အာဏာပြန်လည် ရရှိရန် ကြိုးပမ်းမှု ၊၀န်ကြီးချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ (ဗီဒီယို)
House Arrests Ex- Prime Minister Jailed before Aung Sann Suu Kyi Released
FNG မှ လက်ခံရရှိ ထားသော ဗီဒီယို စဆုံး ကို စတင်ကြည့်ရှုနိုင်ပါပြီ။ ကူးယူဖော်ပြနိုင်ပါသည်
EX-Prime Minister and Spy-Chief Senior General Khin Nyunt and his wife Dr . Khin Win Shwe listen ordered of Jailed
တင်ကျော်ကျော်စိုး ၊                       ။ယခင် စစ်ထောက်လှမ်းရေး အကြီးအကဲ နှင့် ၀န်ကြီချုပ် ဟောင်း ဖြစ်သူ
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် ဇနီးဖြစ်
သူ ဒေါက်တာ ဒေါ်ခင်ဝင်းရွှေ အား ရန်ကုန်မြို့  ကမ္ဘာအေး ရှိ
နေအိမ် မှ အင်းစိန် အကျဉ်း ထောင်သို့  ပြောင်းရွှေ့ လိုက်
ပြီ ဖြစ်ကြောင်း ရန်ကုန် မြို့ သတင်းတပ် ဖွဲ့ မှ
အမည် မဖော် လို သည့် အရာ ရှိ တစ်ဦးက Freedom News Group
သို့ အတည် ပြုပြောကြားသည်။
၂၀၀၄ ခုနှစ် အောက်တိုဘာလ ၁၈ ရက်နေ့ က မန္တလေး မြို့ မှ အပြန် ရန်ကုန် မင်္ဂလာဒုံ လေဆိပ် တွင် ဖမ်းဆီးခံရပြီး
နောက် အမိန့် မနာခံမှု ၊ လာဘ်စားမှု ၊မရိုးမသား လုပ်မှု များ ဖြင့် ရာ ထူး မှ ဖယ်ရှာခြင်း ခံခဲ့ရ ခြင်းဖြစ်သည်။ စစ်ထောက်
လှမ်းရေး အကြီးအကဲ သည် နိုင်ဝင်ဘာလ ၂ ရက်နေ့  တွင် နေအိမ် အကျယ်ချုပ် မှ အင်းစိန် အကျဉ်းထောင်
သို့ ပြောင်းရွှေ့  ခံရခြင်းဖြစ်သည်။ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့် အား အင်းစိန် အကျဉ်းထောင် သို့ ပြောင်းရွှေ့ ပြစ်ဒဏ်
ပြောင်း လဲ ခံယူရန် မြန်မာ နိုင်ငံ ရဲတပ် ဖွဲ့ ရဲချုပ် ဗိုလ်မှုးချုပ် ခင်ရီ ၊ရန်ကုန် တိုင်း ရဲ တပ်ဖွဲ့ မှုး ၊ သတင်းတပ်ဖွဲ့ မှုး၊ အကျဉ်း
ဦးစီးဌာ န ညွှန်ကြားရေးမှုး၊ အကျဉ်း ဦးစီး ဌာန အင်းစိန် အကျဉ်းထောင် ထောင်ပိုင် နှင့် အခြား တာဝန် ရှိ သူများ လာ
ရောက် တွေ့ ဆုံ ပြီးနောက် အင်းစိန် အကျဉ်းထောင် သို့ ထိုနေ့ မှာ ပင် ရွှေ့ ပြောင်း ခဲ့ခြင်း ဖြစ်သည် ဟု သိရသည်။
၎င်း၏နေအိမ်မှထွက်ခွာ လာပြီး နေအိမ်သစ်တွင် ဘုရားအားဦးခိုက်နေစဉ်
နေပြည်တော် ရှိ ကာကွယ်ရေး ၀န်ကြီးဌာန မှ အရာရှိ တစ်ဦးက ထောင်ဒဏ် ၄၄ နှစ် ချမှတ် ခံရသည့်
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား အင်းစိန် အကျဉ်းထောင် သို့  ပြောင်းရွှေ့  ပြစ်ဒဏ် ခံယူရန် စီစဉ်ရ
ခြင်းသည် ၎င်း ၏ အာဏာ ပြန်လည် ရရှိရန် အားထုတ် ကြိပမ်းမှုများကြောင့် ဖြစ်သည် ဟု ဆိုသည်။
အာဏာ ပြန်လည် ရယူရန် ကြိုပမ်းမှု ဖြစ်စဉ် နှင့် ပတ်သက် ၍ ထိုအရာရှိက “သူ့ ကို ဘာမှ အစိုးရ က ချုပ်ချယ်မထား
ဘူး သူ့ လုပ်ဖော် ကိုင်ဖက် တွေ ရဲ့ နာရေး တွေ ၊ ဘာသာရေး နဲ့ ပတ်သက် တာတွေ ကို ရန်ကုန် တိုင်း ကို သတင်းပို့ ပြီး
ရင် သွား ခွင့် ပြုတယ်။ နောက်ပိုင်းမှာ သူက မရိုးမသား လုပ်လာတာတွေရှိတယ်။ သူ့ ထောက်လှမ်းရေး ကွန်ယက်
ကို ပြန်ဖွဲ့ တယ် ။ ရွေးကောက် ပွဲ မတိုင် ခင်မှာ သူ့ ရဲ့ ကွန်ယက်တွေ က ဗိုလ်ချုပ်မှုးကြီး နှစ်ယောက် ရဲ့  အိမ် ထိ penetrate
လုပ်လာတာတွေ ရှိတယ်။  နောက်ဆုံး သူ့ ရဲ့  Net Work တွေ ကို အကုန် မိတော့ မှ သူ့ ကို ဖမ်းလိုက်တာ။ အစိုးရက
သူ့ ကို တရား ပြန်ဆွဲ မယ် ထင်တယ် ဟု အဆိုပါ အရာရှိ က Freedom News Group သို့ ပြောသည်။
ရဲချုပ်ခင်ရီကဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား နေအိမ်သစ်တွင်အကျဉ်းဦးစီးဌာန လက်သို့ လွှဲပြောင်းပေးစဉ်
အတည်မပြု နိုင်သည့် သတင်းများ အရ လည်း မြန်မာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ က ဒုတိယ ဗိုလ်ချုပ်
ကြီး ခင်ညွှန့် အား ၎င်း ၏ ယောက်ဖ ဖြစ်သူ ဒေါက်တာ သန်းငြိမ်း အား ရွေးကောက် ပွဲ တွင် ပါဝင်လာစေရန် အတွက်
နေပြည်တော် အထိ ခေါ် ယူ တွေ့ ဆုံက ပါးနပ် စွာ အသုံးချ ခဲ့ သည် ဟု သိရှိရသည်။
ယခင် ကကလှမ်း မှ အရာရှိ ဟောင်း တစ်ဦးက မူ “ဒါ သူတို့ သက်သက် မဲ့ စွပ်ဆွဲ တာပါ။ လူထု အုံကြွှမှု ဖြစ်ရင် ဗိုလ်ချုပ်က
ဒေါ် စု မလွတ်သေး ဘူး ဆိုရင် ပြည်သူတွေ ရှေ့ မှ သူ့ အမှား ကို ၀န် ခံပြီး ရင် ဦးဆောင် မှု ပေးမယ် ဆို လို့ လုပ်လိုက်တာ။
ဗိုလ်ချုပ် က သူ့ ဆံပင် ကို တောင် သူ့ ဘာသူ တောင် သူ ညှပ်ရတာ ဘယ်လိုလုပ် အာဏာသိမ်းမလဲ ဟု ပြောသည်။
ဒုတိယ ဗိုလ်ချုပ် ကြီး ခင်ညွှန့် သည် ၎င်း ၏ ကွန်ယက် ထူထောင် နိုင်ရေး အတွက် ဗိုလ်ချုပ်မှုးကြီး သန်းရွှေ နှင့် နေပြည်
တော် တွင် တွေ့ ဆုံစဉ် က ၀ တပ်ဖွဲ့  နှင့် ရှမ်းမြောက် အဖွဲ့ များ ကို မတိုက်သေး ရန် အကြံပေး ခဲ့ပြီး ၎င်း က မူ ၀ လူမျိုး
ထိပ်တန်း စီးပွား ရေး လုပ်ငန်း ရှင် တစ်ဦး ထံ မှ ၎င်း  ကွန်ယက် အတွက် ငွေကြေး မြောက် မြား စွာ ရယူ ခဲ့သည်။
ရဲ ချုပ် ခင်ရီ က ပြစ်ဒဏ် ပြောင်းလဲ ကျခံရန် ထောက်လှမ်းရေး အကြီး အကဲ ဟောင်း အား လာရောက် ပြောကြားစဉ်
စာရေး ဆရာ တစ်ဦး လည်း ဖြစ်ပြီး နိုင်ငံရေး အကျဉ်း
သားဟောင်း တစ်ဦး က မူ “ဒေါ်စု လွတ်ပြီ ဆိုတော့ ဒုတိယ ဗိုလ်
ချုပ်ကြီး ခင်ညွှန့် ကို အပြင် မှာ ဘယ်ထား တော့ မလဲ ရန်ကုန်
မှာက လက်ရှိ စစ်အစိုးရ ကို မကြည်တဲ့ figure တွေ ကပိုများ
လာတာ ကို သူတို့ ပေါ် လစီက တော့ တစ်ယောက် ၀င် ၊
တစ်ယောက် ထွက် ပဲ ဟု ပြောကြားသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား ရာထူး မှ ဖယ်ရှားပြီး
နောက် စစ်ထောက် လှမ်းရေး အရှိများ အားထောင်ဒဏ် နှစ်
၁၀၀ ကျော်ထိ ချမှတ် ခဲ့သည်။ စစ်ထောက်လှမ်းရေး က ပိုင်ဆိုင်
သည့်  A 21 ဆပ်ပြာ၊ခိုစိမ်းဖိနပ်၊ စူပါ ဂျာနယ်၊ စေတမန်
တေးသံသွင်း၊ နိုင်ငံတကာ စီးပွားရေး ဂျာနယ် တို့ ကို ယခု
ဒုတိယ ဗိုလ်ချုပ်ကြီးမြင့် ဆွေ မှ လွှဲပြောင်း ရယူ လိုက်သည်။
၎င်းသည် နိုင်ငံတော်အား မည်သည့် အခါမှ ပုန်ကန် ရန် ကြိုးပမ်း အားထုတ်မှု မပြုကြောင်း ပြောနေသည့် ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွန့် 
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ၏  ကျေးဇူးရှင် ဖြစ်သူ မြန်မာ့ ဆိုရှယ် လစ် လမ်းစဉ် ပါတီ ဥက္ကဌ ဟောင်းနှင့်
အာဏာရှင် ဟောင်း ဦးနေ၀င်းမှာ ၂၀၀၁ ခုနှစ် တွင် နေအိမ် အကျယ်ချုပ် ချမှတ် ခံရပြီး ၂၀၀၂ ခုနှစ် တွင်
ကွယ် လွန် ရာဉ် ခေါင်းတလား တွင် နာမည် ပင် ရေး ထိုး ခြင်း ကို စစ်အစိုးရ က ခွင့် ပြု ခဲ့ခြင်း မရှိချေ။
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် နှင့် ဇနီး မောင် နှံ တို့ နှစ်ဦး သည် မြန်မာ့ ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်
ဆန်းစု ကြည် ၏ ခင်ပွန်း ဖြစ်သူ  ပါမောက္ခ ဒေါက်တာ မိုက်ကယ် အဲရစ် ကွယ် လွန် စဉ်က အစောဆုံး ၀မ်း
နည်း ကြောင်း သ၀ဏ် လွှာ ကို အင်္ဂလိပ် ၊မြန်မာ နှစ် ဘာသာဖြင့် ရေး သား ပေး ပို့ ခဲ့သူ တစ်ဦး ဖြစ်သည်။
၎င်း တို့  ၏ သား နှစ်ဦး ဖြစ်သူ ဗိုလ်မှုးကြီး ဇော်နိုင်ဦး နှင့် Bagan Cyber Tech တည်ထောင်သူ ဒေါက်တာ
ရဲ နိုင်ဝင်းမှာ ထောင်ဒဏ် နှစ် ငါးဆယ် ကျော်စီ အပြစ်ပေးထား ခြင်းခံရသည်။ သမီးဖြစ်သူ သင်းလဲ့လဲ့ဝင်းမှာ
မိသားစု နှင့် အတူ နေအိမ် တွင် အကျယ်ချုပ် ပြစ်ဒဏ် ခံယူနေရသည်။
ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့်  သည် ၎င်း ၏ နေအိမ် တွင် အကျယ်ချုပ် ခံယူပြီးနောက် အင်းစိန် ထောင်
သို့  အသွားတွင် ဘုရားရှိ ခိုးပြီး ဇနီး ဖြစ်သူ နှင့် လွယ် အိတ် ကလေး လွယ်ကာ ထွက် ခွာသွားသည်။
မြန်မာ စစ်အစိုးရ က ထိုဖြစ်စဉ် အား သတင်းစာရှင်းလင်း ပွဲ ပြုလုပ်လိမ့် မည် ဟု သိရှိရသည်။
ရဲ ချုပ် ခင်ရီ က ပြစ်ဒဏ် ပြောင်းလဲ ကျခံရန် ထောက်လှမ်းရေး အကြီး အကဲ ဟောင်း အား လာရောက် ပြောကြားစဉ်
မိသားစု အား နှုတ်ဆက်ပြီး ဇနီးမောင် နှံ လွယ်အိတ်ကလေး လွယ်ကာ ထွက်ခါသွားစဉ်
59 thoughts on “အာဏာပြန်လည် ရရှိရန် ကြိုးပမ်းမှု ၊၀န်ကြီးချုပ်ဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် အား အင်းစိန်ထောင်သို့ ပြောင်းရွှေ့ (ဗီဒီယို)
  1. တော်သေးတာပေါ့ဗဟိုနိုင်ငံရေးသင်တန်းကျောင်းမှာကျောင်းအုပ်လုပ်ဖူးလို့။တိုင်းပြည်လည်းစုတ်ပြတ်နေပြီ..ဟဲ..ဟဲ..
  2. တပ်ချုပ်က ဗဟိုနိုင်ငံရေး သင်တန်းကျောင်းမှာ ကျောင်းအုပ် လုပ်ဖူးတယ်လေ မင်းတို့ဥာဏ်လေး တစ်ထွာ တစ်မိုက်လောက်ကို သနားတာပေါ့ကွာ
    1. HA HA HA.YOUR OLD MAN IS VERY GOOD IN MONKEY BUSINESS ONLY.HE DESTROYED.DESTROYING.WILL DESTROY THIS COUNTRY.YOUR GROUP IS FROG IN THE WELL.
  3. တကွက်နောက်ကျလို.ခံလိုက်ရတယ်ပဲသဘောထားလိုက်ပါ
    နောက်ကျောကိုမှဓါးနဲအထိုးခံလိုက်ရတာလေ
    ခင်ဗျားရဲ.တပည်.ကျော်ကြီးကျော်ဝင်းဆိုတာခင်ဗျားသိလိုက်တာနောက်အရမ်းကျသွားပြီ
    နောင်ဘ၀ကျအဲ.လိုမဖြစ်အောင်စုတွေများများတောင်းပေါ.
    လူသတ်ကောင်ကြီးရေ
  4. simple ဆိုတဲ့ ဝဲစားရေ မင်းပထွေးကလွယ်အိတ်လေးကိုင်ပြီးဘာလုပ်နေတာလည်းကွ
  5. ဦးခင်ညွန့် လက်ထက် မန်တလေးမစိုးရိမ်တိုက်သစ်မှ ဆရာတော် ဦးဝီရသူခေါ် ဦ၀ိစိတ်တာသာရာဘိဝံသ အား ထောင် ၁၅ နှစ် ချခဲ့ ပေသည်၊ ယခု လက်ရှိ အိုးဖိုထောင်တွင် ရှိသေး၏ ၊ သူအားထို သိုံ့ ပို့ သင့်ပေသည်၊ မကြာသေးမှီက သီတဂူဆရာတော် ထောင်သို့ လာသည်ကို ၀ီရသူဆရာတော်က အရှင်ဘုရာလာတာ ငရဲ ပြည်ကို အရှင်မောဂ်ဂလာန်ကြွ လာသလိုပါပဲဟု လျောက်ထားသည်ဟုသိရသည်. ကံသည်သာမိမိ၏အရှင်သခင်ပေ။ ( အလုပ်ကိုကံဟုဘုရားဟောသည်)
  6. ကိုခင်ညွန့်ကိုလျှော့မတွက်နဲ့နော်ကိုယ်လူတို့..အန်တီစုခင်ပွန်းဒေါက်တာမိုက်ကယ်အဲရစ်ကွယ်လွန်
    စဉ်က၀မ်းနည်းကြောင်းသ၀ဏ်လွှာပေးပို့တာခင်ညွန့်ကအရင်ဆုံးပေးတာဟုတ်ချင်ဟုတ်မှာပါ…ဒါ
    ပေမဲ့အဲဒီလိုလုပ်ရပ်ရဲ့နောက်ကွယ်ကစုတ်ပဲယုတ်မာတဲ့အကြံညာဏ်ထုတ်ထားပြီးသားပါ..အင်္ဂလိပ်
    ပြောရရင်တော့twist.ပေါ့..ခင်ညွန့်ကလူတယောက်ကိုအသေသတ်တော့မယ်ဆိုရင်တောင်မ
    သတ်ခင်အရင်ပြုံးပြတဲ့လူစားမျိုးပါ..crododile tear.ပေါ့…ဟန်ဆောင်မျက်ရည်ပါ..အဲ
    လိုသူပြုံးပြတာကိုအဟုတ်ထင်လိုက်တဲ့အချိန်မှာကိုအဲဒီလူဟာဒုက္ခရောက်တော့တာပါဘဲ..သန်း
    ရွှေဟာခင်ညွန့်အခင်းအကျင်းတွေကိုလျှောက်လုပ်နေတာပါ…ဘာမှမသိမတတ်ပါဘူး…နိုင်ငံရေး
    သမားတွေကိုဘယ်လိုနှိပ်စက်ရမယ်.သတ်ဖြတ်ရမယ်.ပြည်သူလူထုကိုဘယ်လိုဒုက္ခရောက်အောင်
    လုပ်ထားရမယ်..ဘယ်လိုယုတ်ပတ်တဲ့နည်းတွေနဲ့လုပ်ရမယ်ဆိုတာကိုခင်ညွန့်ကသင်ပေးထားခဲ့တာ
    ပါ..ခုလဲဒေါ်စုလွတ်…ရာဇ၀တ်မှု့နဲ့ထောင်ကျတဲ့သူတွေကို ၂၀၀ကျော်လွှတ်ထားပေးတာ..ရည်
    ရွယ်ချက်ရှိပါတယ်.နောက်ဒေါ်စုကိုလွှတ်ပေးပါတယ်..ဒေါ်စုအိမ်နားမှာအမြဲတမ်းပုံစံအမျိုးမျိုးနဲ့
    စောင့်နေတာတလောကလွှတ်ပေးထားတဲ့ရာဇ၀တ်သားတွေနဲ့..စွမ်းအားရှင်ဆိုတဲ့ကလေကချေတွေ
    အများစုပါ…စောင့်ကြည့်ပါ…သူတို့ဘာတွေလုပ်မလဲ..တွေ့ရပါလိမ့်မည်…အာရုံပြောင်းတာကို
    လက်ခံပါတယ်.သူတို့ဖွဲ့မဲ့အစိုးရသစ်အတွက်အာရုံပြောင်းတာပါ…ဒေါ်စုနဲ့အပေါင်းပါတွေကိုကြံ့ဖွတ်
    ထက်ပိုပြီးအတိုက်အခံလုပ်မဲ့အဖွဲ့အစည်းပါတီရှိပါတယ်.အဲဒါကတော့..မတူကွဲပြားဆိုတဲ့ပါတီတို့..
    အေးလွင်ပါတီတို့..ဦးသုဝေပါတီတို့..အဲဒါတွေဟာရွေးကောက်ပွဲဖြစ်အောင်ဝိုင်းပြီးပံ့ပိုးပေးတဲ့ပါတီ
    တွေပါ..၂၀၀၈.အခြေခံကိုဥပဒေကိုအတင်းတက်ကြွစွာထောက်ခံကြတုန်းကယနေ့မတူကွဲပြား
    ပါတီကနေမျိုးဝေဆိုတဲ့ကောင်ထိပ်ဆုံးကနေလှုပ်ရှားခဲ့သူပါ…အဲဒီကောင်အကြောင်းကိုသိချင်
    ရင် 01.600275.ကိုမေးကြည့်ပါ..နေမျိုးဝေအကြောင်းသိချင်ရင်ပေါ့…သူကဘီအီးဆင်း
    တယောက်ဆိုတာတော့ဟုတ်ပါတယ်.ဒါပေမဲ့တကဲ့လုပ်စားပါ…သူရေးပြီး အေဖိုးစာရွက်တွေ
    ကိုချုပ်ပြီးစာအုပ်လေးထုတ်လို့ဝေခဲ့ဘူးပါတယ်.စာအုပ်နံမည်ကိုတော့ကျနော်မေ့နေပါပြီ။အနာဂတ်
    လွင်ပြင်ဆိုလား..ဟင်းလင်းပြင်ဆိုလားပါ…၂၀၀၈ ဖွဲ့စည်းပုံဥပဒေထောက်ခံပွဲအနားပတ်ဝန်းကျင်
    လောက်ကထုတ်တာပါ..အဲဒီအထဲမှာဗုဒ္ဒဘာသာဘုန်းကြီးတွေဟာလူတွေကိုမမြင်မတွေ့ရတဲ့နိဗာန်
    နဲ့မက်လုံးပေး..မျှော်လင့်ခြင်းပေး.စည်းရုံးသိမ်းသွင်း..ငရဲနဲ့ချိန်းခြောက်တယ်ဘာညာနဲ့ပုတ်ခတ်သလို
    လိုရေးသားထုတ်ဝေခဲ့တာနေမျိုးဝေပါ…အရင်ကရန်ကုန်လေဆိပ်မှာလေယဉ်စက်ပြင်အဆင့်၂နဲ့အလုပ်
    လုပ်ပါတယ်..သူလဲလေယဉ်ဆီခိုးရောင်းစားခဲ့သူတဦးပါ..လေဆိပ်ကလုံခြုံရေးအမည်ခံလေတပ်ကလူ
    တွေကတော့သူခိုးတွေလက်ကတ၀က်လုပါတယ်.တ၀က်လုတဲ့အပြင်သူတို့ကိုယ်တိုင်လေယဉ်ဆီခိုးထုတ်
    ရောင်းပါတယ်.ရေနံဆီအဖြူကအဲဒီလေဆိပ်က.လေတပ်စစ်သားတွေဆီကထွက်တာပါ..မယုံရင်ညဖက်
    လေဆိပ်မှာညဖက်၂ နာရီဝန်းကျင်လောက်ဆိုရင်သူခိုးတွေလှုပ်ရှားကြပါပြီ…စောစောကကျနော်ပြောတဲ့
    ပါတီ..ဒီမိုအမည်ခံပါတီတွေဟာ တကဲ့ဒီမိုကရေစီကိုပျက်ရာပျက်ကြောင်းနဲ့NLDကိုအနီးကပ်ပူးပေါင်း
    ဆာင်ရွက်ရမဲ့အစားအနီးကပ်တိုက်ခိုက်ပါလိမ့်မည်ဖြစ်ပါကြောင်း freedomnewsgroup.မှာမိတ်ဆွေ
    အပေါင်းကိုသိစေကြောင်းပါဗျာ
  7. ခပ်ရိုင်းရိုင်းစကားမို့သည်းခံပြီးနားထောင်ပေးပါ…ဆီဆွတ်တာနဲ့ဆီမဆွတ်တာဘဲကွာပါတယ်.ခင်ညွန့်
    ကောင်းစားစဉ်ကလဲဒီမိုကရေစီသမား.နိုင်ငံရေးသမားဆိုရင်ခင်ညွန့်ကသူ့ယောက်ဖတော်သူဒေါက်တာ
    သန်းညိမ်း(ယခု.NDF)ကိုလဲအခွင့်အရေးလုံးဝမပေးပါဘူး..ဦးသန်းညိမ်းဟာခင်ညွန့်မိန်းမခင်ဝင်းရွှေရဲ့
    အကိုဖြစ်ပါတယ်.အဲဒီအချိန်ကဒေါက်တာသန်းညိမ်းဟာNLD.ကခေါင်းဆောင်ပိုင်းကပါ..ခင်ညွန့်ဟာ
    သူ့ပြုတဲ့ကံသူခံရတာသာဖြစ်ပါတယ်.ခင်ညွန့်ကညာဏ်နီညာဏ်နက်အလွန်များတဲ့ပုဂ္ဂိုလ်တယောက်
    ပါ..သူ့လဲသူ့လက်ထောက်ဗိုလ်ကျော်ဝင်း(လှမ်းဒုညွန်မှုး)ကသန်းရွှေကိုဖေါ်ကောင်ဘညွန့်ုလုပ်ပြီး
    သတင်းပို့ခါမှခင်ညွန့်ဝဲစားဖြစ်သွားတော့တာပါပဲ…သူ့ခေတ်တုန်းကအင်းစိန်ထောင်ထဲမှာသေခဲ့ရတဲ့
    နိုင်ငံချစ်ဒီမိုကရေစီသူရဲကောင်းတွေ..ကျောင်းသား.ကျောင်းသူတွေ.မုဒိမ်းကျင့်ခံခဲ့ရ…အများကြီး
    ပါ..ခုသူလဲအင်းစိန်ထောင်ထဲကိုသူကိုယ်တိုင်ဝင်ရတဲ့အခါကျတော့နေရ.ထိုင်ရ.စားရတာသူ့အိမ်နဲ့
    တူမတူဆိုတာလက်တွေ့သိတော့မှာပါ…ဒါပေမဲ့..ခင်ညွန့်ကလူလည်တယောက်ပါ..အာဏာရှင်
    ဟောင်းဦးနေ၀င်းရဲ့ယုတ်ပတ်ညစ်ပတ်နဲ့နည်းတွေအကုန်လုံးကိုအမွေရထားပါတယ်.ခင်ညွန့်ကိုသနား
    ရင်..စာနာတတ်ရင် မသေမရှင်.ရိုက်နှက်ခံထားရစဉ်မှာမုဒိမ်းကျင့်ခံရတဲ့ကျောင်းသူလေးတွေကို
    မျက်လုံးထဲမှာပြန်မြင်ရောင်စေချင်ပါတယ်..ခုချိန်မှာခင်ညွှန့်မိန်းမ ခင်ဝင်းရွှေကိုလက်ရှိနအဖအုပ်စု
    ထဲကတဦးဦးကမုဒိမ်းကျင့်ခံရပြီးဆိုရင်ခင်ညွန့်ကိုယ်ချင်းစာတတ်လိမ့်မယ်ထင်ပါတယ်.ကျနော်တော့
    ဒီလိုဘဲမြင်ပါတယ်…သဗေသတ္တာ..ကံမသကာပါဘဲ…စိတ်မကောင်းဖြစ်စရာလုံးဝမမြင်မိပါ..
    ခင်ညွန့်ကသူ့ထွက်ပေါက်ရမယ်ဆိုရင်ဒေါ်စုကိုအမှည့်ချွေပါဆိုရင် ခင်ညွန့်ကလုပ်မဲ့ကောင်မျိုးပါ..
    ကျနော်ပြောတာကိုမယုံရင်စောင့်ကြည့်ကြပါ…အာဏာသိမ်းဖို့လုပ်တယ်ဆိုတာရီစရာစကား
    လုံးပါ…အပြင်ပန်းဟန်ပြပါ…နောက်ကွယ်မှာအပေးအယူနဲ့ညှိနိုင်းမှု့တွေလုပ်နေတာပါ..ယုံ
    ကြည်ချင်စရာအကြောင်းတခုမှမရှိပါဘူး…
    1. tartay :
      ခပ်ရိုင်းရိုင်းစကားမို့သည်းခံပြီးနားထောင်ပေးပါ…ဆီဆွတ်တာနဲ့ဆီမဆွတ်တာဘဲကွာပါတယ်.ခင်ညွန့်
      ကောင်းစားစဉ်ကလဲဒီမိုကရေစီသမား.နိုင်ငံရေးသမားဆိုရင်ခင်ညွန့်ကသူ့ယောက်ဖတော်သူဒေါက်တာ
      သန်းညိမ်း(ယခု.NDF)ကိုလဲအခွင့်အရေးလုံးဝမပေးပါဘူး..ဦးသန်းညိမ်းဟာခင်ညွန့်မိန်းမခင်ဝင်းရွှေရဲ့
      အကိုဖြစ်ပါတယ်.အဲဒီအချိန်ကဒေါက်တာသန်းညိမ်းဟာNLD.ကခေါင်းဆောင်ပိုင်းကပါ..ခင်ညွန့်ဟာ
      သူ့ပြုတဲ့ကံသူခံရတာသာဖြစ်ပါတယ်.ခင်ညွန့်ကညာဏ်နီညာဏ်နက်အလွန်များတဲ့ပုဂ္ဂိုလ်တယောက်
      ပါ..သူ့လဲသူ့လက်ထောက်ဗိုလ်ကျော်ဝင်း(လှမ်းဒုညွန်မှုး)ကသန်းရွှေကိုဖေါ်ကောင်ဘညွန့်ုလုပ်ပြီး
      သတင်းပို့ခါမှခင်ညွန့်ဝဲစားဖြစ်သွားတော့တာပါပဲ…သူ့ခေတ်တုန်းကအင်းစိန်ထောင်ထဲမှာသေခဲ့ရတဲ့
      နိုင်ငံချစ်ဒီမိုကရေစီသူရဲကောင်းတွေ..ကျောင်းသား.ကျောင်းသူတွေ.မုဒိမ်းကျင့်ခံခဲ့ရ…အများကြီး
      ပါ..ခုသူလဲအင်းစိန်ထောင်ထဲကိုသူကိုယ်တိုင်ဝင်ရတဲ့အခါကျတော့နေရ.ထိုင်ရ.စားရတာသူ့အိမ်နဲ့
      တူမတူဆိုတာလက်တွေ့သိတော့မှာပါ…ဒါပေမဲ့..ခင်ညွန့်ကလူလည်တယောက်ပါ..အာဏာရှင်
      ဟောင်းဦးနေ၀င်းရဲ့ယုတ်ပတ်ညစ်ပတ်နဲ့နည်းတွေအကုန်လုံးကိုအမွေရထားပါတယ်.ခင်ညွန့်ကိုသနား
      ရင်..စာနာတတ်ရင် မသေမရှင်.ရိုက်နှက်ခံထားရစဉ်မှာမုဒိမ်းကျင့်ခံရတဲ့ကျောင်းသူလေးတွေကို
      မျက်လုံးထဲမှာပြန်မြင်ရောင်စေချင်ပါတယ်..ခုချိန်မှာခင်ညွှန့်မိန်းမ ခင်ဝင်းရွှေကိုလက်ရှိနအဖအုပ်စု
      ထဲကတဦးဦးကမုဒိမ်းကျင့်ခံရပြီးဆိုရင်ခင်ညွန့်ကိုယ်ချင်းစာတတ်လိမ့်မယ်ထင်ပါတယ်.ကျနော်တော့
      ဒီလိုဘဲမြင်ပါတယ်…သဗေသတ္တာ..ကံမသကာပါဘဲ…စိတ်မကောင်းဖြစ်စရာလုံးဝမမြင်မိပါ..
      ခင်ညွန့်ကသူ့ထွက်ပေါက်ရမယ်ဆိုရင်ဒေါ်စုကိုအမှည့်ချွေပါဆိုရင် ခင်ညွန့်ကလုပ်မဲ့ကောင်မျိုးပါ..
      ကျနော်ပြောတာကိုမယုံရင်စောင့်ကြည့်ကြပါ…အာဏာသိမ်းဖို့လုပ်တယ်ဆိုတာရီစရာစကား
      လုံးပါ…အပြင်ပန်းဟန်ပြပါ…နောက်ကွယ်မှာအပေးအယူနဲ့ညှိနိုင်းမှု့တွေလုပ်နေတာပါ..ယုံ
      ကြည်ချင်စရာအကြောင်းတခုမှမရှိပါဘူး…
      It is reasonable.I like this comment.
  8. ဝေဘန်ရေးနဲ့ လေကန်ရေးပေါ့ ..ဆဲလိုက်ဆိုလိုက်ကျတာလဲ..အေးလေဘယ်သူသိတာမှတ်လို့ ..ဆဲမှာပေါ့ ..အပြင်မှာဆိုရင်တော့ 
    အဲဒီကောင်တွေအချူပ်ထဲကထွက်ရမှာမဟုတ်ဘူး..ဒါပေမဲ့ လဲအချူပ်ထဲလဲရောက်မှာမဟုတ်ပါဘူး..သင်္ကြန်အမြောက်တွေဆို
    တော့ ..တကယ်တန်းလဲတွေ့ ရောနှုတ်ပိတ်နေတာများတေမိမင်းတောင်ဆရာတင်ရတယ်..ဆဲရင်၇န်ဖြစ်မယ်..ရန်ဖြစ်ရင်အချူပ်ထဲ
    ရောက်မှာသိနေတယ်လေ..လေကျယ်တဲ့ ကောင်တွေသတိတော့ ထားနော်..layphyuဆိုတဲ့ ခွေးလေးမင်းလိပ်စာပြောစမ်းကွာ..
    မင်းစောင့် ခွက်လေးကိုလာရိုက်ချင်လို့ ..တကယ်ပြောတာ..မင်းကငါ့ စိန်ခေါ်တော့ မင်းမလာပါနဲ့ ငါဘဲလာခဲ့ မယ်..အဖေါ်မပါဘူး
    တစ်ယောက်တည်းလာမှာ..မရိုက်ရမသတ်ရတာကြာပြီကွာပျင်းလာပြီ..ကောင်းကောင်းနေမလို့ စိတ်ကူးထားတာမရတော့ ဘူး..
    ဟေ့ ကောင်ခွေးမသားlayphyuမင်းကြောင့် ငါလူသတ်ရအုံးမှာပေါ့ ..မင်းကသတ္တိရှိတဲ့ ကောင်ဆိုတော့ မင်းလိပ်စာပြောစမ်းကွာ..
    ငါ့ အိမ်ခေါင်းရင်းချီးပါဘို့ မပြောနဲ့ မင်းအိမ်ရိပ်တောင်နင်းလို့ ရမှာမဟုတ်ဘူး..ဒီတော့ မင်းလိပ်စာပြော..ခွေးသားဟေ့ ကောင်
    သတ္တိရှိတယ်ဆိုမင်းလိပ်စာပြောကွာ..ငါလာခဲ့ မယ်..အဖေါ်မပါဘူးနော်တစ်ယောက်တည်းဘဲလာမှာ..မင်းကြောက်ရင်တော့ မပြောနဲ့ ပေါ့ ကွာ…ကြာတယ်ကွာ…လက်တွေ့ ဘဲကောင်းတယ်..မင်းမပြောလဲငါစုံစမ်းလို့ ရရင်လာသတ်မယ်..သွေးဆိုတာဘာလဲမင်းသိရမှာပေါ့ …
    1. Are you sure you will go alone without weapon ?Or will you go with rapers with guns?If you will go and fight one to one , i can give you the address of layphyu.
  9. စစ်အစိုးရရဲ့သံတမန်ကောင်းတစ်ယောက်လို့လူသိများခဲ့တဲ့ဗိုလ်ချုပ်ကြီးကိုပစ်စလက်ခပ်တော့မလုပ်တန်ကောင်းပါဘူး။ဒေါ်အောင်ဆန်းစုကြည်လွတ်လာတာနဲ့ချိန်ဆကြည့်ရင် စစ်ခေါင်းဆောင်တွေအနေနဲ့ အကြံညဏ်တွေတော့ သှူ့ဆီကမကြာခဏတောင်းတတ်တာကိုတော့သတိပြုသင့်တယ်။
  10. ဘာပဲဖြစ်ဖြစ်ပေါ့ဗျာယ္ခုလက်ရှိ ဒီသတင်းတွေကိုဖတ်နေတာ စစ်ဝင်ထန်းသားသ္မီးတွေပါကောင်းပါနိုင်တယ်လေ
    အထူးပြောချင်တာကတော့ဒီသတန်းကိုဖတ်ပြီရင်ကအမေတွေအဖေတွေကစစ်အုပ်စုထဲ့ကဆိုရင်မင်းတို့မိဘာတွေကိုပြောလိုက်
    ဝက်ဆိုတာလည့်တပ်တဲ့လိုပြည့်သူဘဏ်ဒါတွေကိုဝမ်းသာသာနဲ့တာစားထားလို့ ပြောပြလိုက်ပေါ့
    ဖတ်နေတဲ့မင်းတို့ကလဲ စစ်ဝင်ထန်းတွေထဲ့မှာပါနေတဲ့ဆိုရင်အချိန်မီစိတ်ဓါတ်တွေပြူပြင်လို့ရတာပေါ
    စစ်ဝန်ထန်းတွေအားလုံး ပျော်ရွင်ဝမ်းသားစွာ ပြည့်သူဘဏ်ဒါများကိုစားသောက်နိုင်ကျပါစေ
  11. အာဏာရူးသန်းရွှေလောက်တော့အဘကမဆိုးပါဘူး….ဟိုအကောင်ကြီးသာဒိထက်ပိုဆိုးတာကိုခံရမှာ..သံဃာတွေကိုမတရားသတ်ထားတာ။လူ့အယုတ်တမာကြီးသန်းရွှေ..ဒင်းသာမြန်မြန်သေသင့်တာ။ဒင်းသေရင်ခွေးသေ၀က်သေထက်ပိုးဆိုးပြီးသေမှာ။ အဘကဒင်းထက်ကောင်းသေးတယ်။
  12. ညီလေး စစ်ရန်နိုင် အစ်ကိုကိုလည်း ဆက်သွယ်ပါဦးကွ မင်းပြန်ရောက်ပြီလား မင်းနဲ့စကားပြောချင်လို့ Kyawhtay2
  13. ဘာဘဲဖြစ်ဖြစ် စစ်အာဏာရျင်စနစ်အောက်မှာ ဘယ်သူမဆို ထောင်နန်းစံနိုင်တယ်။
    မလိုတာနဲ. လိုချင်တဲ.ပုဒ်မတပ်မှာဘဲ။
    စစ်တပ်က နိုင်၇ာစား ၀ါဒကျင်.နေတာ။
    မောင်သန်းေ၇ွ အလှည်. ဘယ်တော.လဲ။ မကျာမီ–လာမည်။ မျှော်————-
  14. Up to top :
    ခင်ဗျားကြီးဒုက္ခပေးခဲ့တာတွေကိုမှတ်မိလား စစ်ထောက်လှမ်းရေးကြောင့်ဒုက္ခရောက်သူတွေကိုမှတ်မိလား
    Yea.correct.
  15. ဟုတ်တယ်ဗျ စစ်ဗိုလ်ချုပ်တွေ၇ဲ့ နောက်ဆုံးနေ့ တွေကို အားလုံးသောပြည်သူတို့မှတ်တမ်းတင်နိုင်ဖို့လိုပါတယ်။နောင်လာမည့် ကလေးတွေကို ပြရမယ်။ပထမဆုံးမှတ်တမ်းတင်ရမယ့်သူ မကြာခင်လာတော့မယ် ။ဒီတယောက်ဘယ်သူဖြစ်မလဲ…..?
  16. အားလုံး အနိစ္စတရားပါပဲ၊ အာဏာရှင် ဟောင်းလောင်းမင်းတရားကြီး တပ်ချုပ်ကြီး သန်းရွှေ အလှည့် လည့်းရောက်ခါနီးပြီ။ နောက်ဆုံးတော့ သူ့ အုပ်စုဝင် အားလုံးကို http://www.avici.com မှ ခွေးသေရေ မှာရေးသားပြီးကြိုဆိုနေမှာပါ။( သာဓု)၃
  17. သင်္ဃန်းကျွန်းမြို့နယ် ကြီးပွားရေးရပ်ကွက်ရဲ့ လမ်းဖွင့်ပွဲတခုကို မောင်အောင်သိန်းလင်းလာသွားတယ်
    ရပ်ကွက်လူထုကို မင်းတို့ကောင်တွေက ငါတို့ပြောရင်လက်ခုပ်လိုက်တီးကြတယ် လမ်းတွေဖွင့်ပေးရင်လာပြီးလက်ခုပ်တီးကြတယ်
    မဲပေးတော့ ခမောက်ကို ပေးကြတယ်တဲ့
    အဲဒါပဲလေး ပြည်သူ့သဘောထားဆိုတာ
  18. ဟုတ်တယ် တို့အားလုံးမောင်သန်းရွှေရဲ့ နောက်ဆုံးနေ့များကိုစောင့်ကြည့်ကြမယ် အဲဒီအချိန်ကြရင်သတင်းတွေကိုမြန်မြန်လေးပို့ပေးလိုက်ပါ
  19. Mg Mg ပြောတာဟုတ်တယ်။ အဲ့ဒီ့တုန်းက မာန်တက် နေတဲ့အချိန်လေ ဒေါ်စုကြည် ဒေါ်စုကြည်နဲ့ ဒေါ်အောင်ဆန်းစုကြည် ကို ပြောလိုက်တာ ရစရာကိုမရှိဘူး၊၊ (ဒါပေမဲ့ အမေစု က ပတမြား မှန်တော့ နွံမနစ်ဘူးလေ။) ပြီးတော့ ဦးကြည်မောင် ကိုလည်း ဦးကြည်မောင် ခင်ဗျားလည်း စစ်သား ကျုပ်လည်း စစ်သား၊ ခင်ဗျား တိုင်းပြည်ချစ်သလောက်တော့ ကျုပ်လည်း ချစ်တယ်၊ နဲ့  တခြားဦးကြည်မောင်နဲ့ ပတ်သက်တာတွေကို မာန်ဝင့်ပြီး ပြောတာလေ၊ အဲ့ဒီ့တုန်းက ကိုယ်ကငယ်သေး တော့ သမိုင်းကြောင်းတွေ မသိသေးဘူး၊ အဖေက သူ့ မိန့် ခွန်းကို နားထောင်ပြီးတော့ ဟာကြည့်စမ်း ဦးကြည်မောင်ကို ပြောတာ မိုက်ရိုင်းလိုက်တာ ဦးကြည်မောင် စစ်တပ်မှာတုန်းက ဒီကောင် စစ်တပ်ထဲမှာ လူရာတောင် မ၀င်သေးဘူး၊ နဲ့ ပြောလိုက်တာ ကြားဖူးပြီး အခု Mg Mg ပြောတာ ဖတ်ရတော့ ရုတ်တရက် ပြန်သတိရမိတယ်။
    ဦးခင်ညွန့် လည်း မကောင်းတာတွေ မာန်တက်ပြီး လုပ်ခဲ့ဖူးပေမဲ့ အခုလို လွယ်အိတ်ကလေးနဲ့ မြင်ရ၊ သူ့ မိန်းမ ပညာတတ်လည်း မျက်ရည်နဲ့ မျက်ခွက် မြင်ရတော့ စိတ်မကောင်းပါဘူး။ ဒေါ်ခင်ဝင်းရွှေ က ဗွီဒီယိုထဲမှာ ဘယ်ဘက် လက်မ ကိုလည်း ပတ်တီးစည်းထားသေးတယ်နော်။ ဒါတွေကို မြင်ရတော့ သံဝေဂ အင်မတန်ကို ရမိပါတယ်။ ဦးခင်ညွန့် ရဲ့ တောက်ပခဲ့တဲ့ သူ့ ခေတ်ကို ကိုယ်က သေချာမှီခဲ့တယ်လေ။ ဘယ်သူက ထင်ခဲ့မှာလည်း ဒီလိုမျိုးဘ၀နဲ့ ဇတ်သိမ်း လိုက်ရမယ်လို့ ပေါ့။ အခု အာဏာရှင်ကြီးတွေနဲ့ အာဏာရှင်လက်သစ် တွေ သင်ခန်းစာယူကြပါ။ တိုင်းပြည်ကောင်းအောင် မလုပ်ခဲ့ဘဲ ပြည်သူကို နှိပ်စက်ညှင်းပန်းခဲ့တဲ့ သူတွေ ကိုဘယ်သူမှ တမ်းတနေမှာ မဟုတ်တာတော့ အမှန်ပါ။ သမိုင်းကြောင်းလည်း ကောင်းမှာမဟုတ်ပါ။ ငရဲဆိုတာ နောက်ဘ၀မရောက်ခင် ဒီဘ၀မှာတင် ခံရတတ်ပါတယ်။ ဒါတောင် ဦးနေ၀င်းရဲ့ နောက်ဆုံးနေ့ များ ဗွီဒီယို မထွက်ခဲ့လို့ ၊ ဦးနေ၀င်းက ဦးခင်ညွန့် ထက် ဇတ်သိမ်းမှာ ပိုဆိုးတယ်။
    1. ဟုတ်ပါတယ်။ ဦးခင်ညွန့်လဲ မကောင်းတာတွေ အများကြီးလုပ်ခဲ့တာပါ။ တစ်ချိန်တုန်းက ထောက်လှမ်းရေးဆိုရင် သုံးရစ်လောက်ဆိုရင်ပဲ တော်တော်ဆရာဖြစ်ခဲ့ကြတာပါ။ သဘောထား အနည်းငယ် ပျော့ပြောင်းတယ် ထင်ရပေမဲ့ သူလဲ လက်သံပြောင်ပြောင်နဲ့ အုပ်ချုပ်ခဲ့သူပါ။ သူရှိစဉ်အခါက လက်ရှိ သူရရွေမန်း၊ သိန်းစိန် တို့အဆင့်ထက် ခေါင်းတစ်လုံး ပိုမြင့်ပြီး(ရာထူးတူသော်လဲ) တော်တော်ပါးနပ်စွာ နှိပ်ကွပ်ခဲ့သူပါ။ ဒါကြောင့် ဝဋ်လည်တယ်ပဲ ပြောရမှာပါ။ စိတ်မကောင်း ဖြစ်မိပေမဲ့ ထူးပြီးသနားစရာတော့ မကောင်းပါဘူး။ ဦးနေဝင်းရဲ့ နောက်ဆုံးနေ့များ ဗီဒီယိုက မထွက်ခဲ့ပေမဲ့ ဇာတ်သိမ်းကတော့ သူတိုင်းသိနေပါတယ်။ ကျွန်တော်တို့ ဦးသန်းရွှေ ရဲ့နောက်ဆုံးနေ့ရက်များ ဗီဒီယိုကိုပဲ စောင့်ကြည့်ကြတာပေါ့…..
  20. ငါကတော့ ဆင်ပဲဆိုတဲ့ကောင်ကိုပဲ ပါးရိုက်ချင်တယ်
  21. ကျနော်တော.သနားတယ်ဗျာ
    ဘာပြောပြော
  22. ဘာမှသိပ်မပြောချင်ဘူး။ ဒါပေမယ့် ခုလို အင်တာနက်တွေ သုံးစွဲလာနိုင်အောင် စတင်ခဲ့တာ သူနဲ့ သူ့သား..
  23. Did you remember u khin nyunt? did you speech newspaper u kyi mg story? ‘you are a solider , i also a solider. any time we will check back our own history . why you sacked out from militray myanmar ? we have read and watched your life and then who we felt so sad .this is according to buddhist system you will have turn back same result your life .
  24. သနားစရာကောင်းလိုက်တာ ခင်ညွန့်ကလေးရယ် ဘုရားရင်ပြင်ကို ဖိနပ်စီးမြီးတက်လှမ်းခဲ့တဲ့ မင်းကတော့ သွားလေပေါ့လေ
    ငရဲ့ကို
  25. ဘာဘဲဖြစ်ဖြစ်အားလုံးကိုသနားတယ်..ဘာမှမဖြစ်ကြရင်ကောင်းမယ်….
    1. မင်းလည်းအေးရာအေးကြောင်း အိပ်သာနေကွာ… ဘာမှမဖြစ်စေချင်ရင် ဘာမှမလုပ်ဘဲနဲ့…… ဘာမှကိုဖြစ်မလာတော့ဘူး…..
  26. ဆင်ငပဲ.နဲ့အပေါင်းအသင်းတို့…ရေ..
    တရားရ၀ရာကောင်းတယ်လို့…မတွေးမိကြဘူးလား..အာဏာရှင်တွေက သူတို့အာဏာကိုစွန့်လွတ်ဖို့မဆိုထားနဲ့ စိတ်ကူးရုံနဲ တင် စိတ်ကူးတဲ့ကောင်ကို ရှင်းပြစ်လိုက်မှာ၊ ငါနဲ့ငါ့ရန်သူ ..သည်နှစ်မျိုးပဲရှိတဲ့လူစားမျိုးတွေလေ..ဒါတောင် မင်းတို့အဘကာကံစည်ချင်မှကြံစည်ရဲမှာပါ။ မင်းတို ကိုးကွယ်နေတဲ့ အမေကြိုင်တို့..အဖေကြီးတို့ ဘယ်လိုကျဆုံးမလဲ စောင့်ကြည့်နေပါတယ်..
  27. အင်း………. ဘာပြောတဲ့ဆိုတဲ့အသံဖျောက်ထားတာရယ်၊ အနီးကပ်ရိုက်ထားတာရယ်ကိုကြည့်ပြီး နည်းနည်းတော့သံသယ၀င်မိတယ်။ ဘယ်သူကရိုက်ပီး ဘယ်သူကဘာကြောင့်တင်လိုက်တာလဲပေါ့။ ဖြစ်နိုင်ချေရှိတာကတော့ ဘယ်လိုကောင်မျိုးပဲဖြစ်ဖြစ် ငါတို့ကိုအာခံရင် ဒီလိုမျိုးဖြစ်မယ်ဆို…တဲ့ အကြောင်းကိုသိစေချင်လို့ ဟိုဖက်ကလိုလို ဒီဖက်ကလိုလိုနဲ့ ရောထွေးပြီးတင်ပေးလိုက်တာပဲလို့ မှတ်ချက်ချရမယ်ထင်တယ်။ ခုလိုပြန့်သွားတာကတော့ ရည်ရွယ်ချက်တမျိုးအတွက် အရမ်းကောင်းပါတယ်။ ဘယ်လောက်ပဲ အာဏာရှင်ကို အလုပ်အကျွေးပြုပြု သူတို့စိတ်နဲ့အခန့်မသင့်ရင် ဒီလိုဘ၀မျိုးရောက်ရမယ်ဆိုတာ အာဏာရှင်ကို လက်ရှိကိုးကွယ်နေတဲ့ကောင်တွေ၊ တပ်မတော်သားတွေအတွက် သင်ခန်းစာယူသင့်ပါတယ်။
    1. မောင်ပါလ…. မင်းအတွေးအခေါ်တွေကို သဘောကျတယ်ကွ….
    2. အလကားလုပ်ဇာတ်ကြီးပါ။ ရွေးကောက်ပွဲအပေါ် ဝေဖန်အာရုံရောက်နေသူတွေကို တစ်ပတ်အကြာမှာ ဒေါ်အောင်ဆန်းစုကြည်ကို လွှတ်ပေးပြီး အာရုံပြောင်းလိုက်ပါတယ်။ ရွေးကောက်ပွဲနဲ့ ဒေါ်စုလွတ်မဲ့ရက်ကို တမင်ချိန်ထား တာပါ။ လူထုလဲ ရွေးကောက်ပွဲရလဒ်ကို စိတ်မဝင်စားတော့ပဲ ဒေါ်စုကိုပဲ စိတ်ဝင်စားလာပါတယ်။ ရွေးကောက်ပွဲမတရားဘူး ဆိုတဲ့ အသံတွေညိမ်သွားပြီး ဒေါ်စုဘာလုပ်ပေးမလဲဆိုပြီး စိတ်ပြောင်းသွားပါတယ်။ အခု ဒေါ်စုအပေါ် အာရုံတွေကို ဦးခင်ညွန့်နဲ့ ထပ်ပြောင်းဖို့ ကြိုးစားနေတာပါ။ တကယ်သာ ခိုးပြီး ပျံနှံ့လာတဲ့ အခွေဆိုရင် အသံကိုဘာကြောင့် ဖျက်ထားရမှာလဲ။ ရိုက်နေတာကလဲ ဓာတ်ပုံကော၊ ဗီဒီယိုကောရိုက်နေတာပါ။ သည်လို လျှို့ဝှက်စရာ ကိစ္စတွေကို ရိုက်သူအနေနဲ့ သေသေချာချာ သိမ်းဆည်းရမှာပါ။ ခုတော့ စစ်ဘက်ကကိုယ်တိုင် အသံဖျက်ပြီး တမင်တကာ လွှင့်ထုတ်နေတာပါ။ ဒီလိုနဲ့ ပြည်သူတွေက အာရုံတွေ ထွေပြား၊ ရွေးကောက်ပွဲကြီးက မေ့မေ့ပျောက်ပျောက်နဲ့ အတည်ဖြစ်လာ၊ နောက်ဆုံးတော့ လွှတ်တော်ခေါ်ပြီးတော့ ကြံဖွတ်အမည်ခံ စစ်အစိုးရကပဲ ဆက်လက်အုပ်ချုပ်သွားပါလိမ့်မယ်။ (ဒီဆိုဒ်ကလဲ ရေးတာမှားနေပါတယ်။ ဦးခင်ညွန့်ရဲ့ ရာထူးဟာ ဒုတိယဗိုလ်ချုပ်ကြီး မဟုတ်ပါဘူး။ ဗိုလ်ချုပ်ကြီး ခင်ညွန့်ပါ။ နိုင်ငံရေးတွေ ရေးနေပြီး ဒီလောက်တော့ မမှားသင့်ပါဘူး။)
  28. အကြားအမြင်ရပြီး ရေးထာတယ်နဲ့တူတယ် FNG. ဘာသံမှလည်းမကြား အစိုးရဘက်ကလာတဲ့သူတွေကလည်းရိုရိုသေသေပြေဆိုဆက်ဆံနေတာ. ဘယ်လိုမှကိုမဖြစ်နိုင်ဘုး ထောင်ကိုပိုတာ.. မှန်ရင်ဒါမျိုးတေအကြာကြီးဆွေးနွေးပြောဆိုနေမှာမဟုတ်ဘူး…ခုနောက်ပိုင်း ဦးခင်ညွန့် လူမှူရေးအရသူမိတ်ဆွေတွေ နာရေးရှိရင်တောင်အစိုးရက သွားခွင့်တွေပေးနေတာကြာပြီ.. သူမိတ်ဆွေဆိုတာ ခုလက်ရှိအစိုးရအဖွဲထဲက သူတပည့်လူကြီးပိုင်းတွေ သာမာန်မိတ်ဆွေတွေမဟုတ်ဘူး။ အဲဒါဆိုသဘောပေါက် နိုင်ငံအတွက်ဦးခင်ညွန်နဲ့လုပ်စရာလေးတွေရှိမယ်ဆိုတာ။
    1. ဟေ့ကောင် simple မင်းဖင်ကြီးပိတ်ထား…… FNG မှာ ဆိုဒ်မှာ ညစ်နွမ်းတယ်…. မင်းကိုယ်တိုင် အင်းစိန်အပို့ခံရမှသိမယ်နော်…
      တပည့်ကဆရာကိုပြန်ဖမ်းရတော့ လေးလေးစားစားတော့ဆက်ဆံတာပေါ့ကွာ…. ဒါပေမယ့်နောက်ဆုံးတော့ကွာ go to the jail ပါပဲကွာ…. သူ့အဘ နေ၀င်းတောင် အဆုံးသတ်မှမလှတာ… သူကတော့ နာမည်ကောင်းနည်းနည်းတော့ ကျန်ခဲ့သေးတာပေါ့ကွာ… မင်းလိုကောင်ဆိုရင်….. ဟွန်း….. လီးအန်ဖတ်ဆို့ပြီးသေမှာ…. လီးမဟားဒယား ၀ိုင်းကျွေးနေကြလို့လေ…. လက်ဆောင်နော် ”ငါလိုးမသား”…
    2. ဒင်းလေးကလဲ နေရာတကာပါလား။ရုရှားမှာသိပ်အားနေလား ငါ့ညီ။
  29. ခင်ဗျားကြီးဒုက္ခပေးခဲ့တာတွေကိုမှတ်မိလား စစ်ထောက်လှမ်းရေးကြောင့်ဒုက္ခရောက်သူတွေကိုမှတ်မိလား
    1. သန်းရွေလောက်တော့ သူက ဒုက္ခမပေးခဲ့ပါဘူးဗျာ။ သူမနည်းအကောင်းတွေလုပ်ခဲ့ပါတယ် မှန်ကန်မှုတွေနဲ့ပေါ့
      သူသာ သန်းရွေနေရာမှာဆိုရင် ဒီထက်တော့ ပြည်သူတွေ ဆယ်ရာခိုင်နုန်းလောက်တော့ သက်သာခွင်းရကြမယ်ထင်တယ်။
  30. အဘဘာမှစိတ်ဓာတ်တွေမကျနဲ.အဘကောင်းခဲ.တာတွေအများကြီးအဘပေါ်ေ၇ာင်ပြန်ဟပ်လာမယ်
  31. ဇော်ဝင်းထဋ် နဲ့ အိမ်ချင်း ကပ်လျှက် လား
  32. ၀ဋ် ရှိ လို့ သာ ခံစားနေခဲ့ရတာ ဘယ်သူ့ ကိုမှ လဲ အပြစ်မတင်ရက်တော့ပါ
  33. အနတ္တကို..ဒီအခုလက်ရှိလူတွေတွေသိကြရင်သိပ်ကောင်းမှာပဲ…သူ့ကြည့်ရတာ..ပင်ပန်းပုံလည်းပေါက်..လွယ်အိတ်ကလေးလွယ်တဲ့ပုံကလဲ..သာမန်လူတစ်ယောက်လိုပါပဲလား….
  34. ယူတတ်ရင်တော့ သံဝေဂ ရစရာတွေပါပဲ။ အထူးသဖြင့် စစ်အာဏာရူးတွေ ပိုပြီး ကြည့်သင့်၊ သိသင့်တယ်။ လူတစ်ယောက် နိမ့်ပါးနေချိန်မှာ မကောင်းပြောတာတော့ မဟုတ်ပါဘူး….ဒုတိယ ဗိုလ်ချုပ်ကြီး ခင်ညွှန့် ရဲ့ ချမှတ်ခံထားရတဲ့ ပုဒ်မတွေဟာ အခု စစ်အာဏာရှင်တွေတိုင်း မှာရှိနေတဲ့ လုပ်ရပ်တွေပါပဲ။ အမိန့်မနာခံမှုတော့ မပါဘူးပေါ့နော်….။ ဒါဟာ အာဏာရဲ့ လုပ်ရပ်တွေပဲ။ တူသော အကျိုးပြန်ပေးပါလိမ့်မယ်။
  35. Great to hear that. Very very very good…
    More follower to come. Release all political prisoners immediately and make a space for them.
  36. ထီးသုံး၊ နန်းသုံး၊ မြို့သုံးသုည သုံး သုံးဝဖြင့် သုညခောတ်ဝယ် သုံးရပြန်လည်း လူဖြစ်ရလေ တို့တထွေသည် သေသော်မှလည်း အော်ကောင်းလေ၏။ နောင်ပြင်ရခက်သူ သုံးဦးထဲမှာ တစ်ဦးအပါအ၀င်ပေါ့ တစ်ချိန် ဗိုလ်ချုပ်ကြီး က special spy လေ မြန်မာနိုင်ငံမှာ………….. မီးပျက်ရင်လည်း ပုစီးပဲစိုက်တော့မယ် ဘယ်မှာပုတီး
    ပုံ (ဂျိုချုပ်ရူးကြီး)
  37. ကိုတို့ပြောတဲ့ဗိုလ်ခင်ညွန့်အကြောင်း ပေးထားတဲ့ face book လင့်ခ်မှာ ကြည့်လို့မရဘူး ဘယ်လိုလုပ်ရမလဲ စိတ်ဝင်းလွန်းလို့ပါ
  38. ဆရာသမား တို့ ရေ ဒီသတင်း ကို ထိပ်ဆုံးမှထားပေး ပါ။ FNG က နောက်သတင်းထူးရင် ထူးတာချက် ခြင်းတင် ဆိုတော့ ပထမ သတင်းက ဘာမှ မထူးတော့ သလိုပဲ
  39. တက်ကြွားကြွကြွ၊ မြင့်လွန်းကလည်း၊ လျှောကျနောက်ဆုံး ရှိချေ၏တကား။ခုံမင်ခယ၊ ချစ်သမျှကား၊ သောကနောက်ဆုံး ရှိချေ၏။
  40. အော်တကယ်ကို သံဝေဂ ယူဖွယ်ရာပါလားဗျာ။
  41. Bo Khin Nyunt’s news will be the images of group-struggles on Junta Regimes and we can know their steps on Myanmar Junta’s check by studying of their moving images.
Comments are closed.