စစ်ဗိုလ်ချုပ်ကြီးများအား နိုင်ငံတကာခုံရုံးသို့ ပို့မည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ

“I’ve never said I want them to be brought into the international court,” Aung San Suu Kyi  said.

စစ်ခေါင်းဆောင် များ အား သည်ဟိဂ် အစရှိ တဲ့ ခုံရုံး တင် ဖို့ ဒေါ်စု မထောက်ခံ

FNG၊           ၊လူ့အခွင့်အရေး ချိုးဖေါက်မှုများကြောင့် မြန်မာနိုင်ငံမှ အာဏာသိမ်း စစ်ဗိုလ်ချုပ်ကြီးများအား
ကုလသမဂ္ဂ လက်အောက်ခံ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးသို့ တင်ပို့ တရာစွဲ ဆိုမည့် အစီအစဉ်ကို
လက်မခံနိုင်ကြောင့် ဒေါ်အောင်ဆန်းစုကြည်က New York Time သတင်းစာ နှင့်တွေ့ဆုံမေးမြန်း
ခန်းတွင် ပြောဆိုလိုက်သည်။

ဒေါ်အောင်ဆန်းစုကြည်က နအဖစစ်အစိုးရ၏ လူ့အခွင့်အရေးချိုးဖေါက်မှုများအတွက် နိုင်ငံတကာရာဇ၀တ်
ခုံရုံးမှာတင်ဖို့ ပြည်ပရောက်အတိုက်အခံ တွေရဲ့ကြိုးစားမှုကို သူမအနေဖြင့် ဘယ်တုန်းကမျှ မထောက်ခံခဲ့ကြောင်း
ပြောကြားခဲ့သည်။ “ကျမဘယ်တုန်းကမှ သူတို့ကို နိုင်ငံတကာခုံရုံးတင်ဖို့မပြောခဲ့ပါဘူး။ ကျမအနေနဲ့ ဒီကိစ္စကြောင့် သူတို့အတွက်လှုံခြုံမှု၊ကြောက်ရွှံ့စိုးရိမ်မှုတခုဖြစ်ရမှာကို မလိုလားပါဘူး။ ပြီးတော့ ကျမတို့ဟာ သူတို့နဲ့ပုဂ္ဂိုလ်ရေးအရ
ဘာ ပြဿနာမှ မရှိသလို၊ ကျမအနေနဲ့ သူတို့ကိုမကောင်းကြံဖို့စိတ်ထားမျိုးလည်း မရှိတာကတော့အမှန်ပါ။´´

ထို့အပြင် ဆက်လက်၍ သူမက နိုင်ငံတကာက မြန်မာ့အရေးကို ထောက်ခံသူများ ပြောဆိုနေကြသော
အစိုးရအပြောင်းအလဲနှင့် ပတ်သက်၍ လည်း သဘောမတူ ကြောင်းပြောဆိုခဲ့သည်။ “အခြေခံ
တန်ဖိုးပါပြောင်းမှ ဖြစ်မှာပါ။ အခြေခံတန်ဖိုး မပြောင်းသေးလျှင် အစိုးရတွေ တစ်ခုပြီး တစ်ခု
ပြောင်းလဲသော်ငြားလည်း ဘာမှ အကျိုးထူးမှာ မဟုတ်ပါဘူး။ အစိုးရအပြောင်းအလဲဆိုတာ
ယာယီသဘောပါ။ အခြေခံတန်ဖိုးထားမှုတွေပါ ပြောင်းမှ ရေရှည်သဘောကို ဆောင်မှာပါ။
ကျမတို့က ကျမတိုတိုင်းပြည်အတွက် တန်ဖိုးထားမှု စံတွေကိုသာ ပြောင်းလဲစေချင်တာပါ´´ ဟု
ဒေါ်အောင်ဆန်းစုကြည်ကပြောပြခဲ့ပါတယ်။

US Campaign for Burma၊ Burma Campaign UK။ Burma Democratic Concern နှင့်
Burma Partnership တို့ကဲ့သို့သော ပြည်ပရောက် မြန်မာ့အရေး တက်ကြွ လှုပ်ရှားသူများက
မြန်မာစစ်ဗိုလ်ချုပ်ကြီးများကို နိုင်ငံတကာ ခုံရုံးသို့ ပို့ဆောင်နိုင်ရန် အားထုတ်ကြိုးပမ်းခဲ့ကြပြီး
ယခု နောက်ဆုံးအနေနှင့် ကုလသမဂ္ဂ ဦးဆောင်သည့် စုံစမ်းစစ်ဆေး ရေး ကော်မရှင်
Commission of Inquire (CoI) ကိုဖွဲ့စည်းရန် အပြင်းအထန် အားထုတ်ကြိုးပမ်းခဲ့ကြသည်။
အဆိုပါ CoI ကို အနောက်နိုင်ငံတချို့ကသာ ထောက်ခံခဲ့ကြပြီး မြန်မာ့အိမ်နီးချင်းနိုင်ငံများနှင့်
ဂျာမနီ နိုင်ငံတို့က မထောက်ခံနိုင်ကြောင့် တရားဝင်ပြောဆိုထားသည်။

မူရင်း သတင်း စာမျက်နှာ ရှိရာ သို့ သွားရန် ဤနေရာတွင် ကလစ် နှိပ်ပါ

23 thoughts on “စစ်ဗိုလ်ချုပ်ကြီးများအား နိုင်ငံတကာခုံရုံးသို့ ပို့မည့် အစီအစဉ်ကို ဒေါ်အောင်ဆန်းစုကြည် လက်မခံ

  1. နိုင်ငံတကာခုံရုံးသို့ ပို့သင့်တယ်။
    အနှိုင်းမဲ့မေတ္တာရှင် ဗုဒ္ဓဘုရားလက်ထက်မှာပင် မာရ်နတ်ကို ရဟန္တာ တစ်ပါးက (ဘုရားရှင်ကိုယ်တိုင်တော့မဟုတ်) လောက်ကောင်တွေအပြည့်နဲ့ ခွေးသေကောင်ကို လည်ပင်းမှာဆွဲပြီး စကြဝဠာတံတိုင်းထိကိုင်ပေါက်ပြီး ဆုံးမခဲ့ရဖူးတယ်။

  2. ဒေါ်စုစိတ်ဓာက်ကိုလေးစားပါတယ်။စစ်ခွေးတွေကအရမ်းမိုက်ရိုင်းတယ်ဗျ။ကျွှန်တော်အဘသဘောင်္ကို၂၅ရက်နေ့ကမြူပ်ပစ်လိုက်
    တယ်လေ။သူတို့ကိုခုံရုံးကိုပို့သင့်ပါတယ်။ဒါပေမဲ့ဘုန်းကြီးတွေကိုသတ်တဲ့အတွက်ငရဲကမနေပါဘူး။သေမဲ့ရက်ကိုစောင့်နေပါ။

  3. မေစု ကသာသဘောထားကြီးနေတာ။ မေစုကိုတော့ သူတို့က အမြဲတမ်းမကောင်ုးကြံနေကြတယ်လေ။ နောင်ကျင်အောင်နဲ့ သူတို့အပြစ်သူတို့ခံစေချင်ပါတယ်။ နိုင်ငံတကာခုံရုံးကိုတော့ရောက်စေချင်သေးတယ်။ ကိုယ်ချင်းစာတရားလေးတွေရှိစေချင်လို့ပါ။

  4. လူဆိုတာဘာပဲလုပ်လုပ် ကိုယ်လုပ်တဲ့အလုပ်ကို(ကိုယ့်ရည်မှန်းချက်ပန်းတိုင်ကို)ဖြစ်ချင်ရုံသက်သက်မဟုတ်ဘဲ၊ မဖြစ်ဖြစ်အောင်လုပ်မယ်ဆိုတဲ့ဆန္ဒနဲ့လုံ့လ ၀ီရိယသာရှိမယ်ဆိုရင် မဖြစ်နိုင်စရာ(မအောင်မြင်နိုင်စရာ)အကြောင်းမရှိပါဘုး။ အမေစုပြောခဲ့တဲ့စကားနှစ်ခွန်းရှိတယ် အဲဒါဘာလဲဆိုတော့ “ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့
    မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကို ရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှ
    ရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’ ဆိုတဲ့စကားတစ်ခွန်းနဲ့ နောက်ပြီး xxx ကိုယ်လုပ်ချင်တဲ့အလုပ်တစ်ခုကို(ကိုယ်ဖြစ်ချင်တဲ့အရာတစ်ခုကို) မျော်လင့်နေရုံနဲ့ မရဘူး၊ဘာဖြစ်လို့လဲဆိုတော့ မျော်လင့်ချက်ဆိုတာ စိတ်ကူးယဉ်မှုသက်သက်ပဲ ၊ ဒါကြောင့််ကိုယ်လုပ်ချင်တဲ့ (ဖြစ်ချင်တဲ့)အရာတစ်ခုခုကို စိတ်ကူးယဉ်မှုသက်သက် မဟုတ်ဘဲ လက်တွေ့လုပ်ကိုင်ပါ xxx တဲ့ ……………။

  5. ဘာမှ ၁ယောက် ၁မျိုးလျှောက်ပြောမနေကြနဲ့ ။အရာရာဟာ ကံစီမံရာလို့ ပဲမှတ်။ဒေါ်စုလည်း ဘာမှလုပ်ပေးနိုင်တာမဟုတ်ဘူး။ဒီလောက်ပဲနှစ်တွေကြာခဲ့ ပြီ။သေပဲသေတော့ မယ်။

  6. ဘုရားဟောတာက လူမိုက်နည်းကို အတုမယူရဘူးတဲ့။ နိုင်ငံရေးမှာရော သဘောတရားရေးမှာပါ ထိရောက်တဲ့အမြင်ပါပဲ။ ဒေါ်စုကို ထောက်ခံပါတယ်။

  7. ဒီစစ် အစိုးရမပြုတ်မခြင်း ဒါမျိုးတွေ အလုပ်ခံရမှာဘဲ ပြုတ်အောင်လည်း ဒေါ်စု မလုပ်နိုင်သေးဘူး။ ကံဆိုးရင်တောင် နောက်တစ်ခေါက် ပြန်အဖမ်းခံရအုံးမယ်။ နအဖ ကို ICC တင်ဖို့ လက်မခံဘူးဆို နယ်စွန်နယ်ဖျားက တိုင်းရင်းသားတွေက ဒေါ်စုနာမည်ကောင်းရဖို့ ဒီလို အမှတ်ယူပြော နိုင်ဖို့အတွက် နအဖ စစ်တပ်ရဲ့ လူ့အခွင့်အရေးချိုးဖောက် အနိုင်ကျင့်မှု့တွေကို ပျော်ပျော် ဆက်ခံရအုံးမလား။ pite tin ခင်ဗျား သမီးကို ခင်ဗျား အရှေ့မှာ နအဖ စစ်သားတွေ မုဒိန်းကျင့်တာကို ခင်ဗျာ တွေ့ခဲ့ရရင် ခင်ဗျားသဘောတူဖို့ခက်မှာပါ။ ကျူပ် က ကျူပ်နှမကို စစ်ခွေးတွေ မုဒိန်းကျင့်ပြီး သတ်ခဲ့တာ ခွင့်မလွတ်နိုင်ဘူး။ ဒေါ်စုက ICC တင်မဲ့ ဒီကိစ္စ သဘောတူဘူး လက်မခံဘူးဆိုတော့ နအဖ စစ်သားတွေ ဒါမျိုး မုဒိန်းကျင့် လူသတ် လူ့အခွင့်အရေးချိုးဖောက် မှု့တွေ ဆက်လုပ် ပါလို့ သွယ်ဝိုက်တဲ့နည်းနဲ့ ပြောလိုက်တာလား

  8. သိပ် မှန်ပါတယ် ကိုငယ် ၇ယ်
    သူ.ကို နိုင်ငံတကား စစ်ခုံ၇ုံးပို. ကြားမှာက
    သူ.ပထွေး တ၇ုတ် ၇ှိတယ်
    ဒါ ကြောင်.နေပြည်တော်မှာပဲသူ. သေနတ် နဲ. သူ လုပ် ၇င် ကော…….

  9. အပစ်မဲ့ အသတ်ခံခဲ့ရတဲ့ သူတွေ၊ မတရား အနိုင်ကျင့် ခံရတဲ့ သူတွေအတွက် ဥပဒေဆိုတာ ဘယ်မှာသွားထားမလဲ။ ဒေါ်စု ဒီစကားက အဆိပ်ပင်ရေလောင်း နေသလိုဘဲ။ ဒီလို အဖြစ်အပျက်မျိုးတွေ ဘယ်လောက်များခဲ့ပြီလဲ။ http://www.mongloi.org/burmese/2008-08-01-03-22-02/90-2008-08-03-06-47-55/1291-2010-11-25-15-36-16 ခွင့်လွတ်ရအောင် သာသနာ ဘောင်ဝင်ပြီး တောထွက်တရားကျင့်ပြီး ဘုရားဖြစ်အောင် ကြိုးစားနေတာမဟုတ်ဘူး။ စစ်အာဏာရှင်တော်လှန်ရေး လုပ်နေတာပါ။ ဒီခွေးတွေ အရင် ကတည်းက ပါးစပ်နဲ့ ပြောလို့ မရဘူးဘူးဆိုတာ အားလုံးသိတယ်။ ဂန္ဓီ ရဲ့ အောင်မြင်မှု့ကို မကြည့်နဲ့ ဂန္ဓီ အင်္ဂလိပ်ကို တော်လှန်စဉ်က သူ့စကားအမြဲနားထောင်တဲ့ သူ့တပည့်အရင်းခေါက်ခေါက် က အဲ့ဒီအချိန်မှာ အန္ဒိယ ဒုတိယ စစ်သေနာပတိချူပ်။ နောက်ပြီး အင်္ဂလိပ်ကို တခြားကိုလိုနီနိုင်ငံတွေကပါ တော်လှန်နေချိန်ဖြစ်တယ်။ အခု မြန်မာနိုင်ငံက စစ်ဗိုလ်ချူပ်ထဲမှာ တပည့်မပြောနဲ့ ဒေါ်စု သူငယ်ချင်း တစ်ယောက်တောင်မပါဘူး။

  10. I was also a political prisoner .It really was almost eight years in hell.
    I can agree with her.
    Only when all our people can agree this ,
    we will be in the democratic state.
    Otherwise, it will take too long time to have a prosperous peaceful nation.

  11. အပြစ်ရှိတဲ့သူကို အပြစ်မပေးရင် ဥပဒေဆိုတာ ဘယ်မှာအကျိုးဝင်မှာလဲ။ ဒေါ်စုပြောသလို”အခြေခံတန်ဖိုးထားမှုတွေပါ ပြောင်းမှ ရေရှည်သဘောကို ဆောင်မှာပါ။ကျမတို့က ကျမတိုတိုင်းပြည်အတွက် တန်ဖိုးထားမှု စံတွေကိုသာပြောင်းလဲစေချင်တာပါ´´ ဆိုတဲ့စကားကတော့ တန်ဖို့ရှိပါတယ်။ ဒါဆိုရင်လည်း ကျနော်တို့ တိုင်ပြည်ဒီလို့ ဖြစ်နေတာကို လက်ပစ်ကြည့်ရုံးလေးပါ ပြောင်းလဲလာပါလိမ့်မယ်။ ဒေါ်စုက သဘောထားကြီးတယ်ဆိုတာ ထားပါတော့။ သန်းနဲ့ချီပြိးဒုက္ခရောက်နေကြတဲ့ တိုင်သူပြည်သားတွေအတွက် ရာဇ၀တ်ပြစ်မှုကျူးလွန်နေသုကို ကမ္ဘာ့စစ်ခုံရုံးကိုတော့ တင်သင့်ပါတယ်။ အများကောင်းကျိုးအတွက် လုပ်နေတဲ့သူက အများအကျိုးကိုသယ်ပို့သင့်ပါတယ်။ နှစ်ပေါင်း နှစ်ကျော်လာပြီပဲ ဒေါ်စုလည်းဘာတခုမှ လုပ်မပေးနိုင်ခဲ့ပါဘူး။ ပြည်သူတွေသာ တဖြည်းဖြည်း ပိုမိုးဒုက္ခရောက်လာကြပါတယ်။

  12. ခွေးမသား simple ကနေရာတကာပါပါလားဖင်ယားနေလား

  13. တောင်ကြီးသား :

    ငါ့ပထွေး ဆိုတာထားပါ မင်းအဖေဆိုတာတော့ မမေ့နဲ့
    ငရဲအိုးထဲ ကျမယ်

    တောင်ကြီးသားက ဆင်ငပဲနဲ့ မအေတူ ဖအေကွဲထင်တယ်။

  14. သိပ်ကောင်းတဲ့စကားတွေပြောခဲ့တဲ့
    သိပ်တော်တဲ့ အာဇာနည်မိခင်တစ်ဦးပါ
    လေးစားပါတယ်
    ပြည်သူတွေကပေါ့
    စစ်အစိုးရကတော့ မဲ့ပြုံးနေမှာမြင်ယောင်တယ်

  15. ဆက် ဒမ် ဟူစိန် လဲ ICC မတင် ဘူး Than Shwe ကို Naypyitaw မှညပဲ ကြိုးပေးသတ် မှာ ကြိုးစင် ကို မြတ်ခိုင် က အရင် သွားစစ်ဆေးထားတယ်။ကြိုးပေးရင် ခိုင်မခိုင် လျှပ်တစ်ပျက် ဂျာနယ်မှာ ပါတယ် …

  16. simple ရေ….မင်းပထွေးတွေရဲ့ စိတ်ဓါတ်နဲ့တော့တစ်ခြားစီပဲဆိုတာကိုတော့လက်ခံစေချင်တယ်ကွာ….

    1. ငါ့ပထွေး ဆိုတာထားပါ မင်းအဖေဆိုတာတော့ မမေ့နဲ့
      ငရဲအိုးထဲ ကျမယ်

  17. တကယ်တော့ မြန်မာနိုင်ငံ ဗမာ့နိုင်ငံပျိုးလဲသွားမှာကိုစိုးကြောက်နေတဲ့ ဒေါ်စုစိတ်ဓာတ်ကို လေးစားပါတယ်။ အပြစ်ရှိသူကိုအပြစ်မပေးတာ မြင့်မြတ်တယ်လို့ ထင်ရပေမဲ့ နိုင်ငံရေး လူမျိုးရေးအရ ဝေးဖန်ကြည့်ရင် ဒါဟာ စစ်အုပ်တွေကို အဓွန့်ရှည်ကြာစေမဲ့ လုပ်ရပ်လို့မြင့်သလို တန်းတူအခွင့်ရေးလို့တော့ မတွေးမိပါဘူး ။ သူဘာစိတ်ကူတွေရှိတယ်ဆိုတာ သူမပဲသိပါလိမ့်မယ်။ သူမကခေါင်းဆောင်ဆိုတော့ အားရှိတာပေါ့ ။

  18. အော်
    အမေရယ် တခါတလေးများအထဲမှာအမေ ဘင်္ရလိုနေရတင်္ရဆိုတာကိုသူ
    တို့ လေးတွေသိအောင်လို့ များလက်တွေ့ သိပါစေလားအမေရာ။ကျွန်
    တော်တို့ လေးစားစံထားအတုယူပါ့ မင်္ရဗျာ။ ။

  19. ငြိမ်းချမ်းေ၇း သ မားဆိုတာ အမေ စု လို လူသားပေါ.

    ခေွးကောင်စစ်ခုးံ၇ုံေ၇ာက်ပြီး အခြေခံတန်ဖိုး မပြောင်းလျှင်
    ဘာမှထူးမှာမဟုတ်ဘူး

    ခွေးပေါက်စလေးတွေအမှ၏ျားကြီးပဲ

    လေးစားပါတယ် အမေ စု ၇ယ်……………

  20. သေမထူး နေမထူးကောင် သန်းရွှေကို စစ်ခုံရုံးတင်တော့ရော ဘာရမှာမို့လို့လည်း…..
    ချေးတုံးကို ဆီနဲ့ကြော်သလိုနေမှာပေါ့နော်….

  21. ဒေါ်စုက ကိုယ်တိုင်ခံစားခဲ့ရတာ ပါးပါးလေးပါ သူခွင့်လွတ်လိုက်နိုင်တော့ ချီးကျူးပါတယ်။ သားအရှေ့မှာ အမေနဲ့ အမကို မုဒိန်းကျင့်တာ။ အဖေ နဲ့ အစ်ကိုတွေကို သတ်ပစ်တာ တို့ကို လက်တွေ့ ခံခဲ့ရတဲ့သူတွေက ဘယ်လိုသွားပြီး ခွင့်လွတ်နိုင်မလဲ။

  22. လေးစားစံထား၊ အတုယူအားကျထိုက်သော စိတ်ဓါတ်ပိုင်ရှင် ဖြစ်ပါသည်။

Comments are closed.