ဘန်ကီမွန်း ကိုယ်စားလှယ် ဒေါ်စု နှင့် တွေ့ မည်

အောင်မြင်၊              ၊ကုလသမဂ္ဂအထွေထွေအတွင်း
ရေးမှုချုပ်၏ ရုံးအဖွဲ့မှုးသည် မြန်နိုင်ငံသို့အလည်
အပါတ်သွားရန်ရှိနေပြီး လာမည့်ရက်တွင်
ဒေါ်အောင်ဆန်းစုကြည်နှင့်နိုင်ရေးသမားအချို့ကို
တွေ့ဆုံကာမြန်မာ့ နိုင်ငံရေးအကြောင်း ဆွေးနွေး
မည်ဖြစ်ကြောင်း ယနေ့သောကြာနေ့တွင်
တရားဝင်သတင်းထုတ်ပြန်ခဲ့သည်။

ကုလသမဂ္ဂအထွေထွေအတွင်းရေးမှုချုပ်၏ ရုံးအဖွဲ့မှုး
ဗီဂျေးနမ်ဘီယားသည် မနက်ဖြန်စနေနေ့တွင် ထိုင်းနိုင်ငံ
ဘန်ကောက်မှတဆင့် ရန်ကုန်မြို့သို့ ၂ရက်ကြာလာရောက်လည်ပါတ်မည်ဖြစ်ကြောင်း ဂျာမာန်သတင်းအေဂျင့်စီ
ကို အမည်မဖေါ်လိုတဲ့ အဆင့်မြင့်အစိုးရအဖွဲ့ဝင်တဦးရဲ့ ကိုယ်ရေးအရာရှိတဦးကထုတ်ဖေါ်ပြောဆိုခဲ့သည်။

နမ်ဘီးယားသည် ကုလအတွင်းရေးမှုးချုပ်၏ရုံးအဖွဲ့မှုးရာထူးကို ၂၀၀၇ ဇန္ဒ၀ါရီလတွင်တာဝန်ယူခဲ့ပြီး
ကုလအတွင်းရေးမှုးချုပ်ဟောင်း ကိုဖီအာနန်ရဲ့ အကြံပေးအဖြစ်ဆောင်ရွက်ခဲ့ဘူးသူဖြစ်ပါသည်။

နမ်ဘီးယားအကျဉ်းချုပ်ပြောပြတာကတော့ ၇နှစ်ကြာအကျဉ်းကျခံခဲ့ရတဲ့ နိုဘယ်ဆုရှင် လွတ်မြောက်
တဲ့ရက်ကတည်း တွေဆုံဖို့ အစီအစဉ်ရှိကြောင်းပြောပြခဲ့သည်။

ပြီးခဲ့တဲ့နှစ်က မြန်မာနိုင်ငံ ဆိုင်ရာ အထူးအကြံပေးသံတမန်ဟောင်း မစ္စတာ အီဘရာဟင် ဂမ်ဘာရီရဲ့
အစားတာဝန်ပေး ခြင်းဆိုတာကိုတော့ ရှင်းရှင်းလင်းလင်း မသိရသေးကြောင်းဖေါ်ပြထားသည်။ ဂမ်ဘာရီရဲ့အလုပ်တာဝန်ဟာလွန်ခဲ့နှစ်ကအဆုံးသတ်ခဲ့ပြီး ဘန်နဲ့အတူအောင်မြင်သူလို့နာမည်တခုရခဲ့သည်။

ဆယ်စုနှစ် ၂စုအတွင်းမှာကျင်းကပြီးစီးခဲ့တဲ့ရွေးကောက်ပွဲဟာ လျို့ဝှက်မဲပေးမှုပေမယ့် စစ်တပ်ထောက်ခံတဲ့ပါတီကဘဲအနိုင်ရရှိခဲ့ပြီးဒီမိုရေစီအမည်ခံပြီးစစ်အာဏာရှင်ဆက်လက်တည်ရှိနေ
မှာ စိုးရိမ်ပူပန်နေကြရသည်။

ဒေါ်အောင်ဆန်းစုကြည်နေအိမ်အကျယ်ချုပ်ကျခံနေရစဉ်အတွင်း ရွေးကောက်ပွဲကိုကျင်းကခဲ့ပြီး
အမျိုးသားဒီမိုကရေစီအဖွဲ့ကိုလည်း ရွေးကောက်ပွဲတွင်ပါဝင်နိုင်ခြင်းမရှိစေရန် စစ်အစိုးရတဖက်သတ်
အမိန့်တွေနဲ့တားဆီးခဲ့သည်။

မြန်မာနိုင်ငံဟာ ၁၉၆၂ နှစ်ကတည်းက စစ်အာဏာရှင်အုပ်စိုးမှုခံခဲ့ရပြီး ၁၉၉၀ ရွေးကောက်ပွဲမှာ
အနိုင်ရခဲ့တဲ့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်နဲ့ အရွေးခံကိုယ်စားလှယ်တွေ အသိအမှတ်ပြုခြင်းမရှိဘဲ
စစ်အာဏာရှင်တို့ကသာ ဆက်လက်အုပ်ချုပ်ခဲ့သည်။