော်ကတော့ဗျာ မင်းစားတာထက်တော့နည်းနည်းအဆင်မြင့်သလိုပါပဲ။ လူသားချင်းကိုယ်ချင်းစာနာတရားကြောင့် ဖြူစင်တဲ့ အရသာကိုပဲစားတယ်။ ဒါကြောင့် မင်းပြောသလို ကျုပ်ကတော့ ဘ၀င်နိမ့်တာမဟုတ်ပါဘူး ဘ၀င်ကျတာပါ ဘ၀င်ကျတယ်ဆိုတာ မင်းနားလည်မှာပါ။
      တစ်နေ့ နေ့ တော့ သေမယ့်သူချည်းပါပဲ ကွာ။ ဘာမှထူးဆန်းပါဘူး။

  9. မင်းနာမည်က စစ်ရန်နိုင်ဆိုတာနဲ့ မင်းနဲ့က မတန်သလိုပဲကွ။ မင်းတို့တိုင်းရင်းသားတွေကောင်းစားဖို့ပဲတွေး၊ ကြည့်နေတယ်
    ဗမာတွေရော ကျန်တိုင်းရင်းသားတွေပါ ငတ်ပြတ်နေတာကိုမင်းကမသိတာလားကွာ။တကယ်တော့ တို့တိုင်းပြည်မှာရှိတဲ့သူတွေသာရှိနေကြတာပါကွာ။အဲဒီလူတွေ ဘယ်သူတွေလဲမင်း လူဆိုရင်သိမှာပါ။ အဲဒီလူတွေက ဗမာတွေခြည်းမဟုတ်ဘူးကွ။ တိုင်းရင်းသားတွေအကုန်ပါတယ်ကွ။ ဘိန်းလုပ်ပြီးချမ်းသာတဲ့ ရှမ်း၊ ရှမ်းတရုတ်။ကရင်၊
    စစ်သားအာဏာရက သူတို့နဲ့မျှစားတယ်။ကရင်သူပုန်းက ဂိတ်တွေက တရားမဝင်ခိုးသွင်း၊ဂိတ်ကျေးကောက်။ကောက်မရတော့တဲ့နောက်ဆုံးတော့ပြည်သူတွေနေရာတွေကိုဖျက်ဆီး။အဲဒါတွေဟာစစ်အုပ်စုတစ်တည်းကြောင့်မဟူတ်ဘူးကွ။ကြားကနာနေတာက ကျန်ဘာမှ ဗမာ၊ အညာ၊အောက်သားအကုန်ဲတိုင်းရင်းသားအားလုံးပဲကွ။

  10. ဒါဆို မင်လည်းလူကောင်းမဟုတ်သလို့ ငါလည်းလူကောင်းမဟုတ်ဘူး စိန်ဝင်းလည်းလူကောင်းမဟုတ်ပါဘူး။ စကားလုံးတွေကြောင်လူတွေဟာ ကွဲလွဲအပြစ်တင်နေကြတာပဲ ဘယ်လောက် ဒီဂရီတွေရနေပါစေ အသိညဏ်သည် အသိညာဏ်ပဲ မြင့်မြတ်တယ်ဆိုတာ မင်းနားမှမရှိသလို့ ငါ့အနားမှာလည်းမရှိဘူး ငါတို့ က မျော်လင့်ချက်တူညီမှုတစ်ခုဆီကို ဦးတည်းနေကြတာပါ။ 88 မျိုးဆက်တွေဟာ တိုင်းရင်းသားတွေပါပဲ ဗမာမဟုတ်သလို့ ကရင် ချင်း ရှမ်း မွန် ကချင် ရခိုင် စသောလူမျိုးများမဟုတ်ပါဘူး တန်းတူညီတူအခွင်အရေး ခံစားစံစားချင်လို့ တူညီသောတိုင်းရင်းသားတွေပေါင်းစုခဲ့ကြတာ။
    ၈၈ မျိုးဆက်ထက် အစောကြီးမြန်မာအရေးကို လှုပ်ရှားခဲ့တာတွေဟာလည်း မြန်မာနိုင်ငံထဲမှာနေထိုင်ကြတဲ့ သူတွေ တန်တူအခွင်းရေ ရချင်ကြလိုပါပဲ ………. မောင်သာဓုရယ်။။ အသက်ကြီးပေမဲ့ အသိညာဏ်က အသိညာဏ်ပါပဲ

    ကမ္ဘာ့စစ်ခုံရုံးပေါ်တင်မဲ့ နအဖ ကိုတောင် ဒေါ်စုတောင် လက်မခံနိုင်တာ ဗမာဟာ ဗမာပါပဲကွယ်။ ဒီမိုကရေစီဆိုတာ မင်းတို့ လျှာဖျားမှာရှိတာ လက်တွေ့ မဟုတ်ပါဘူး။ ဒေါ်စုလည်း ဘာမှမလုပ်နိုင်ပါဘူး။ ဒါကျုပ်အမြင်ပဲ
    သူဘယ်လောက်ပဲ အရည်အချင်ရှိနေပါစယ် တိုင်းရင်းသားတွေအတွက် ဘာတစ်ခုမှလုပ်မပေးနိုင်တာ ဒေါ်စုအရည်အချင်းပဲ
    ကျမလည်းပြည်သူတွေကို ချစ်ပါတယ်ဆိုတာက ပါးစပ် ပျားရည်လူးတာပါပဲ ။ ပွင့်ပွင့်လင်းလင်းအမြင်ကိုပြောတာကို ရိုင်းတယ်ထင်ရင်လည်း မင်းတို့ သဘောပေါ့ကွယ် မောင်သာဓု ………..သာဓု မကောင်းသောအနက်ရတယ်။

  11. အော်ပြောတာရှင်းနေတာဘဲနော်။.သိချင်ပါသေးတရ်ပြည့် ပြည့်စုံစူံလေးပေါ့

  12. ကို စစ်၇န်နိုင် ၇ယ်
    တကယ်တော.
    ဗမာ နဲ မြန်မာ လုံးဝမတူဘူး
    ဗမာက ဗမာလူမျိုးတမျိုးတည်းကိုသာ ကိုယ်စားပြုတာ….
    မြန်မာ က တော. မြန်မာပြည်ဖွား တိုင်း၇င်းသားနိုင်ငံသားအားလုံးကို ကိုယ်စားပြု ပါတယ်
    ဆ၇ာကော လူထု ကော ဘယ်လိုထင်ပါသလဲ

  13. လူထုစိန်းသို့ မှာကြားချက်
    ငပိရည်စားပြီး မဟုတ်က ဟုတ်ကတွေပြောတတ်တဲ့ အညာသားဟာ အညာသားပါပဲကွလို့ ပြောလိုက်ပါရစေ။ ဗမာဟာ ဗမာ(မြန်မာ)ပဲဖြစ်မယ်။ ကျန်တဲ့ ရှမ်း၊ ကရင်၊ ကချင်၊ မွန်း၊ ချင်း၊ ရခိုင်၊ စသောလူမျိုးများဖြစ်မှာမဟုတ်ပါဘူး။ ဗမာလူမျိုးတို့သည် မူဝါဒလမ်စဉ်အားမြင့် တိုင်းရင်းသားထဲမှာ မပါသလိုလို ဗမာလူမျိုးက လူမျိုးကြီးဝါဒဆန်လွန်းလှပါတယ်။
    ဗမာ(မြန်မာ)ဟာလည်း ပြည်စုထောင်စုမြန်မာနိုင်ငံထဲက လူမျိုးစု တိုင်းရင်းသားမျိုးနွယ်တစ်စုပါပဲ မြန်မာနိုင်ငံအတွင်မှာ နေုထိုင်ကြတဲ့ လူမျိုးတိုင်းသည် တိုင်းရင်းသားပဲဖြစ်ပါတယ်။ အခု လူထု စိန်ဝင်း ငပိရည်စားကတော့ ကြွားဝါလိုက်ပြန်ပြီ (ဗမာဟာ ဗမာပဲ)လို့ပေါ့ ဒါဟာ လူထုစိန်ဝင်းဟာ လူမျိုးကြီးဝါဒကျင့်စဉ်ကို ကျင်နေတာပဲဖြစ်ပါတယ်။ ဗမာ အတိုက်ခံပါတိ ခေါင်းဆောင်များ နအဖ စစ်ခွေးများဟာ ဒီလိုလူမျိုးကြီးဆန်တဲ့ အပြုအမှူတွေနဲ့ တစ်ခြား ကရင် ချင်း ရှမ်း မွန် ကချင် ရခိုင် စသော လူမျိုးစုများအပေါ် ဒီလိုစိတ်သဘောထားသေးသိမ်နေသမျှ ဘယ်တော့မှ တိုင်းရင်းသားညီညွတ်ရေး ဆိုတဲ့ ခေါင်းစီးအောက်ကို ရောက်နိုင်မယ်မဟုတ်ပါဘူး။ လူထုစိန်ဝင်းပြောတဲ့ စကားတွေကတော့ နားခါးစရာပါပဲ ဘယ်လောက် အရည်းအချင်ရှိပါစေ ဘယ်လိုမှာ သူအနေနဲ့ ညီညွတ်ရေးကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ အညာသားက အညာသားစိတ်ထားသေးသိမ်မှာပဲ။ လူထုစိန်ဝင်းလို့နာမည်ခံ ငပိရည်စားကတော့ ရင်ကော့ပြီး ဘ၀င်မြင့်နေမှာပေါ့ ဘယ်လောက်မှ မကြာခင် သင်္ချိုင်းကို ခြေစောင်းတင်နေတာကိုလည်း ကြည့်တွက်ပါဦး

    1. လူကြီး ဒါလောက် ကောင်းတာရေးနေတာတောင် စာလုံးတစ်လုံး နံမည် တစ်လုံးနဲ့ ကပ် ရပ် နေတဲ့ကောင်။ မင်း အတွေးမျိုး ကြောင့် ဒေါ်စု နဲ့ တို့ ၈၈ တွေ ခက်ခက် ခဲခဲ ကြိုးစားနေရတာ၊ အောင်မြင်မှု နှေးကွေးနေတာ။ လူထု စိန်ဝင်း လို ဒီမိုကရက် မပြောနဲ့ စစ်တပ် က ပြောရင်တောင် အကြောင်းအချက် အလက် နဲ့ ပဲ ဝေဖန် ဆွေးနွေးရမယ်။ လူကြီးတစ်ယောက်ကို မင်း အကြောင်းတစ်ခုကြောင့် မုန်းတီး နေမှန်း ငါတို့နားလည်တယ်။ စကားလုံး အကျအပေါက် ကောက် ပြီး လိုက် အပြစ်တင်နေတာ လူကောင်းလုပ်ရပ်မဟုတ်ဘူး။ မင်း လူငယ်ဆိုရင် အားမာန်နဲ့ ကိုယ့်လမ်းကိုယ်ဖောက်ပါ။ ကန့်လန့်စကားတွေ လိုရာဆွဲတွေ လျှောက် မပြောနဲ့။ သူရေးထားတာ တိုင်းရင်းသား မကောင်းတစ်ခုမှ မပါဘူး။ ဗမာ/မြန်မာ ဆိုတာ ပညာရှင် ဆွေးနွေးမယ့် ကိစ္စ၊ ငါတို့က စစ်အုပ်စု က မင်းလိုပဲ စကားလုံး နောက် လိုက်ကန့်သတ်လို့သာ အပြစ်တင်ခဲ့ကြတာ။ အကြီးဆုံးဖြစ်ခဲ့တဲ့ ဗ နဲ့ မ ကျောင်းသားအကွဲကိုတောင် ငါတို့ ချင်းညှိပြီး ၈၈ မျိုးဆက် ကျောင်းသားများ လို့ နံမည် ပြောင်းတပ် ခဲ့တာ တွေ့လား။

    2. သာဓု။ မင်း ဒီကောင်ကို လူကောင်းမှတ်ပြီး သွားရှင်းလင်းပြတာကိုး။ ခုတော့ တစ်နေ့တခြား ပြောလေ ပေါ်လေ။ အကောင်းမှ မဟုတ်တာ။ ဘယ်လိုရှင်းပြလို့မှနားမ၀င်။ စကားကို အကျိုးသင့်အကြောင်းသင့်လည်းမပြောတတ်။ ဟိုတုန်းက ကွန်မြူနစ်ရဲဘော်ကျောင်းသားခေါင်းဆောင်တွေ တောထဲရောက်တုံး အပျင်းပြေပြောဘူးတဲ့ စကားလုံးမျိုးတွေကို ခုထိ အလွတ်ကျက်ပြီး နင် မဟုတ်ရင် နင့်အဖေပဲ ဆိုတဲ့ လေနဲ့ ပြန်ပြောနေကတည်းက အရူးမှန်း သိသာနေပြီ။ စစ်ရန်နိုင် မင်းပြောတဲ့အတိုင်း မင်း ဟာ မြင့်မြတ်ခြင်းနဲ့အတူမရှိ၊ လူကောင်းလည်း မဟုတ်တော့ဘူးဆိုရင် ဘုရားကုကုဖို့လိုနေပြီ။ တရားစခန်း သွားရင်သွား၊ ဘုရားကျောင်းတက်ရင်တက်။ စိတ်တည်ငြိမ်အောင် မွေးတော့ကွာ။ Freedom News ရဲ့လွတ်လတ် တဲ့စာမျက်နှာ ဟာ အားလုံး လွတ်လပ်စွာဖတ်နိုင် ပြောနိုင်ဖို့ပေမယ့် common sense ရှိမှသာ အဖြေရမယ်ကွ။ သာဓု၊ သားမျိုး အာကြီး နဲ့ သူငယ်ချင်းအပေါင်း ဒီလူ့ကို ဘေးမဲ့ပေးလိုက်ကြပါကွာ။

  14. ဗမာဟာ ဗမာ(မြန်မာ)ပဲဖြစ်မယ်။ ကျန်တဲ့ ရှမ်း၊ ကရင်၊ ကချင်၊ မွန်း၊ ချင်း၊ ရခိုင်၊ စသောလူမျိုးများဖြစ်မှာမဟုတ်ပါဘူး။ ဗမာလူမျိုးတို့သည် မူဝါဒလမ်စဉ်အားမြင့် တိုင်းရင်းသားထဲမှာ မပါသလိုလို ဗမာလူမျိုးက လူမျိုးကြီးဝါဒဆန်လွန်းလှပါတယ်။
    ဗမာ(မြန်မာ)ဟာလည်း ပြည်စုထောင်စုမြန်မာနိုင်ငံထဲက လူမျိုးစု တိုင်းရင်းသားမျိုးနွယ်တစ်စုပါပဲ မြန်မာနိုင်ငံအတွင်မှာ နေုထိုင်ကြတဲ့ လူမျိုးတိုင်းသည် တိုင်းရင်းသားပဲဖြစ်ပါတယ်။ အခု လူထု စိန်ဝင်း ငပိရည်စားကတော့ ကြွားဝါလိုက်ပြန်ပြီ (ဗမာဟာ ဗမာပဲ)လို့ပေါ့ ဒါဟာ လူထုစိန်ဝင်းဟာ လူမျိုးကြီးဝါဒကျင့်စဉ်ကို ကျင်နေတာပဲဖြစ်ပါတယ်။ ဗမာ အတိုက်ခံပါတိ ခေါင်းဆောင်များ နအဖ စစ်ခွေးများဟာ ဒီလိုလူမျိုးကြီးဆန်တဲ့ အပြုအမှူတွေနဲ့ တစ်ခြား ကရင် ချင်း ရှမ်း မွန် ကချင် ရခိုင် စသော လူမျိုးစုများအပေါ် ဒီလိုစိတ်သဘောထားသေးသိမ်နေသမျှ ဘယ်တော့မှ တိုင်းရင်းသားညီညွတ်ရေး ဆိုတဲ့ ခေါင်းစီးအောက်ကို ရောက်နိုင်မယ်မဟုတ်ပါဘူး။ လူထုစိန်ဝင်းပြောတဲ့ စကားတွေကတော့ နားခါးစရာပါပဲ ဘယ်လောက် အရည်းအချင်ရှိပါစေ ဘယ်လိုမှာ သူအနေနဲ့ ညီညွတ်ရေးကို တည်ဆောက်နိုင်မှာမဟုတ်ပါဘူး။ အညာသားက အညာသားစိတ်ထားသေးသိမ်မှာပဲ။ လူထုစိန်ဝင်းလို့နာမည်ခံ ငပိရည်စားကတော့ ရင်ကော့ပြီး ဘ၀င်မြင့်နေမှာပေါ့ ဘယ်လောက်မှ မကြာခင် သင်္ချိုင်းကို ခြေစောင်းတင်နေတာကိုလည်း ကြည့်တွက်ပါဦး

  15. ဗမာဟာ ဗမာ(မြန်မာ)ပဲဖြစ်မယ်။ ကျန်တဲ့ ရှမ်း၊ ကရင်၊ ကချင်၊ မွန်း၊ ချင်း၊ ရခိုင်၊ စသောလူမျိုးများဖြစ်မှာမဟုတ်ပါဘူး။ ဗမာလူမျိုးတို့သည် မူဝါဒလမ်စဉ်အားမြင့် တိုင်းရင်းသားထဲမှာ မပါသလိုလို ဗမာလူမျိုးက လူမျိုးကြီးဝါဒဆန်လွန်းလှပါတယ်။
    ဗမာ(မြန်မာ)ဟာလည်း ပြည်စုထောင်စုမြန်မာနိုင်ငံထဲက လူမျိုးစု တိုင်းရင်းသားမျိုးနွယ်တစ်စုပါပဲ မြန်မာနိုင်ငံအတွင်မှာ နေုထိုင်ကြတဲ့ လူမျိုးတိုင်းသည် တိုင်းရင်းသားပဲဖြစ်ပါတယ်။ အခု လူထု စိန်ဝင်း ငပိရည်စားကတော့ ကြွားဝါလိုက်ပြန်ပြီ (ဗမာဟာ ဗမာပဲ)လို့ပေါ့ ဒါဟာ လူထုစိန်ဝင်းဟာ လူမျိုးကြီးဝါဒကျင့်စဉ်ကို ကျင်နေတာပဲဖြစ်ပါတယ်။ ဗမာ အတိုက်ခံပါတိ ခေါင်းဆောင်များ နအဖ စစ်ခွေးများဟာ ဒီလိုလူမျိုးကြီးဆန်တဲ့ အပြုအမှူတွေနဲ့ တစ်ခြား ကရင် ချင်း ရှမ်း မွန် ကချင် ရခိုင် စသော လူမျိုးစုများအပေါ် ဒီလိုစိတ်သဘောထားသေးသိမ်နေသမျှ ဘယ်တော့မှ တိုင်းရင်းသားညီညွတ်ရေး ဆိုတဲ့ ခေါင်းစီးအောက်ကို ရောက်နိုင်မယ်မဟုတ်ပါဘူး။

Comments are closed.